
Tuesday, September 29, 2009
နေ့စဉ်သတင်းများ ( ၂၈- ၉ - ၀၉)
■ ရဲချုပ်ခင်ရီကို နေပြည်တော်တွင်ဖမ်းဆီးထားဟု သတင်းများထွက်ပေါ် သတင်း
■ သံတမန်အချို့နှင့် တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို သတင်း
■ မြန်မာနိုင်ငံအရေးအတွက် အာဆီယံနိုင်ငံများက တွန်းအားပေးရန် ဘန်ကီမွန်းပြော သတင်း
■ ဗိုလ်ချုပ်ကြီးသိန်းစိန် ဝန်ကြီးချုပ်တဦးအင်္ဂါနှင့်အညီ ပို့ဆောင်နှုတ်ဆက်မခံရ သတင်း
■ ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းသားများကို မြန်မာအာဏာပိုင်တို့ ခေါ်ယူသတိပေး သတင်း
■ တရုတ်-မြန်မာ နယ်စပ်အရေး ပိုမိုရှုပ်ထွေးလာ သတင်း
■ တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသားများ အမြန်ပြန်လာရန် တရုတ်က နှိုးဆော်ထား သတင်း
■ သျှမ်းပြည်အရှေ့ပိုင်း စွမ်းအားရှင်အား စစ်ရေးလေ့ကျင့်ပေးနေ သတင်း
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၁) နှစ်မြောက်အထိမ်းအမှတ် ကြေညာချက် သတင်း
■ မြန်မာပြည်ခရီးစဉ် ရပ်ရန် Jetstar လေကြောင်းလိုင်း ဖိအားပေးခံရ သတင်း
■ လေယာဉ်မောင်းသင်တန်း တက်နိုင်မည် သတင်း
■ တာချီလိတ်တွင် စိတ်ကြွဆေးပြား လေးသိန်းခန့်နှင့် တရားခံ (၈) ဦး ဖမ်းမိ သတင်း
■ (၅၀၀၀) ကျပ်တန်ကြောင့် စီးပွားရေး ပိုမိုကြပ်တည်းမည်ဟုဆို သတင်း
■ တရုတ်လုပ် ဘတ်စ်များ နယ်စပ်လမ်းမှတဆင့် တင်သွင်း သတင်း
■ ဂျစ်ကားထုတ်လုပ်သူများ လုပ်ငန်းရပ်ဆိုင်း သတင်း
■ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဆန္ဒခံယူပွဲလုပ်ဖို့ ၀န်ကြီးချုပ် အကြောက်အကန် ငြင်းဆို သတင်း
■ အစိုးရအနေနနဲ့ ပါလီမန်ဖျက်သိမ်းဖို့ အဆင်သင့်ရှိ သတင်း
■ ရွှေဂုံတိုင်ကြေညာချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ချီတက်ကြစို့ (အယ်ဒီတာ့အာဘော်)
■ မြန်မာစစ်အစိုးရကို ချဉ်းကပ်ဆက်ဆံရန် ကြိုးစားခြင်း (ဆောင်းပါး)
■ ဒုက္ခသည် မှောင်ခိုဈေးကွက် (ဆောင်းပါး)
■ ချိုးဖြူသံလွင် ခရီးနှင် (ဆောင်းပါး)
Monday, September 28, 2009
အပစ်ရပ်၊ ငြိမ်းအဖွဲ့တွေကို ချေမှုန်းဖို့ပြင်နေတဲ့ နအဖ
September 28, 2009
သြဂုတ်လကုန်ပိုင်းလောက်ကပဲ နယ်ခြားစောင့်တပ် လုပ်ရေးကို သဘော မတူဘဲ ငြင်းဆိုခဲ့တာကြောင့် ငြိမ်းချမ်းရေး ယူထားတဲ့ ကိုးကန့်အဖွဲ့ကို အကြောင်းရမယ်ရှာပြီး ရက်ရက်စက်စက် ချေမှုန်း ဖျက်သိမ်း ပစ်ခဲ့တဲ့ နအဖ ဟာ အခုအခါမှာ ကိုးကန့်အဖွဲ့ရဲ့မဟာမိတ်လည်းဖြစ်၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လုံးဝ လက်မခံနိုင်တဲ့ အဖွဲ့လည်း ဖြစ်တဲ့ ၀သပ အဖွဲ့ကို ထိုးစစ်ဆင်ဖို့ တပြည်လုံး အတိုင်းအတာနဲ့ ပြင်ဆင်နေပါတယ်။
ပထမအဆင့်အနေနဲ့ ကိုးကန့် တိုက်ပွဲအပြီးမှာ နေရာယူထားတဲ့ တပ်တွေကို ပြန် မရုတ်သိမ်းတဲ့ အပြင် ၀သပ ဒေသ ပတ်လည်မှာ တပ်တွေ တိုးချဲ့နေရာယူ ချထားတာတွေ လုပ်ပါတယ်။
အခုအခါမှာ ဒုတိယအဆင့်အနေနဲ့ တပ်အင်အား ဖြည့်တင်းရေး အတွက် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း အနောက်ခြမ်း ဒေသက ကျေးရွာတွေမှာ အတင်းအဓမ္မ စစ်သားသစ် ကောက်ခံနေပါတယ်။ တရွာကို ၅ ယောက်၊ ရွာငယ်ရင် ၃ယောက်နှုန်းနဲ့ ကောက်ခံနေတာ ဖြစ်ပါတယ်။
ဒီလိုလုပ်နေတာတွေဟာ ၀သပနဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေကို ချေမှုန်းဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ စစ်တပ်နဲ့နီး စပ်တဲ့ အသိုင်းအ၀ိုင်း အကြားမှာ ပြောဆို နေကြပါတယ်။ ၀ိမုတ္တိဝိုင်းတော်သားတဦး
နေ့စဉ်သတင်းများ ( ၂၇- ၉ - ၀၉)
■ NLD ရဲ့ (၂၁) နှစ်ကြာ ဆောင်ရွက်ချက် ကျေနပ်စရာမရှိ သတင်း
■ ရွေးကောက်ပွဲဥပဒေအပေါ်တည်ပြီး NLD ရွေးကောက်ပွဲဝင်မ၀င် ဆုံးဖြတ်မည် သတင်း
■ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့ NLD တောင်းဆို သတင်း
■ မြန်မာ့အရေး နိုင်ငံတကာကြိုးပမ်းမှုမှာ အာဆီယံက အရေးပါ သတင်း
■ မြန်မာစစ်အစိုးရကို ဖိအားပိုပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း သတင်း
■ စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းတချို့ စောင့်ကြည့်ခံနေရ သတင်း
■ ကုလသမဂ္ဂအထွေထွေညီလာခံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မည် သတင်း
■ အကျယ်ချုပ် စစ်ဆေးခံနေရတဲ့ ရန်ကုန်တိုင်းရဲမှူးကြီး ထွက်ပြေးလွတ်မြောက် သတင်း
■ ရန်ကုန်မြို့ရှိ အနှိပ်ခန်းများနှင့် ကာရာအိုကေအချို့ ပိတ်ထားရ သတင်း
