Thursday, October 4, 2012

မွေးမြူရေးကဏ္ဍပြန်လည်ဦးမော့ရန် နိုင်ငံတော်၏ အကူအညီရယူဆောင်ရွက်မည်

ယမင်း(မြစ်မခ)
3 Oct, 2012

မြန်မာ့မွေးမြူရေးကဏ္ဍတွင် နည်းပညာနှင့်မွေးမြူရေးအစာရှားပါးခြင်းအတူ အစာဈေးနူန်း မြင့်မားနေခြင်း နှင့်ပတ် သက်၍ ပြန်လည် ဦးမော့လာစေရေးအတွက် နိုင်ငံတော်အနေဖြင့် သားငါး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဆောင် ရွက်ပေးပါရန် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က တောင်းဆိုထား ကြောင်း သိရှိရသည်။

“လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နမူနာယူပြီး နည်းပညာတွေ၊ အကျိုးအမြတ်တွေ၊ ဈေးကွက်တွေ ဘယ် လိုရရှိနိုင်မလဲ ဆိုတာတွေကို သုတေသနတွေ လုပ်ပေးဖို့လိုပါတယ်။ ပြီးတော့ မွေးစာရှားပါတာ ကိုလည်း ဖြေရှင်းနိုင် ဖို့လို ပါတယ်။ နိုင်ငံတော် အစိုးရကလည်း တတ်နိုင်တာတွေကို ဆောင်ရွက်ပေးဖို့ တင်ပြတောင်းဆိုထား တယ်”ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးဝင်းကြိုင်က ပြော သည်။

လက်ရှိ မွေးမြူရေးအစာဈေးကွက်၌ ပဲဖတ်တစ်ကီလိုလျှင် ၁၀၇၀ ကျပ် ၀န်းကျင်၊ နှမ်းဖတ် တစ်ကီ လိုလျှင် ၉၅၀ ကျပ် ၀န်းကျင်၊ ပဲပုတ်ဖတ် တစ်ကီလိုလျှင် ၁၀၅၀ ကျပ်ဝန်းကျင်နှင့် ဖွဲနု တစ်ပေါင်လျှင် ကျပ် ၃၆၀ ကျပ်ဝန်းကျင် ရှိကြောင်း မွေးမြူရေးအစာ ကုန်စည်ဒိုင်က သိရှိရသည်။

အဆိုပါမွေးမြူရေးအစာများသည် ၂၀၁၁ခုနှစ် အမျိုးအစားပေါ်မူတည်၍ ကျပ် ၅၅၀၀န်းကျင်မှ ကျပ် ၇၀၀ ၀န်းကျင် သာဈေးနူန်း ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။

"မွေးစာတွေက တစ်နှစ်တစ်နှစ် နှစ်ဆလောက်ဈေးတက်လာတော့ မွေးသမားတော်တော်များများက မမွေးနိုင် ကြဘူး။"ဟု ရေထွက် ပစ္စည်းနှင့် ပို့ကုန်လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောသည်။

ပြည်ပနိုင်ငံမှ ပြည်တွင်းသားငါးများကို ၀ယ်လိုအားမြင့်မားနေသော်လည်း မွေးမြူရေးလုပ်ကိုင်သူများ အနေဖြင့် သားငါး ဈေးကောင်း ရရှိနေ ချိန်တွင် အစာဈေးနူန်းမြင့်မားနေခြင်းကြောင့် ထုတ်လုပ်မွေးမြူ နိုင်မှုလျော့ကျကာ စီးပွားရေးရပ်တည် မှုထိခိုက်သည်အထိ အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။

သားငါးကဏ္ဍများနှင့် ပတ်သတ်၍ မွေးမြူရေးလုပ်ငန်းရှင်များမှ စုပေါင်းကာ အသားကဏ္ဍအတွက် ကုန်သွယ်မှုဖွံ့ဖြိုးရေး၊ နို့ထွက် ပစ္စည်းထုတ် လုပ်မှုဖွံ့ဖြိုးရေး၊ အရည်အသွေးမြှင့်တိရိစ္ဆာန် အစာထုတ်လုပ် ရေး၊ အသားစားနွား မွေးမြူ ထုတ်လုပ်မှု ဖွံ့ဖြိုးရေး၊ မွေး မြူထုတ်လုပ်မှု ကြားခံစရိတ် လျော့ချရေးစသော အချက်များနှင့် ငါးကဏ္ဍအတွက် ငါး/ပုစွန်အစာ အရေးကြီးပုံ၊ ပြည်တွင်း စားသုံး မူနှင့် ပြည်ပ၀ယ်လို အား တွန်းအားမျှတစေရန်၊ လက်ရှိကြုံတွေ့နေသော အခက်အခဲအ များနှင့် ဖြစ်ပေါ်နိုင်သော အလားအလာ များအား ဆွေးနွေးတိုင်ပင်ကာ စက်တင်ဘာ(၂၈)ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် သားငါးကဏ္ဍအမျိုးသားအဆင့် ဆွေးနွေးပွဲတွင် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တင်ပြတောင်းဆိုခဲ့ကြောင်းကိုလည်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့