Thursday, September 30, 2010

ဖိအားမှန်သမျှကို သုံးဖို့ လိုပါတယ်

ဝေနှင်းပွင့်သုန်
စက်တင်ဘာ ၃ဝ၊ ၂ဝ၁ဝ


စက်တင်ဘာ ၂၇ ရက်နေ့က ဗြိတိန် လေဘာပါတီ ညီလာခံတွင် ပြောကြားသည့် Burma Campaign UK မှ မဝေနှင်းပွင့်သုန်၏ မိန့်ခွန်း မြန်မာဘာသာပြန်။

သူ၏ ဖခင် ကိုမြအေး သည် တခြားသော ၈၈ မျိုးဆက် ခေါင်းဆောင်များနည်းတူ ထောင်ဒဏ်အနှစ် ၆ဝ ကျော် ကျခံနေရသည်။

ဖေဖေ့ကို ကျမ ပထမဦးဆုံး မြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားက တဆင့် တွေ့ရတဲ့ ထောင်ထဲက အခန်းလေး ထဲမှာ ဖြစ်ပါတယ်။ ကျမက ၄ နှစ်ပဲ ရှိပါသေးတယ်။ ဖေဖေက ၁၉၈၈ ခုနှစ် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အရေးတော်ပုံမှာ ပါဝင် လှုပ်ရှားခဲ့တာကြောင့် အကျဉ်းကျခဲ့ပါတယ်။ အခု နောက်ထပ် တခါ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့တဲ့ ၂ဝဝ၇ ခုနှစ် အရေးအခင်းမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၆၅ နှစ်ခွဲ ကျခံ နေရပါတယ်။ ဖေဖေက ကျန်းမာရေး မကောင်းပါဘူး။ နှလုံးရောဂါ ရှိပါတယ်။ ဒါပေမဲ့ သူ ဆက်လက် အသက်ရှင်ဖို့ အတွက် လိုနေတဲ့ ဆေးဝါးကုသခွင့် မရပါဘူး။ ဒါပေမဲ့ ကျမ ဖေဖေဟာ မြန်မာပြည်က နိုင်ငံရေး အကျဉ်းသား ၂၂ဝဝ ကျော်ထဲကမှ တဦးသာ ဖြစ်ပါတယ်။ အကျဉ်းသားတွေ အများအပြား နှိပ်စက် ခံနေရပါတယ်။ သူတို့ဟာ ဆိုးရွားလှတဲ့ အခြေအနေအောက်မှာ ရှိနေကြပြီး သင့်တော်တဲ့ ဆေးကုသခွင့်တောင် မရကြပါဘူး။

ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ နိုင်ငံရေး အကျဉ်းသား ဦးရေ ၂ ဆ နီးပါး တိုးလာပါတယ်။ ဗိုလ်ချုပ်ကြီးတွေ ကမ္ဘာကို ပြောနေတာကတော့ ဒီမိုကရေစီ ပြန်လည် တည်ဆောက် နေတာပါတဲ့။ နိုဝင်ဘာမှာ သူတို့ ရွေးကောက်ပွဲ လုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ မြန်မာပြည်ကို စစ်မှန်တဲ့ ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးမယ့် ရွေးကောက်ပွဲ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ် ဆက်ပြီး တည်မြဲဖို့ အတွက် ပုံဖော်ထားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ စစ်သားတချို့ အရပ်ဝတ် လဲလိုက်တဲ့ အပြောင်းအလဲပါ။ ဘာမှ ကွာခြား မသွားတဲ့ အာဏာရှင် တမျိုးတည်းကို အရပ်ဝတ်နဲ့ ပုံစံပြောင်းပြီး ကျမတို့ ထပ်တွေ့ရမှာ ဖြစ်ပါတယ်။ ကျမတို့ ပြည်သူတွေ ခံစားနေရတဲ့ ဝေဒနာတွေက ဆက် ရှိနေဦးမှာပါပဲ။

မြန်မာပြည်မှာ ဘာတွေ ဖြစ်နေသလဲ ဆိုတော့ ကျမတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဆက်ပြီး အကျဉ်းကျ နေပါတယ်။ သူ့ရဲ့ ပါတီကလည်း ဖျက်သိမ်း ခံထားရပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်ပြီး ပြောတဲ့ ဘယ်သူ မဆို အကျဉ်းချ ခံရပါတယ်။ ဟာသ လုပ်၊ ကဗျာလေး စပ်တာတောင် အကျဉ်းကျ ခံကြရတာပါ။ မီဒီယာ ဆင်ဆာကလည်း များသထက် များလာနေပါတယ်။

မြန်မာပြည် အရှေ့ပိုင်းက တိုင်းရင်းသား လူနည်းစု ဒေသတွေမှာ အရပ်သားတွေကို ဝင်ပြီး တိုက်ခိုက်တာတွေ ဆက်ပြီး ရှိနေတုန်းပါ။ စာသင်ကျောင်းတွေကို ဖျက်ဆီးခံရတာ၊ ရွာတွေ မီးရှို့ခံရတာနဲ့ ကလေးတွေ၊ ကလေး ငယ်ငယ်လေးတွေပါ မကျန် ပစ်သတ်ခံရတဲ့ အစီရင်ခံစာတွေကို ပြီးခဲ့တဲ့ လတွေအတွင်း Burma Campaign UK က လက်ခံ ရရှိထားတဲ့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း ကျေးရွာပေါင်း ၃၅ဝဝ ထက်မက ဖျက်ဆီး ခံခဲ့ရပါတယ်။ ဒါတွေဟာ စစ်အာဏာရှင်တွေက ကျမတို့ နိုင်ငံအတွက် ဒီမိုကရေစီ ဖော်ဆောင်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ အာဏာကို ဘယ်တော့မှ သူ့အလိုလို စွန့်လွှတ်မှာ မဟုတ်တဲ့၊ လူမဆန်တဲ့၊ ရက်စက် ကြမ်းကြုတ်လှတဲ့ လူသတ်သမားတွေရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။

လေဘာပါတီနဲ့ မြန်မာနိုင်ငံအရေးကို ထောက်ခံအားပေးတဲ့ လေဘာအစိုးရကို ကျမက ကျေးဇူးတင်စကား ပြောကြား ချင်ပါတယ်။ လေဘာအစိုးရ (UK) ဟာ ကမ္ဘာပေါ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ အကြောင်း ကြေညာတဲ့ ပထမဦးဆုံး အစိုးရ ဖြစ်ပါတယ်။ လူကြီးမင်းတို့ အနေနဲ့ ဒီထက် ပိုပြီး အရှိန်ပြင်းတဲ့ တွန်းအားတွေနဲ့ ဆက်လက် ဦးဆောင်ပြီး မြန်မာနိုင်ငံ အပေါ် ဥရောပ သမဂ္ဂက ပစ်မှတ်ထား စီးပွားရေး ပိတ်ဆို့ဖို့၊ ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းချမှု ပိတ်ပင်ဖို့ တို့အတွက် ဖိအားပေး လုပ်ဆောင်ပေးပါ။ ကျမတို့ မြန်မာနိုင်ငံ လွတ်မြောက်ရေး အတွက် လှုပ်ရှားမှုကို ဘာအကျိုးအမြတ်မှ မရှိဘဲ လှိုက်လှိုက် လှဲလှဲ ထောက်ခံ အားပေးမှုအတွက် လေဘာအစိုးရ ဝန်ကြီးချုပ်ဟောင်း Mr Gordon Brown, နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mr David Miliband တို့ကို အထူးကို ကျေးဇူးတင်ကြောင်း ကျမ ပြောကြားပါတယ် (လက်ခုပ်သံများ)။ ဒီအတွက် ကျမတို့ တကယ်ပဲ ဝမ်းမြောက် ရပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ကုလသမဂ္ဂကိုတော့ ဒီလို မပြောနိုင်ပါဘူး။ UN အထွေထွေ အတွင်းရေးမှူး ဆီက မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း ပြောကြားချက်တွေ မကြာခဏ ကြားရပါတယ်။ ဒါပေမဲ့ ဘာလုပ်ဆောင်ချက်မှ မရှိခဲ့ပါဘူး။ မြန်မာ စစ်အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်လို့ ထပ်ခါတလဲလဲ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ကတိမတည်ပါဘူး။ ဒီလိုပါပဲ UN ကလည်း အခြေအနေ အပြောင်းအလဲကို “စောင့်ကြည့်ရအောင်” လို့ ထပ်ခါတလဲလဲ ပြောခဲ့တာပါပဲ။

သူတို့ စောင့်ကြည့်နေတုန်း နိုင်ငံရေး အကျဉ်းသားတွေက ထောင်ထဲမှာ သေနေကြပြီ။

သူတို့ စောင့်ကြည့်နေတုန်း အမျိုးသမီးတွေ မုဒိမ်းကျင့်ခံနေရပြီ။

သူတို့ စောင့်ကြည့်နေတုန်း နောက်ထပ် ရွာတွေ မီးရှို့ခံနေရပြီ။

မျိုးဆက် တခုပြီးတခု ကလေးတွေက ဆင်းရဲမွဲတေမှုတွေ၊ အကြောက်တရားတွေနဲ့ ကြီးပြင်း လာခဲ့ရတယ်။ သူတို့ရဲ့ ကလေးဘဝ ဆုံးရှုံးခဲ့ရတယ်။ UN နဲ့ တခြား အစိုးရတွေက ဒါကို လစ်လျူရှုပြီး ဘာမှ လုပ်မပေးနိုင်ဘဲ နေမြဲတိုင်း နေနေကြတယ်။ ဒီလို အဖြစ်ဆိုးတွေကို ဆက်ပြီး လက်ခံနေလို့ မဖြစ်ဘူး။

