Monday, November 15, 2010
Sunday, November 14, 2010
Friday, November 12, 2010
နေ့စဉ်သတင်းများ ( ၁၁ - ၁၁ - ၂၀၁၀ )
■ ဒေါ်အောင်ဆန်းစုကြည် စနေနေ့ လွတ်မည်ဟု အန်အယ်လ်ဒီ မျှော်လင့် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် သားငယ် ပြည်ဝင်ခွင့်ဗီဇာရ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်ဖို့ NLD ပါတီဝင်တွေ ရန်ကုန် ရောက်လာ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အား မလွှတ်ရန် နအဖ အစိုးရအဖွဲ့ဝင်များ ၀ိုင်းဝန်းအကြံပေး သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု အထူးအယူခံ ပယ်ချခံရ သတင်း
■ တရားဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည်ဟု ဦးဝင်းတင် ယုံကြည် သတင်း
■ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ ဖွဲ့စည်း သတင်း
■ ရှမ်းပြည်အတွင်း တိုက်ပွဲတွေဖြစ် သတင်း
■ မိုင်းရှူးဘက်ရှိ နအဖတပ် SSA တပ်မဟာ (၁) ကို စတိုက်ပြီ သတင်း
■ ထိုင်း-မြန်မာနယ်စပ် တိုက်ပွဲဆက်ဖြစ် သတင်း
■ SSA တပ်မဟာ (၁) ထိန်းချုပ်နယ်မြေအတွင်း နအဖတပ် တိုးဖြည့်ဖြန့်ကျက် သတင်း
■ ဘုရားသုံးဆူဒေသ နိုဝင်ဘာလ (၁၁) ရက်နေ့ မနက်တိုက်ပွဲ သတင်း
■ ဒီကေဘီအေကို ၀ိုင်းဝန်ကူညီရန် ကေအန်ယူ တိုက်တွန်း သတင်း
■ မိုင်းကွင်းတွေ ဖယ်ဖို့ ဒီကေဘီအေကို စစ်တပ် ပြော သတင်း
■ နအဖတပ် ပစ်ခတ်မှုကြောင့် (၁၃) နှစ်အရွယ် မိန်းကလေးတဦး သေဆုံး သတင်း
■ ဘုရားသုံးဆူ ဒုက္ခသည်များ ဖိအားပေးလို့ နေရပ်ပြန်ရ သတင်း
■ ရွေးကောက်ပွဲ အရေးပေါ်ကာလ နအဖစစ်တပ်၏ သျှမ်းပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ သတင်း
■ မူးယစ်ခေါင်းဆောင်ဟောင်းတွေ လွှတ်တော်အမတ်ဖြစ် သတင်း
■ ရွေးကောက်ပွဲရလဒ် တစည မကျေနပ် သတင်း
■ အနိုင်ရ ကိုယ်စားလှယ်လောင်းတဦး ကော်မရှင်စာရင်းမှာ မဖော်ပြ သတင်း
■ ရွေးကောက်ပွဲရလဒ် မကျေနပ်ချက် ဗိုလ်ချုပ်မှူးကြီးထံ တိုင်မည် သတင်း
■ ရွေးကောက်ပွဲရလဒ် နအဖသတင်းစာတွေ ဖော်ပြ သတင်း
■ ဒေါက်တာစောနိုင် အနိုင်ရပြီးမှ ပြန်လည်ရှုံးနိမ့် သတင်း
■ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ရာထူး RNDP မမျှော်မှန်း သတင်း
■ မဲခိုးမှုများနဲ့ ကြိုတင်မဲများကို ကန့်ကွက်ကြောင်း အန်ဒီအက်ဖ် ကြေညာချက်ထုတ် သတင်း
■ အငြင်းပွား မဲစာရင်း ဖျက်ဆီးဖို့ ၀န်ထမ်းတွေကို နတ္တလင်းကော်မရှင် ညွန်ကြား သတင်း
■ ဇေကမ္ဘာ ဦးခင်ရွှေ အနိုင်ရ သတင်း
■ ရွေးကောက်ပွဲဟာ ဟန်ပြဖြစ်ပြီး စစ်ပဒေသရာဇ်နဲ့ အုပ်ချုပ်ဖို့ ပြင်ဆင်ထား သတင်း
■ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက အမတ်နေရာ တ၀က်နီးပါး အနိုင်ရ သတင်း
■ မွန်နှင့် ရခိုင်ပါတီများ၏ အခြေအနေ သတင်း
■ ချင်းပါတီများ လက်တွဲရေးအဆိုကို CPP ကြိုဆို သတင်း
■ ရှမ်းပြည်မှ စစ်အစိုးရတပ်ရင်းများ ကရင်နီပြည်တွင်းသို့ စစ်ဆင်ရေး ထိုးပြီ သတင်း
■ မြန်မာကို လေယာဉ်ရောင်းသည့် ကုမ္ပဏီ တရားစွဲခံရ သတင်း
■ တိုရူယာမာဂျီ မြ၀တီမှာ အဖမ်းခံရစဉ် လူ့အခွင့်အရေးချိုးဖောက်မှုကို ကိုယ်တိုင်ကြုံ သတင်း
■ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မြင်ခဲ့ကြောင်း ဂျပန်သတင်းထောက် RFA ကို ပြောကြား သတင်း
■ Girirelief.net အမည်ဖြင့် အင်တာနက်စာမျက်နှာ စတင်လွှင့် သတင်း
■ လက်တွေ့နိုင်ငံရေးကို မျက်နှာမူကြပါစို့ (ဆောင်းပါး)
■ ရွေးကောက်ပွဲက ဖန်တီးသော တိုက်ပွဲများ (ဆောင်းပါး)
■ ၂၀၁၀ ထဲက ၊ မဟာမင်္ဂလာ (ဆောင်းပါး)
Thursday, November 11, 2010
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
နိုဝင်ဘာ ၁၀၊ ၂၀၁၀
၂၀၁၀ စစ်အစိုးရရွေးကောက်ပွဲကို မတ်လကတည်းက သပိတ်မှောက်ထားတဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကို မိုးမခက ဆက်သွယ်ပြီးတော့ လက်ရှိ ရွေးကောက်ပွဲ အရှုပ်အထွေး၊ ပဋိပက္ခများအပေါ် ထင်မြင်ချက်ကို တောင်းခံခဲ့ပါတယ်။
ဆရာက တိုတိုတုတ်တုတ်ပဲ
“အခုအရေးအခင်းမှာ စစ်အစိုးရနဲ့ အပေါင်းအပါတွေ ရှုံးသွားပြီ၊ ဒေါ်အောင်ဆန်းစု ကြည် အနိုင်ရတဲ့ ပွဲဖြစ်တယ်။ အင်န်အယ်ဒီပါတီ အနိုင် ရသွားတယ်။ ၈၈ အရေးတော်ပုံကြီးနဲ့ ခွပ်ဒေါင်း အစစ်အမှန်တွေ နိုင်တဲ့ ပွဲ ဖြစ်တယ် …” လို့ ပြောလိုက်ပါတယ်။
“လျပ်တပြက်သုံးသပ်ချက်ပဲ ဆိုဆို၊ အကြမ်းသုံးသပ်ချက်ပဲ ဆိုဆို တိုတိုပြောရရင်၊ ရွေးကောက်ပွဲဟာ ပြီးသွားပြီ။ ပြီးသွားတဲ့ အခါကျတော့ ပြဿနာတွေ မီးမွှေးပြီး ကျန်ရစ်ခဲ့တယ်ပေါ့။ တန်းလန်းတွေပေါ့။ ဟုတ်လား။ ဟိုပါတီ ဒီပါတီက မဲခိုးလို့တို့၊ Free & Fair Election မဖြစ်ဘူးတို့။ တကယ်တမ်းကျတော့ ရွေးကောက်ပွဲကို ဓါးမြ တိုက်တာပဲ။ ဒီကိစ္စတွေကတော့ သီးခြား ကိစ္စပါပဲ။ ဒါ့အပြင် နောက်ပိုင်းမှာလဲ အနယ်နယ် အရပ်ရပ်က အမှုပေါင်းများစွာက ဘယ်အချိန်မှာ ဘာတွေ ဘယ်လို ပေါ်လာကြဦးမယ် မသိဘူး။ ဟုတ်လား။ အခုကျတော့ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ ကြုံးဝါးတဲ့သူက ကြုံးဝါး။ တချို့ကတော့ အစိုးရကို တရားစွဲမယ်လို့ ကြုံးဝါးတဲ့ သူကလည်း ကြုံးဝါး။ ထားလိုက်ပေါ့ ပြီးပါပြီး။ သူတို့ဖာသာသူတို့ လုပ်ချင်တာ လုပ်မှာပဲလို့ ပြောတဲ့သူကလည်း ပြော။ မျိုးစုံ ဖြစ်ကျန် ခဲ့တာပေါ့ကွာ။
အခုဆိုရင် နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူတွေ၊ တိုင်းရင်းသားတွေကြားထဲမှာ မကျေနပ်တာတွေ အပြင် ပြည်တွင်းစစ် လိုမျိုး တိုက်ပွဲတွေတောင် ဖြစ်ကုန်ကြပြီ။ ဒီတော့ ရွေးကောက်ပွဲ အပြီးမှာ ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်ပြီး သုံးသပ်ဖို့ လိုလိမ့်မယ်။
ကျနော်တို့ အနေနဲ့ တိုတို တုတ်တုတ် သုံးသပ်ရရင် စစ်အစိုးရဟာ ဒီရွေးကောက်ပွဲမှာ အရှုံးကြီး ရှုံးသွားပြီ။ ဒီလိုမျိုး မြင်ကြရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်အစိုးရဟာ ရွေးကောက်ပွဲဟာ အောင်မြင်မှုကြီး တခုအဖြစ် ကမ္ဘာကို ပြချင်တယ်။ သူတို့ကလည်း ကောင်းကောင်း ကျင်းပတယ်။ လူတွေကလည်း ပျော်ပျော်ကြီး ဆင်နွှဲကြတယ်။ သူတို့ရဲ့ ဘ၀သစ် အတွက် ရွေးချယ်ကြတယ်လို့ ကမ္ဘာကို ပြချင်တယ်။ ဒါပေမယ့် ဘာဖြစ်သွားသလဲ ဆိုတော့ သူတို့ ပြစေချင်သလို မြင်စေချင်သလို ဖြစ်မလာခဲ့ဘူး။
ရွေးကောက်ပွဲမှာ မဲပေးသူနှုန်းဟာ အလွန်နဲတယ်။ မဲပေးသူတွေက တတိုင်းပြည်လုံးမှာ ပျမ်းမျှခြင်း ၃၀ % ကနေ ၂၀ %လောက် အထိပဲ ရှိတယ်။ လူတွေက မဲတွေ မပေးကြဘူး။ လူတွေက စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ၀ိုင်းပြီး ထောက်ခံပြီး ဆင်နွှဲခြင်း မရှိဘူး။ ဒါကို စစ်အစိုးရက မပြနိုင်တော့ဘူး။ မအောင်မြင်ဘူး။ ရှုံးသွားတယ်။ အဓိကရှုံးတဲ့ သူဟာ စစ်အစိုးရပဲလို့ ကျနော်တို့က ပြောကြတယ်။ ဒါဆိုရင် နိုင်တဲ့သူက ဘယ်သူလဲလို့ မေးကြရင် နိုင်တဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပဲ လို့ ပြောချင်တယ်။ ဘာလို့ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က သည်ရွေးကောက်ပွဲမှာ မဲမပေးချင် မပေးကြပါနဲ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီ ပါတီက ရွေးကောက်ပွဲမှာ မပါဝင်ဘူး။ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ လှုံဆော်တယ်။ မဲမပေးလဲ နေနိုင်ခွင့် ရှိတယ်လို့ ပြောတယ်။ သည်လှုပ်ရှားမှုဟာ မြန်မာပြည် ကျေးလက် တောရွာတွေအထိ ပြန့်နှံ့ပြီးတော့ တောင်တန်းဒေသ၊ နယ်စွန် နယ်ဖြားတွေ အထိ ဒီသဘောထားဟာ ပြန့်နှံ့ သွားတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ အဓိက နိုင်တဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီ ပါတီ ဖြစ်တယ်လို့ သုံးသပ်တယ်။