■ လူငယ်အဖွဲ့များ စုပေါင်းဝတ်ပြုဆုတောင်း သတင်း
■ ဖိလစ်ပိုင်မုန်တိုင်း (၇၀) ကျော် သေဆုံး သတင်း
■ ကျပ်ငါးထောင်တန် ငွေစက္ကူ၊ ငွေကြေးဖောင်းပွမှုနှင့် မြန်မာနိုင်ငံ သတင်း
■ ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ မေတ္တာရပ်ခံစာပို့ သတင်း
■ သံဃာတွေကို အကြမ်းဖက်ခဲ့တာ မမေ့ဖို့ ဆေးနီပက်ဖြန်း သတင်း
Friday, September 25, 2009
နေ့စဉ်သတင်းများ (၂၄ - ၉ - ၀၉)
■ အမေရိကန် မူဝါဒသစ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံခွင့်ရ သတင်း
■ အမေရိကန် မူဝါဒသစ် NLD ကို ရှင်းပြ သတင်း
■ မြန်မာနိုင်ငံမှာ ကျပ် ၅၀၀၀ တန် ငွေစက္ကူသစ် ထုတ်မည် သတင်း
■ အိုင်အယ်လ်အိုထံ ကူညီတိုင်ကြားသူကို ထောင်ဒဏ် (၂) နှစ် ချမှတ် သတင်း
■ နာဂစ်အလှူရှင် မိသားစုနှင့် တွေ့ခွင့်မရ သတင်း
■ စစ်အစိုးရ စွပ်စွဲတဲ့ ရခိုင်လူငယ်အဖွဲ့က မဟုတ်မှန်ကြောင်း ငြင်းဆို သတင်း
■ ထိန်းသိမ်းခံ ကိုညီညီအောင်အတွက် အမေရိကန်သံရုံးက ကန့်ကွက်စာပို့ သတင်း
■ နအဖ စစ်အစိုးရက ကိုညီညီအောင်ကို ပုဒ်မမျိုးစုံတပ်၍ တရားစွဲရန် ပြင်ဆင်နေ သတင်း
■ ပါတီသွေးသစ်လောင်ပြီး ရွေးကောက်ပွဲဝင်မည်ဟု တစည ပြော သတင်း
■ နျူကလီးယားလက်နက်တားဆီးရေး ကုလဆုံးဖြတ် သတင်း
■ ကမ္ဘာ့စီးပွားရေး နလန်ထူစေဖို့ သုံးစွဲငွေတွေ ရပ်တန့်ရေး မေးခွန်းထုတ် သတင်း
■ ဆေးလိပ်ကြောင့် လူ့အသိုင်းအ၀ိုင်းတခုလုံးပါ ထိခိုက် သတင်း
■ စစ်အစိုးရ အခွန်ဆောင် မီးစက်ကြောင့် ဒေသခံ မီးစက်များ ရပ်ဆိုင်းရ သတင်း
■ ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် ဆရာတော်ကြီးများတွင် တာဝန်ရှိဟု သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက လျှောက်ထား သတင်း
■ ရွှေဝါရောင်ကာလ ရန်ကုန်မှာ လုံခြုံရေးတိုးမြှင့်ထား သတင်း
■ မြန်မာစစ်အစိုးရကို ပိတ်ဆို့ထားရင်း ဆွေးနွေးမှုများ ပြုလုပ်သွားမယ် သတင်း
■ အာဏာရှင်နဲ့ ဖက်လဲတကင်းပြုလိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒ သတင်း
■ တပ်မဟာ(၅)တွင် ထိုးစစ် စတင်နေပြီ သတင်း
■ အယောင်ပြအချိန်ဆွဲ နိုင်ငံရေးကစားကွက်အဖြစ် အသုံးချခြင်းဖြင့် နိုင်ငံရေးပြဿနာများမှာ ပြေလည်သွား မည်မဟုတ်ကြောင်း သဘောထားထုတ်ပြန် သတင်း
■ အကျဉ်းသားများလွတ်မြောက်မှုနှင့် ပတ်သက်၍ အဖွဲ့ချုပ် ကြေညာချက်ထုတ် သတင်း
■ မြင်းခြံတွင် လူငယ် (၄) ဦးထပ်မံ ဖမ်းဆီးခံရ သတင်း
■ ကိုညီညီအောင်နှင့် AASYC မှ ယူဂျီအဖွဲ့ဝင်များကို ဖမ်းဆီးထားဟု နအဖသတင်းထုတ်ပြန် သတင်း
■ အဖွဲ့ချုပ်ဝင် မချိုနဲ့ သုံးရောင်ခြယ် ကိုစိန်လှိုင်တို့ (၃) ဦး အမှုတွဲ စစစ် သတင်း
■ ကျောင်းသားဆူပူမှုဖြစ်၍ ကျောင်းကို လုံခြုံရေးတင်းကျပ်ထား သတင်း
Thursday, September 24, 2009
မစ္စတာ ဝက်ဘ်က ဦးဥာဏ်ဝင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ဆွေးနွေး
မုံပီး
ကြာသပတေးနေ့၊ စက်တင်ဘာလ 24 ရက် 2009 ခုနှစ် 11 နာရီ 39 မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရနှင့် ဆက်ဆံရေးကို အကြီးအကျယ် ထောက်ခံ အားပေးသူဟု လူသိများသော အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်သည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် စနေနေ့က ဝါရှင်တန်တွင် နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စ ဆွေးနွေး ခဲ့သည်။
ဗားဂျီးနီးယား ပြည်နယ်မှ အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက် နေသော ဦးဥာဏ်ဝင်းသည် ဝါရှင်တန်သို့ နယူးယောက်မှ ရောက်ရှိလာပြီး တွေ့ဆုံခဲ့သည်ဟု မစ္စတာ ဝက်ဘ်၏ ရုံးမှ ဗုဒ္ဓဟူးနေ့က မဇ္ဈိမကို ပြောသည်။
''မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဥာဏ်ဝင်းသည် ဝါရှင်တန်သို့ ပြီးခဲ့သည့် ရက်သတ္တပတ် ကုန်တွင် ရောက်ရှိခဲ့ပြီး စနေနေ့က အထက်လွှတ်တော် အမတ်နှင့် တွေ့ဆုံခဲ့သည်။ အမေရိကန်- မြန်မာ ဆက်ဆံရေးတွင် နောက်ထပ် တိုးမြှင့်၍ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် သူတို့နှစ်ဦး ဆွေးနွေးခဲ့ကြသည်'' ဟု မစ္စတာ ဝက်ဘ်၏ ရုံးမှ မဇ္ဈိမသို့ ပေးပို့သော အီးမေးလ်တွင် ဖော်ပြထားသည်။
မြန်မာ နိုင်ငံခြားရေး ဝန်ကြီးသည် ဝါရှင်တန်ရှိ မြန်မာသံရုံးသို့ လာရောက် လည်ပတ်ခဲ့ခြင်း ဖြစ်ပြီး ဝါရှင်တန်တွင် ဝက်ဘ်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် ဦးသိန်းစိန်သည်လည်း စက်တင်ဘာလ ၂၇ ရက်နေ့တွင် နယူးယောက်သို့ ရောက်ရှိ လာမည်ဖြစ်သည်။