ဗိုလ်ချုပ်ကြီးတွေက ဖိအားကို ခံနိုင်ရည်ရှိသူတွေတော့ မဟုတ်ပါဘူး။ မှန်ကန်တဲ့ ဖိအား မပေးနိုင် သေးလို့ပါ။ နိုင်ငံတကာ ဖိအား ဆက်ပြီး ရှိနေဖို့ လိုအပ်ပါတယ်။ ဗိုလ်ချုပ်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်တို့နဲ့ ဆွေးနွေးရေး ဖြစ်လာအောင် ဖိအား မှန်သမျှကို သုံးဖို့ လိုပါတယ်။ ပိုမိုပြင်းထန်တဲ့၊ ပစ်မှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု လိုအပ်ပါတယ်။ စစ်အုပ်စုကို ဒီလို စေ့စပ်ရေးအတွက် ဖိအားပေးဖို့ UN ဦးဆောင်တဲ့ စေ့စပ် ဆောင်ရွက်ရေး အောက်မှာ ကျမတို့ ကမ္ဘာကြီး တခုလုံး ညီညွတ်ဖို့ လိုအပ်ပါတယ်။ UN ကော်မရှင်က မြန်မာပြည်ကို သွားပြီး စစ်အုပ်စုရဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ကမ္ဘာ့ ရာဇဝတ်မှု ဆိုင်ရာ စုံစမ်း စစ်ဆေးရေးကို ဆောင်ရွက်ဖို့ လိုပါတယ်။

ဒီရွေးကောက်ပွဲကြီး ပြီးသွားရင် ကျမအဖေတို့ကို ထောင်ထဲ သွင်းထားတဲ့ ဥပဒေတွေ အပါအဝင် စစ်အာဏာရှင် စနစ်ကို ထောက်ပံ့ပြီး မတရား ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေ အားလုံး တရားဝင် ဖြစ်သွားလိမ့်မယ်။ တခါတလေ ကျမမှာ မျှော်လင့်ချက် ကင်းမဲ့သလောက် နီးပါး ခံစားရမိပါတယ်။ တခါတလေ ကျမအဖေကို ကျမတသက် ဘယ်တော့မှ ပြန်တွေ့နိုင်တော့မှာ မဟုတ်တော့ဘူးလို့ ထင်မိတယ်။ ဒါပေမယ့် ကျမဟာ ကျမအဖေရဲ့ ရဲစွမ်း သတ္တိရှိမှုကို အမှတ်ရ နေပါတယ်။ သူဟာ ဘယ်လောက်ပဲ ဝေဒနာ ခံစားနေရပါစေ သူဘယ်တော့မှ ယုံကြည်ချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူး ဆိုတာ ကျမ သိနေတယ်။ ကျမတို့ဟာ လွတ်လပ်မှုရဲ့ အောင်ပွဲကို ဆင်နိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျမတို့ ဒီအတွက် လူကြီးမင်းတို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။ လူကြီးမင်းတို့ဟာ တောင်အာဖရိကကို အကူအညီပေး ခဲ့ပါတယ်။ ထို့အတူပဲ ကျမတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုအတွက်လည်း အကူအညီ ပေးကြပါ။ ကျေးဇူးတင်ပါတယ်။

(အထက်ပါ မိန့်ခွန်းကို လက်ဆင့်ကမ်း ဖြန့်ဝေသော အီးမေးလ်မှတဆင့် ရရှိပါသည်။ မိုးမခက အနည်းငယ် ပြန်လည် တည်းဖြတ်ထားပါသည်။မူရင်း မိန့်ခွန်းကို http://www.youtube.com/watch?v=_-By1Gigf_0 တွင် ကြည့်ရှု နားဆင်နိုင်သည်။)

Ref: မိုးမခ

Read More...

Regional Commands of SPDC


Regional_Command_of_SPDC -

Ref: သောသီခို

Read More...

Wednesday, September 29, 2010

နိုင်ငံတကာဝေဖန်ချက်ကို ကုလသမဂ္ဂမှာ စစ်အစိုးရဝန်ကြီး တုံ့ပြန်

2010-09-29

မြန်မာ့ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူးလို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင် ဝေဖန်နေတာတွေကို မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ငြင်းဆိုလိုက်ပါတယ်။ လာမဲ့ နိုဝင်ဘာ ၇ ရက်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အပါအဝင် နိုင်ငံရေးပါတီပေါင်း ၃၇ ပါတီ ယှဉ်ပြိုင်မှာ ဖြစ်လို့ ဒါဟာ အားလုံး ပါဝင်ခွင့် ပေးထားတာ ဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲတွေကို စနစ်တကျနဲ့ အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ထားကြောင်း မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။

“ကိုယ်စားလှယ်ပေါင်း သုံးထောင်ကျော် ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံမှာ ဖြစ်ပါတယ်။ ဒီ ယှဉ်ပြိုင်မှု ပမာဏကို ကြည့်ရင် ရွေးကောက်ပွဲဟာ အားလုံး ပါဝင်မှု ရှိတယ်ဆိုတာ ထင်ရှားပါတယ်။ နိုင်ငံရေး ပါတီများအနေနဲ့ သူတို့ရဲ့ မဲဆွယ် စည်းရုံးမှု လုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ သူတို့အတွက် ပိုမို အကျိုးပြုမဲ့ ကိုယ်စားလှယ်လောင်းတွေကို စိတ်ကြိုက် ရွေးဖို့ ဒီမိုကရေစီ အခွင့်အလမ်းများ ရရှိကြမှာ ဖြစ်ပါတယ်။”


ဒါ့အပြင် ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတအောင်ဆောင်ရွက်ပေးမှာဖြစ်ပြီး၊ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမဲ့ အစိုးရကိုင်စွဲမဲ့ မူဝါဒကိုလည်း စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီးက အခုလို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ရွေးကောက်ပွဲ အပြီးမှာ ပေါ်ထွန်းလာမဲ့ အစိုးရသစ်ဟာလည်း ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ချစ်ကြည် ရင်းနှီးမှုကို ပိုမို ခိုင်မာအောင် ထိန်းသိမ်း မြှင့်တင်ပြီးတော့ ကုလသမဂ္ဂနဲ့လည်း အတူတကွ ပိုမို နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမဲ့ မူဝါဒကို ဆက်လက် ကိုင်စွဲသွားမှာ ဖြစ်ပါတယ်။”

လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးက နောင်တက်လာမဲ့ အစိုးရရဲ့ မူဝါဒကို အခုလို ပြောဆိုသွားတာနဲ့ ပတ်သက်လို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်က အခုလို ဝေဖန်ပြောဆိုပါတယ်။

“နောင်တက်လာမဲ့ အစိုးရကိစ္စကို သူဘာမှ ပြောစရာ အကြောင်းမရှိဘူး။ နောင်တက်လာမဲ့ အစိုးရက ဒါ မျှော်လင့်တယ်ပဲ ပြောရမှာပဲလေ။ ဆိုတော့ သူက နောင်တက်လာမဲ့ အစိုးရ ဒီလိုဖြစ်တယ်ဆိုတော့ သူတို့ ကိုယ်တိုင်ပဲ အစိုးရ ဆက်လုပ်မှာပဲ ဆိုတဲ့ သဘောထားက သူတို့ ဆုံးဖြတ်ပိုင်ခွင့် အာဏာက သူတို့ လက်ထဲမှာပဲ ရှိနေတယ်ဆိုတဲ့ ပုံစံကို ဒါက သူက စစ်ဗိုလ်ချုပ်တွေရဲ့ သဘောထားကို indirectly ဖော်ပြတာပါပဲ။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးပဲ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ ယုံကြည်ရမဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကြီးမှူးကျင်းပခဲ့တဲ့ မြန်မာ့ မိတ်ဆွေများ နိုင်ငံများ ဆွေးနွေးပွဲက ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။ အဲဒီအဖွဲ့မှာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ ပါဝင်သလို တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့လည်း ပါဝင်ပါတယ်။


Ref: RFA News

Read More...

နေ့စဉ်သတင်းများ ( ၂၉ - ၉ - ၁၀ )

■ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဒုတိယအကြိမ် လျှို့ဝှက်စည်းဝေး သတင်း
■ နအဖလက်အောက်ခံ ပြည်သူ့စစ်များသည် မူးယစ်ဆေးဝါးဘုရင်သစ်များအဖြစ် ပေါ်လာနေသည် သတင်း
■ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် လစ်သူယေးနီးယားနိုင်ငံ ထောက်ခံ သတင်း
■ မြန်မာပြည် စစ်ရာဇ၀တ်မှု စုံစမ်းရေးကို ထောက်ခံသည့်နိုင်ငံ (၁၁) နိုင်ငံ ရှိပြီ သတင်း
■ နိုင်ငံရေးအကျဉ်းသားမလွှတ်လျှင် ရွေးကောက်ပွဲကို ယုံနိုင်ဖွယ်မရှိဟု ဘန်ကီမွန်း ပြောကြား သတင်း
■ မြန်မာ့အရေး အလေးထားရန် အိန္ဒိယကို တိုက်တွန်း သတင်း
■ တရုတ်-မြန်မာဆက်ဆံရေး အစီရင်ခံစာ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရန် ရှေ့နေများ ထပ်မံတောင်းဆို သတင်း
■ ဦးတင်ဦး မျက်စိကုဖို့ စင်္ကာပူရောက် သတင်း
■ ဦးတင်ဦး မျက်စိခွဲစိတ်ကုသဖို့ စင်ကာပူ ရောက်ရှိ သတင်း
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်ဦး မျက်စိခွဲစိတ်ကုသရန် စင်္ကာပူသို့ ရောက်ရှိ သတင်း
■ ကုန်းမခံဘဲ ရုန်းကန်နေမယ့် NLD သတင်း
■ နစက တပ်သားတဦး ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေး သတင်း
■ နိုဝင်ဘာ ရွေးကောက်ပွဲကိစ္စ နိုင်ငံခြားရေးဝန်ကြီး ကာကွယ် သတင်း
■ ရွေးကောက်ပွဲ နီးလာချိန် အင်းစိန်ထောင်တွင်း ဖိနှိပ်မှုများ တိုး သတင်း
■ ရွေးကောက်ပွဲအတွက် ရဲတပ်သားသစ်များ စုဆောင်း၊ သင်တန်းပို့ချ သတင်း
■ ကချင်ပြည်နယ်တိုးတက်ရေးပါတီ ဖျက်သိမ်းလိုက်ပြီ် သတင်း
■ ပြည်နယ်ကိုယ်စားပြုပါတီ ဖျက်သိမ်းခံရပြီးနောက် ပြည်သူများ ရွေးကောက်ပွဲ စိတ်ဝင်စားမှု နည်းလာ သတင်း
■ ကိုယ်စားလှယ်စာရင်း ပါတီမဖော်ပြလို့ တိုင်းရင်းသားပါတီများ အခက်တွေ့ သတင်း
■ တိုင်းရင်းသားပါတီများ၏ အခြေအနေ သတင်း
■ ဟောပြောမည့်စာမူ အပယ်ခံရသည့် ပါတီများ သတင်း
■ မြောက်ဦးတွင် ကြံ့ဖွံ့ပါတီ စည်းရုံးရေးဆင်း သတင်း
■ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မုချနိုင်မည်ဟု ဇေကမ္ဘာ ဦးခင်ရွှေ ပြောကြား သတင်း
■ ကြံ့ဖွံ့ပါတီ မဲမနိုင်ပါက လွိုင်ကော်မြို့ မဲဆန္ဒနယ်တွင်းရှိ မဲရုံမှူးများ အရေးယူခံရမည် သတင်း
■ ရွေးကောက်ပွဲ၊ လွှတ်တော်တက်ရန် ပြင်နေသူများနှင့် လူထုအဆုံးအဖြတ် (ဆောင်းပါး)
■ ကာတွန်းမောင်ရစ် - ရွေးကောက်ပွဲအတွက် အဆောင် သတင်း
■ (၃) နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး ပြည်တွင်းသံဃာတော်များ ဆက်လက်လှုပ်ရှား သတင်း
■ ရွှေဝါရောင်စက်တင်ဘာ သို့မဟုတ် မိုးထဲရေထဲမှ မေတ္တာသုတ် သတင်း
■ ငါ့သားကင်မရာ ပြန်ပေး (ဆောင်းပါး)
■ မန်မာပြည်တွင်း သတင်းမှတ်စု သတင်း
■ မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ မိုးကြီးရေလျှံလို့ လူသေ သတင်း
■ ဆည်တော်လေးဆည် ရေလျှံ၊ အနီးတ၀ိုက် ရွာများ ရေလွှမ်း သတင်း
■ ရေပိုင်နက်ကျူးကျော်သည့် ဘင်္ဂလီ ငါးဖမ်းလှေ (၄) စီးကို မြန်မာရေတပ်မှ ဖမ်းဆီး သတင်း
■ လယ်သိမ်းခံရသည့် အဖွားအို ကူညီမိသူ (၃) ဦး တရားစွဲခံရ သတင်း
■ မြန်မာဒုက္ခသည် (၁၈) ဦး ဂျပန်မှာ အခြေချဖို့ ရောက်ရှိ သတင်း
■ အင်တာနက်လူမှုကွန်ရက်မှာ ဘာတွေ ရှောင်ရမလဲ သတင်း
■ စက်တင်ဘာ (၂၆) စင်္ကာပူ စာပေဟောပြောပွဲ အောင်မြင် (ဆောင်းပါး)

Read More...

Waihnin Pwint Thon

Waihnin's Story


Life for a daughter of a political prisoner


BBC Interview



မြန်မာစာတန်းထိုး

...

Read More...

Tuesday, September 28, 2010

အကအဖွဲ့များ ဈေးကွက် ကျယ်ပြန့်လာ

Tuesday, September 28, 2010

ကုန်ပစ္စည်း မိတ်ဆက်ပွဲ၊ ဖက်ရှင်ရှိုးနှင့် တေးသီချင်း ဗီစီဒီ ရိုက်ကူးသည့် နေရာများတွင် အကအဖွဲ့များ ထည့်သွင်း အသုံးပြုလာ သောကြောင့် ဈေးကွက် တခုအဖြစ် ကျယ်ပြန့် လာကြောင်း သိရသည်။

“ကိုယ့်ကုန် ပစ္စည်း အောင်မြင်ဖို့၊ လူသိဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Dancer တွေကို သုံးလာကြတယ်။ အဖွဲ့အနေနဲ့ အကမျိုးစုံ ကနိုင်အောင် လေ့ကျင့် ထားတယ်။ ဘယ်လို ကုန်ပစ္စည်း ကြော်ငြာတာပဲ ဖြစ်ဖြစ်၊ ဗီစီဒီမှာ ဆိုရင်လည်း ဟစ်ပ်ဟော့ပ် ဆိုရင်တမျိုး၊ ပေါ့ပ် ဆိုရင် တမျိုး သူနဲ့ လိုက်ဖက်တဲ့ အကမျိုးဖြစ်အောင် ကရတယ်” ဟု ယူရေနီယံ အက အဖွဲ့မှ ခိုင်လေးက ပြောသည်။

အက အဖွဲ့များအနေနှင့် ယင်းကဲ့သို့ လိုက်ဖက်သော ဖျော်ဖြေမှုများ အပြင် ကြည့်ရှုသူများ အမြင်ဆန်းရန် ကကွက်များ ပြောင်းလဲ ကာ ကုန်ပစ္စည်းအပေါ် ပရိသတ် အာရုံစိုက်စေရန် ပြုလုပ်ကြကြောင်းလည်း သူက ဆိုသည်။


၁၉၉၈ ခုနှစ်မှ စတင်ကာ အက အဖွဲ့များ မြန်မာနိုင်ငံတွင် ပေါ်ထွန်းခဲ့ပြီး ၂၀၀၉ ခုနှစ်မှ စတင်ကာ ဈေးကွက် တခုအနေနှင့် အကအဖွဲ့များအား အသုံးပြုလာကြကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် Uranium Dancer Group၊ ခေမီကို၊ K Family ၊ Jade Dragon Dancer ၊ Life & Dancer Group စသည့် နာမည်ကြီး အကအဖွဲ့ ၁၀ ဖွဲ့ခန့် ရှိပြီး အပျော်တမ်း အကအဖွဲ့ ၃၀ ခန့်ရှိသည်ဟု သိရသည်။

“ကိုယ်တိုင်လည်း အကကို စိတ်ဝင်စားတဲ့ အပြင် ကိုယ့်အခွေ ဗီစီဒီရိုက်တော့လည်း အကအဖွဲ့တွေခေါ်ရိုက်တယ်။ နည်းနည်း လည်း ဆန်းသွားအောင်။ ဒီလိုရိုက်တဲ့အတွက် ကိုယ့် သီချင်းကို ကြည့်ရတာ ပိုမြူးသွားစေသလို ပရိသတ် စိတ်ဝင်စားမှု ပိုရမယ်လို့လည်း ထင်တယ်” ဟု အမျိုးသား လူငယ်အဆိုတော် တဦးက ပြောသည်။

၎င်းအဆိုတော်က “ကိုယ်ပေးချင်တဲ့ ရသကိုလည်း သူတို့ အကတွေကနေတဆင့် သရုပ်ဖော် ပြသွားနိုင်တယ်။ အခု နောက်ပိုင်း ထွက်လာတဲ့ အခွေတွေတော်တော်များများမှာ ဒီလို အကအဖွဲ့တွေ သုံးလာတယ်။ ခေတ်စားနေလို့ လုပ်တာ လည်းပါတယ်။ ရိုက်နေကျ မင်းသားမင်းသမီးနဲ့ သရုပ်ဆောင်ပြတာထက် ပိုကောင်းသွားတယ် ” ဟု ဆိုသည်။

ယခင်က ကုန်ပစ္စည်းမိတ်ဆက်ကြော်ငြာပွဲများပြုလုပ်ရာတွင် အဆိုတော်များဖိတ်ခေါ်၍ ဖျော်ဖြေမှု အနေနှင့်ထည့် သွင်းခဲ့ သော်လည်း ယခု အကအဖွဲ့ များအား ပွဲဖျော်ဖြေရာတွင် ထည့်သွင်းကြောင်း ဆေးကုမ္ပဏီ မှ တာဝန်ရှိသူတဦးက ပြောသည်။

နာမည်ကြီးအလှကုန်ပစ္စည်းများတင်သွင်းနေသည် ကုမ္ပဏီတခုမှ Brand မန်နေဂျာတဦးကလည်း “ ကုန်ပစ္စည်းမိတ်ဆက်ပွဲ တွေ လုပ်တဲ့နေရာမှာ ပုံစံတွေပြောင်းလာတယ်။ မော်ဒယ်လ်တွေကို ကုန်ပစ္စည်းကိုင်ပြီး သရုပ်ပြခိုင်းတာ အပြင် အကအဖွဲ့တဖွဲ့ ဖွဲ့ကို ဖျော်ဖြေရေးအနေနဲ့ သုံးလာတယ်။ အကြောင်းအရာတခုကို ဆက်တိုက်ပြောနေရင် ပျင်းမယ် ဒီတော့ မပျင်းအောင် ကြားဖြတ်အနေနဲ့ ထည့်တဲ့ သဘောမျိုး ”ဟု သူက ပြောသည်။

အက အဖွဲ့များအနေနှင့် ဖျော်ဖြေရာတွင် Hip Hop ၊ Jazz ၊ Latin ၊ Ground Dance ၊ Char Char Dance ၊ Broadway Dance စသည့် အကအမျိုးအစားများကို ကပြကြကြောင်း သိရသည်။

“တချို့ ပွဲတွေ မှာ ဖျော်ဖြေရေးမဟုတ်ဘဲ သူတို့ပြချင်တဲ့ အရာတခုကို အကအဖွဲ့ရဲ့ သရုပ်ဖော်မှုသုံးပြီးပြလိုက်တာပဲ။ ဗီစီဒီမှာ ဆိုရင်တော့ သီချင်းနဲ့ လိုက်ဖက်အောင် ကိုယ့်ကကွက်တွေထဲက ပြန်ရွေးရတော့ ကရတာ လွတ်လပ်မှု သိပ်မရှိဘူး။ ရှိုးပွဲတွေ ဆိုရင်တော့ လွတ်လွတ်လပ်လပ်ကလို့ရတော့ ရှိုးပွဲတွေကို ပိုအားသန်တယ်။ နိုင်ငံခြားသူတွေ ကတဲ့အတိုင်း တူအောင် လိုက်ကလို့ရတယ်” ဟု အကအဖွဲ့ထောင်ထားသူ ခေမီကိုက ပြောသည်။