နောက်တမျိုး သုံးသပ်တာက ဘာလဲဆိုတော့ - တိုင်းရင်းသားပါတီတွေကနေပြီးတော့ သူတို့ရဲ့ ပြည်နယ် ဒေသကို အခြေခံပြီး အမျိုးသားလွှတ်တော်မှာ ၀င်ရောက်ပြီးတော့ ကြံ့ဖွံ့ပါတီအပေါ်မှာ အောင်ပွဲ ခံမှုတွေကတော့ တပိုင်းပေါ့။ ဒါတွေကို အသာ ထားပြီးတော့ ပြည်မမှာ ကြည့်ကြမယ် ဆိုရင် အင်န်ဒီအက်ဖ်လို ပါတီမျိုးက သူတို့တွေက အစကတော့ နိုင်နေတာ၊ ကြိုတင်မဲတွေကြောင့် ရှုံးသွားတာလို့ ပြောကြတယ်။
ဒါပေမယ့် လူတွေက ဘယ်လို သုံးသပ်သလဲဆိုတော့ အင်န်ဒီအက်ဖ်နိုင်တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်း စုကြည်ပဲ နိုင်တာ၊ ဘာကြောင့်လဲ ဆိုတော့ အဲသည်ပါတီက ဒေါ်အောင်ဆန်း စုကြည် ပုံတွေ သုံးတယ်၊ အင်န်အယ်ဒီရဲ့ ခမောက် ပုံတွေကို သုံးတယ်။ ဒါတွေကို သုံးစွဲပြီး လုပ်တာကြောင့် သူတို့ တတွေဟာလည်း ကိုယ်ပိုင် အရည်အချင်းနဲ့ နိုင်တာ မဟုတ်ဘူး။
နောက်တချက်ပြောရရင်လည်း ၈ လေးလုံး အရေးတော်ပုံကြီးက နိုင်တယ်လို့ ပြောချင်တယ်။ အခု ရွေးကောက်ပွဲ ၀င်တဲ့ သူတွေက သူတို့ကိုယ် သူတို့ ၈၈ မျိုးဆက်တို့၊ ဘာတို့၊ ခွပ်ဒေါင်းတို့ ဘာတို့ စသည်ဖြင့် ပြောဆိုပြီး သုံးစွဲပေမယ့် သူတို့ တတွေဟာ အနိုင် မရကြဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့တတွေက အတုအယောင်တွေသာ ဖြစ်တယ်။ အနိုင် မရကြဘူး။ တကယ်တမ်း ကျတော့ မြန်မာပြည်ကြီးရဲ့ ၈၈ အရေးတော်ပုံ စိတ်ဓာတ်၊ ခွပ်ဒေါင်းစိတ်ဓာတ် အစစ် အမှန်တွေကသာ ဒီရွေးကောက်ပွဲကို အနိုင်ယူ လိုက်တယ်လို့ သုံးသပ်တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီစိတ်ဓာတ်တွေ၊ ဒီမိုကရေစီအင်အား အစစ်အမှန်တွေက သည်ရွေးကောက်ပွဲ ကြီးမှာ အနိုင် ရလိုက်တယ် ဆိုတာက ဘာနဲ့ အလားသဏ္ဍန် တူသလဲ ဆိုတော့ - ဖဲဝိုင်းတွေမှာ ဆိုရင် ဒီမိုကရေစီ အင်အား အစစ်အမှန် တွေက ၀ိုင်းထဲမှာ အိမ်အပြည့် နေရာယူပြီး ထိုင်ကစား နေတာပါ။ အင်န်ဒီအက်ဖ်လို မျိုးတွေ၊ ၈၈ အတုအယောင်တွေ၊ ခွပ်ဒေါင်း အတုအယောင် တွေက ၀ိုင်းထဲမှာ အပြည့် ၀င်မကစားနိုင်လို့ ဘေးကနေ ၀င်ထိုးတဲ့ သဘော သာသာလောက်ပါ။ ဘေးကနေ တဆယ်ထိုး၊ ငါးကျပ် ထိုးပေါ့။ ဒေါ်အောင်ဆန်းစုကြည် တို့က ရာနဲ့ ထောင်နဲ့ ချီပြီး ထိုးနေတာကို ဘေးကနေ ၀င်ထိုး နေတာမျိုးပေါ့။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ အရေးတော်ပုံ စိတ်ဓာတ်တွေ၊ ခွပ်ဒေါင်းတွေ အနိုင်ရကြရင် သူတို့လည်း သည်ဟာကို မှီခိုပြီးတော့ စားရမလားလို့ ဘေးထိုး ကြတဲ့သူတွေပါ။
အဲသည်မှာ သည်ရွေးကောက်ပွဲကြီးမှာ ဘယ်လိုပဲဆိုဆို ဘေးထိုးသားတွေ အနေနဲ့ သူများ နံမယ်တွေ ပုံတွသုံးပြီး နိုင်ကြတယ်ပဲ ထား။ သူတို့က အစစ်အမှန် မဟုတ်တဲ့ အခါကျတော့ ဘေးထိုးသားတွေ နိုင်တာကို ဖဲဝိုင်းမှာ လူမိုက်က ၀င်လုသွားတာကို ခံလိုက်ရတဲ့ သဘောပါပဲ။ ဒီလောက်ပဲ ကျနော်တို့က မြင်တယ် လို့ ဆိုချင်ပါတယ်။
ကျနော်တို့တတွေကတော့ အစကတည်းက ပြောထားတဲ့ လမ်းစဉ်အတိုင်းပဲ ပြည်သူတွေနဲ့၊ မြန်မာပြည် တွင်းက တိုင်းရင်းသား အင်အားစုတွေ၊ နိုင်ငံရေး အင်အားစုတွေနဲ့ ဒုတိယ ပင်လုံ ညီလာခံကြီး ကျင်းပပြီးတော့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းအောင် ဆက်လက် ဆောင်ရွက် သွားကြရမှာပဲ လို့ ပြောချင်ပါတယ်။
(ဆရာဦးဝင်းတင်နဲ့ မိုးမခတို့ နိုဝင်ဘာ ၁၀၊ နံနက်ခင်း၊ အင်န်အယ်ဒီပါတီ ဌာနချုပ်ရုံး တည်ရှိရာမှာ ပြောဆိုခဲ့တဲ့ အင်တာဗျူး ဖြစ်ပါတယ်။)
Ref: မိုးမခ
နေ့စဉ်သတင်းများ ( ၁၀ - ၁၁ - ၂၀၁၀ )
■ နိုင်ငံတကာဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည် အဓိကထားမည် သတင်း
■ DKBA ဘက်မှ တိုင်းရင်းသားလက်နက်ကိုင်တချို့ ကူတိုက်ဖွယ်ရှိ သတင်း
■ မြ၀တီနဲ့ ဘုရားသုံးဆူမြို့က တိုက်ပွဲ ကြာအင်းဆိပ်ကြီးဘက် ပျံ့နှံ့ သတင်း
■ နိုဝင်ဘာ (၁၀) ရက် နောက်ဆုံးရ တိုက်ပွဲသတင်းတိုများ သတင်း
■ မြ၀တီတိုက်ပွဲသတင်းကို စစ်အစိုးရက မှားယွင်းစွာ ဖော်ပြ၊ ဘုရားသုံးဆူမှာ ငြိမ်သက်နေ သတင်း
■ ဘုရားသုံးဆူတိုက်ပွဲ အပစ်ရပ် သတင်း
■ ဒီကေဘီအေ ဝေါ်လေဌာချုပ်ကျ၊ ရွာသားများကို ပေါ်တာဖမ်း သတင်း
■ မြ၀တီတိုက်ပွဲအကြောင်း စစ်အစိုးရ ပြောပြီ၊ KNU ကို အပြစ်ပုံချ သတင်း
■ လ၀ကရုံးနှင့် တပ်စခန်းကို ရွာသားများ ညအိပ်စောင့်နေရ သတင်း
■ မြ၀တီမြို့ ပုံမှန်အခြေအနေပြန်ဖြစ် သတင်း
■ မြန်မာ့အရေး ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် ကုလသမဂ္ဂကို တောင်းဆို သတင်း
■ ကရင်ပြည်နယ်နေ့ တထိတ်ထိတ် ကျင်းပ သတင်း
■ ကြံ့ဖွံ့ပါတီ အနိုင်ရသည်ကို ပြည်သူများ မကျေနပ် သတင်း
■ နိုဝင်ဘာ (၁၀) ရက် ရွေးကောက်ပွဲ နောက်ဆုံးရ သတင်းတိုများ သတင်း
■ ရွေးကောက်ပွဲမတိုင်မီ (၂) ရက်အလို စစ်တပ် သေနတ်ဖောက် သတင်း
■ ရွေးကောက်ပွဲရလဒ် နိုင်ငံတကာခုံရုံးဖွဲ့ စစ်ဆေးရန် ပါတီအသီးသီး တောင်းဆို သတင်း
■ မန္တလေးတိုင်း ကြံ့ဖွံ့ ရွေးကောက်ပွဲ အောင်ပွဲခံ သတင်း
■ ပဲခူးတိုင်း ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲပြန်ကျင်းပရန် တောင်းဆို သတင်း
■ ရွေးကောက်ပွဲရလဒ် ကြေညာရန် အခက်တွေ့နေပြီလော သတင်း
■ ရွေးကောက်ပွဲ ထပ်မံကျင်းပပေးရန် တောင်းဆို သတင်း
■ နမ့်ခမ်းတွင် ကျားဖြူ လွှတ်တော် (၃) ရပ်စလုံး မဲပြတ်နိုင်၊ ပန်းဆေးကျော်မြင့် မသမာလုပ် အနိုင်ယူ သတင်း
■ တပါတီစနစ် ပြန်ဖြစ်ဦးမည်လော သတင်း
■ ဒေသခံမျိုးချစ်ပုဂ္ဂိုလ်များ၏ ယိုင်းပင်းမှုကြောင့် မိုင်းယန်းမြို့ (၁၁) ရပ်ကွက်စလုံး ကျားဖြူပါတီ အနိုင်ရ သတင်း
■ ရွေးကောက်ပွဲရက် ဒီးမော့ဆိုမြို့မဲရုံအပြောင်းအရွှေ့ သတင်း
■ ကြံ့ခိုင်ရေးက ရခိုင်ပါတီကို ကန့်ကွက်ရန် ပြင်ဆင် သတင်း
■ ရွေးကောက်ပွဲအပေါ် ရှုံးနိမ့်သူများ၏ အမြင်များ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ အရေးတော်ပုံနဲ့ ခွပ်ဒေါင်းအစစ်အမှန်တို့ရဲ့ အောင်ပွဲဖြစ်တယ် (ဦးဝင်းတင်နဲ့မေး ခွန်းများ)
■ မန္တလေးက ညတွင်းချင်း ပြောင်းလဲသွားတဲ့ မဲရလဒ် (ဆောင်းပါး)
Wednesday, November 10, 2010
နအဖ ဗြောင်လိမ်၊ ဗြောင်ညာ
နိုဝင်ဘာ ၁၀ ရက် ၂၀၁၀
တစ်တိုင်းပြည်လုံး တကမ္ဘာလုံးက သိနေတဲ့ သတင်းကို နအဖ က ဗြောင်လိမ်သွားပါကြောင်း အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါသည်။
နိုဝင်ဘာ ၈ ရက်နေ့ မနက်ပိုင်းက မြဝတီမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော နအဖနှင့် DKBA တို့၏ စစ်ပွဲအား KNU တို့၏ လက်ချက်ဟု မဟုတ်မမှန် စွပ်စွဲ ပြောဆို သွားခဲ့ပါသည်။
ထိုင်းစစ်တပ်ဝင်းအတွင်း ထိမ်းသိမ်းထားသော စစ်ပြေးဒုက္ခသည်များအား မဲဆောက်မြို့နေ စက်ရုံ အလုပ်ရုံများမှ မြန်မာပြည်သား အလုပ်သမားများ၊ အသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ၊ ရဟန်းသံဃာများ၊ ကုန်သည်များက ထိုင်းနိုင်ငံသား အလှုရှင်များနှင့် စုပေါင်းပြီး ဒုက္ခသည် ၂၀၀၀၀ ကျော်ကို နေ့ရောညပါ အပင်ပန်း ဆင်းရဲခံပြီး ကျွေးမွေးစောင့်ရှောက် ခဲ့ကြတာ မြဝတီမြို့သားတိုင်း သိကြသော်လည်း နအဖမှ ပြည်သူလူထုနှင့် အလုပ်သမားများ သွားလာနေထိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စီစဉ် ဆောင်ရွက် ပေးလျှက်ရှိကြောင်း လိမ်လည် ရေးသားထားတာကို တွေ့မြင်နိုင်ပါတယ်။
