Wednesday, October 3, 2012

မိမိနေထိုင်ရာ နိုင်ငံအပေါ် သစ္စာစောင့်သိဖို့ ကိုမင်းကိုနိုင် ပြောကြား

2012-10-02

ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး အထက်မြန်မာပြည် ခရီးစဉ် အတွင်း ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ လူထုတွေ့ဆုံပွဲ မိထ္ထီလာမြို့၊ သီရိမင်္ဂလာ ရပ်ကွက် အောင်မင်္ဂလာခမ်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ဒီပွဲမှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က -

"ကျွန်တော်တို့ ၈၈ ကျောင်းသားတွေ အနေနဲ့တော့ လူမျိုးရေးအရ၊ ဘာသာရေးအရ ခွဲခြားဆက်ဆံတာမျိုးကို လုံးဝ လက်မ ခံပါဘူး။ ကျွန်တော်တို့ တိုင်းပြည်ထဲကို ဘိုးစဉ်ဘောင်ဆက်ထဲက အခြေချ နေထိုင်ပြီးတော့ ဟော့ဒီမြေ ဟော့ဒီရေဟာ ငါတို့ပြည် ငါတို့မြေ။ ငါတို့ဟာ အခွင့်အရေးကြီးပဲ တောင်းဆိုနေမှာ မဟုတ်ဘူး။ အရေးကြုံရင် ဒီမြေဒီရေ အပေါ်မှာ သစ္စာစောင့်သိပါမယ် ဆိုတဲ့ အသိတရားလည်း ရှိဖို့လိုပါတယ်။ "

- လို့ ထည့်သွင်း ပြောဆိုသွားပါတယ်။

၅ ရက်ကြာမြင့်မယ့် မြန်မာပြည်အလယ်ပိုင်း ခရီးစဉ်အတွင်း ကျောက်ဆည်၊ သဲတော၊ ၀မ်းတွင်း၊ သာစည်၊ ပျော်ဘွယ်၊ ရမည်း သင်း၊ ဘုရားငါးဆူနဲ့ ယင်းမာပင်မြို့တွေကို သွားရောက်မှာဖြစ်ပြီး မြို့ခံလူထုတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့