သူကဆက်လက်၍ “ပွဲတခုမှာ အစကနေ အဆုံးအထိ အနည်းဆုံးအကအမျိုးအစား ၄ ခု လောက် ထည့်ပြီး မရိုးအောင်ကဖြစ် တယ်။ နိုင်ငံခြားက အကအဖွဲ့တွေကျတော့ Jazz က တဲ့ လူဆို သီးသန့်ရှိတယ်။ မြန်မာပြည်မှာကတော့ ဈေးကွက် ကျဉ်းတော့ တလိုင်းတည်း သွားလို့မရဘူး။ အကမျိုးစုံ ကတတ်အောင်၊ ဘယ် အဆိုတော်ပဲ ငှားငှား သူတို့နဲ့ လိုက်ဖက်တဲ့ အကမျိုး ဖြစ်အောင် တတ်ထားရမယ်” ဟု ပြောသည်။

တေးသီချင်း ၁၂ ပုဒ် ခန့် ပါဝင်သည့် ဗီစီဒီ တချပ် ရိုက်ကူးရာတွင် ၅ ပုဒ် ခန့်၌ အကအဖွဲ့၏ သရုပ်ပြမှုကို ထည့်အသုံးပြု ကြောင်း၊ တချို့ သီချင်းများတွင် သီဆိုသူ ကိုယ်တိုင်ကပြသည့် ပုံစံမျိုး ရိုက်ကူးလာကြောင်း လူငယ်ဒါရိုက်တာ တဦးက ပြောသည်။

“ကကွက်တွေကို သုံးပြီး သရုပ်ဖော်ပြတာကို ရိုက်လာကြတယ်။ ကကွက်တွေက ပရိသတ်ကို ပိုဆွဲဆောင်နိုင်တယ် ဆိုတာ သိလာတာကြောင့်လည်းပါတယ်” ဟု သူကဆိုသည်။

အက အဖွဲ့များ ခေတ်စားလာသည့် အပြင် အကသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားလာသကဲ့သို့ လူငယ်ပရိသတ်များ ကြားတွင်သာမက ကျန်းမာရေးလေ့ကျင့်ခန်း အနေနှင့်ပါ အကကို စိတ်ဝင်စားမှု များပြားလာသောကြောင့် Dancer Group များ ပိုမို ပေါ်ထွန်း လာပြီး ဈေးကွက် ကျယ်ပြန့်လာခြင်း ဖြစ်သည်ဟု အဆိုပါ ဒါရိုက်တာက ပြောသည်။

Ref: ဧရာဝတီ်

Read More...

နေ့စဉ်သတင်းများ ( ၂၈ - ၉ - ၁၀ )

■ တိုင်းရင်းသားတပ်များ စစ်ရေးပူးပေါင်းရန် ဆွေးနွေး သတင်း
■ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် ဘန်ကီမွန်း တိုက်တွန်း သတင်း
■ အရှင်ပညာစာရအမှု မနက်ဖြန် စီရင်ချက်ချမည် သတင်း
■ DVB နိုဗဲလ်ဆု အမည်စာရင်း တင်သွင်းခံရ သတင်း
■ Cyber Attack တရုတ် လက်ချက်လား သတင်း
■ ရန်ကုန်မြို့တွင် မဲပေးခွင့်မရသူ သိန်းချီရှိနိုင် သတင်း
■ ပြိုင်ဘက်ကို ဆန့်ကျင်ပုတ်ခတ်ပြီး မဲဆွယ် သတင်း
■ ရခိုင်ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက် သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင်ကာလ လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေ သတင်း
■ မယ်လဒုက္ခသည်စခန်းတွင် ၀က်တုပ်ကွေးကူးစက်သူ (၂) ဦး တွေ့ သတင်း
■ မယ်လအူး ဒုက္ခသည်စခန်း၌ တုပ်ကွေးရောဂါကြောင့် ကျောင်းအားလုံး ပိတ်ထား သတင်း
■ မန္တလေး ဒေသအချို့၌ ရုတ်တရက် ရေကြီး သတင်း
■ ရန်ကုန်စက်မှုန်ဇုန် အထည်ချုပ်စက်ရုံ အလုပ်ဖြစ်၊ တရုတ်က မြန်မာကို ထောက်ပံ့ သတင်း
■ မန်မာ့ကျောက်စိမ်း တရုတ်ဈေးကွက်တွင် ရောင်းအားကောင်း သတင်း
■ အကအဖွဲ့များ ဈေးကွက် ကျယ်ပြန့်လာ သတင်း

Read More...

မီးလျှံကြားမှာ ပြည်သူ့ရင်ခွင် ခိုလှုံသူ ဗိုလ်ကြီးစိုင်းဝင်းကျော်...

တပ်မှူးတပ်သား ပြောစကား (၀၂၇)

၂၀၁၀ စက်တင်ဘာ (၂၆)

မကြာခင်ကမှ အသစ်ခန့်အပ်လိုက်တဲ့ မြန်မာ့တပ်မတော်က စစ်တိုင်းမှူးအသစ် အများစုနဲ့ ဗိုလ်သင်တန်း အပတ်စဉ်တူ ဖြစ်ပြီးတော့၊ စစ်တက္ကသိုလ် အပတ်စဉ်(၂၄)က၊ ကျောင်းဆင်းခဲ့ တဲ့၊ ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကာလမှာ ပြည်သူ့ ရင်ခွင် ခိုလှုံခဲ့သူ၊ ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို၊ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ ဦးရော်နီညိမ်းက စီစဉ်တင် ဆက်ထားပါတယ်

ဦးရော်နီညိမ်း။ ။ ဗိုလ်ကြီးအနေနဲ့က ကျနော်တို့ “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” အတွင်းမှာ ဆန္ဒပြ ပြည်သူတွေ ကျောင်းသားတွေကို ပစ်ခတ် နှိမ်နင်းဖို့အတွက် အမှတ် (၂၂) ခြေမြန် တပ်ရင်း လက်အောက်ခံ ခမရ(၂၀၈)က ရန်ကုန်မှာ လာပြီး တာဝန်ယူတဲ့ အချိန်မှာ ဗိုလ်ကြီးလည်း တာဝန်အရ ပါလာ ရပြီးတော့မှ ဒီ ပစ်တာ ခတ်တာတွေ အပေါ် ဗိုလ်ကြီးက မှားယွင်းတဲ့ လုပ်ရပ်တစ်ခုလို့ မြင်တဲ့ အတွက်ကြောင့် ပြည်သူ့ရင်ခွင် ဘက်ကို ကူးပြောင်းခဲ့တယ် ဆိုတဲ့ အထိ ကျနော်တို့ သိရှိ ခဲ့ရပြီးပါပြီ။ အခုလိုမျိုး ကူးပြောင်းတဲ့ အခါမှာ ဗိုလ်ကြီး ဘယ်လို အခက်အခဲရှိလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဲဒီတုန်းက မဟာဝိဇယ စေတီနားက အမှတ်(၁) ဆက်သွယ်ရေး တပ်ရင်းမှာ ကျနော်တို့ ခေတ္တ အခြေပြု နေရပါတယ်။ အဲဒီတုန်းက ကျနော် တာဝန်ထမ်း ဆောင်တာက “ကက(ကြည်း) အရံအင်အား အကူပစ် လက်နက်ကြီး တပ်ခွဲ စိန်ပြောင်းကြီး တပ်စုမှူး” ပေါ့နော်။ ကျနော် ထမ်းဆောင်တဲ့ အချိန်မှာ သူတို့က စစ်အာဏာ သိမ်းဖို့ အတွက် အသင့် ပြင်ထားတာပေါ့ဗျာ။ ဒီ ရည်ရွယ်ချက်တွေတော့ ကျနော်တို့ မသိဘူးပေါ့ဗျာ။ ကျနော်တို့ထဲမှာ သတင်းတွေ ဖြန့်ထားတာ ကတော့ ရန်ကုန်မြို့ထဲမှာ တောတွင်းက လက်နက်ကိုင် အဖွဲ့ အစည်းတွေလည်း စိမ့်ဝင်နေတာတွေ ရှိတယ်၊ အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်တယ်၊ လိုအပ်ရင် မင်းတို့ကို ရဟတ်ယဉ်တွေ ဘာတွေနဲ့ ရွှေ့ရလိမ့်မယ် ဆိုတာမျိုး အသေးစိတ်တွေ သူတို့ ညွှန်ကြားထားတာ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး ခင်ဗျ၊ အဲဒီအချိန်က ဒေါက်တာမောင်မောင်က စစ်အုပ်ချုပ်ရေး ရုတ်သိမ်း လိုက်ပါပြီလား ခင်ဗျ၊ စက်တင်ဘာလထဲ ရောက်သွားပါပြီလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဟုတ်ကဲ့၊ အဲဒီအချိန်တုန်းက စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်း လိုက်ပါပြီ။ ရုတ်သိမ်းပြီးတော့မှ “ဦးတင်အောင်ဟိန်း ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင်”ဖွဲ့ပြီး စုံစမ်း စစ်ဆေးတာတွေ သူလို့လုပ်ပါတယ်။ အဲဒီ ကာလမှာကိုက အာဏာသိမ်းဖို့ အတွက် နောက်ဆုံးမှာ တပ်မတော်ကို အဆင်သင့် ပြင်ခိုင်း ထားတာပါ။ အဲဒီ ရည်ရွယ်ချက်တွေ ကိုတော့ အောက်ခြေထိ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ကျနော်နဲ့ အနီးကပ်နေတဲ့ ကျနော့်သူငယ်ချင်း တချို့တော့ ရှိပါတယ်။ သူတို့နဲ့ ကျနော် စကား ပြောကြည့်တဲ့ အခါမှာလည်း၊ သူတို့က လက်ရှိ အခြေအနေတွေကို မနှစ်မြို့ကြပါဘူး။ ဘာဖြစ်လို့များ လူထုနဲ့ တပ်မတော်ကြား ဒီလောက်ထိ ဝေးကွာ သွားကြသလဲ၊ ဒီလောက်ထိ နားလည်မှု လွဲသွား ကြသလဲပေါ့၊ ဘယ်အခြေ နေထိ ရောက်သွားသလဲ ဆိုတာ၊ ကိုယ့်ကိုယ်ကို ဆန်းစစ်ဝေဖန်မှုတွေ အများကြီး ရှိပါတယ်။ နောက်ပြီးတော့ အဲဒီတုန်းက ဦးအောင်ကြီး ထုတ်ဝေတဲ့ ဗိုလ်ချုပ်ထံသို့ ပေးစာများ၊ အဲဒါ တွေက ကျနော်တို့ တပ်ထဲမှာ အတိုင်းအတာ တစ်ခုထိ ရိုက်ခတ်မှုတွေ ရှိပါတယ်။ အဲဒီစာ တချို့လည်း ကျနော်ဖတ်ရပါတယ်။ ဖတ်ရတဲ့ အခါကျတော့ ကျနော်တို့ဆီမှာ သို့လောသို့ လော အတွေးတွေ အများကြီး ပေါ်လာပါတယ်ခင်ဗျ။ နောက်ဆုံးမှာ ဦးတင်အောင်ရဲ့အစီရင်ခံစာ ထွက်လာပြီးတော့၊ မဆလ ဒေါက်တာမောင်မောင် ဦးဆောင်တဲ့ အစိုးရက “ပြည်သူ့ ဆန္ဒခံယူပွဲ” ကျင်းပမယ် ဆိုပြီး ကြေညာတာ ရှိပါတယ်။ ဒါပေမယ့် လူထုရဲ့ ကြွေးကြော်သံက ပြောင်းလဲ သွားပါတယ်။ နောက်ဆုံးမှာ မဆလ အစိုးရ ပြုတ်ကျရေးကို ဦးတည် တောင်းဆိုတဲ့ တောင်းဆိုမှုတွေ ဖြစ်ပေါ် လာပါတယ်။