ယင်းသည် ဒုတိယ-ဗိုလ်ချုပ်မှူးကြီး မောင်အေး ၁၉၉၅ ခုနှစ်က လာရောက်အပြီး မြန်မာ အဆင့်မြင့် အရာရှိတဦး ၁၄ နှစ် အတွင်း ပထမဆုံး ကုလ အထွေထွေ ညီလာခံ အစည်းအဝေး တက်ရောက်ခြင်း ဖြစ်မည်။
မစ္စတာ ဝက်ဘ်သည် ၎င်း၏ အာရှ ၅ နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ သြဂုတ်လ အတွင်းက လာရောက် လည်ပတ်ခဲ့သည်။ သူသည် နောက်တပတ်တွင် ကျင်းပမည့် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ မူဝါဒအား အထက်လွှတ်တော်က ကြားနာမှု ပြုလုပ်သည့်အခါ သဘာပတိ အဖြစ် ဆောင်ရွက်မည် ဖြစ်သည်။
''မြန်မာနိုင်ငံအပေါ် အမေရိကန် မူဝါဒ၏ သက်ရောက်မှုနှင့် ထိရောက်မှု'' ဟု အမည် ပေးထားသော အဆိုပါ ကြားနာမှုကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပရန် ယာယီအားဖြင့် သတ်မှတ် ထားသော်လည်း အတည် မပြုရသေးကြောင်း'' ဝက်ဘ်၏ ရုံးက ပြောသည်။ သို့သော် ဝက်ဘ်ရုံး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက် အရမူ အဆိုပါ ကြားနာမှုကို အောက်တိုဘာလ ၁ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် ကျင်းပမည်ဟု ဖော်ပြထားသည်။
ဤကြားနာမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေး၊ နိုင်ငံရေး အခြေအနေ များကို ဆန်းစစ် သွားမည် ဖြစ်ပြီး တိုင်းပြည်၏ ရှည်လျားလှသော ပြည်တွင်းရေး မငြိမ်သက်မှုများနှင့် တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဒီမိုကရေစီ ဖွံ့ဖြိုးရေးကို မည်သို့မည်ပုံ ထိခိုက် စေခဲ့ကြောင်းများ ဆွေးနွေးသွားမည်ဟု အဆိုပါစာတွင် ဖော်ပြထားသည်။
''ဆီနိတ်တာ မစ္စတာ ဝက်ဘ်က အမေရိကန်ရဲ့ မြန်မာ့ရေးရာ မူဝါဒ၏ ထိရောက်မှုကို သုံးသပ် စစ်ဆေးသွားမည့် အလုံးစုံ ကြားနာမှုများ ပြုလုပ်ရန် ရည်ရွယ်ထားသည်'' ဟု အဆိုပါ ကြေညာချက်တွင် ရေးသားထားသည်။
ဗားဂျီးနီးယားပြည်နယ် ဒီမိုကရက်ပါတီ အထက်လွှတ်တော် အမတ်ဖြစ်သူ မစ္စတာဝက်ဘ်သည် အထက်လွှတ်တော် အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ နိုင်ငံခြား ဆက်ဆံရေး ကော်မတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။
အဆိုပါကြားနာပွဲတွင် လက်ရှိအမေရိကန်၏ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုများနှင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုများ အတွက် အမေရိကန်က မည်သို့ ဆောင်ရွက် သင့်သည်ကို ပြန်လည် သုံးသပ် ဆွေးနွေးမည်။
ဤနိုင်ငံခြားရေး ကော်မတီသည် ''အမေရိကန်-မြန်မာ ဆက်ဆံရေး သစ်ကို မည်သို့မည်ပုံ ပုံဖော်ဆောင်ရွက် သင့်သည် ဆိုသည် ကိုလည်း ကြားနာမှုများ ပြုလုပ်သွားမည်'' ဟု ဝက်ဘ်၏ ရုံးက ပြောကြားထားသည်။
ဝက်ဘ်သည် သူ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး အမေရိကန် အစိုးရ၏ ပိတ်ဆို့ရေး မူဝါဒကို ပွင့်လင်းစွာ ဝေဖန်ရှုတ်ချခဲ့ပြီး စစ်အစိုးရနှင့် ဆက်ဆံမှုများ တိုးမြှင့် ပြုလုပ်ရန်လည်း ထောက်ခံ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် ဥရောပ သမဂ္ဂနှင့်အတူ မြန်မာစစ်အစိုးရ၏ ကြောက်မက်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပျက်ကွက်မှုတို့ အတွက် ပြင်းထန်သော စီးပွားရေးနှင့် ဘဏ္ဍာရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
သို့သော် သမ္မတ အိုဘားမား အစိုးရ အာဏာ လွှဲပြောင်းရယူခဲ့ ပြီးနောက် အမေရိကန်၏ ယခင် မြန်မာနိုင်ငံအပေါ် ထားရှိခဲ့သည့် မူဝါဒသည် စစ်အစိုးရ၏ အမူအကျင့် ပြောင်းလဲရေးကို မဆောင်ရွက် နိုင်ခဲ့ကြောင်းနှင့် အဆိုပါ မူဝါဒကို ပြန်လည် သုံးသပ်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါ သုံးသပ်မှုသည် မကြာမီ ပြီးဆုံးမည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အပြောအရ သိရသည်။
မစ္စတာ ဝက်ဘ်၏ ဆက်ဆံမှုပြု ချဉ်းကပ်ရေး အယူအဆကို နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် မြန်မာ့ အတိုက်အခံ လှုပ်ရှားသူများက ကောင်းကောင်း လက်မခံပါ။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီနှင့် ဝါရင့် နိုင်ငံရေးသမား တဦးဖြစ်သူ ဦးဝင်းတင်က မကြာသေးခင်က ဝါရှင်တန်ပို့စ် သတင်းစာတွင် ဆောင်းပါးတပုဒ် ရေးသားရာ၌ ''မစ္စတာဝက်ဘ်၏ ကြိုးပမ်း လုပ်ဆောင်မှုများသည် ကျနော်တို့၏ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထိခိုက်နစ်နာစေပြီး ရွေးကောက်ပွဲဟူသည့် မှားယွင်းသော အယူအဆ ပြဿနာ ပေါ်တွင်သာ အဓိက အာရုံပြု လုပ်ဆောင်နေခြင်း ဖြစ်သည်။ သူ၏ ရေရှည်နိုင်ငံရေး မဟာဗျူဟာ၏ အစိတ်အပိုင်း တရပ်အဖြစ် နောက်နှစ်တွင် ကျင်းပမည့် အဆိုပါ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကျနော်တို့ကို စဉ်းစားစေလိုသည်'' ဟု ရေးသားထားသည်။
ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာချုပ်ဟောင်းနှင့် ယုံကြည်ချက်ကြောင့် ၁၉ နှစ်ကြာ အကျဉ်းကျ ခံခဲ့ရသော ဦးဝင်းတင်က ''စစ်အစိုးရက ကျင်းပရန် စီစဉ်ထားသော ဟန်ပြ ရွေးကောက်ပွဲသည် ကျနော်တို့ ပြည်သူများ၏ လွတ်မြောက်ရေး တိုက်ပွဲ အပေါ် သရော်မော်ကား ပြုလုပ်နေခြင်းသာ ဖြစ်ပြီး စစ်အာဏာရှင် စနစ်ကို ထာဝရ တည်တံ့အောင် ပြုလုပ်နေသည်'' ဟု ပြောဆိုသည်။
Ref: မဇ္ဈိမ
“အသုံးခံလိုက်လို့ ကောင်းသွားမယ်ဆိုရင် ကျနော်လည်း အသုံး ခံရဲတယ်”
Wednesday, 23 September 2009 16:55
ဒေါက်တာဇာနည်သည် ယခင်က မြန်မာစစ်အစိုးရအား စီးပွားရေး အရ ဒဏ်ခတ် ပိတ်ဆို့ရန် တက်ကြွစွာ ဦးဆောင် လှုံ့ဆော်ခဲ့သည့် ဒီမိုကရေစီအရေး လှုပ်ရှားသူ တဦး ဖြစ်သည်။ ထို့ကြောင့် လက်ရှိ မြန်မာပြည် အရေးနှင့် ပတ်သက်၍ ဒေါက်တာ ဇာနည်ကို ဧရာဝတီ မဂ္ဂဇင်းက တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ မကြာသေးခင်က NLD ပါတီက ဦးဝင်းတင် ဝါရှင်တန်ပို့စ်မှာ ဆောင်းပါး တပုဒ် ရေးခဲ့တယ်။ အဲဒီထဲမှာ အခြေခံ ဥပဒေကို ပြင်ခိုင်းတယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ခိုင်းတယ်၊ NLD ပါတီကို လွတ်လပ်စွာ လှုပ်ရှားခွင့် တောင်းဆိုထားတာ တွေ့ရတယ်။ အဲဒီဆောင်းပါးနဲ့ ပတ်သက်လို့ ပြည်တွင်း ပြည်ပမှာ အမြင် အမျိုးမျိုး ရှိတာကို တွေ့ရတယ်။ ကိုဇာနည်က ဘယ်လိုမြင်လဲ။
ဖြေ။ ။ ကျနော်က ဦးဝင်းတင် ပြောတာကို ထောက်ခံတယ်။ ဒါက ဦးဝင်းတင်ပြောလို့ ထောက်ခံတာ မဟုတ်ဘူး၊ သူပြောတာက အချက်အချာ ကျတယ်။ မြန်မာပြည်က ဒီမိုကရေစီ လမ်းကြောင်း ပေါ်မှာ လျှောက်တော့မယ် ဆိုရင် ဒီ အခြေခံ ဥပဒေက ခေတ်နောက်ပြန် ဆွဲနေတာ တွေ့ရတယ်။ မဆလခေတ် ၁၉၇၃၊ ၇၄ လောက်မှ ဆွဲခဲ့တဲ့ အခြေခံဥပဒေကို ကြည့်မယ်ဆိုရင် တပါတီ တည်းတော့ ဟုတ်တယ်၊ ဒါပေမယ့် အဲဒီထဲမှာ တပ်မတော် နောက်ခံရှိမှ နိုင်ငံ့ အကြီးအကဲ ဖြစ်ရမယ် ဆိုတာမျိုး မပါဘူး။ အခုဟာက လက်ရှိ ၂၀၀၈ မှာ လက်ခံလိုက်တဲ့ အခြေခံ ဥပဒေကျတော့ တိုင်းသူ ပြည်သားတွေကို ပြည်တွင်း ကိုလိုနီ စနစ်ကို ရောက်အောင် တွန်းပို့နေတယ်။ ဘာလို့လဲ ဆိုတော့ စစ်သားတွေကို အလွှာတလွှာမှာ ထားလိုက်ပြီးတော့ ကျန်တဲ့ တိုင်းရင်းသားနဲ့ သာမန် ပြည်သူတွေ ကျတော့ ဒုတိယတန်းစား အဆင့်မှာ ထားထားတယ်။ အဲဒါက ဘယ်လိုမှ လက်ခံလို့ မရဘူး။ တခုတော့ ရှိတာပေါ့၊ ဒီဟာကို လက်ခံပါလို့ ပြောနေတဲ့ သူတွေက အခွင့်အရေး တခုအနေနဲ့ သုံးမယ့် သူတွေလို့ ပြောလို့ရတယ်။
မေး။ ။ ဒါဆို ၂၀၁၀ မှာ လုပ်မယ့် ရွေးကောက်ပွဲကို ရွေးစရာ မရှိတော့ဘူး ဆိုပြီး အခွင့်အရေး တခုအနေနဲ့ ကိုဇာနည်က မမြင်ဘူး ဆိုပါတော့။
ဖြေ။ ။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကျော် လောက်ကတော့ မြင်ခဲ့တယ်ဗျ။ ဘာလို့လဲ ဆိုတော့ ရွေးကောက်ပွဲ ပေါ်လာမယ်၊ နိုင်ငံရေး ဖြစ်စဉ်တခု ပေါ်လာမယ် ဆိုရင် တပ်မတော် သားတွေနဲ့ ဒီဘက်က ဒေါ်အောင်ဆန်း စုကြည်တို့၊ ကိုမင်းကိုနိုင်တို့ အပါအဝင်၊ ပြည်သူတွေနဲ့ လက်တွဲ လုပ်နိုင်မယ့် အနေအထားများ ရောက်မလားလို့ စဉ်းစားခဲ့မိတယ်။ ဒါပေမယ့် သံဃာတော်တွေကို မတရား သေနတ်နဲ့ ပစ်တာ၊ ရိုက်တာ၊ နှက်တာ၊ နှိပ်စက်တာ၊ အတူတွဲ လုပ်ရမယ့် ကိုမင်းကိုနိုင် တို့လို လူတွေကို ထောင်ထဲ ဆွဲထည့်လိုက်တာ … နောက်တခုက တိုင်းရင်းသားတွေကို သေသေချာချာ နိုင်ငံရေးအရ မဆွေးနွေးဘဲနဲ့ လက်နက်အားကိုးနဲ့ လုပ်တာတွေ၊ နောက်ဆုံး ကတော့ နာဂစ်တုန်းက လူပေါင်း ၁ သိန်းကျော် သေတာကိုတောင် လူတွေရဲ့ ဒုက္ခကို မစာနာဘဲ သူတို့ လုပ်ချင်တဲ့ အခြေခံ ဥပဒေ အတည်ပြုဖို့ကို အတင်းလုပ်တာ … အဲဒီအချက်တွေကို ကြည့်လိုက်တော့ ဒီအစိုးရဟာ သကြားမင်း ဆွဲပေးတဲ့ အခြေခံ ဥပဒေပဲ ဖြစ်ဖြစ် အောက်ကလာတဲ့ အခြေခံ ဥပဒေပဲ ဖြစ်ဖြစ် ဒီလိုလူတွေနဲ့ အတူလက်တွဲပြီး အလုပ်လုပ်လို့ မရတော့ဘူးဆိုတာ လုံးဝ လက်ခံလိုက်တယ်။