နေ့စဉ်သတင်းများ ( ၉ - ၁၁ - ၂၀၁၀ )
■ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ အိုဘားမား တောင်းဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းသူ ဘောလုံးချန်ပီယံ ဘက်ဂီယို ဂုဏ်ပြုခံရ သတင်း
■ အဖွဲ့ချုပ်နှင့် စီအာရ်ပီပီတို့ နိုင်ငံရေးလုပ်ငန်းများ ဆက်လုပ်သွားမည် သတင်း
■ စစ်အစိုးရအပေါ် နိုဘယ်လ်ဆုရှင်များ မျှော်လင့်ချက်ကုန် သတင်း
■ ဘုရားသုံးဆူတွင် လက်နက်ကြီး ထိမှန်၍ သံဃာနှစ်ပါးနှင့် လူ (၄) ဦး အသက်ဆုံးရှုံး သတင်း
■ နိုဝင်ဘာ (၁၀) ရက် နောက်ဆုံးရ တိုက်ပွဲသတင်းတိုများ သတင်း
■ ဘုရားသုံးဆူမြို့မှာ DKBA နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားဆဲ သတင်း
■ ဘုရားသုံးဆူမြို့အား ဒီကေဘီအေတပ်များ သိမ်းပိုက်ပြီးနောက် မြို့ခံများ ထိုင်းသို့ ဝင်ရောက်ခိုလှုံ သတင်း
■ ဘုရားသုံးဆူ စစ်ပြေးဒုက္ခသည်များ (ရုပ်သံ)
■ မြ၀တီတိုက်ပွဲ ငြိမ်သက်ပေမယ့် စိတ်မချရသေး သတင်း
■ မြ၀တီမြို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေဆဲ သတင်း
■ မြဝတီမြို့မှ DKBA တပ်ဆုတ်ခွာ၊ မြန်မာစစ်တပ် ပြန်သိမ်း သတင်း
■ ဒီကေဘီအေက ဖမ်းထားတဲ့ ဗိုလ်ကြီးသက်နိုင်ကို မေးမြန်းချက် သတင်း
■ ဒီကေဘီအေကို ၀ိုင်းကူကြဖို့ ရှမ်းပြည်တပ်မတော် ဆော်သြ သတင်း
■ DKBA ဌာနချုပ်ကို မြန်မာစစ်တပ်က သိမ်း သတင်း
■ စစ်ပြေးဒုက္ခသည်တွေကို UNHCR ၀င်ရောက်ကူညီ သတင်း
■ ဖမ်းထားသော ဂျပန်သတင်းထောက်ကို မြန်မာစစ်အစိုးရ ပြည်နှင်ဒဏ်ပေး သတင်း
■ ရွေးကောက်ပွဲကို စစ်အစိုးရ လုယူသွားကြောင်း အိုဘားမား ပြောဆို သတင်း
■ မြန်မာ့ရွေးကောက်ပွဲအပေါ် အိမ်နီးချင်းနိုင်ငံများ၏ သုံးသပ်ချက်များ သတင်း
■ ပြည်တွင်းသတင်းဂျာနယ်တွေ ရွေးကောက်ပွဲသတင်း ဖော်ပြမှု စာပေစိစစ်ရေး ပိတ်ပင် သတင်း
■ ဂျာနယ်များတွင် ရွေးကောက်ပွဲ သတင်းအစုံအလင် ဖော်ပြခွင့်မရ သတင်း
■ မဲမသမာမှုတွေ ရှိတယ်လို့ နိုင်ငံရေးပါတီတွေက ထုတ်ပြော သတင်း
■ ရွေးကောက်ပွဲ မသမာမှု ဖော်ထုတ်ဖို့ နိုင်ငံရေးပါတီတွေ ပြင်ဆင် သတင်း
■ မဲမသမာမှုအပေါ် ဥပဒေကြောင်းအရ ပါတီများ ကန့်ကွက်မည် သတင်း
■ ရွေးကောက်ပွဲရလဒ်အပေါ် အန်ဒီအက်ဖ် ရန်ကုန်တိုင်း အတွင်းရေးမှူးက ဝေဖန် သတင်း
■ မဲမသမာမှုများကို ရန်ကုန်တိုင်း မဲဆန္ဒရှင်များ မကျေနပ် သတင်း
■ မင်းသမီး (၃) ပါးနှင့် NDF အရှုံးနှင့်ကြုံ သတင်း
■ အနိုင်အရှုံး ကြေညာပြီးမှ ကော်မရှင် ပြန်လည်ပြင်ဆင် သတင်း
■ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နိုင်ပြီလို့ ပြော သတင်း
■ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအမတ်က ကြိုတင်မဲကြောင့် ရှုံးသည်ဟု ပြော သတင်း
■ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (၁၆) နေရာနိုင် သတင်း
■ သိရသမျှ ရွေးကောက်ပွဲရလဒ်များ သတင်း
■ တိုင်းရင်းသားဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ သတင်း
■ သေချာပေါက်ကို လိမ်ပါတယ် (ဆောင်းပါး)
■ ထူးမခြားနား အပြောင်းအလဲ (ဆောင်းပါး)
■ နအဖစစ်အုပ်စု၏ စတုတ္ထ မြန်မာ့စစ်အင်ပါယာစီမံကိန်းနှင့် ကျွန်ုပ်တို့၏ အနာဂတ် (ဆောင်းပါး)
■ “စစ်ရေးအရ ဖြေရှင်းမယ်ဆိုရင် ပြည်သူတွေပဲ နစ်နာမယ်” (အင်တာဗျူး)
Monday, November 8, 2010
နေ့စဉ်သတင်းများ ( ၇ - ၁၁ - ၂၀၁၀ )
■ DKBA ဗိုလ်မှုးချုပ် စောလားပွယ် ၏ တပ်ဖွဲ့ ဝင်များ မြ၀တီ မြို့ သိမ်းတိုက်ပွဲစတင် သတင်း
■ မြ၀တီမြို့ကို ဒီကေဘီအေ ၀င်ရောက်စီးနင်းထား သတင်း
■ နယ်စပ်ပဋိပက္ခ နောက်ဆုံးအခြေအနေ သတင်း
■ မြ၀တီမြို့တွင် အခြေအနေများ ရှုပ်ထွေးနေပြီး မငြိမ်သက်မှုများ အချိန်မရွေး ဖြစ်ပေါ်နိုင် သတင်း
■ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇေယျာသီရိမြို့နယ်တွင် မဲပေးခဲ့ သတင်း
■ မြန်မာ့ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ ပြီးဆုံး သတင်း
■ မုဒုံမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး မဲမသမာဟု အတိုက်အခံက ပြော သတင်း
■ မသမာမှုတွေ ကြားနေရတဲ့ ရွေးကောက်ပွဲ သတင်း
■ မဲမသမာမှုများ နိုင်ငံနှင့်အဝန်း ရှိခဲ့ သတင်း
■ ရွေးကောက်ပွဲ မဲပေးသူ နည်းပါး၊ မသမာမှု များပြား သတင်း
■ ကချင်ပြည်နယ်တွင် ကြံ့ဖွံ့ မဲမသမာဖြစ်နေ သတင်း
■ ကချင်ပြည်နယ် နယ်ခြားစောင့်တပ်မြို့ ပန်ဝါမှာ မဲမသမာမှုရှိနေ သတင်း
■ မွန်ပြည်နယ်က မဲမသမာမှုများ သတင်း
■ A.P.F ဂျပန်သတင်းဌာနပိုင်ရှင် မြ၀တီမြို့မှာ အဖမ်းခံရ သတင်း
■ ကော့ကရိတ်မြို့ မဲပေးချိန် အမြောက်ပစ် ခြိမ်းခြောက် သတင်း
■ အင်းစိန်မှာ ကြံ့ခိုင်ရေးက မဲရုံရှေ့မှာ မဲဆွယ်သဖြင့် တစညနှင့် ပြဿနာတက် သတင်း
■ မူစယ် (၁၀၅) မိုင်တွင် ကြက်ခြေနီနှင့် မီးသတ်က ကြံ့ဖွံ့ကို မဲပေးခိုင်း သတင်း
■ တချို့ မဲမပေးကြ၊ တချို့ မဲမပေးရ သတင်း
■ မြန်မာရွေးကောက်ပွဲကို နိုင်ငံတကာက ဝေဖန် သတင်း
■ စစ်အစိုးရရွေးကောက်ပွဲ မဲပေးမှုပြီးဆုံး၊ ကြံ့ဖွံ့က ကြိုတင်မဲများနှင့် အနိုင်ယူ သတင်း
■ ဒီမိုကရေစီ မဆန်တဲ့ ရွေးကောက်ပွဲအဖြစ် EU ဝေဖန် သတင်း
■ လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်ဟု အိုဘားမား ပြော သတင်း
■ ရွေးကောက်ပွဲရလဒ်ကို ၀ တပ်ဖွဲ့ အသိအမှတ်မပြု သတင်း
Friday, November 5, 2010
ဒုတိယပင်လုံညီလာခံက အားလုံးကို ကြိုဆိုပါသည်
မိုးမခ
နိုဝင်ဘာ ၄၊ ၂၀၁၀
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးတခုကို ထူထောင်နိုင်ဖို့အတွက် ဒို့က ပြောချင်တာကတော့ အခုဖြစ်နေတဲ့ ရွေးကောက်ပွဲနဲ့ မဆိုင်ဘူး၊ အချိန်ယူပြီး ပြင်ဆင်ကြရမယ့် ကိစ္စဖြစ်တယ်ဆိုတာကို သိရှိစေချင်တယ်။
တိုင်းရင်းသားတွေအားလုံးနဲ့ ဆိုင်တဲ့ တန်းတူညီမျှခွင့်ဆိုတာ ဘာလဲ … ဒါကို စာတမ်းတွေ တင်ကြ ရမှာပေါ့။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ခဲ့တဲ့ နေသူရိန် အစည်းအဝေးတို့၊ အလယ်ပစ္စယံ ညီလာခံတို့ စသည်တို့မှာ လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး အဆိုတင်တယ်။ သဘောထားတွေ တင်ပြတယ်။ အဲသည်လိုမျိုးပေါ့။ တိုင်းရင်းသားတွေနဲ့ ပတ်သက်တာတွေ၊ တပ်မတော်နဲ့ ပတ်သက်တာတွေနဲ့ ပတ်သက်ပြီးတော့ တက်ရောက်ကြသူတွေက ပြောကြ၊ အဆိုတင်ကြ၊ ဆွေးနွေးကြတဲ့ နေရာမှာ မှားသည်၊ မှန်သည်၊ ပြည့်စုံသည်၊ လိုအပ်သည် မည်သို့ဖြစ်စေ သဘောထားတွေအနေနဲ့ တင်ကြရမှာပဲ။ အဲဒါကို ဆွေးနွေးပြီးတော့ အဆိုအနေနဲ့ တင်သွင်းကြရမှာ ဖြစ်တယ်။ အဲသည် အဆိုတွေကို ထောက်ခံမှုတွေရအောင် ပြင်ဆင်ကြရမှာပဲ။ ဒါတွေကို ပေါင်းစည်းယူပြီးတော့ နိုင်ငံရေးလုပ်ငန်းတွေ၊ နိုင်ငံရေးရုပ်လုံးပေါ်မှုတွေ ဖြစ်လာရမှာ ဖြစ်တယ်။ အဲဒါကို ဆက်လက်ပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေ အနေနဲ့ ၀ိုင်းဝန်းပြီး လုပ်ဆောင်သွားဖို့၊ အကောင် အထည်ဖော်သွားဖို့ ဖြစ်လာရတာ ဖြစ်တယ်။
တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှခွင့်ကို ဘယ်လို သဘောထားတာလဲ၊ ဘယ်လိုနေရာ၊ ဘယ်ကိစ္စ တွေမှာ တန်းတူ ညီမျှချင်တာလဲ၊ ဆိုတဲ့ အကြောင်းအရာတွေကို အောက်ခြေမှာ ဆွေးနွေးမယ်၊ စာတမ်းလိုမျိုး ပေါ်လာမယ်၊ အဲဒါမျိုး စာတမ်းကိုမှ ညီလာခံမှာ တင်သွင်းမယ်၊ ဆွေးနွေး ညှိနှိုင်းမယ်၊ ဆုံးဖြတ်ချက်တွေ ချနိုင်မယ်၊ ဒါမျိုးတွေ ဖြစ်လာနိုင်မယ်။