(“ဦးတင်အောင်ဟိန်း ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်” = မြန်မာနိုင်ငံတ၀န်း ရှစ်လေးလုံး လူထု အုံကြွမှုကြီး ဖြစ်ပေါ်ခဲ့သည့် ၁၉၈၈ သြဂုတ်လ (၈) ရက်နေ့ နောက်ပိုင်း၊ မြန်မာ့နိုင်ငံရေး စနစ်တွင် တပါတီစနစ် နှင့် ပါတီစုံစနစ် ရွေးချယ်ရေး အတွက် လူထု သဘောထား ဆန္ဒကို စုံစမ်းလေ့လာသည့် ကော်မရှင် ဖွဲ့စည်းရန်၊ အာဏာရ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ၏ အရေးပေါ် ပါတီညီလာခံ နှင့် ပြည်သူ့ လွှတ်တော် အရေးပေါ် အစည်းအဝေး တို့မှ ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက် အရ ထိုစဉ်က တရားသူကြီးချုပ် ဦးတင်အောင်ဟိန်း ခေါင်းဆောင်သည့် စုံစမ်း ရေးကော်မရှင်ကို၊ အာဏာရ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” အတွင်းမှာ ဖွဲ့စည်းခဲ့သည်။)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကြားဖြတ်အစိုးရ တောင်းဆိုတဲ့ ကိစ္စများလားခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဟုတ်ကဲ့၊ ကျနော်တို့ကိုယ်တိုင် ကျနော်တို့ မျက်စေ့ရှေ့မှာ လမ်းတွေပေါ်မှာ ကားတွေနဲ့ လူထုတွေက လိုက်ပါ သွားပြီးတော့မှ နဖူးစည်း အနီတွေနဲ့ “ဒီမိုက ရေစီ ရရင်ရ၊ မရရင်ချ” ဆိုတဲ့ ကြွေးကြော်သံတွေလည်း ကြားရပါတယ်။ ကိုယ်တိုင်လည်း မြင်ရပါတယ်။ လူထုက နောက်ဆုံးတော့ ဒီမိုကရေစီတင် မကပါဘူး၊ အဓိက ကတော့ မဆလ အစိုးရ ပြုတ်ကျရေး၊ အစိုးရ ပြောင်းလဲရေး၊ မဆလ အစိုးရ ဆင်းပေးဖို့အတွက် သူတို့ အဓိက တောင်းဆိုတာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ တပ်မတော် အရာရှိအနေနဲ့ ဗိုလ်ကြီးကလည်း ရန်ကုန်မြို့က အခြေအနေတွေကို ထိန်းသိမ်းဖို့ တာဝန်နဲ့ ရောက်ရှိနေတဲ့ အချိန်ခါမှာ၊ ဗိုလ်ကြီး ဘယ်လိုမြင်မိပါ သလဲ ခင်ဗျ၊ ဘယ်သူ့ ဘက်က မှန်တယ်၊ ဘယ်သူ့ဘက် က မှားတယ်လို့။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော်တို့ မျက်စေ့ရှေ့မှာပဲလေ၊ ဆန္ဒပြတဲ့ လူအုပ်ကြီးတွေက အုပ်လိုက် အုပ်လိုက် သူတို့ မြို့တွင်းကို ချီတက်သွားကြတာ ကျနော်တို့ တွေ့တယ်လေ၊ ဒီလောက်များပြားတဲ့ လူတွေ ထောင်နဲ့ သောင်းနဲ့ ချီတဲ့လူတွေ ရန်ကုန် လမ်းပေါ်မှာ နေ့တိုင်း နေ့စဉ်လိုလို စီတန်း လှည့်လည် ဆန္ဒပြကြတာကို ဘာဖြစ်လို့များ ကျနော်တို့က သေနတ်တွေ အသင့် ကိုင်ပြီးတော့မှ လူထုနဲ့ ထိပ်တိုက် တွေ့နေသလဲပေါ့။ ကျနော်တို့ သိတာကတော့ ရန်သူဆိုတာ တောထဲမှာ တိုက်ရတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေပဲ ကျနော်တို့ တွေ့ဖူးတယ်။ ဒါပေမယ့် ဒီလိုမျိုး ကိုယ့်ပြည်သူတွေနဲ့ ရန်ကုန်မြို့လယ်ခေါင်လို နေရာမျိုးမှာ ထိပ်တိုက် တွေ့လိမ့်မယ်လို့ ကျနော်လည်း တခါမှ မမျှော်လင့်ခဲ့ဘူး။ တနေရာရာမှာတော့ အကြီးကျယ် မှားနေပြီ ဆိုတဲ့ သံသယတွေ ကျနော်တို့ ရှိပါတယ်။ သံသယတွေရဲ့ နောက်ဆက်တွဲမှာ စဉ်းစား မိတာကတော့ “မဖြစ်တော့ဘူး” လို့ ကျနော် ဒီဘ၀မှာတော့ မပျော်ပိုက်တော့ဘူး ဆိုပြီးတော့မှ ဆုံးဖြတ်ပြီးတော့မှ ကျနော် လူထုဘက်ကို ကူးပြောင်း ခဲ့တာဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ခုနက ကျနော်မေးခဲ့တဲ့ မေးခွန်းလေးပဲ ထပ်ပြီးမေးပါရစေ ခင်ဗျ။ လူထုရဲ့ရင်ခွင်ကို ကူးပြောင်းတဲ့ အခါမှာ ဗိုလ်ကြီး ဘယ်လို အခက်အခဲများ ရှိပါသေးလဲ ခင်ဗျ၊ ဘယ်သူတွေနဲ့ ဆက်သွယ်ပြီးတော့၊ ခုနက ပြောသလို ယုံကြည်မှု အပိုင်းပေါ့၊ အဲဒီအချိန်က အရမ်းကို ပြင်းထန်နေတယ်၊ တစ်ဖက်နဲ့ တစ်ဖက် မယုံကြည်နိုင်တဲ့ အနေအ ထားမှာ ဒီအခြေအနေကို ဗိုလ်ကြီး ဘယ်လိုများ ကျော်လွှားခဲ့ပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ မဟာဝိဇယစေတီကနေ ကျနော်ထွက်လာတဲ့အခါ အဲဒီတစ်ညလုံး ကျနော် စဉ်းစားပါတယ်။ အဲဒီ မတိုင်ခင်လည်း ကျနော် စဉ်းစားပါတယ်။ နောက်ဆုံး ကျနော် သူတို့ ထုတ်ပေးထားတဲ့ ကြီးကြပ် ကန့်သတ် ပစ္စည်းတွေပေါ့၊ လက်နက် ခဲယမ်း မီးကျောက်တွေကို စနစ်တကျ သိမ်းဆည်းပြီး ကျနော် တာဝန် ထမ်းဆောင်ခဲ့တဲ့ နေရာမှာ ထားပြီး တော့မှ ကျနော် ထွက်လာ ခဲ့ပါတယ်။ ကျနော့်အနေနဲ့ တပ်မတော်ကို လက်နက်ကိုင်ပြီး ပြန်လည် တိုက်ခိုက်ဖို့တော့ အဲဒီတုန်းကတည်းက ဆန္ဒမရှိပါဘူး။ နောက်ပြီးတော့ ကျနော် ထွက်လာတဲ့ အချိန် မဟာဝိဇယ စေတီနားမှာ ဆန္ဒပြတဲ့ ကားတစ်စီးနှစ်စီး ဖြတ်သွားတာ ရှိပါတယ်။ အဲဒီအချိန်မှာ ကျနော် လက်ပြပြီးတော့ သူတို့ကို ကျနော် အကူအညီ တောင်းပါတယ်။ ကျနော်ပြောတယ်၊ ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည် ဆီ ပို့ပေးပါလို့ ကျနော် ပြောတဲ့အခါ၊ သူတို့က ပြည်သူ့ရင်ခွင့် ခိုဝင်တယ် ဆိုပြီးတော့မှ လူထုက ၀မ်းပန်းတသာနဲ့ ကျနော့်ကို ကြို ဆိုပြီး၊ အထူးသဖြင့် ကျောင်းသားတွေပေါ့၊ အဲဒီတုန်းက ဆန္ဒပြတဲ့ ကျောင်းသားတွေ အုပ်စုရှိပါတယ်၊ main (ရန်ကုန်တက္ကသိုလ် - ပင်မဆောင်)ထဲက ထွက်လာတာပါ။ အဲဒီကားက၊ သူတို့ ဘယ် အဖွဲ့စည်းလဲဆိုတာ ကျနော် မမှတ်မိတော့ပါဘူး။ သူတို့က ကျနော့်ကို ကားပေါ် တင်သွားပြီးတော့မှ၊ အဲဒီအခါ ကျနော် လူထုရဲ့ မေတ္တာကို စပြီး ခံစားရတာပေါ့ဗျာ။ အားလုံး က လူတွေ မမြင်အောင် ၀ိုင်းအုပ်ပြီးတော့ ခေါ်သွားတာပါ။ အဲဒီတုန်းက စစ်သားဆိုရင် လူထုက အရမ်းကို နာကြည်းနေတာပါ ခင်ဗျ၊ အထူးသဖြင့် တပ်မ (၂၂) ဆိုရင် ပို နာကြည်းနေ တာပါ။ ဒါကြောင့် ကျနော့်ကို မမြင်အောင် ဖွက်သွားပြီးတော့မှ၊ တက္ကသိုလ် ရိပ်သာလမ်း အမှတ်(၅၄)၊ ဒေါ်အောင်ဆန်းစုကြည် ခြံထဲကို ကျနော့်ကို ပို့ပေးပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ ကျနော်တွေ့ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ကြီးကို ဘယ်လိုများ အမှာစကား ပြောကြား ခဲ့ပါသလဲ၊ ဗိုလ်ကြီးကလည်း ဘယ်လို အကြောင်းအရာတွေ များ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေး ဖြစ်ပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော်နဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပြောဆိုတဲ့ အချိန်မှာတော့ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့က ငြိမ်းချမ်းစွာ အသွင် ကူးပြောင်းရေးကိုပဲ သူ လိုလား ပါတယ် ခင်ဗျ၊ သူ့အနေနဲ့က တပ်မတော်ကို၊ တပ်မတော် အဓိကတော့ မဟုတ်ဘူးပေါ့၊ မဆလ တပါတီ အာဏာရှင် ခေါင်းဆောင်တွေကလည်း မြန်မာပြည်ရဲ့ အသွင် ကူးပြောင်းရေး အတွက် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ အားလုံး အဆင်ပြေပြေ ဖြစ်သွားလိမ့်မယ်လို့ အများကြီး မျှော်လင့်ထားပါတယ်။ အားလုံးကလည်း စိတ်ဓါတ် တက်ကြွနေကြတဲ့ အချိန်မှာ အပြောင်း အလဲက ညင်ညင်သာသာနဲ့ ချောချောမွေ့မွေ့ ဖြစ်လာမယ်ဆိုရင်၊ အားလုံးက နိုင်ငံသစ် တည်ထောင်ဖို့ အတွက် စိတ်တူကိုယ်တူနဲ့ လက်တွဲလုပ်ဖို့ လိုအပ်တဲ့အကြောင်း ပြောဖြစ်ကြပါတယ်။ ကျနော့် အနေနဲ့ကလည်း တပ်မတော်ထဲမှာ အမှန်တရားကို လိုလားတဲ့ အင်အားစုတွေ အများကြီးရှိပါတယ်။ လူထုဘ၀ကို စာနာ နားလည်တဲ့ အင်အားစုတွေ အများကြီး ရှိပါတယ်။ သူတို့ ကိုယ်တိုင်လည်း ပြုပြင် ပြောင်းလဲမှုတွေကို လိုလားတယ် ဆိုတဲ့အကြောင်း ကျနော် ပြောဖြစ်ပါတယ် ခင်ဗျ။ အဲဒီနောက်ပိုင်းမှာ ဆန္ဒပြဘို့ ထွက်လာတဲ့ တပ်မတော်သားတွေနဲ့ ကျနော် တွေ့ချင်ပါတယ်လို့ ကျနော် ခွင့်တောင်းတဲ့ အခါကျတော့ သရက်တော ကျောင်းတိုက်ကို ပို့ပေးပါတယ်ခင်ဗျ၊ သရက်တော ကျောင်းတိုက်မှာ မှော်ဘီကနေ ထွက်လာတဲ့ ဆန္ဒပြတဲ့ ရဲဘော် တွေနဲ့ ကျနော်တွေ့ပါတယ်။ နောက်ပြီး တချို့သော အရာရှိ နှစ်ယောက် သုံးယောက်လောက်နဲ့လည်း ကျနော် တွေ့ပါတယ်။ အဲဒီ သရက်တော ကျောင်းတိုက်မှာပဲ ခေတ္တခဏ နေပြီးတော့ နောက်ပိုင်းမှာ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ) အကူအညီနဲ့ လသာ အထက(၂) မှာ ကျနော် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဖြစ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖြစ်သွားတဲ့ အကြောင်းအရင်းနဲ့ နောက် အဲဒီနေ့က သတင်းစာ ရှင်းလင်းပွဲ အတွေ့အကြုံတွေလည်း နောက်လူတွေ သိ ရှိအောင် ပြောပြပေးပါလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဓိက ကျနော့်ကို အကူညီပေးတာကတော့ ကိုမိုးဟိန်း (ယခု အမေရိကန် ပြည်ထောင်စု၊ နယူးယောက် မြို့တွင် နေထိုင်သူ ရှစ်လေးလုံး ကျောင်းသားခေါင်း ဆောင်တစ်ဦး) ပေါ့နော်၊ ကိုမိုးဟိန်းက ဗကသ ရိက္ခာ တာဝန်ခံ အနေနဲ့ ကျနော်တို့ဆီ လာပြီးတော့ အစားအသောက်တွေ ဝေငှတာ ရှိပါတယ်။ သရက်တော ကျောင်းတိုက်မှာ ကိုမိုးဟိန်းနဲ့ တွေ့တော့ “အစ်ကိုကြီး ကျနော် ဘာအကူညီ ပေးရမလဲ” မေးတဲ့ အခါကျတော့၊ ကျနော်က သူ့ကိုပြောတယ်၊ “အေးကွာ၊ ငါတို့ရဲ့ အတွေ့အကြုံတွေ ငါတို့ရဲ့ အမြင်တွေကို လူထုကို တင်ပြချင်တယ်။ အဲဒါ မင်း စီစဉ်ပေးလို့ ရမလား” ဆိုတော့၊ “ရပါတယ် အစ်ကိုကြီး” ဆိုပြီး သူက ကျနော့်ကို စီစဉ်ပေးပါတယ် ခင်ဗျ။ အဲဒီလို သူ စီစဉ်ပေးပြီး နောက်ပိုင်းမှာ ဒီ သတင်းစာ ရှင်းလင်းပွဲက အထ မြောက်သွားတာပါ။ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီးတဲ့ အချိန်လောက်မှာလည်း ကိုမိုးသီးဇွန်(ကျောင်းသားခေါင်းဆောင်၊ ထိုစဉ်က “ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များသမဂ္ဂ”၏ အထွေထွေ အတွင်းရေးမှူး) လာပြီးတော့မှ ကျနော်နဲ့ တွေ့ဆုံ စကားပြောတာတွေ ရှိပါတယ် ခင်ဗျ။ သတင်းစာ ရှင်းလင်းပွဲ လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျနော် တို့အနေနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ တပ်မတော်သားတွေ ဟာလည်း ပြည်သူလူထုနဲ့ တသားတည်းပါပဲ၊ ပြည်သူလူထုနဲ့ အတူ တပါတီ အာဏာရှင် စနစ်ကို ကျနော်တို့ မကြိုက်ပါဘူး၊ ဒီအာဏာရှင် စနစ်ရဲ့ ဖိနှိပ် ချုပ်ခြယ်မှုတွေကိုလည်း ကျနော်တို့ တပ်မတော် သားတွေဟာ ပြည်သူနဲ့အတူ မျှဝေပြီးတော့မှ ခံစားရတာပါ။ အောက်ခြေအဆင့် တပ်မတော်သား အရာရှိ အကြပ်တပ်သားတွေ အားလုံးကလည်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် လိုလားတယ်။ မဆလ တပါတီ အာဏာရှင် စနစ်ကိုလည်း ကျနော်တို့ မလိုလားဘူး။ တပ်မတော်သား တွေကို မဆပါတီထဲ မ၀င်မနေရ အတင်းအကြပ် ၀င်ခိုင်းပြီးမှ အရံပါတီဝင်တွေ အနေနဲ့ သော်လည်းကောင်း၊ တင်းပြည့် ပါတီဝင်တွေ အနေနဲ့ သော်လည်းကောင်း စုစည်းပြီး၊ ပါတီတည် ဆောက်ထားတာကို ကျနော်တို့ မလိုလားဘူး။ ဗမာပြည်ရဲ့ နိုင်ငံရေး အကြပ် အတည်းတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်း စေချင်တယ်။ ပြည်သူလူထု အများစု သွေးထွက်သံယို ဖြစ်ပြီးတော့မှ အသက်များစွာ ဆုံးရှုံးပြီးတော့မှ ကိုယ့်အချင်းချင်း သတ်တာ ဖြတ်တာတွေ ဖြစ်ပြီးတော့မှ နိုင်ငံရေး ပဋိပက္ခတွေ ဖြေရှင်းရတာမျိုးကို၊ ကျနော်တို့ မလိုလားဘူး။ အထူးသဖြင့် တပ်မတော်ကို နိုင်ငံရေး အကျပ်အတည်းမှာ တပါတီ အာဏာရှင်စနစ်ရဲ့ လက်ကိုင်တုတ် အနေနဲ့ အသုံးချတာကို ကျနော်တို့ လုံးဝ လက်သင့် မခံနိုင်ဘူး။ အဲဒီအတွက်ကြောင့် ပြုပြင်ပြောင်း လဲမှုတွေကို အမြန်ဆုံးနည်းလမ်း၊ အကောင်းဆုံး နည်းလမ်း၊ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းပေးပါ၊ တပ်မတော်သား အများစုကိုလည်း မဆလ ပါတီဝင် အဖြစ်ကနေ အမြန်ဆုံး ရုပ်သိမ်းပေးပါ ဆိုပြီးတော့ သတင်းစာ ရှင်းလင်းပွဲမှာ ကျနော် အတိအလင်း တောင်းဆို ပါတယ်ခင်ဗျ။ သတင်းစာ ရှင်းလင်းပွဲပြီးတဲ့ နောက်ပိုင်းမှာပဲ သိပ်မကြာပါဘူး၊ မဆလပါတီက အစည်း ဝေးလုပ်ပြီးတော့မှ ဦးအေးကို (မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ အထွေထွေ အတွင်းရေးမှူး နှင့် ဒုတိယ သမ္မတ ဖြစ်ခဲ့သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးအေးကို)ကိုယ်တိုင် လက်မှတ် ရေးထိုးပြီး တပ်မတော်သားတွေကို မဆလ ပါတီဝင် အဖြစ်ကနေ ရပ်စဲကြောင်း ကြေညာချက် ထွက်လာတာ ရှိပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဗိုလ်ကြီးအနေနဲ့ အဲဒီလိုမျိုး တွေ့ကြုံရတဲ့အချိန်မှာ၊ ကျနော်တို့ အခု ပြန်မြင် ကြည့်တဲ့ အခါကျတော့၊ တတိုင်းပြည်လုံး အုန်းအုန်း ကျွက်ကျွက်နဲ့ ဗိုလ်ကြီးတို့လို ပြည်သူ့ရင်ခွင် ကူးပြောင်းလာတဲ့ အရာရှိတွေတင် မကဘူး၊ တပ်မတော် သားတွေလည်း ရှိတယ်။ နောက်တခါ ၀န်ထမ်းတွေ ပေါ့နော်၊ အပြောင်းအလဲ တစ်ခုတော့ မကြာခင် ရောက်တော့မှာပဲလို့ ဖြစ်နေတဲ့ အချိန်မှာ ဗိုလ်ကြီးက တပ်မတော်အရာရှိ အတွေ့အကြုံရှိ ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ အဲဒီအချိန်မှာ ဗိုလ်ကြီး ဘယ်လို မြင်လဲခင်ဗျ၊ ဒီအရေးတော်ပုံ ကြီးက ဆန္ဒပြဆန့်ကျင် ကန့်ကွက်ပြီးတော့ ရင်ထဲက ဆန္ဒတွေ ထုတ်ဖော် ပြသရာကနေ၊ နောက်တစ်ဆင့် ဖြစ်တဲ့ အာဏာရှင် စနစ် ပြုတ်ကျရေး အထိကို အောင်မြင် သွားနိုင်တဲ့ အခြေနေ ရှိတယ်လို့ ဗိုလ်ကြီး အဲဒီအချိန်တုန်းက မြင်မိပါသလား၊ သို့မဟုတ် ဒီအတိုင်းကတော့ မအောင်မြင်နိုင်ဘူး၊ ဘာတွေလုပ်ဖို့ လိုသေးတယ် ဘယ်လိုဆက်သွားဖို့ သင့်တယ် စသည်ဖြင့် ဗိုလ်ကြီး မြင်ခဲ့တာတွေ ရှိပါသလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ရှိပါတယ် ခင်ဗျ၊ ကျနော်လည်း ကျနော့်လုံခြုံရေး အတွက်ပေါ့နော်၊ ကျောင်းသားတွေ အကူအညီနဲ့ နေရာ အနှံ့အပြားမှာ ကျနော်ရွှေ့ပြောင်းပြီးတော့ နေထိုင် ရတာတွေ ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ အာဏာသိမ်းမှု ဖြစ်လာ ပါတယ်ခင်ဗျ။ အာဏာသိမ်းမှု ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ဘယ်သူကမှ ကျနော်တို့ လုံခြုံရေးကို တာဝန်ယူနိုင်တဲ့ အခြေ အနေ မရှိပါဘူး၊ အဲဒီလိုပဲ ကျောင်းသားတွေ အများစုကပဲ ကူညီ လုပ်ဆောင်ပေးလို့ ပြည်သူလူထု တွေကြား၊ ရပ်ကွက်တွေ ကြားထဲမှာပဲ၊ နေထိုင် ပုန်းအောင်းပြီးတာ့ ဖြတ်သန်းရတဲ့ ကာလတွေ ရှိပါ တယ်။ အဲဒီတုန်းက ကျနော် မြင်တာကတော့ အဲဒီ အာဏာ မသိမ်းခင်ကာလ၊ အာဏာ သိမ်းပြီးတဲ့ နောက်ပိုင်း အထိလည်း လူထုရဲ့စိတ်ဓာတ်က တက်ကြွမှု တစုံတရာ ရှိပါတယ် ခင်ဗျ။ ကျနော်တို့ “ ၁၉၈၈ လူထု အရေးတော်ပုံကြီး” ဟာ အမျိုးသားရေး ဆိုင်ရာ လှုပ်ရှားမှုကြီးပါ။ အမျိုးသားရေး ဆိုင်ရာ လှုပ်ရှားမှုကြီး ဖြစ်တဲ့ အတွက်ကြောင့် လူထု အားလုံးကလည်း အပြောင်းအလဲကို လိုလားပါတယ် ခင်ဗျ။ ခေါင်းဆောင်တွေကလည်း အများကြီး ထွက်လာပါတယ်။ ဒေါ်အောင်ဆန်း စုကြည်တို့၊ အဘဦးတင်ဦးတို့၊ အဘ ဦးနုတို့ ၊ ဦးအောင်ကြီး တို့က အစ အကုန်လုံး ထွက်လာပါတယ်။ ထွက်လာတဲ့အခါ ကျနော် မြင်တာကတော့၊ အဲဒီအချိန်ကသာ ပြုပြင် ပြောင်းလဲရေးကို တိတိလင်းလင်း တာဝန်ယူနိုင်တဲ့ ခေါင်းဆောင် တစ်ယောက်ကသာ ပြတ်ပြတ်သားသား လုပ်ခဲ့မယ် ဆိုရင် Do or Die ပေါ့နော်၊ စစ်စကားအရ ပြောမယ်ဆိုရင် “သေမလား ရှင်မလား”ဆိုတဲ့ ပြဿနာမှာ ပြတ်ပြတ်သားသား ရွေးချယ်ပြီး တော့မှ၊ အာဏာသိမ်းဖို့ အစီစဉ်တစ်ခုကို အောင်မြင်အောင် ကြံဆောင်နိုင်မယ့် ခေါင်းဆောင် တစ်ယောက် သော်လည်းကောင်း၊ တစ်ဖွဲ့ သော်လည်းကောင်း ရှိမယ်ဆိုရင်၊ ကျနော်ထင် တယ်၊ ဗမာပြည်နိုင်ငံရေး အကြပ်အတည်းက အချိန်တိုတို အတွင်းမှာ အများကြီးပြောင်းလဲ သွားနိုင်တဲ့ အခြေအနေ ရှိပါတယ်၊ ဒီလောက်ထိ နှစ်နဲ့ချီပြီးတော့မှ ဖြစ်လာစရာ အနေအထား မျိုးမရှိဘူးလို့ ကျနော်မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” ကာလမှာ လူထုကို ဖြိုခွင်းဖို့ တာဝန် ပေးအပ်ခြင်း ခံခဲ့ရတဲ့ ခြေမြန်တပ်မ(၂၂)၊ ခမရ (၂၀၈) က တပ်ခွဲမှူး တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးစိုင်းဝင်းကျော်ရဲ့ ရှစ်လေးလုံး အလွန်ကာလမှာ သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ နိုင်ငံရေး အကျဉ်းသားဘ၀ အထိ ရောက်ရှိသွားခဲ့ရတဲ့ အကြောင်းတွေကို နောက်သီတင်းပတ် အောက်တိုဘာလ (၂) ရက်၊ တနင်္ဂနွေနေ့ မနက်၊ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဆက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါ တယ် ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