အရေးကြီးတာက အခြေခံဥပဒေကို အမြင် ၂ မျိုးနဲ့ မြင်လို့ရတယ်။ အခွင့် အရေး အနေနဲ့ မြင်မယ်ဆိုရင် လာမယ့် ရွေးကောက်ပွဲကို သုံးပြီးတော့ သူတို့ ဖိနှိပ်တဲ့ လူတန်းစား ကွဲသွားမယ် ဆိုတဲ့ အမြင်ပေါ့၊ အဲဒီ အမြင်အတိုင်း သွားမယ် ဆိုရင်တော့ လက်ခံလို့ ရတယ်။ ဒါပေမယ့် ဒီအခြေခံ ဥပဒေကြီး သက်ဆိုး ရှည်မယ် ဆိုရင်တော့ ကျနော်တို့ ပြည်သူ လူထုကို သတ်သေခိုင်းတာနဲ့ တူတူပဲ။ နိုင်ငံရေးအရ သေခိုင်းတာ ပေါ့လေ။
စဉ်းစားကြည့် ကိုလိုနီစနစ်ကို ဘယ်သူကမှ မဲဆန္ဒနဲ့ မထောက်ခံ နိုင်ဘူးလေ၊ အင်္ဂလိပ် ကိုလိုနီပဲ ဖြစ်ဖြစ် စစ်တပ်ရဲ့ ကိုလိုနီပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမှ မဲဆန္ဒပေးပြီး ထောက်ခံခိုင်းဖို့ မသင့်ဘူးလို့ ကျနော်မြင်တယ်။
မေး။ ။ ဒါဆို တချို့ ပြည်တွင်းမှာကော၊ ပြည်ပမှာကော ရွေးစရာလမ်း မရှိတော့တဲ့ အတွက် နအဖကို နှူးနှပ်ပြီး ပူးသတ်မှ ရတော့မယ်၊ စစ်ဗိုလ်ချုပ်တွေ ကိုတော့ တဖြည်းဖြည်းချင်း ပူးပေါင်းပြီး ပြောင်းလဲပစ်မှ ရတော့မယ်ဆိုတဲ့ အမြင်တွေ အများကြီး တွေ့ရတယ်။ မြန်မာ့ အရေးမှာ ပါဝင် ပတ်သက်နေတဲ့ သူတွေ၊ မြန်မာနိုင်ငံကို ပိုက်ဆံပေးနေတဲ့ ဒိုနာ နိုင်ငံတွေ ပြည်တွင်း ပြည်ပက နိုင်ငံရေး သမားတွေက အစပေါ့၊ ဒီလူတွေကို နအဖက ဆေးဖော် ကျောဖက်ကော လုပ်ရဲ့လားဗျ။
ဖြေ။ ။ ကျနော်တို့ သမိုင်းကိုတော့ ပြန်ကြည့်ရမယ်။ မဆလ ခေတ်တုန်းက ပြင်ပက ပညာရှင်တွေပဲ ဖြစ်ဖြစ်၊ ဒိုနာ နိုင်ငံတွေပဲ ဖြစ်ဖြစ်၊ ပြည်တွင်းက စီးပွားရေး ပညာရှင်တွေပဲ ဖြစ်ဖြစ် ဒေါက်တာမောင်မောင်တို့၊ ဒေါက်တာ ညီညီတို့၊ ဒေါက်တာ ချစ်ဆွေတို့ပေါ့။ မဆလ ခေတ်မှာ ဗိုလ်ချုပ်ကြီးတွေနဲ့ ပေါင်းပြီး တိုင်းပြည် ထူထောင်ဖို့ လုပ်ကြတယ်။ ဗိုလ်ချုပ်ကြီးတွေ ဆိုတာလည်း ရှင်းရှင်း ပြောရရင် မှားတဲ့ စနစ်ကြီးကို ထူထောင်ပြီး ဘဝပျက်သွားတယ်၊ ဒီလူတွေလည်း သမိုင်းမှာ နာမည်ပျက် သွားတယ်။ အဲဒါမျိုးကို ကျနော်တို့ ဆက်လုပ် မှာလား၊ ပူးသတ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ကျနော် ကိုယ်တိုင်လည်း စာအုပ်ဖတ်ပြီး ပြောနေတာ မဟုတ်ဘူး။ ကျနော်ကိုယ်တိုင် ဒါမျိုး လုပ်လာတာ။ ကျနော့်ကိုလည်း သိတဲ့အတိုင်း ဝိုင်းပြီး ဆဲနေကြတာပဲ။ ကျနော်တို့လည်း ထိပ်ပိုင်းက ဗိုလ်ချုပ်ခင်ညွန့်က အစ၊ ဗိုလ်ချုပ် မောင်အေးတို့ အဲဒီလို ဗိုလ်ချုပ်တွေကို တိုင်းပြည်ကို ချစ်တဲ့ ပညာရှင် တယောက်အနေနဲ့ ကူညီဖို့၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေး လုပ်ဖို့၊ နောက် အင်တာနက် ကိစ္စမှာ လျှော့ပေးဖို့၊ ဒီမိုကရေစီ လမ်းသွားမယ်ဆိုရင် မီဒီယာတွေ ဝေဖန်တာကို နားထောင်ဖို့ ဒါတွေကို ဝိုင်းတွန်းကြ၊ အကြံဉာဏ် ပေးကြတယ်။ ကျနော်တို့က တိုင်းရင်းသားတွေကို ချေမှုန်းပါလား၊ NLD ကို ဘယ်လို နှိပ်ကွပ် လိုက်ပါလား ဆိုတာ ပြောတာမဟုတ်ဘူး။ တနည်းတဖုံနဲ့ ကျနော်တို့က ပိုကောင်းလာတဲ့ အမြင်တွေ ပေါ်လာအောင် တွန်းကြည့်တယ်၊ ဒါပေမယ့် တွန်းလို့မရဘူး။ ကျနော်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေးနဲ့ မတွေ့တာတောင် သူတို့ထဲမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ စကားပြောဖူးတာ ရှိတယ်။
၂၀၀၄ မှာလည်း ပြောဖူးတယ်၊ ဗိုလ်ချုပ်ခင်ညွန့် ပြုတ်အပြီးမှာလည်း ပြောခဲ့တယ်။ ကျနော်တို့က ပူးသတ်ချင်တာ မဟုတ်ဘူး၊ သူတို့နဲ့ ပေါင်းလုပ် ချင်တာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့ ဆက်ဆံရေး အခက်အခဲ ရှိနေတာကို ကြားထဲကနေ ပေါင်းကူးတံတား ဖြစ်အောင် ပထမ ယုံကြည်မှု တည်ဆောက်တဲ့ အနေနဲ့ လုပ်တယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည် အတွက် အရေးကြီး ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နဲ့ တိုင်းပြည်အပေါ်မှာ စိတ်ထား မှန်ပါတယ် ဆိုတာ ဝိုင်းပြောတာ။ ဒါကို ကျနော်တို့ မီဒီယာမှာတော့ မပြောဘူး။ တယောက်ချင်းတွေ့ရင် ပြောတာပဲ၊ စည်းဝေးမှာဆို ပြောတာပဲ။ ဒီတော့ တိုင်းပြည်အတွက် စေတနာ သန့်သန့်နဲ့ လုပ်မယ်ဆိုရင် သူတို့ ဘက်ကလည်း စေတနာသန့်မှ လုပ်လို့ရမယ်။ ပူးသတ်တယ် ဆိုတာကတော့ သူတို့က ညစ် ကိုယ်က ညစ် ဆိုရင် သူတို့မှာ ပါဝါ၊ အာဏာ၊ သေနတ်ရှိတယ်။ အဲဒီလို လူတွေကို ကျနော်တို့ ပူးသတ်လို့ မရဘူး။ တကယ်တမ်း ပြောရရင် ပူးမသတ် သင့်ဘူး။ ကျနော်တို့ ပူးပေါင်းပြီး လုပ်သင့်တယ်။ ဒါကို ခုချိန်ထိ ပြောမှာပဲ။ လက်ရှိစနစ်ကို မကျေနပ်ဘူး၊ ဒါပေမယ့် တပ်မတော်သားတွေကို မစော်ကားဘူး။ သူတို့က ဒီစနစ်ရဲ့ သားကောင်တွေပဲ။ ဒီစနစ်ကို သူတို့ ကိုယ်တိုင် ပြင်ရမှာ။ ဒီတော့ ပေါင်းလုပ်ရမှာ၊ ဒါပေမယ့် ပေါင်းလို့ကလည်း မဖြစ်ပြန်ဘူး။