သည်လိုမျိုးပဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာ ဘာလဲ။ စစ်အစိုးရပြောနေတဲ့ ကိုယ်ပိုင် အုပ်ချူပ်ရေး ဆိုတာနဲ့ ဘယ်လို ကွာခြားတာလဲ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ လူမျိုးစုတွေ၊ လူဦးရေတွေ အပေါ်မှာ မူတည်ပြီးတော့ ဘယ်လိုမျိုး ကျယ်ပြန့်အောင် လုပ်မှာလဲ။ ဒါတွေကို အောက်ခြေမှာ ဆွေးနွေးရမယ်၊ စာတမ်းတွေ တင်လာရမယ်။ ညီလာခံမှာ တင်ပြပြီး ဆွေးနွေး အဆိုပြုနိုင်အောင် ကြိုးစားရမယ်။
အလားတူပဲ - ပြည်ထောင်စုဆိုတာက တပြည်ထောင်စနစ်လား၊ ခွဲထွက်ခြင်းမရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်လား၊ ဒါဆိုရင် အဲဒါနဲ့ ပတ်သက်တွေ အဆိုတွေ၊ သဘောထားတွေကို တင်ရမှာပဲ။ ဒါကို အခြေခံပြီးတော့ နောင်ကို ဆက်ပြီး ဘယ်လို လုပ်မလဲ ဆိုတာတွေ လုပ်သွားရမှာ ဖြစ်တယ်။
ဒါဖြင့်ရင် အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ သပိတ်မှောက်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကနေပြီးတော့ ဘယ်လို အစုတွေ ပေါ်ထွက် လာဦးမယ်လို့ ထင်သလဲ။
အခုရှိတာက ရွေးကောက်ပွဲ ၀င်တဲ့ အင်အားစုတွေရှိတယ်။ ကျနော်တို့ အားလုံးက အလုံးစုံ သပိတ်မှောက်ထားတဲ့ ရွေးကောက်ပွဲက နေပြီးတော့ ရွေးကောက်ပွဲ ၀င်တဲ့ အင်အားစု တွေကိုပြောတာ ဖြစ်တယ်။ အဲသည် ရွေးကောက်ပွဲ ဆိုတာရဲ့ နောက်ပိုင်းမှာ ပေါ်ပေါက်လာမယ့် နိုင်ငံတော် အာဏာပဲ ခေါ်ခေါ်၊ စစ်တပ် အာဏာပဲခေါ်ခေါ် အရပ်သားတပိုင်း လွှတ်တော်တို့၊ အစိုးရတို့ ဆိုတာလည်း ပေါ်ပေါက်လာမယ်။ အဲသည် အင်အားစု ၂ မျိုးနဲ့ ယခု စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု စနစ်ကို ဖော်ဆောင်မယ့် ဒုတိယပင်လုံ အင်အားစုတွေ အဖြစ် ရှိလာမယ်လို့ ပြောချင်တယ်။
၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်မှု အပြီးမှာ ဆက်လုပ်ရမယ့် အဓိကအလုပ်က ဘာလဲ။
၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရတာဟာ ၂၀၀၈ အခြေခံဥပဒေကြောင့် ဖြစ်တယ်။ ဒီအရေးဟာ ရွေးကောက်ပွဲ နောက်ပိုင်းမှာ ရပ်သွား ပြီးသွားမယ့် အရာမဟုတ်ဘူး။ ၂၀၀၈ အခြေခံ ဥပဒေ တခုလုံးကို ပြုပြင် ပြောင်းလဲဖို့၊ ပြင်ဆင်ဖို့၊ ဖျက်သိမ်း သွားနိုင်ဖို့ ဆက်လုပ် သွားရမှာဖြစ်တယ်။ ရွေးကောက်ပွဲ ပြီးတာနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ ဒါက တချက်ဖြစ်တယ်။
နောက်ပြီးတော့ ဒုတိယပင်လုံညီလာခံဆိုတဲ့ ခြေလှမ်းဟာ နိုင်ငံရေးအယူအဆတခု၊ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေ၊ အတိုက်အခံ ဒီမိုကရေစီ အင်င်အားစု တွေနဲ့ အတူတကွ ပေါ်ပေါက်လာတဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေ၊ နိုင်ငံရေး ကွန့်မြူးချက်တွေ ဖြစ်တယ်။ တိုင်းရင်းသားတွေ အားလုံး အတူတကွ စုစည်း နေထိုင်ကြမယ့် ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကြီး ထူထောင်နိုင်ရေးပဲ။ ဒီအရေး ဟာလည်းပဲ အမည်အားဖြင့် ဒုတိယပင်လုံ လို့ ခေါ်ချင်တယ်။
ပင်လုံဆိုတာဟာ ပေါင်းစည်းညီညွတ်မှုရဲ့ လက္ခဏာ ဆောင်တယ်။
ဖယ်ဒရယ် ဆိုတာဟာလည်း စစ်အစိုးရက နံမယ်ဖျက်ထားတယ်။ ၁၉၆၁ မှာ တောင်ကြီး ညီလာခံမှာ တိုင်းရင်းသား တွေနဲ့ ဆွေးနွေးကြတော့ ဖယ်ဒရယ်ဆိုတာ ခွဲထွက်ရေး၊ ပြည်ထောင်စု ပြိုကွဲရေး စသည်ဖြင့် ပုတ်ခတ်ထားတယ်။
ပင်လုံဆိုတာနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို တွဲပြီး ကောင်းတဲ့ မှန်ကန်တဲ့ အသုံးအနှုံး၊ သဘောထားကို ပြန်ပြီး ဖော်ဆောင် လိုက်တာဖြစ်တယ်။ ကောင်းတဲ့ လက္ခဏာဖြစ်တယ် လို့ ပြောချင်တယ်။
ဒို့ရဲ့ ပြည်ထောင်စုကြီးကို ဘယ်လိုမျိုး ပြန်လည်တည်ဆောက်မလဲ ဆိုတာကို အခုလို ဒုတိယ ပင်လုံ ညီလာခံကြီးနဲ့ တိုင်းရင်းသား တွေနဲ့ အားလုံးသော အင်အားစုတွေ ပေါင်းစည်း ညီညွတ်ကြမယ့် ညီလာခံဖြစ်တယ် လို့ ပြောချင်တယ်။
ဒုတိယပင်လုံ လှုပ်ရှားမှုကို ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ အင်အားတွေက ဘယ်လိုမျိုး ပတ်သက် ကြမှာလဲ။
ခုနက ပေါ်ပေါက်လာမယ့် ရွေးကောက်ပွဲဝင်တဲ့ အင်အားစုတွေကော၊ စစ်အာဏာရှင် တွေရဲ့ အရပ်သား တပိုင်း လွှတ်တော်တို့၊ အစိုးရတို့ ဆိုတာတွေကောဟာ တိုင်းရင်းသားတွေ ပြည်သူတွေ အတူတကွ စုပေါင်း နေထိုင်ကြမယ့် စစ်မှန်တဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်ဖို့ ဦးတည်တဲ့ ဒုတိယပင်လုံ လှုပ်ရှားမှုကို သူတို့ကိုယ်တိုင် မလွှဲမရှောင်သာ ရင်ဆိုင်ကြရမှာပဲ။ လက်မခံလို့ မရဘူး။ ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာကိုလည်း သူတို့ဖက်က အခုကတည်းက စဉ်းစား ထားရမယ်လို့ ပြောချင်တယ်။
ဖယ်ဒရယ်ဆိုတဲ့ အသုံးအနှုံးဆိုတာဟာ လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်က နာမည်ဖျက် ခံထားရတဲ့ ပြည်ထောင်စုက ခွဲထွက်တယ် ဆိုတဲ့ အသုံးအနှုံး မဟုတ်ဘူး၊ အနှစ်သာရ မဟုတ်ဘူး။ ဖယ်ဒရယ် ဆိုတာဟာ အမှန်တကယ် အနှစ်သာရက နိုင်ငံရေး အသုံးအနှုံးတခုဖြစ်တယ်။ အများစု ပေါင်းနေထိုင်တဲ့ ပြည်ထောင်စု စနစ်ဖြစ်တယ်။ တပြည်ထောင် စနစ် မဟုတ်ဘူး ဆိုတာ၊ ခွဲထွက်ရေး မဟုတ်ဘူးဆိုတာ သိသွားကြပြီ ဖြစ်တယ်။ ဒါကို လူတွေ၊ တိုင်းရင်းသားတွေ၊ ပညာသည်တွေ၊ သတင်းသမားတွေ နားလည်အောင် လုပ်သွားရမယ်။
နောက်ပြီးတော့ အားလုံး ပါဝင်ပတ်သက်နိုင်အောင်လည်း ကြိုဆိုသွားမှာ ဖြစ်တယ်။
ဒါဆိုရင် အခုလိုမျိုး ဒုတိယပင်လုံညီလာခံ လှုပ်ရှားမှု ဆိုတာကို အရင်ကတည်းက လုပ်ခဲ့ဖို့ ဘာလို့ မစီစဉ် ခဲ့တာလဲ။ လုပ်ဖို့ ကြိုးစားဖူးသလား။
ဒီဟာကို ပြောမယ်ဆိုရင် ကျနော်တို့ အနေနဲ့ သမိုင်းကြောင်းလို လှန်ပြီးတော့ ပြန်ပြောနိုင်ပါတယ်။ ၁၉၈၈ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က သံလျင်ကို စည်းရုံးရေး ခရီးစဉ် သွားဖို့ ရှိတယ်။ အဲသည်မှာ ပြောဆိုကြမယ့် အကြောင်းအရာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးကြရတာ ရှိတယ်။ အဲသည်တုန်းက နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေး အင်အားစုတွေ၊ အားလုံးနဲ့ အမျိုးသား ညီလာခံလိုမျိုး ခေါ်ကြဖို့၊ တွေ့ဆုံဆွေးနွေးကြဖို့ စဉ်းစားကြတယ်။ တချက်ကတော့ အဲသည်တုန်းက စစ်တပ်က အာဏာသိမ်းတဲ့ နောက်ကွယ်က မဆလပါတီ ခေါင်းဆောင် ဦးနေ၀င်းက အမျိုးသား ညီလာခံလိုမျိုး ဦးအောင်ခေါ်ပြီး ပြည်သူတွေကို လှည့်စားတာမျိုး လုပ်မလာအောင် စဉ်းစားကြတဲ့ သဘောပဲ။
သို့သော်လည်း အဲသည်အကြောင်းကို တင်ပြဖို့က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က မပြောဖြစ်ခဲ့ဘူး။ ဒေါ်ခင်ကြည် ဈာပန ဖြစ်ပေါ်လာခဲ့လို့ သူကိုယ်တိုင် မပြောဖြစ်ခဲ့ဘူး။ အကျဉ်းချုပ် အားဖြင့်တော့ အမျိုးသား ညီလာခံလိုမျိုး ခေါ်ပြီးတော့ တိုင်းပြည်ရဲ့ အရေး၊ ပြည်ထောင်စုရဲ့ အရေး လက်ရှိ မြန်မာပြည်ရဲ့ အရေးအခင်းတွေကို ဖြေရှင်းဖို့ ကျနော်တို့မှာ ရည်ရွယ်ချက် ရှိတယ် ဆိုတာလောက်ကို ကျနော်နဲ့ မောင်မိုးသူ သံလျှင်မြို့နယ် တွေ့ဆုံဆွေးနွေးပွဲမှာ ကိုယ်စားသွားပြီး အကျဉ်းချူပ်ပဲ ပြောဖြစ်ခဲ့တယ်။
