Friday, October 5, 2012

NLD ပါတီက သတင်းဂျာနယ်(၂)စောင်အား တရားစွဲသည့်ကိစ္စ ဂျာနယ်ကပင် မသိဖြစ်နေ

မြစ်မခ
5 Oct, 2012

NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အပတ်စဉ် သတင်းဂျာနယ် နှစ်စောင်ဖြစ်သော the Messenger ဂျာ နယ် နှင့် ပြည်မြန်မာ ဂျာနယ် တို့အား မန္တလေးတိုင်းဒေသကြီးတရားရုံး၌ တရားစွဲဆိုထားကြောင်း သတင်းများထွက်ပေါ် လျှက်ရှိသည်။

တရားရုံးမှ အမိန့်မချမှတ်ရသေးသောအမှုတွင် ဦးဥာဏ်ဝင်းအား အပြစ်ရှိသည်ဟု ဖော်ပြထားသောကြောင့် တရားစွဲ ဆိုခြင်းဖြစ် ကြောင်း ကိုလည်း သိရှိရသည်။

NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဂျာနယ်(၂)စောင်အား တရားစွဲသည့်ကိစ္စနှင့်ပတ်သက်၍ အွန်လိုင်း မီဒီယာ များတွင် ဖတ်ရှုရခြင်းမျိုးသာဖြစ်ကြောင်း တရားရုံးမှတရားဝင်ဆင့်ခေါ်အကြောင်းကြားစာများ မလာသေး ကြောင်း the Massenger မှ တာဝန်ခံအယ်ဒီတာက ဆိုသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဥာဏ်ဝင်းဆီလည်း ဆက်သွယ်တာ အခုထိ ဆက်သွယ်လို့ မရသေးဘူး၊ သူတို့ ဘက်က ဘယ်သတင်း ကို ပြောတာ လဲ မသိသေးဘူး၊ တရားရုံးဘက်ကလည်း အခုအချိန်ထိ အကြောင်း မကြားသေးတော့ တိတိကျကျပြောဖို့ ခက်နေ တယ်”ဟု the Massenger မှ တာဝန်ခံအယ်ဒီတာ ကိုအောင်ပေါ်ထွန်းက ပြောသည်။

လက်ရှိအချိန်တွင် ဦးဉာဏ်ဝင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မတီအား ဧပြီးလကြားဖြတ်ရွေး ကောက်ပွဲ ကာလ၌ မဲပြား များတွင် ဖယောင်းသုတ်သည်ဟူသောကိစ္စနှင့် ပတ်သတ်၍ အမှုရင်ဆိုင်နေဆဲ ဖြစ်သည်။

နေပြည်တော်ရှိ တရားရုံးတစ်ခုမှ လွန်ခဲ့သော ၁လကျော်ခန့်က NLD မဲဆွယ်စည်းရုံးရေးမှူး ဦးဉာဏ်ဝင်းအား မဲပြားများတွင် ဖယောင်းသုတ်သည့် ကိစ္စနှင့် ပတ်သတ်၍ မှားယွင်းပြောဆိုမှုဖြင့် တရားစွဲရန် လုပ်ဆောင်ခဲ့ သည်။

ကြားဖြတ် ရွေးကောက်ပွဲကာလအတွင်း၌ မဲဆန္ဒနယ် (၁၀)ခုတွင် NLD ပါတီ ကိုယ်စားလှယ်လောင်းများ၏ ဘေးတွင် ဖယောင်း သုတ်ထားသည်ဟု ရွေးကောက်ပွဲကော်မရှင်အား တိုင်းကြားခဲ့သည်။

သို့သော် မေလ (၉)ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်မှ သက်သေမရှိကြောင်း အစိုးရပိုင် မီဒီယာတစ်ခုတွင် ဖော်ပြခဲ့သည်။ ထို့အပြင် ဖယောင်းသုတ်သည်ဟု မဟုတ်မမှန် စွပ်စွဲ ပြောဆိုသူများအားလည်း တရားစွဲဆို မည်ဟု ဖော်ပြထားသည်။

ထို့နောက် နေပြည်တော်ရှိ ဇမ္ဗူသီရိတရားရုံး၌ ဦးဉာဏ်ဝင်းအား ပုဒ်မ(၁၈၂)အရ တရားစွဲဆိုမှု ပြုလုပ်ခဲ့သည်။ အပြစ် ရှိ ကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၆-လ(သို့) ငွေဒဏ် ၁၀၀၀ (သို့) နှစ်ခုစလုံး ကျခံရနိုင်ကြောင်းကိုလည်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့