မေး။ ။ ပေါင်းလို့ကလည်းမလွယ်ဘူး၊ ပူးသတ်လို့လည်း မရဘူး။ ဒီစနစ်ရဲ့ သားကောင်တွေက စေတနာလည်း မသန့်ဘူး။ ဒါဆို မြန်မာပြည် ပြောင်းလဲမှုအတွက် ရွေးစရာလမ်းက ဘာလဲ။ ဒဏ်ခတ် ပိတ်ဆို့မှုလား ဘာဖြစ်မလဲ။
ဖြေ။ ။ ဒီလူတွေ စေတနာ မမှန်ဘူးဆိုတာကိုတော့ ကျနော် လက်မခံဘူး။ သူတို့ထဲမှာ စေတနာ ရှိတဲ့သူတွေ ရှိတယ်၊ တိုင်းပြည်ကို ချစ်တဲ့သူတွေ ရှိတယ်။ ဒါပေမယ့် ဒီလူတွေကလည်း သူတို့ ဘဝ ပျောက်သွားမယ် ဆိုတာမျိုးပေါ့၊ ဥပမာ - ဗိုလ်ကြီး အုန်းကျော်မြင့်တို့က စပြီးတော့ အစဉ်အလာ ရှိခဲ့တော့ ဒီစနစ်ကို ပြောင်းဖို့ ကြံတဲ့သူတွေကို ဒီစနစ်ကနေ အမြတ်ထွက် နေတဲ့ သူတွေက အပြတ် ရှင်းလိုက်တယ်။ ဗိုလ်ချုပ် ခင်ညွန့်လည်း ဒီတိုင်းဖြစ်တာပဲ။ ဗိုလ်ချုပ်ခင်ညွန့်က ဒီမိုကရက် မဟုတ်ဘူး။ လူတိုင်းသိတယ်၊ ဒါပေမယ့် သူလည်း ပြောင်းဖို့ ကြိုးစားခဲ့တဲ့ လူတယောက်။
လက်ရှိအနေအထားအရ ဆိုရင် ကျနော့်အနေနဲ့ အကောင်းမြင်ဖို့ တော်တော်လေး ခက်တယ်။ ဒါကလည်း အတိုက်အခံက လုပ်တာကို သဘောမကျလို့၊ နအဖလုပ်တာက ဆိုးလို့ ဒါကို စိတ်ခံစားမှုနဲ့ ပြောတာ မဟုတ်ဘူး။ အချက်အလက်နဲ့ ချပြထားတယ်။ သေချာကြည့် ဘယ်နေရာမှ ကောင်းတဲ့ အချက်က မရှိသလောက် ဖြစ်နေတယ်။ ကျနော်တို့ တိုင်းပြည်က ဘော့စနီးယားလို ဖြစ်မသွားတာ တခုက လွဲရင် အဲဒီဘက်ကို ဦးတည်နေတာ တွေ့ရတယ်။ ကျနော် မြင်တာပေါ့လေ။ ဒီလောလော ဆယ်မှာတော့ အတိုက်အခံ အနေနဲ့ကလည်း ဘေးကြပ် နံကြပ်ပဲ၊ တကယ်တန်း ပြောရရင် တပ်မတော် ခေါင်းဆောင် တွေကလည်း ဘေးကြပ် နံကြပ်ပဲ။
ဖြေရှင်းဖို့က အဖြေရှိတယ်။ မြန်မာပြည်မှာ အားလုံး ပေါင်းလုပ်ချင်တယ် ဆိုရင် တကယ် အရေးကြီးတာက တပ်မတော် ခေါင်းဆောင်တွေရယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်ကျနေတဲ့ အတိုက်အခံ ခေါင်းဆောင်တွေရယ်၊ ပြည်ပက အတိုက်အခံ တွေရယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေရယ်၊ ဒီအင်အားစု လေးစုက အရေးကြီးတယ်။ ဒီအင်အားစုတွေ ပေါင်းလုပ်ရင် ကျနော်ထင်တယ် ၆ လအတွင်းမှာ ရှေ့ဆက် သွားဖို့ အဖြေရှာလို့ ရတယ်။ ဒါပေမယ့် အဖြေရှာချင်တဲ့ ဆန္ဒတော့ ရှိရမယ်။ ဒါပေမယ့် ပြဿနာက ကျန်တဲ့သူ မဟုတ်ဘူး။ ထိပ်ပိုင်းမှာ ရှိတဲ့ ဗိုလ်ချုပ် တယောက် ၂ ယောက်ပဲ။ နံပါတ် ၁ ပြဿနာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဆန္ဒပြောင်းဖို့ပဲ ဖြစ်ဖြစ်၊ အငြိမ်းစားယူဖို့၊ ဘေးကို ဖယ်လိုက်ဖို့ပဲ ဖြစ်ဖြစ် မလုပ်နိုင်ရင် ဒီနိုင်ငံက ဆက်ပြီး ပြဿနာ တက်နေမှာပဲ။ ဒါပေမယ့် ဦးနေဝင်း ခေတ်တုန်းကလည်း ဦးနေဝင်းသေသွားရင် တိုင်းပြည် ကောင်းလာမှာ ပါလို့ ပြောခဲ့ကြတယ်။ ဦးနေဝင်းလည်း သေသွားပြီ တိုင်းပြည် ကောင်းမလာခဲ့ဘူး။ ဒီတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မရှိရင် တိုင်းပြည် ကောင်းလာမှာပါ ဆိုတဲ့ သီအိုရီမျိုးကိုတော့ သတိ နည်းနည်း ထားဖို့ လိုလိမ့်မယ်။
မေး။ ။ ကိုဇာနည် ဧရာဝတီမှာ ရေးတဲ့ “အနီးကပ်ဆက်ဆံမှု ဝါဒ” ဆိုတဲ့ ဆောင်းပါး တပုဒ် ရှိတယ်။ လူကြိုက်တော်တော် များတာလည်း တွေ့ရတယ်။ အဲဒီဆောင်းပါးက မစ္စတာဂျင်မ်ဝက်ဘ် မြန်မာပြည် သွားအပြီးမှာ ရေးတာဖြစ်တယ်။ သူမြန်မာပြည် သွားအပြီးမှာ ဦးသန့်မြင့်ဦး အပါအဝင် မြန်မာ တချို့ဟာ New York Times လို Washington Post လို သတင်းစာကြီး တွေမှာ အမေရိကန် အစိုးရအနေနဲ့ နအဖ အစိုးရနဲ့ ပေါင်းသင့်တယ် ဆိုတာမျိုး ရေးကြတယ်။ ခင်ဗျားကျတော့ ဆောင်းပါးထဲမှာ “အနီးကပ်ဆက်ဆံရေး ဝါဒသမား တချို့ဆိုရင် ရင်တွေ သိပ်ခုန်ပြီး တရားဟောဆရာ တပိုင်း နိဗ္မာန်ဆော် တပိုင်းကို ကူးပြောင်းပြီး ငါ့စကားနွားရ ရေးကြ၊ ပြောကြ၊ ဟောကြတယ်” ဆိုတာမျိုး ရေးထားတယ်။ ဒါဆို ခင်ဗျားကတော့ အမေရိကန် အစိုးရက မြန်မာ နအဖ အစိုးရနဲ့ ပေါင်းလို့ အလုပ်ဖြစ် သွားမယ်လို့ မထင်ဘူး ဆိုတဲ့ သဘောပေါ့။ ဟုတ်လား။
ဖြေ။ ။ ကျနော်ပြောတာက အချိန်ရှိမယ်၊ သူ့ကာလ ရှိမယ်ဆိုတော့ စိတ် သိပ်လှုပ်ရှားပြီး လိုအပ်တာထက် ပိုတာမျိုး မဖြစ်သင့်ဘူးလို့ ဆိုလိုတာ။ စေတနာ သန့်သန့်နဲ့ ကောင်းစေချင်လို့ တိုင်းပြည်နဲ့ ပေါင်းလုပ် တာမျိုးကို ကျနော်တို့ လက်ခံလို့ရတယ်။ မြန်မာပြည်မှာ သွားလုပ်တာပဲ ဖြစ်ဖြစ်။ သွားလိုက်ပြန်လိုက် လုပ်တာ ပဲဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ဟိုဘက်က သုံးမယ့် အနေအထားမှာ ကိုယ်က အသုံးခံမယ် ဆိုတာမျိုး ကျတော့ နှစ်မျိုး ပေါ့ဗျာ။