Ref: VOA News

Read More...

Regional Commands of SPDC 27 Aug 2010


Regional Commands of SPDC

Read More...

Waihnin Pwint Thon Speaks for Burma and Political Prisoners at the UK Labour Party Conference

September 27, 2010

The issue of Political Prisoners and Burma has taken centre stage today at the annual British Labour Party conference being held in Manchester, UK. The short film made about this political prisoner work was shown as an introduction to the most incredible speech ever given in this country by anyone at any political conference or meeting about Burma. Waihnin Pwint Thon, daughter of jailed 88 Generation Student leader Ko Mya Aye, and one of the leading campaigners for Burma and political prisoners in her own right, gave an extraordinarily powerful speech that not only defied her young age, but deserved the lengthy standing ovation it received.



Dressed in white out of memory for her father and his colleagues of the 88 Generation Students, she brought back memories of the famous speech Daw Aung San Suu Kyi delivered at the west gates of the Shwedagon Pagoda on 26th August 1988. Today Waihnin delivered a powerful speech that elevated the issue of Burma to centre stage of the newly formed Labour Party at this most crucial time with elections fast approaching and on the day the UN General Assembly meets to discuss Burma.





Ref: Enigma Images

Read More...

ရွေးကောက်ပွဲဝင်မည့်သူများ မျှော်လင့်ချက်မရှိဟု ဦးဝင်းတင် ပြောကြား

ရဲရင့်
၂၇ စက်တင်ဘာ ၂၀၁၀

နအဖပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့်သူများသည် သားသတ်ရုံသို့ အပို့ ခံရသည့် နွားများနည်းတူ မည်သည့် မျှော်လင့်ချက်မှ မရှိတော့ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ယနေ့ ကျရောက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) တည်ထောင်ခြင်း (၂၂) နှစ်ပြည့် အခမ်းအနားတွင် ပြောကြား လိုက်သည်။

ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိသည့် အန်အယ်လ်ဒီပါတီကို ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီ တခုက သောင်ပြင်တွင် လွတ်နေသည့် ခွေးနှင့်တူသည်ဟု ပြောကြားခဲ့မှုကို တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တွင် အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေမှ ပြုလုပ်သည့် အန်အယ်လ်ဒီပါတီ တည်ထောင်ခြင်း (၂၂) ပြည့် အခမ်းအနားသို့ ပေးပို့သည့် ရုပ်သံဖိုင်တွင် ဦးဝင်းတင်က “သောင်ပြင်မှာ လွတ်တဲ့ခွေးက ကမ်းဘက်ကို ပြန်ကူး လာနိုင်တယ်၊ ဟောင်လို့ရတယ်၊ ကိုက်လို့ရတယ်၊ မာန်ဖီလို့ ရတဲ့ အခွင့်အရေးတွေ ရှိတယ်။ ရွေးကောက်ပွဲဝင်မယ့် လူတွေကတော့ သားသတ်ရုံကို အပို့ခံရတဲ့ နွားတွေလိုပဲ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး” ဟု ပြောသည်။

လာမည့်ရွေးကောက်ပွဲသည် တရားမျှတမှုမရှိသည့်အပြင် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာမည့် လွှတ်တော်နှင့် အဖွဲ့ အစည်းများသည်လည်း လက်ညိုးထောင် ခေါင်းငြိမ့်၊ ထားရာနေ စေရာသွား အနေအထားမှ လွဲ၍ ဘာမှဖြစ်လာမည် မဟုတ်သည့် အတွက် ပြည်သူလူထု တရပ်လုံး ၀ိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ကြရန်လည်း ဦးဝင်းတင်က တိုက်တွန်း ပြောကြားထားသည်။

စက်တင်ဘာ (၁၃) ရက်နေ့တွင် အန်အယ်လ်ဒီပါတီကို နအဖက နိုင်ငံရေးပါတီ အဖြစ်မှ ဖျက်သိမ်း လိုက်သော်လည်း ပါတီ မပျက်ဘဲ ဆက်လက် တည်ရှိနေမည် ဖြစ်ပြီး ပါတီမှ ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု အန်အယ်လ်ဒီ လွတ်မြောက် နယ်မြေ၏ ဥက္ကဋ္ဌ ဦးဗိုလ်သောင်းက ပြောသည်။

၎င်းက “သူ့ရွေးကောက်ပွဲဥပဒေအရ ပါတီမှတ်ပုံမတင်လို့ ဖျက်တာဖျက်ပေါ့၊ ပါတီမပျက် သွားပါဘူး။ အန်အယ်လ်ဒီဟာ (၉၀) ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူလူထု ထောက်ခံမှု အပြည့်အ၀ ရထားတဲ့ ပါတီဖြစ်လို့ နိုင်ငံတကာနဲ့ ပြည်သူတွေရဲ့ အသိအမှတ်ပြု ထောက်ခံမှုကို ရရှိနေတာ ဖြစ်တယ်။ ဆိုင်းဘုတ်ရှိမှ ရုံးရှိမှ လုပ်နိုင်တာ မဟုတ်ဘူး။ လူထုကြားမှာ နေပြီး လူထုနဲ့အတူ တိုက်ပွဲဝင်ပြီး ပါတီက ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လုပ် သွားမှာဖြစ်တယ်။ ပြည်သူကို ရာသက်ပန် စစ်ကျွန်ပြုမယ့် ရွေးကောက်ပွဲ ကိုတော့ ပြည်တွင်း အန်အယ်လ်ဒီနဲ့ အတူ လုံးဝ သပိတ်မှောက် ဆန့်ကျင် သွားမှာဖြစ်တယ်” ဟု ပြောသည်။

အခမ်းအနား သဘာပတိအဖွဲ့ဝင်တဦးဖြစ်သူ မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ချုပ် (ဒီအေဘီ) ဥက္ကဋ္ဌ ပဒို စောအားတိုးက လက်ရှိ မြန်မာ့ဒီမိုကရေစီအရေး ဆောက်ရွက်ရာတွင် ပြည်သူ လူထုနှင့် ကင်းကွာ၍ မရကြောင်း သုံးသပ် ပြောကြားခဲ့သည်။

၎င်းက “ရှစ်လေးလုံးအရေးတော်ပုံမှာ ရဟန်းရှင်လူတွေ ဆန္ဒပြအုံကြွခဲ့ကြတယ်။ ဒါပေမယ့် ကျနော်တို့ ဟန်ချက် မညီခဲ့ဘူး။ ပြည်တွင်းမှာ ဘယ်လောက်ပဲဖြစ်ဖြစ် ကျနော်တို့ အပြင်နဲ့ လုံးဝ အဆက်အစပ် မရှိဘူး။ အဲဒါ ကျနော်တို့ရဲ့အားနည်းချက်။ အဲဒါကို သင်ခန်းစာ ယူရမယ်။ ဒီကနေ့ အခြေအနေ အဲလိုဖြစ်လာရင် ကျနော်တို့ ဟန်ချက်ညီဖို့လိုတယ်” ဟု ပြောကြားသည်။

ယနေ့အခမ်းအနားသို့ မြန်မာပြည်ဒီမိုကရေစီရရှိရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက် ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) တည်ထောင်ခြင်း (၂၂) ပြည့်နေ့တွင် အန်အယ်လ်ဒီ လွတ်မြောက် နယ်မြေမှ ကြေညာချက် ထုတ်ပြန်ရာ၌ ပြည်သူတရပ်လုံး သမိုင်းပေး တာဝန် တရပ် အနေဖြင့် မတရားပြုလုပ်မည့် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ရန်၊ အဖွဲ့ချုပ်ကို အဘက်ဘက်မှ ၀န်းရံ ကူညီ ထောက်ခံကြရန် တောင်းဆို တိုက်တွန်းပါကြောင်း ဖော်ပြထားသည်။

Ref: ခေတ်ပြိုင်

Read More...

Monday, September 27, 2010

ဘန်ကီမွန်း မြန်မာ့အရေး ဖိအားပေးဖို့ မြန်မာ့မိတ်ဆွေများ အစည်းအဝေးခေါ်

2010-09-27

မြန်မာစစ်အစိုးရအပေါ် ပိုပြီးတင်းမာတဲ့ ရပ်တည်ချက် ထားရှိဖို့ အာရှနိုင်ငံတွေကို တိုက်တွန်းခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အဆင့်မြင့် အစည်းအဝေးတရပ်ကို ခေါ်ဆိုလိုက်ပါတယ်။

မြန်မာ့မိတ်ဆွေနိုင်ငံများ အုပ်စုနဲ့ မစ္စတာ ဘန်ကီမွန်းဟာ နယူးယောက်မြို့မှာ တနင်္လာနေ့ နေ့လယ်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ နိုင်ငံ ၁၄ နိုင်ငံ ပါဝင်ကြပါတယ်။ သြစတြေးလျ၊ တရုတ်၊ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားတို့လည်း ပါဝင်ကြပါတယ်။


မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေနဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဒါ့ထက်ပိုပြီး စစ်အစိုးရက မလုပ်ဆောင်ဘူးဆိုရင် ဒီအဖွဲ့က စစ်အစိုးရ လုပ်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်အပေါ် ယုံကြည်မှု လျော့ပါးနိုင်တယ်လို့ အတွင်းရေးမှူးချုပ်က အာဆီယံ ၁၀ နိုင်ငံရဲ့ ခေါင်းဆောင်တွေကို သောကြာနေ့က ပြောကြားခဲ့ပါတယ်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို ကိုင်တွယ်နိုင်အောင် မြန်မာနိုင်ငံကို ကူညီဖို့လည်း ခေါင်းဆောင်တွေကို သူက တိုက်တွန်းသွားပါတယ်။

မြန်မာ့မိတ်ဆွေများအဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမြင်ပေါင်းစုံကို မျှမျှတတဖြစ်အောင် ကိုယ်စားပြုထားပါတယ်။ ကုလသမဂ္ဂက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာတွေကို ပံ့ပိုးနိုင်အောင် ဒီအဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

နေ့စဉ်သတင်းများ ( ၂၇ - ၉ - ၁၀ )

■ ရွေးကောက်ပွဲဝင်မည့်သူများ မျှော်လင့်ချက်မရှိဟု ဦးဝင်းတင် ပြောကြား သတင်း
■ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် မြန်မာရဟန်းတော်များအဖွဲ့ချုပ် မိန့်ကြား သတင်း
■ ရွှေဝါရောင်တော်လှန်ရေး (၃) နှစ်ပြည့် ရန်ကုန်မှာ ပန်းခွေချ သတင်း
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှေ့ဆက်မည်ဟု ပြောကြား သတင်း
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၂) နှစ်မြောက်မွေးနေ့ နော်ဝေးနိုင်ငံတွင် ကျင်းပ သတင်း
■ မဲမထည့်ရင် အရေးယူမည်ဟု ကြံ့ဖွံ့နှင့် အသွင်ပြောင်းခေါင်းဆောင်များ ပြော သတင်း
■ ကြံ့ဖွံ့နှင့် ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အန်ဒီအက်ဖ် ကြေညာ သတင်း
■ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်ခိုင်ဖြိုး ပါတီဝင် (၄) ဦး ယှဉ်ပြိုင်မည် သတင်း
■ လက်မှတ်အသစ် လုပ်ပေးမည်ဟု ဝန်ကြီး ပြောဆို သတင်း
■ သျှမ်းပြည် (မြောက်ပိုင်း) ၌ လိုင်စင်မဲ့ကားများ ဖမ်းဆီး သတင်း
■ စီးပွားရေးသတင်း - ရွှေဈေး၊ ဒေါ်လာဈေး၊ ဆီဈေး အတက်အကျ သတင်း
■ နာရေးကူညီမှုအသင်း တသောင်းပြည့် သတင်း
■ လာဘ်စားမှုအပေါင်း သရဖူဆောင်းတော့သည် (ဆောင်းပါး)

Read More...

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် - ၃၃၀

၁-ကချင်ပြည်နယ်

၂-ကယားပြည်နယ်

၃-ကရင်ပြည်နယ်

၎-ချင်းပြည်နယ်

၅-စစ်ကိုင်းတိုင်း

၆-တနင်္သာရီတိုင်း

၇-ပဲခူးတိုင်း

၈-မကွေးတိုင်း

၉-မန္တလေးတိုင်း

၁၀-မွန်ပြည်နယ်

၁၁-ရခိုင်ပြည်နယ်

၁၂-ရန်ကုန်တိုင်း

၁၃-ရှမ်းပြည်နယ်

၁၄-ဧရာဝတီတိုင်း

Read More...

ပြည်သူ့လွှတ်တော် အဆင့်ဆင့် ဖွဲ့စည်းပုံ

Read More...

အပေါ်သို့