အဲသည်ကနေဆက်ပြီးတော့ ၁၉၈၉ ဖေဖော်ဝါရီလ ၁၂ ရက် ရောက်တဲ့ အခါကျတော့မှ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် စည်းရုံးရေး ခရီးစဉ်ထွက်တဲ့ အခါ ပင်လုံမှာ မိန့်ခွန်းပြောတယ်။ ဘာကြောင့်လဲ ဆိုတော့ မဆလ တပါတီ အာဏာရှင် ဦးနေ၀င်းက ၁၉၆၄ ခုနှစ် တိုင်းရင်းသား ညီလာခံမှာ မိန့်ခွန်း ပြောခဲ့တယ်။ ပြောတဲ့နေရာမှာ အမြဲတမ်း လက်တန်းပြောတဲ့ သူက လက်တန်း မပြောဘဲနဲ့ စာရွက်ကို ကြည့်ပြီးတော့ ဖတ်ပြီးတော့ ပြောတယ်။ အဲသည်မှာ ပြည်ထောင်စု တိုင်းရင်းသားများ သဘောထားဆိုပြီး ပြောခဲ့တယ်။ ဒါကြောင့် ၁၉၈၉ ဖေဖော်ဝါရီ ၁၂ ပြည်ထောင်စု နေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီ ပါတီက ပြည်ထောင်စု တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုပြီးတော့ ကျနော်တို့ ဆောင်ရွက်ကြရတာ ဖြစ်တယ်။
အဲသည်မှာ ကျနော်တို့ စီအီးစီတွေက စာတန်းတခု ထုတ်ပြန်ခဲ့တယ်။ အမှတ် ၉ ၊ ၁၀၊ ၁၁ လား တခုခုပဲပေါ့ကွာ။ အကြမ်းကတော့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ၊ မျှော်မှန်းချက်တွေ၊ တောင်းဆိုချက်တွေကို မူအားဖြင့် လက်ခံတဲ့ သဘောထားကို ထုတ်ပြန်ခဲ့တယ်။ အဲသည် အပေါ်မှာ အင်န်အယ်ဒီရဲ့ ပါတီရဲ့ အစီအစဉ်တွေ၊ စဉ်းစားချက်တွေကို ထုတ်ဖော် ပြောခဲ့တယ်။
အဲသည်ပင်လုံ သဘောထားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အဲသည် ပင်လုံမှာ ဖတ်ကြားပြီးတော့ ရှမ်းပြည်က အပြန်မှာ သောင်းနဲ့ချီ ရိုက်ပြီးတော့ ဖြန့်ချိခဲ့တယ်။ ဝေခဲ့တယ်။ အဲဒါ ကုန်သွားလို့ … နောက်ပြီးတော့ တပ်ကုန်းကို ရောက်တော့ ပုံနှိပ်တိုက်တခုမှာ ထပ်ရိုက်ပြီး ထပ်ပြီး ဖြန့်ဝေခဲ့တယ်။
အဲဒီတုန်းကကော စစ်အစိုးရလုပ်ပေးမယ်ပြောတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အင်န်အယ်ဒီရဲ့ သဘောထား ကကော သီးသန့် မရှိဘူးလား
ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာ ၁၉၈၉ နှစ်ဆန်းမှာကတည်းက ကြေညာလိုက်ပြီ။ အဲသည် အချိန်မှာ အင်န်အယ်ဒီက ရွေးကောက်ပွဲ ၀င်မယ်၊ မ၀င်မယ် ဘာမှ မပြောသေးဘူး။ သို့သော်လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်ခဲ့တာ ကတော့ - အဲသည် ရွေးကောက်ပွဲ ဆိုတာမှာ ဘယ်သူပဲ နိုင်နိုင်၊ အနိုင်ရ ပါတီဟာ လွှတ်တော်ရဲ့ ကမကထ ပြုချက်နဲ့ ညီလာခံတခု ခေါ်ရမယ်။ အဲသည် အမျိုးသား ညီလာခံ ခေါ်ခေါ် ဘာခေါ်ခေါ်ပေါ့ကွာ၊ အဲသည်မှာ လွှတ်တော်ပြင်ပက တိုင်းရင်းသားတွေ၊ ခေါင်းဆောင်တွေ အားလုံးကို ဖိတ်ခေါ်မယ်။ ကျယ်ပြန့်အောင် ဖိတ်ခေါ်ပြီးတော့ အဲသည်က နေပြီးတော့ ဒီမိုကရေစီကို ဖော်ဆောင်တဲ့ ကွန်စတီ ကျူးရှင်းကို ရေးဆွဲရမယ်။ အဲသည် ဖွဲ့စည်းပုံ ဒီမိုကရေစီ အခြေခံ ဥပဒေနဲ့ အညီ ပြည်သူဆီကို ပြန်သွားမယ် လို့ ပြောခဲ့တယ်။ အဲသည်အချိန်မှာ အနိုင်ရတဲ့ လွှတ်တော်ဆိုတာက ၄ နှစ် သက်တမ်းတွေ ဘာတွေ စောင့်နေမှာ မဟုတ်ဘူး။ အဲသည်တုန်းက ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်ပေါက်လာတဲ့ လွှတ်တော်ရဲ့ ကမကထပြုမှုနဲ့ အမျိုးသား ညီလာခံတခုကို လွှတ်တော် အမတ်တွေကော၊ ပြင်ပက တိုင်းရင်းသားတွေ၊ ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေကော အားလုံးကို ဖိတ်ခေါ်ပြီးတော့ ဒီမိုကရေစီ အနှစ်သာရရှိတဲ့ အခြေခံ ဥပဒေတခုကို ဆွဲမယ်။ အဲဒါရတာနဲ့ အဲသည် ဒီမိုကရေစီကို ဖော်ဆောင်တဲ့ အာမခံတဲ့ အခြေခံဥပဒေနဲ့ တိုင်းရင်းသားတွေ၊ ပြည်သူတွေဆီကို ပြန်သွားမယ်လို့ သဘောထား၊ စာတမ်း ထုတ်ပြန်ခဲ့တာ ရှိတယ်။
ဆိုတော့ ဟိုကတည်းက ရှိနေတဲ့ ပင်လုံသဘောထားတွေ၊ ဖယ်ဒရယ်ပြည်ထောင်စု သဘောထား တွေဟာ အခုအချိန်မှာ တိုင်းရင်းသားတွေ တိုင်းရင်းသား ခေါင်းဆောင်တွေ ကိုယ်တိုင် ထုတ်ဖော် ပြောဆိုလာပြီ ဖြစ်လို့ ကျယ်ပြန့်တဲ့ လက်ခံမှုတွေ၊ ထောက်ခံမှုတွေ ရှိလာပြီဆိုတဲ့ ပြယုဒ်လို့ ဆိုနိုင်သလား။
ပြည်ထောင်စုဖွဲ့စည်းမယ်၊ တိုင်းရင်းသားတွေ နိုင်ငံရေး တန်းတူညီမျှခွင့်၊ နိုင်ငံရေးကိုယ်ပိုင် ပြဋ္ဌာန်းခွင့် တွေကို အာမခံတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့စည်းကြမယ် ဆိုတဲ့ မဲသဝေါထ စာတမ်းဆိုတာ ၁၉၉၇ နောက်ပိုင်းမှာ ပေါ်ထွက်ခဲ့တယ်။ အဲသည်စာတမ်းကို အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ် ထိုးခဲ့တယ်။ သည်လိုမျိုး အစဉ်အလာ ရှိခဲ့တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ဖို့ ဦးတည်တဲ့ လှုပ်ရှားမှုတွေဟာ အမြဲတန်း ရှင်သန်နေတယ်၊ ရှိနေတယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့် ဒုတိယ ပင်လုံညီလာခံ လှုပ်ရှားမှုဆိုတာဟာ ပေါ်ပင် မဟုတ်ဘူး၊ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေ ဆိုတာတွေထက် အရေးပါတဲ့ တိုင်းပြည်နဲ့ လူမျိုးတွေ အားလုံးအတွက် သက်ဆိုင်တဲ့၊ အားလုံးပါဝင် ပတ်သက်နိုင်တဲ့ အရေး ဖြစ်တယ်လို့ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ။ ။
(အောက်တိုဘာ ၃၀၊ နံနက်ခင်းမှာ ဆရာဦးဝင်းတင်နဲ့ ပြောဆိုခဲ့သမျှ ဒုတိယပိုင်း ဖြစ်ပါတယ်)
နေ့စဉ်သတင်းများ ( ၅ - ၁၁ - ၂၀၁၀ )
■ မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် သားငယ် ဗီဇာလျှောက် သတင်း
■ ကျောင်းသားနဲ့သံဃာတွေ သပိတ်မှောက် သတင်း
■ မုန်တိုင်းငယ်ကြောင့် ကမ်းရိုးတန်းဒေသတွင် မိုးသက်လေပြင်းကြီးနိုင် သတင်း
■ ဗျူဟာမှူး ဆင့်ခေါ်သည့် ဆီမီးတထောင်ပူဇော်ပွဲမှ လုံခြုံရေးကင်းစောင့် နအဖတပ်သား ထွက်ပြေး သတင်း
■ ရွေးကောက်ပွဲ စောင့်ကြည့်သူတဦး ဖမ်းဆီး ပြန်ပို့ခံရ သတင်း
■ အတုအယောင်ရွေးကောက်ပွဲမှ အပြောင်းအလဲထွက်ပေါ်မည် မဟုတ် ဗိုလ်ချုပ်မှုးကြီးအကြောင်း ရေးသူကို တွေ့ဆုံ မေးမြန်းခြင်း (အင်တာဗျူး)
■ ဒုတိယပင်လုံညီလာခံက အားလုံးကို ကြိုဆိုပါသည် (ဦးဝင်းတင်နဲ့ မေးခွန်းများ)
■ လွှတ်တော်သစ်မှာ စစ်တပ် ကြီးစိုးမှုကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး ဝေဖန် သတင်း
■ ကလေးမြို့ဆုံးဖြတ်ချက် တိုင်းရင်းသားခေါင်းဆောင်များဖြင့် NLD ဆွေးနွေး သတင်း
■ မဲမထည့်ရေး မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားသူများ တိုက်တွန်း သတင်း
■ ဒေလီမှာ ရွေးကောက်ပွဲ သပိတ်မှောက် သတင်း
■ မန္တလေး လုံခြုံရေး တိုးလာပြီ သတင်း
■ ကယား (၆) မြို့နယ် မဲဆန္ဒနယ် ပယ်ဖျက် သတင်း
■ ရွေးကောက်ပွဲ စကားဝိုင်းအစီအစဉ် - မဲဆန္ဒရှင်တွေကို မဲပေးနည်း ပညာပေးမှုလုပ်ဖို့ လိုအပ်နေဆဲ သတင်း
■ ပန်းတနော်မဲဆန္ဒရှင်များ ကြံ့ဖွံ့ထက် တစညကို ပိုလိုလား သတင်း
■ ကရင်နီပြည်တွင် မဲဆန္ဒရှင်များအား ရွေးချယ်ပြီးသားဟုဆို သတင်း
■ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ကြံ့ဖွံ့ပါတီဝင်များ သတင်း
■ ကြံ့ဖွံ့နှင့် မပေါင်း၊ အတိုက်အခံ လုပ်မည်ဟု NDF ပြော သတင်း
■ ကားမိုင်းမြို့နယ် NDF ပါတီမှ ဆိုင်းဘုတ် အဖြုတ်ခံရ သတင်း
■ အဝေးရောက် ကြိုတင်မဲ အရပ်သားကိုယ်စားလှယ်လောင်းများ မျှော်လင့်ချက်မရှိ သတင်း
■ မူးယစ်ရာဇာ USDP ပြည်နယ်လွှတ်တော်အမတ်လောင်း ပိုက်ဆံသန်းချီ စွန့်ကြဲ မဲဆွယ် သတင်း
■ ဗန်းမော် ကြံ့ဖွံ့ပါတီကိုယ်စားလှယ်က ပြိုင်ဘက် သျှမ်းပါတီကို ပုတ်ခတ်ပြောဆို သတင်း
■ ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှာ ‘မယက’ ဦးဆောင်ပြီး ကြိုတင်မဲကောက် သတင်း
■ ပြည်သူတွေခံစားနေရတာကို ကမ္ဘာကသိစေချင် သတင်း
■ ရွေးကောက်ပွဲမှာ လွတ်လပ်မှာမဟုတ်လို့ သံအမတ်ပြော သတင်း
■ ရွေးကောက်ပွဲ ရလဒ်ကို သပိတ်မှောက်ဖို့ ရခိုင်ပါတီ စဉ်းစား သတင်း
■ မြန်မာနိုင်ငံ တိုးတက်မှု နိုဘယ်စီးပွားရေးဆုရှင် သံသယရှိ သတင်း
■ နမ့်ခမ်းမြို့ခံ ၀န်ထမ်းများအား ကြိုတင်မဲပေးခိုင်းပြီ သတင်း
■ ကချင်ပြည်နယ် မဲစာရင်း မဲပေးမယ့်သူနဲ့ မကိုက်ညီ သတင်း
■ မြ၀တီရုပ်သံပိုင် ပစ္စည်းများ ရွှေသံလွင်သို့ ရောင်း သတင်း
■ ကမ္ဘာလှည့်ခရီးသွား အကန့်အသတ်နဲ့လာဖို့ NLD လိုလား သတင်း
■ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၆ ခု စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ဖွဲ့ သတင်း
■ လေဘေးကယ်ဆယ်ရေးပစ္စည်းများကို ရယကများ ရောင်းစား သတင်း
■ ရွေးကောက်ပွဲအကြို တံဆိပ်ခေါင်းသစ်ထုတ်မည် သတင်း
■ ဗျူဟာမှူးဆင့်ခေါ်သည့်ဆီမီးတထောင်ပူဇော်ပွဲမှ လုံခြုံရေးကင်းစောင့် နအဖ တပ်သား ထွက်ပြေး သတင်း
■ KNU ခေါင်းဆောင်များကို ထိုင်းက ဖိအားပေး သတင်း
■ SSA-S နှင့် တိုက်ပွဲတွင် နအဖဘက်မှ အကျအဆုံးများ သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲကို ချောချောမွေ့မွေ့ ဖြစ်စေချင်သည်ဟု တရုတ်အစိုးရကပြော သတင်း
■ တရုတ်သမ္မတ ကမ္ဘာပေါ်မှာ သြဇာအရှိဆုံး သတင်း
Thursday, November 4, 2010
ကယား ၆ မြို့နယ် မဲဆန္ဒနယ် ပယ်ဖျက်
ဆလိုင်းထွန်း
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၀၃ ရက် ၂၀၁၀
နယူးဒေလီ (မဇ္ဈိမ) ။ ။ ကယားပြည်နယ် ၆ မြို့နယ်ရှိ မဲဆန္ဒနယ်အချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့်လ ၁၃ ရက်နေ့ ကတည်းက ပယ်ဖျက်ခဲ့ကြောင်း မြို့တော်လွိုင်ကော်ရှိ ကော်မရှင်ရုံး အဆိုအရ သိရသည်။
လွိုင်ကော်၊ ဒီမောဆို၊ ရှားတော၊ ဖါးဆောင်း၊ ဖရူဆိုနှင့် ဘောလခဲ မြို့နယ်များမှ မဲန္ဒနယ်အချို့ဖြစ်ကြောင်း လွိုင်ကော် ရွေးကောက်ပွဲ ကော်မရှင် ဝန်ထမ်းတဦး ပြောဆိုချက်အရ သိရခြင်း ဖြစ်သည်။
“လွိုင်ကော်က အကုန်တော့ မပါဘူး။ မဲဆန္ဒနယ် ၁ နဲ့ ၂ က လွိုင်ကော်မြို့နယ်မှာ အဲဒီနှစ်ခုပဲ။ ကျန်တဲ့ဟာတွေက ပြည်နယ်မှာ မေးမှ ရမယ်။ ဗဟိုကော်မရှင်က အောက်တိုဘာ ၁၃ ရက်နေ့က စာနဲ့ ရောက်လာတာ။ ဘာကြောင့် ပယ်ဖျက်လည်း မသိရဘူး” ဟု မြို့နယ်ကော်မရှင် ဝန်ထမ်းက မဇ္ဈိမကို ပြောသည်။
ကယား မဲဆန္ဒနယ်မြေအချို့ ပယ်ဖျက်သည့်အကြောင်း အသေးစိတ်သိရန် နေပြည်တော်ရှိ ဗဟိုကော်မရှင်ထံ မေးမြန်းသော်လည်း တာဝန်ကျက ပြောဆိုရန် ငြင်းဆိုခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ အခန်း ၃ တွင် သဘာဝ ဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ နယ်မြေ လုံခြုံရေး အခြေအနေအရ သော်လည်းကောင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်းကို ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များအဖြစ် ဖြော်ပထားသည်။
လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အခြေအနေ မရှိသဖြင့် ကယားပြည်နယ် မဲဆန္ဒနယ် ၆ နယ်မှ နယ်မြေ ၁၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပတော့ဘဲ ပယ်ဖျက်လိုက်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က အင်္ဂါနေ့တွင် ကြေညာခဲ့ကြောင်း RFA မြန်မာပိုင်း အစီအစဉ်က ယနေ့ သတင်းထုတ်ပြန်သည်။
ကယားပြည်နယ်တွင် မဲဆန္ဒနယ် ၁၄ ခုကို ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေး ထားရာ ကြံ့ဖွံ့နှင့် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးတို့ အဓိက ယှဉ်ပြိုင်မည်။ ဒီမောဆိုတွင် ကယန်းအမျိုးသား ပါတီလည်း ဝင်ရောက် ယှဉ်ပြိုင်မည်။
ပြီးခဲ့သည့်လ ၂၆ ရက်နေ့တွင် လွိုင်ကော်အရှေ့ ၈ ခန့်ရှိ နမ့်ပွန်ချောင်း အနောက်ဘက် ခြေမြန်တပ်ရင်း ခမရ ၇၂ ကို ကရင်နီ တပ်မတော် KNPP က စီးနင်းရာ စစ်တပ်ဘက်မှ ၄ ဦးနှင့် ကရင်နီမှ ၁ ဦး ကျဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့သည်။ ၁၆ ရက်နေ့တွင် ခလရ ၂၄၇ ကို KNPP က တိုက်ခဲ့သေးသည်။ ၃၁ ရက်နေ့တွင်မူ စစ်အစိုးရက လွိုင်ကော်တွင် ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလထဲတွင် ကချင်၊ ကယား၊ ကရင်၊ ဝ၊ မွန်နှင့် ရှမ်းပြည်နယ်မှ မြို့နယ် ၃၃ မြို့နယ်တွင် ရွေးကောက်ပွဲ ဖျက်သိမ်းခဲ့သည်။
Ref: မဇ္ဈိမ
နေ့စဉ်သတင်းများ ( ၄ - ၁၁ - ၂၀၁၀ )
■ မြန်မာ့အရေး တရုတ်ကူညီဖို့ ကုလ အတွင်းရေးမှူးချုပ် တိုက်တွန်း သတင်း
■ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စစ်ရေးသဘောတူညီချက် ရရှိပြီ သတင်း
■ လွိုင်ကော်တွင် ညမထွက်ရန် အာဏာပိုင်များ ညွှန်ကြား သတင်း
■ ထိုင်း-မြန်မာနယ်စပ် လုံခြုံရေး တိုးမြှင့် သတင်း
■ မြစ်ကြီးနားတွင် မီးလောင်၊ အိမ် (၃) လုံး ပြာကျ သတင်း
■ မြေပုံမြို့နယ်တွင် စစ်တပ်ခွင့်ပြုချက်မရဘဲ ပစ္စည်းများ လှူဒါန်းခွင့်မရ သတင်း
■ KNU ခေါင်းဆောင်တွေရဲ့အိမ်တွေ ထိုင်းစစ်တပ်က ဝင်ရှာ သတင်း
■ ဗိုလ်မှုးချုပ်နှုတ်ခမ်းမွေးကို ကရင်အမျိုးသားဒီမိုကရေစီ သူရဲကောင်းဆုပေးမည် သတင်း
■ ကချင်တမျိုးသားလုံးဆိုင်ရာ ကျောင်းသားလူငယ်များသမဂ္ဂ၏ သဘောထားထုတ်ပြန်ချက် သတင်း
■ တနိုင်ငံလုံးရှိ ခယက ဥက္ကဋ္ဌများ ပြောင်းရွှေ့၊ ရွေးကောက်ပွဲအပြီး အစိုးရသစ်၌ ပါမည် သတင်း
■ ရွေးကောက်ပွဲရက် နီးလာသည်နဲ့ လုံခြုံရေး တင်းကျပ်လာ သတင်း
■ ကချင် NDF ကိုယ်စားလှယ် ဦးမာခါး အာဏာပိုင်များ၏ စောင့်ကြည့်ခံနေရ သတင်း
■ ပုသိမ်နှင့် ငပုတောတွင် မဲမပေးလိုသူ များပြား သတင်း
■ လမ်းပြရွာသားအား နအဖစစ်သား ပစ်သတ်မီးရှို့ သတင်း
■ တောင်တွင်းကြီး ၀န်ထမ်းများကို ကြိုတင်မဲ ထည့်ခိုင်း သတင်း
■ သျှမ်း/ အလယ်မြို့နယ်တချို့ လုံခြုံရေးအကြောင်းပြ ကြိုတင်မဲ ကောက်ယူ သတင်း
■ ရသေ့တောင် မယက ဥက္ကဌမှ မိမိသဘောဖြင့် ၀န်ထမ်း ကြိုတင်မဲ ကောက်ယူ သတင်း
■ စည်းရုံးရေးနောက်ဆုံးရက် လူထုအား ချော့တခါ ခြောက်တလှည့် ကြံ့ဖွံ့ပါတီ စည်းရုံး သတင်း
■ ရွေးကောက်ပွဲစကားဝိုင်းအစီအစဉ် - ဖြစ်ချင်တဲ့ဆန္ဒအပြင် လုပ်နိုင်တဲ့ အရည်အချင်း ရှိဖို့လည်းလိုနေ သတင်း
■ ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲ ဆန့်ကျင် စာရွက်တွေဖြန့် သတင်း
■ နိုင်ငံတလွှား မဲရုံတွေ စောင့်ကြည့်ဖို့ အခက်အခဲ ကြီးမား သတင်း
■ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ ကြံ့ဖွံ့အတွက် မဲဆွယ်စည်းရုံး သတင်း
■ NLD ခေါင်းဆောင်များ ကိုမင်းကိုနိုင်ထံ ထောင်ဝင်စာပို့ခွင့်မရ သတင်း
■ မဲရုံများ စောင့်ကြည့်ရန် နိုင်ငံရေးပါတီများ ကိုယ်စားလှယ် ရှားပါး သတင်း
■ ရွေးကောက်ပွဲလှုပ်ရှားမှု စွပ်စွဲချက်များ NDF ငြင်းဆို သတင်း
■ ကိုယ်စားလှယ်လောင်းများအသီးသီး ဟောပြောပွဲများပြုလုပ် မဲဆွယ်စည်းရုံး သတင်း
■ မလှိုင် တသီးပုဂ္ဂလ ကိုယ်စားလှယ်ကို ကြံ့ဖွံ့နှောင့်ယှက် သတင်း
■ မီးရထား ဒု-၀န်ကြီး ဦးဖေသန်း ရွေးကောက်ပွဲဝင်ခွင့် အပယ်ခံရ သတင်း
■ တောင်ဒဂုံမြို့နယ်အဖွဲ့ချုပ်ဝင် ဦးအေးသွင် ဖမ်းဆီးခံခဲ့ရ သတင်း
■ မောင်းမကန်ကမ်းခြေရှိ သင်္ဘောဆိပ်ရွာ မီးလောင် သတင်း
■ ကပ္ပလီပင်လယ်ထဲက မုန်တိုင်းကို မပေါ့ဆရန် မိုးဇလပညာရှင် နှိုးဆော် သတင်း
■ ကယား ၆ မြို့နယ် မဲဆန္ဒနယ် ပယ်ဖျက် သတင်း
■ မဲစာရင်း ဖျောက်ထားခြင်း၊ လိုသလို ထပ်တိုးခြင်းများရှိနေဟု နိုင်ငံရေး ပါတီများကပြော။ ကော်မရှင်၏ သတ်မှတ်ရက်ထက် ကျော်လွန်ပြီး မဲဆွယ်မှုများ ပြုလုပ်နေဆဲ သတင်း
■ အမေရိကန် ရွေးကောက်ပွဲ ရီပတ်ဘလစ်ကန်တွေ အောင်ပွဲခံ သတင်း
■ သမ္မတ အိုဘားမား နားတော့မှာလား သတင်း
Wednesday, November 3, 2010
နိုင်ငံတော်အလံကို မီးရှို့ ဖျက်ဆီးသူ ရုတ်တရက် ကွယ်လွန်ခြင်း
ဦးဖရန်စစ်မုန်လျန်းပေါင် (၄၇)နှစ် အကြီးတန်းစာရေး ချင်းပြည်နယ် (တွန်းဇံမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) သည် ၂၁ အောက်တိုဘာ ၂၀၁၀ ခုနှစ် ညနေ ၃ နာရီ ခန့်တွင် ပြုလုပ်သော နိုင်ငံတော် အလံအသစ်တင် အခမ်းအနားတွင် ပါဝင်၍ အထက် အမိန့်အရ နိုင်ငံတော် အလံဟောင်းအား တိုင်ပေါ်မှ ချခြင်းနှင့် မီးရှို့ဖျတ်ဆီးခြင်းကို လုပ်ဆောင်ခဲ့ပါသည်။ ၂၁ နေ့ည သန်းခေါင်တွင် ၄င်း၏ နေအိမ်တွင် ရုတ်တရက် ကွယ်လွန်သွားပါသည်။
ဦးဖရန်စစ် မုန်လျန်းပေါင်သည် ဇနီးသည်နှင့်အတူ ရန်ကုန်သို့ ဆေးဝါး ကုသရာမှ ကျန်းမာစွာဖြင့် အောက်တိုဘာ လဆန်းတွင် တွန်းဇံမြို့သို့ ပြန်ရောက် လာပါသည်။ ဦးဖရန်စစ် မုန်လျန်းပေါင်သည် ဘာသာရေး ကိုင်းရှိုင်း၍ အကျင့်စာရိတ္တ ကောင်းသူ၊ အလုပ်တာဝန် ဝတ္တရာများ ကြေပွန်သူ ဖြစ်သောကြောင့် ၄င်း၏ ရုတ်တရက် ကွယ်လွန်မှုနှင့် ပတ်သတ်၍ ကြားသိသူ အားလုံး အထိတ်တလန့် ဖြစ်နေကြပါသည်။ ဇနီးနှင့် သား ၃ ယောက် သမီး ၂ ယောက် ကျန်ရစ်ခဲ့သည်ဟု သိရှိရပါသည်။
ဦးဝင်းတင်နဲ့ မေးခွန်းများ
နိုဝင်ဘာ ၂၊ ၂၀၁၀
ယခုလိုဒုတိယပင်လုံညီလာခံ ပေါ်ထွန်းရေး လှုပ်ရှားမှု ပေါ်ပေါက်လာသည့် အတွက် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် ဆန့်ကျင် သပိတ်မှောက်သည့် လှုပ်ရှားမှုများ အပေါ် ဘယ်လို သက်ရောက်မှု ရှိမှာလဲ စသည်တို့ ဖြစ်သည်။
လွန်ခဲ့သည့် စနေနေ့ မနက်ခင်းက မြန်မာပြည်၏ အတိုက်အခံ ခေါင်းဆောင် တဦး ဖြစ်သူ အင်န်အယ်ဒီ ပါတီ၏ ဦးဆောင်သူ၊ ဟံသာဝတီ ဦးဝင်းတင်နှင့် တွေ့ဆုံ စကားပြောဖြစ်ခဲ့သည်။ အဓိက မေးခွန်းများမှာ -
တိုင်းပြည်၏ ဒီမိုကရေစီစနစ်ကို ဖော်ဆော်ရန်အတွက် နိုင်ငံရေး ပေါင်းစည်းမှု အင်အားတရပ် အဖြစ် အင်န်အယ်ဒီက ရပ်တည်မည်ဟု ပြောခဲ့ပြီးနောက်၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အစုအဖွဲ့များနှင့် အတူ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကြီး ထူထောင်နိုင်ရန် အတွက် ဒုတိယပင်လုံညီလာခံ ခေါ်ယူရန် ထောက်ခံကြောင်း၊ သဘောတူ လက်ခံကြောင်း ပြောဆိုခဲ့သည်။
ထိုသို့သော ပြောဆိုချက်များကို ဦးတည်သော လှုပ်ရှားမှုများသည် ၂၀၁၀ နိုဝင်ဘာ ၇ ရက် စစ်အစိုးရ၏ ရွေးကောက်ပွဲ မတိုင်ခင် စတင်မည်လား၊ ဘယ်တော့ စတင်မှာလဲ။ စစ်အစိုးရ ရွေးကောက်ပွဲ၏ ရလဒ်ဖြစ်သော ၂၀၀၈ အခြေခံ ဥပဒေအ တည်ပြုသည့် လွှတ်တော်တရပ် ပေါ်ထွန်းလာပြီးသည် နောက်မှာ စတင်မည်လား။ ယခုလို ဒုတိယပင်လုံညီလာခံ ပေါ်ထွန်းရေး လှုပ်ရှားမှု ပေါ်ပေါက်လာသည့် အတွက် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် ဆန့်ကျင် သပိတ်မှောက်သည့် လှုပ်ရှားမှုများ အပေါ် ဘယ်လို သက်ရောက်မှု ရှိမှာလဲ စသည်တို့ ဖြစ်သည်။
ဆရာက ပြောကြားရာတွင် -
“ကျနော်တို့ အတိုက်အခံအင်အားတွေ၊ တိုင်းရင်းသား အင်အားစုတွေ ထုတ်ဖော် ပြောဆိုတဲ့ ဒုတိယ ပင်လုံညီလာခံ ခေါ်ဖို့ ကိစ္စ ဆိုတာက ရေရှည် ကိစ္စတခု ဖြစ်ပါတယ်။ ပေါ်ပင် လျောက်လုပ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင် အပြီးလုပ်နိုင်တဲ့ အရာလည်း မဟုတ်ဘူး။ သမိုင်းရဲ့ အစဉ်အလာအရ လုပ်ကြမယ် ဆိုရင်လည်း ပြည်ထောင်စုနေ့ ပေါ်ပေါက်ခဲ့ရာ ဖေဖော်ဝါရီလ လောက်မှာ လုပ်နိုင်ရင်လည်း လုပ်ကြရမယ် ဆိုတဲ့ သဘော။ နောက်ပြီးတော့ အခုရွေးကောက်ပွဲက အဖြေမဟုတ်ဘူး။ တကယ် အစစ်အမှန် အဖြေက အခုလိုမျိုး ဖယ်ဒရယ် ပြည်ထောင်စု အစစ်အမှန် ပေါ်ထွန်းလာနိုင်ဖို့ ဆောင်ရွက်ကြရမယ့် ဒုတိယ ပင်လုံ ညီလာခံမျိုးက ၀ိုင်းလုပ်ကြရမယ့် ကိစ္စ ဖြစ်တယ် ဆိုတာမျိုး ဖြစ်တယ်ဆိုတာ ပြောချင်တယ်။
ရွေးကောက်ပွဲကိစ္စက ရွေးကောက်ပွဲကိစ္စဖြစ်တယ်။ ကျနော်တို့တတွေက မတရားတဲ့ ကိစ္စတခု၊ မှားယွင်းတဲ့ လုပ်ရပ်တခု အဖြစ် ကျနော်တို့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေက လက်မခံနိုင်ဘူး။ သပိတ် မှောက်ကြဖို့ ကျနော်တို့က ဆက်လုပ် နေကြမှာပဲ။ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ အကျိုးရလဒ်တွေ ဆိုတာဟာလည်း အများပြည်သူတွေ လက်ခံတဲ့ ကိစ္စ မဟုတ်ဘူး ဆိုတာကိုလည်း ကျနော်တို့နဲ့ အတူ အားလုံးက ပြောဆို နေကြပြီဖြစ်တယ်။ အဲသည်လိုမျိုး ကျနော်တို့က ရပ်တည်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သီးခြား ဆောင်ရွက် နေတာဖြစ်တယ်။ သို့သော်လည်း ရွေးကောက်ပွဲ နဲ့ရလဒ်တွေဟာ တိုင်းပြည်နဲ့ ပြည်သူတွေ အတွက် အကျိုးစီးပွား မရှိဘူး ဆိုတာကို ပါဝင် ပတ်သက်နေသူတွေ ကိုယ်တိုင် သဘောပေါက် လာရင်လည်း အခုလိုမျိုး ဒုတိယ ပင်လုံညီလာခံ ခေါ်ယူတဲ့ဆီမှာ သူတို့တတွေလည်း ပါဝင်လာနိုင်တဲ့ အခြေအနေ တရပ်လည်း ဖြစ်လာနိုင်တယ်။
ရွေးကောက်ပွဲ မတိုင်ခင်မှာကော၊ ရွေးကောက်ပွဲ အလွန်မှာ၊ စစ်အစိုးရ အလိုကျ ဖြစ်ပေါ်လာမယ့် လွှတ်တော် ဆိုတာရဲ့ အတွင်း၊ အပြင်မှာ ပါဝင်ခဲ့ကြသူတွေ အချင်းချင်းမှာ ပဋိပက္ခတွေ မြင်တွေ့ရနေပြီ၊ ဒီထက်ပိုပြီး မြင်တွေ့ လာရတော့မှာ ဖြစ်တယ်။ အဲဒါကို မျက်မြင် သက်သေ ဖြစ်နေရတဲ့ ကာယကံရှင် မဲဆန္ဒရှင် ပြည်သူလူထု တွေကလည်း ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန် ကာလတွေမှာ သူတို့အတွက် ကောင်းကျိုးချမ်းသာ မဖြစ်စေဘူး ဆိုတာ ပိုပြီး ထင်ထင်ရှားရှား သိလာမှာ ဖြစ်တယ်။ အဲသည်မှာ နိုင်ငံတကာ အပေါ်မှာလည်း ရွေးကောက်ပွဲရဲ့ သက်ရောက်မှုကလည်း စစ်အစိုးရက လိုချင်တဲ့ အကောင်း သက်ရောက်မှုတွေ ဖြစ်တော့မှာ မဟုတ်ဘူး။
အဓိကကတော့ အခုချိန်ကတည်းက ပြည်သူလူထုတွေ၊ နိုင်ငံရေး အင်အားစုတွေနဲ့ ပါဝင် ပတ်သက် နေသူတွေ အားလုံးဟာ စစ်အစိုးရ အလိုကျ လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲ ဆိုတာနောက် တကောက်ကောက် လိုက်ပြီး အချိန်ကုန် လူပမ်း ဖြစ်နေကြမယ့် အစား၊ နောက်ပြီးတော့ ရွေးကောက်ပွဲအလွန် ကာလ လွှတ်တော် ပေါ်ပေါက်ရေး၊ မပေါ်ပေါက်ရေး၊ လွှတ်တော် အတွင်းအပြင် ဖြစ်ကြ ပျက်ကြတာတွေနောက် လိုက်ပြီးတော့ အချိန်ကုန်ပြီး အလဟသ ဖြစ်ကြမယ့်အစား၊ အခုကတည်းက ရွေးကောက်ပွဲနဲ့ တကွ ရလဒ်တွေကို လက်မခံဖို့ကို ကျနော်တို့က လုပ်ကိုင် ဆောင်ရွက်နေတာ ဖြစ်တယ်။ ပြီးတော့လည်း တပါတည်းပဲ တကယ်ကို နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ရေရှည် အကျိုးစီးပွားတွေ၊ အခွင့်အရေးတွေကို အာမခံပေးမယ့်၊ စစ်မှန်တဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်ဖို့ ၀ိုင်းပြီး လုပ်ကိုင်ကြဖို့ကိုလည်း အခုအချိန် ကတည်းက သိမြင် နားလည်ကြဖို့ လိုပြီ ဆိုပြီး အခုလို ဒုတိယ ပင်လုံညီလာခံ လှုပ်ရှားမှု ဖြစ်ပေါ်လာတယ် လို့ ပြောချင်တယ်။”
အဲသည်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ နေရာမှာ မေးတဲ့မေးခွန်းက လက်ရှိ ပါဝင်နေကြသူတွေ တဦးချင်း၊ တပါတီချင်း၊ နေရာဒေသ တခုချင်း အလိုက် သပိတ်မှောက်တာတွေ ရှိနေသလား၊ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကြီး တခုလုံးအနေနဲ့ သပိတ်မှောက်တာလား။ ပြီးတော့ ရွေးကောက်ပွဲ အပေါ် ဝေဖန် ထောက်ပြရာမှ၊ ကန့်ကွက် ပြောဆိုရာမှာ မည်သည့် အချက်တွေကို မူတည်ပြီး ဝေဖန် ထောက်ပြ ကန့်ကွက်မှာလဲ ဆိုတာ ဖြစ်ပါတယ်။