အသုံးခံလိုက်လို့ ကောင်းသွားမယ်ဆိုရင် ကျနော်လည်း အသုံးခံရဲတယ်၊ သူများတွေ အသုံးခံတာ ကိုလည်း ကျနော် ရှုတ်ချစရာ အကြောင်း မရှိဘူး။ ဒါပေမယ့် ကိုယ်လည်း အသုံးခံ လိုက်ရတယ်၊ တိုင်းပြည်လည်း အကျိုး မရှိဘူး၊ စားသွားတာတော့ ဗိုလ်ချုပ်တွေပဲ ဆိုရင် အဲဒီလမ်းကြောင်း ကိုတော့ ကျနော်လည်း လက်မခံဘူး။ အဲဒီအနေအထား မျိုးမှာ ကျနော် ရောက်ခဲ့ရင်လည်း ကျနော် (U – Turn) ပြန်လုပ်မယ်။ ကျနော် လုပ်လည်း လုပ်ခဲ့တာပဲ။
ဥပမာ - ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပါတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်မလား၊ ချနိုင်ရင် ကျနော်တို့ လက်ခံတယ်။ မချနိုင်ဘဲနဲ့တော့ အလကား ပြောမနေနဲ့။
မေး။ ။ မြန်မာ နအဖ အစိုးရက အထီးကျန်တယ်ဆိုပြီး နိုင်ငံတကာ သတင်းစာတွေ က ပြောကြတယ်။ ပညာရှင်တွေက အစပေါ့ သူ့ကို အထီးကျန်တဲ့ အတိုင်း ထားလို့မရဘူး၊ ဆွဲခေါ်ရမယ် ဆိုတာမျိုး ပြောကြတယ်။ သူ့ကို အဝန်းအဝိုင်းထဲ ဆွဲသွင်း လိုက်ရင် ပျော့ပြောင်းလာမယ် ဆိုတာမျိုးလည်း ပြောကြတယ်။ တကယ်ပဲ နအဖ အစိုးရက အထီးကျန် နေပါသလား။
ဖြေ။ ။ အီရန်တို့ မြောက်ကိုရီးယားတို့နဲ့ မြန်မာပြည်ကို ယှဉ်ကြည့် လိုက်ပါ။ ဒီအစိုးရတွေက အထီးကျန် နေတာ မဟုတ်ဘူး။ တကမ္ဘာလုံးက သွားနေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ထဲမှာ ရောက်နေတယ်။ ဆိုးရွားတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ထဲမှာပေါ့။ ခေတ်မီ လက်နက်တွေ လုပ်နိုင်တယ်၊ ဒေါ်လာတွေ ဘီလျံနဲ့ချီ ရနေတယ် ဆိုတာ ဒီ ဂလိုဘယ်လိုက်ဇေးရှင်းထဲ ရောက်နေလို့ပဲ။
မြန်မာအစိုးရကို အာရှတိုက် တတိုက်လုံးက အစိုးရတွေက ဆက်ဆံ နေတယ်၊ အင်္ဂလန်သံရုံး၊ အမေရိကန် သံရုံးတွေ မြန်မာပြည်မှာ ရှိတယ်။ အနောက်အုပ်စု အကုန်လုံးက သံတမန်ရေးရာ အရ မြန်မာပြည်နဲ့ ဆက်ဆံတယ်။ နောက် ရေနံ ကုမ္ပဏီတွေ၊ တကမ္ဘာလုံးက ကုမ္ပဏီတွေပေါ့ .. ၁၅ နိုင်ငံ ရှိတယ်။ တရုတ် အိန္ဒိယနဲ့ စင်ကာပူတင် ပြောနေတာ မဟုတ်ဘူး။ အဲဒီလို အစိုးရကို အထီးကျန်တယ်လို့ ပြောနေတာကတော့ ကျနော်တို့ကို ယုံတမ်းစကား ပြောနေသလိုပဲ။
မေး။ ။ ဒီတော့ နအဖက အထီးမကျန်ဘူး ဆိုပါတော့။ ကိုဇာနည် ပြောသလိုဆို ဒီလို အထီးမကျန်တဲ့ အစိုးရကို သက်ဆိုး ရှည်အောင် လုပ်နေတဲ့ထဲမှာ အရပ်သား ပညာတတ်တွေလည်း ပါတယ်။ စစ်အစိုးရကို ဝိုင်းကူနေတဲ့ နိုင်ငံတွေလည်း ပါတယ်။ ခုနောက်ပိုင်းမှာ အလှူရှင် နိုင်ငံတွေတောင် ပါတယ်လို့ စွပ်စွဲမှုတွေ ရှိနေတယ်။ ဒါကို ကိုဇာနည် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အာဏာရှင်စနစ်မှာ အမြဲတမ်းဒီလိုပါပဲ။ ဘောင်းဘီ ဝတ်တွေကော ပညာရှင်တွေကော ပါတယ်။ ဒါခုမှ မဟုတ်ဘူး။ ရုရှားမှာပဲ ကြည့်ကြည့် ကျနော်တို့ နိုင်ငံ .. ဦးနေဝင်း ခေတ်တုန်းကလည်း ဒီလိုပဲ။ လက်ရှိဖြစ်လာမယ့် စနစ်တခုကို ဖြစ်လာဖို့ နအဖကို ကူညီနေတာ အရပ်သားတွေ ရှိမယ်၊ ပညာရှင်တွေ၊ စီးပွားရေး သမားတွေ ရှိမယ်၊ တခြား နိုင်ငံတွေလည်း ရှိမယ်၊ ကုလသမဂ္ဂ အရာရှိတွေ ရှိမယ်။ ဒါပေမယ့် ဒီလူတွေက စနစ်ဆိုးကြီး ပေါ်လာပါ စေတော့ဆိုပြီး ကူတာတော့ မဟုတ်ဘူးဗျ။ ရေရှည်မှာ ကောင်းသွားမယ် ဆိုပြီး ကူကြတာပဲ။ ဒါပေမယ့် ဒါ အတိတ်မေ့တဲ့ အမြင်မျိုးလို့ ကျနော်တော့ ထင်တယ်။
မဆလခေတ်မှာ ၂၅ နှစ်လုံးလုံး အရပ်သားတွေ ဝိုင်းကူပြီး တိုင်းပြည် ထူထောင်ဖို့ လုပ်ကြတာပဲ။ ဒါပေမယ့် အဖြေက ရှင်းနေတာပဲ လုံးဝ မအောင်မြင်ဘူး။ နောက်ပိုင်း နအဖ တက်လာပြီး နောက်ထပ် အနှစ် ၂၀ လုံးလုံး၊ စုစုပေါင်း ၄၅ နှစ်၊ အနှစ် ၅၀ လောက် စစ်အစိုးရကို အရပ်သားတွေက ကူပေး နေတုန်းပဲ။ စွမ်းအားရှင် ဆိုတာလည်း အရပ်သားပဲ။ ကြံ့ဖွံ့လည်း အရပ်သားပဲ။ ဦးတေဇတို့လို ကုန်သည် ကြီးတွေ ကလည်း အရပ်သားတွေပဲ။ ပညာရှင်တွေလည်း အရပ်သားတွေ အများကြီး ရှိတယ်။ ဝင်ကူ ကြတာပဲ။ အနှစ် ၅၀ လောက် မအောင်မြင်ခဲ့ တာဟာ နောက်ထပ် အနှစ် ၅၀ လုပ်လည်း အောင်မြင်မှာ မဟုတ်ဘူး။
မေး။ ။ ကိုဇာနည်က အရင်က ပက် (ပ်) စီ အချိုရည်ကို မြန်မာပြည်က ထွက်သွားအောင် လုပ်နိုင်ခဲ့တယ်၊ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်။ နောက်တော့ မြန်မာပြည် ပြန်ဝင်သွားတယ်။ အဲဒီမှာ စစ်အစိုးရလူ၊ လက်နက်ချသူ ဆိုပြီး အတိုက်အခံ တွေကော၊ တခြား အပြင်က၊ အထဲက ဝိုင်းတိုက်ခိုက်ကြတယ်။ ဒီကနေ့ ခင်ဗျားက စစ်အစိုးရ ဆန့်ကျင်တဲ့ ကိစ္စကို ဆန့်ကျင် နေသေးလား။ ဆန္ဒပြ သပိတ်မှောက်တဲ့ အလုပ် ဆက်လုပ် ဦးမှာလား။ ဒီနေ့ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ။