“ကျနော်တို့က လူတဦးချင်း၊ တပါတီချင်းကို လိုက်ပြီးတော့ ဝေဖန်ထောက်ပြ ကန့်ကွက်တာ မျိုးတွေ လုပ်မှာ မဟုတ်ဘူး။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းစနစ် မကျတဲ့ ၂၀၀၈ အခြေခံ ဥပဒေကို အခြေခံတဲ့ အာဏာရှင် စနစ်ကို တရားဝင်ပြုမယ့် လွှတ်တော်ကို ဖြစ်ပေါ်စေမှာ မို့လို့ ကျနော်တို့က သပိတ်မှောက်တယ်၊ ကန့်ကွက်တယ်။ ဒီလိုပဲ ပြောမှာဖြစ်တယ်။ သို့သော်လည်း ပါတီတွေက၊ လူပုဂ္ဂိုလ်တွေ ကိုယ်တိုင်က မှားယွင်းတဲ့ အချက်အလက်တွေ၊ လုပ်ကြံ ဖန်တီးတဲ့ အပြောအဆိုတွေ၊ လုပ်ရပ်တွေ ဆောင်ရွက်လာရင်တော့ ဒါတွေကိုလည်း ကျနော်တို့က သီးခံမနေဘဲနဲ့ ဝေဖန်ထောက်ပြ ကန့်ကွက်တာမျိုးတွေ လုပ်ရမှာ ဖြစ်တယ်။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သတင်းမှားတွေ၊ အချက်အလက်မှားတွေ ပြောဆို ထုတ်ပြန်တာမျိုး၊ အင်န်အယ်ဒီနဲ့ ပတ်သက်ပြီး ပြည်သူတွေ ကြားထဲမှာ အထင်အမြင် လွဲမှားအောင် ပြောဆို ၀ါဒဖြန့်ချိတာမျိုး ကိုတော့ ကျနော်တို့က အမှားကို လက်ခံနေမှာ မဟုတ်ဘူး၊ အမှန်အတိုင်း အရှိအတိုင်း ပြန်လည် ပြောဆို ထောက်ပြတာတွေ၊ အသိပေး ကြေငြာတာတွေ လုပ်မှာ ဖြစ်တယ်။ အဲသည်လို ပြောချင်တယ်။”
အဲသည်မှာ ဆက်ပြီးမေးတဲ့ မေးခွန်းကတော့ လက်ရှိ စစ်အစိုးရဖော်ဆောင် နေတဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံတော်နဲ့ နိုင်ငံသားများ အတွက် အာမခံထားတဲ့ ပြည်ထောင်စုစနစ်၊ ပြည်ထောင်စုသားများ အခွင့်အရေး ဆိုတာတွေနဲ့ ဒုတိယ ပင်လုံညီလာခံမှာ ဆွေးနွေး ဖော်ဆောင်မှာနဲ့ ဘာကွာခြားမှာလဲ ဆိုတာ ဖြစ်ပါတယ်။
ပထမဦးဆုံးပြောချင်တာ ဒုတိယ ပင်လုံ ညီလာခံခေါ်ဖို့ ထတ်ပြန်ချက်ထဲက အချက်တွေ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ အားလုံး အတူတူ သာတူညီမျှ ရရှိရမယ့် အခွင့်အရေးတွေ ဖြစ်တယ်။ တိုင်းရင်းသားတွေ တောင်းဆိုတာက တန်းတူ ညီမျှခွင့်တို့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ ဖြစ်တယ်။ စစ်အစိုးရက ဘာပေးတာလဲ ဆိုတော့ - ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုတာမျိုးပဲ ပေးတယ်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို မပေးဘူး။ နောက်ပြီးတော့ တိုင်းရင်းသားတွေ အားလုံး လိုချင်တာက နိုင်ငံရေးအရ တန်းတူ ညီမျှတဲ့ အခွင့်အရေးတွေ ဖြစ်တယ်။ အဲဒါအစား စစ်အစိုးရက အုပ်ချုပ်ရေး ယန္တားထဲမှာ ပါဝင်ပတ်သက်ခွင့်တို့၊ စီးပွားရေးပိုင်း ဆိုင်ရာ လုပ်ပိုင်ခွင့်တို့ တွေကိုပဲ ပေးထားတာ ဖြစ်တယ်။ ဒါတွေကို ကျနော်တို့က ခွဲခြားပြီး သိရမယ်။
သည်တော့ ပြည်ထောင်စုကြီးဆိုတာက ဖယ်ဒရယပြည်ထောင်စု ဖြစ်တယ်။ တပြည်ထောင် စနစ် မဟုတ်ဘူး။ အထက်ပါ ကန့်သတ်တဲ့ အခွင့်အရေးတွေနဲ့ တိုင်းရင်းသားတွေကို ပေးထားတာဟာ တပြည်ထောင် စနစ်လိုမျိုး ဖြစ်တယ်။ တိုင်းရင်းသားတွေ မျိုးစုံရှိတဲ့ နိုင်ငံမှာ၊ လူဦးရေ အလိုက် ကွဲပြား ခြားနားမှုတွေ ရှိတဲ့ နိုင်ငံမှာ ကျနော်တို့ တတွေက ရေရှည် ရပ်တည်သွားမယ် ဆိုရင် အားလုံးတန်းတူ ညီမျှမှုတွေ၊ နားလည်မှုတွေနဲ့ ပေါင်းစည်းပြီး နေကြမှသာ ဖယ်ဒရယ် ပြည်ထောင်စု အဖြစ် ရပ်တည် သွားနိုင်မှာဖြစ်တယ်။ အတင်း ချုပ်ကိုင် ထားရင်တော့ အခုလိုမျိုးနဲ့ ရေရှည် ပြည်ထောင်စုကြီး အဖြစ် သွားနိုင်မှာ မဟုတ်ဘူး ဆိုတာကို သိကြရမယ်။
ဒါတွေဟာ ခုမှ တိုင်းရင်းသားတွေက ပြောခဲ့တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၁၉ ၆၁ တို့၊ ၁၉ ၆၄ တို့မှာ ဖဆပလတို့၊ တော်လှန်ရေး ကောင်စီတို့၊ မဆလတပါတီတို့ လက်အောက်မှာ ကတည်းက တိုင်းရင်းသားတွေက ပြောဆို ခဲ့ကြတယ်။ တောင်းဆို တင်ပြခဲ့ကြပြီး ဖြစ်တယ်။ ခေတ်အဆက်ဆက် သမိုင်း အဆက်ဆက်မှာ တိုင်းရင်းသားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကိုယ်တိုင်က တောက်လျောက် တောင်းဆိုခဲ့ကြတာ ဖြစ်တယ်။ ခေတ်အဆက်ဆက်မှာ အစိုးရတွေက လက်မခံခဲ့ကြဘူး။ အစိုးရတွေက တိုင်းရင်းသားတွေက ပြည်ထောင်စု ထဲကနေ ခွဲထွက်ဖို့ လုပ်ကြံနေကြတယ်၊ ဖယ်ဒရယ် ပြည်ထောင်စု ဆိုပြီး ခွဲထွက်ဖို့ ကြံစည်တယ်လို့ သူတို့က ပြန်ပြီ စွပ်စွဲခဲ့ကြတယ်။ ပြည်ထောင်စု ဖြိုခွဲသူတွေအဖြစ် သမုတ်တာမျိုးတွေ လုပ်ခဲ့ကြတယ်။ အခုကျတော့ တိုင်းရင်းသားတွေ ပြောဆို နေကြတာတွေက စစ်အစိုးရတွေ၊ အာဏာရှင်တွေ စွပ်စွဲသလိုမျိုး ပြည်ထောင်စုကနေ ခွဲထွက်ရေး မဟုတ်ဘူး၊ ပြည်ထောင်စုကြီးတခု ပြည်ထောင်စုသားတွေ တန်းတူညီမျှ အတူတကွ ပေါင်းစည်း နေထိုင်ရေး ဆိုတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီး ဖြစ်တယ် ဆိုတာကို အခုအချိန်မှာ ထပ်မံပြီးတော့ အတည်ပြု ပြောဆိုလိုက်တာ ဖြစ်တယ်လို့ သိကြရမယ်။
ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်တော့ အမေရိကန်လိုမျိုးပေါ့ကွာ။ ပြည်ထောင်စု စစ်စစ် အဖြစ် ပေါင်းစည်းမယ် ဆိုရင် ပြည်နယ်တွေက လူဦးရေအလိုက် အမတ်တွေနဲ့ အောက်လွှတ်တော် ဆိုတာ ရှိတယ်။ ပြည်နယ်အလိုက် ပြည်ထောင်စု အလိုက၊် တပြည်နယ်ကို အထက်လွှတ်တော် အမတ် ၂ ဦးစီ နဲ့ တိုင်းပြည်ကို ၀ိုင်းပြီး အုပ်ချုပ်ကြတယ် ပေါ့ကွာ။ ဒါမျိုး ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလား … အားလုံးက စဉ်းစားကြရမယ်။ ပြည်ထောင်စု အနေနဲ့ ဖွဲ့စည်းရမယ့် အစား လူမျူိုးစုတို့၊ အမျိုးအစားတို့၊ လူတန်းစား တစုတဖွဲ့ကိုပဲ ဦးစားပေးပြီး စိတ်တိုင်းကျ ဖွဲ့စည်းမယ်ဆိုရင် ပြည်ထောင်စု အစစ်အမှန် မဖြစ်ဘဲ တပြည်ထောင်စနစ် ဖြစ်သွားလို့ အရှေ့ဥရောပ နိုင်ငံတွေ ပြိုကွဲသလိုမျိုး ပြိုကွဲတယ် ဆိုတာကိုလည်း သင်ခန်းစာ ယူကြရမယ်။ ပြည်ထောင်စု ပုံသဏ္ဍန်နဲ့ တိုင်းပြည်ကို မထူထောင်ချင်ဘူး ဆိုရင်တော့ စစ်အာဏာရှင် စနစ်တို့ ၊ နိုင်ငံရေး အာဏာရှင် စနစ်တို့နဲ့ တိုင်းပြည်ကို ချုပ်ကိုင် ကြရတော့မှာ ဖြစ်တယ်။ အများသဘောတူတဲ့ စနစ်နဲ့ မထူထောင်ကြရင်တော့ ရေရှည်မခံဘဲ ပြိုကွဲကြမှာ ဖြစ်တယ် ဆိုတာကို သိကြရမယ်။
အခုအချိန်မှာ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီအင်အားစုတွေ အားလုံးက အတူတကွ ဘယ်လိုမျိုး သဘော တူညီချက် ရသွားပြီလည်း ဆိုတော့ အခုလိုမျိုး စစ်အစိုးရရဲ့ အာဏာသုံးပြီး အုပ်ချုပ်တဲ့ တပြည်ထောင် စနစ်အစား နိုင်ငံရေး သဘောတူညီချက်တွေ ပေါင်းစည်းပြီးတော့ ထူထောင်ကြမယ့် ဖယ်ဒရယ် ပြည်ထောင်စု စနစ်နဲ့ သွားကြမယ်လို့ ဖြစ်သွားကြပြီ။ ဒီလိုမျိုး သဘောတူညီချက် မျိုးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ယခင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးခဲ့တာတွေ၊ သဘောတူညီ တာတွေ ရှိခဲ့ပြီး ဖြစ်ပါတယ်။
ဒါကြောင့်လည်း သည်လို အခြေခံသဘောတူညီချက်တွေကို မူတည်ပြီးတော့ တိုင်းရင်းသား တွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ ကျနော်တို့ အာလုံးက သဘောတူ ညီညွတ်ကြပြီးတော့ ဒုတိယ ပင်လုံညီလာခံ တရပ်ကို ခေါ်ယူကြဖို့၊ ဆွေးနွေး တိုင်ပင်ကြဖို့၊ ပိုမို ကျယ်ပြန့်တဲ့ သဘောတူညီချက်တွေ၊ ဆွေးနွေးချက်တွေ၊ ဆုံးဖြတ်ချက်တွေ၊ အတည်ပြုချက်တွေ ရရှိနိုင်ဖို့အတွက် အခုလိုမျိုး ဒုတိယပင်လို ညီလာခံမျိုး ပေါ်ပေါက်ဖို့ လိုတယ် လို့ ပြောတာ ဖြစ်တယ်။
Ref: မိုးမခ

















































BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88