ဖြေ။ ။ ပထမ ပြန်သွားတဲ့ကိစ္စကို ပြောချင်တယ်။ ပြန်တာက ဒူးထောက်တာ မဟုတ်ဘူး။ ဒါ လုံးဝ ပြောနိုင်တယ်။ နောက်တခုက ဆန္ဒပြ သပိတ်မှောက်တဲ့ အလုပ် ဆက်မလုပ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအလုပ်က မအောင်မြင်ဘူးဆိုတာ အားလုံး လက်ခံတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က မအောင်မြင်ဘူး ဆိုပြီး စွန့်ခဲ့တဲ့ ဗျူဟာတခုကို ဆက်မလုပ်တော့ဘူး။ နောက်တခုက နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျနော် လုပ်နေတာက ကျနော့် ရည်ရွယ်ချက်က မြန်မာ့ အဝန်းအဝိုင်းထဲမှာ အတွေးအခေါ် လွတ်လပ်တဲ့ ယဉ်ကျေးမှု အစဉ်အလာ တခု ပြန်ပေါ်ပေါက်လာအောင် လုပ်လာနိုင်ဖို့ပဲ။ ကျနော့် ရည်ရွယ်ချက်က နိုင်ငံရေး မဟုတ်ဘူး။ တိုးတက်တဲ့ လွတ်လပ်တဲ့ ယဉ်ကျေးမှုတခု တည်ဆောက်နိုင်ဖို့ပဲ။ ကျနော်တို့ဆီမှာ အရင်က ရှိခဲ့ဖူးတယ်။ ယောမင်းကြီး ဦးဖိုးလှိုင်တို့၊ မြဝတီမင်းကြီး ဦးစ၊ လက်ဝဲ သုန္ဒရတို့၊ အနန္ဒသူရိယ အမတ်ကြီးတို့ ..၊ သူတို့က တကယ့်ကို လွတ်လပ်တဲ့ အတွေးအခေါ် ရှိခဲ့တာပဲ။ အရင်က ရှိခဲ့ဖူးတဲ့ အစဉ်အလာကို ပြန်ပေါ်လာအောင် တွန်းချင်တယ်။
မေး။ ။ ခင်ဗျားကို လူတော်တော်များများက ဝိုင်းကျဉ်ခဲ့ကြတယ်၊ ဒီဘက်က အတိုက်အခံတွေ ကလည်း ကျဉ်ခဲ့ကြတယ်၊ ဒါပေမယ့် မြန်မာပြည်မှာ တခုခုဖြစ်တဲ့ အချိန်မှာ ခင်ဗျားရဲ့ ထင်မြင်ချက် တွေကို ပြန်တောင်းရတာတွေ ရှိတယ်။ ဧရာဝတီက အစပေါ့။ အဲဒီတော့ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်အတွင်း ခင်ဗျားကိုယ် ခင်ဗျား ဘယ်လို သုံးသပ်မိလဲ။ အထီးကျန် ခဲ့ရတာမျိုးတွေ ရှိလား။
ဖြေ။ ။ ကျနော်ထင်တာတော့ အတွေးအခေါ် လွတ်လပ်မှုက နစ်နာမှုတွေ အမြဲတမ်းရှိတယ်။ ကိုယ်ပြော နေတာကို လူတိုင်းက အမြဲတမ်း ကြိုက်မှာ မဟုတ်ဘူး။ လူကတော့ ကြိုက်တဲ့အခါ လက်ခုပ် တီးမှာပဲ၊ မကြိုက်တဲ့အခါ တံတွေးနဲ့ ထွေးမယ်၊ ပြောင်းဖူးရိုးနဲ့ ပစ်မယ်။ နိုင်ငံရေးအရ လုပ်နေတယ် ဆိုရင်တော့ အမြဲတမ်း လူများကြိုက်တဲ့ နေရာမှာ နေရမှာပေါ့။ သေနတ်ရှိတဲ့သူက အာဏာယူ၊ သေနတ်မရှိတဲ့ သူက လူများကြိုက်အောင် နေပေါ့။ ကျနော်က နိုင်ငံရေး လုပ်မှာလည်း မဟုတ်ဘူး၊ အာဏာယူမှာလည်း မဟုတ်ဘူး။ ကျနော်က အတွေးအခေါ် လွတ်လပ်မှုကို နံပါတ် ၁ နေရာက ထားပြီး လုပ်နေတာ။ ကျနော့် တယောက်တည်း အတ္တနဲ့ လုပ်နေတာလဲ မဟုတ်ဘူး။ ယဉ်ကျေးမှု အစဉ်အလာအရ ဒီမိုကရေစီ လမ်းကြောင်းမှာ အတွေးအခေါ် လွတ်လပ်မှုမပါဘဲ သွားလို့မရဘူး။
ဒေါ်အောင်ဆန်းစုကြည် လုပ်သမျှ မှန်တယ်လုပ်လို့ မရသလို၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လုပ်သမျှ မှန်တယ် ဆိုပြီး အမိန့်မှန်သမျှ နာခံနေရင်လည်း ငါးပါး မှောက်မှာပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် တက်လာရင် လည်း ဝေဖန်မှာပဲ။ ဝေဖန်တယ်ဆိုတာ ပုဂ္ဂိုလ်ကို စော်ကားတာ မဟုတ်ဘူး။ အဲဒီ သဘောထားလေး ပေါ်လာခဲ့ရင် ကျနော်တို့ ယဉ်ကျေးမှု တိုးတက်တယ်လို့ ပြောလို့ရမယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံကြ ဆိုတဲ့ စကားကို ခင်ဗျား မကြာခဏ ပြောဖူးတယ်နော်။ ခင်ဗျား အဲဒီအယူအဆကို အခုကော လက်ခံလား။
ဖြေ။ ။ ဟုတ်တယ်။ လက်ခံတယ်။ လူတွေ နားမလည်တာက ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တယ် ဆိုတာက စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ သူ့အယူအဆ မှားသွားတယ် ဆိုတာမျိုး ပြောတာ။ သူ့အယူအဆကို လက်မခံကြနဲ့လို့ ပြောတာ မဟုတ်ဘူး။ ဒါကို ခွဲခြားသိဖို့ လိုတယ်။ နောက်တခုက ဗိုလ်ချုပ် ကြီးတွေနဲ့ စကားပြောတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နဲ့ ပတ်သက်လာရင် သဘောထား မှန်တယ်၊ သူ့ကို လက်တွဲခေါ်ပါ ဆိုတာကို အမြဲ ပြောခဲ့တယ်။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် စော်ကားတာ မဟုတ်ဘူး။ ဝေဖန်တာက သူ့ရဲ့ အယူအဆကို လေးလေးနက်နက် ထားပြီးတော့ သဘော မတူတာကို ပြောတာ။ တကယ်တမ်း ပြောရရင် နိုင်ငံရေး လုပ်တဲ့ သူတွေက ဝေဖန်တဲ့ သူတွေကို တန်ဖိုး ထားသင့်တယ်။ အထူးသဖြင့် စေတနာနဲ့ ဝေဖန်ရင် ပိုတန်ဖိုးထားသင့်တယ်။
မေး။ ။ နောက်ဆုံး မေးခွန်းအနေနဲ့ တပ်မတော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သူ့ရဲ့ အခန်းကဏ္ဍကို ဘယ်လို မြင်ပါသလဲ။ တချို့က ခေါင်ကို ဖြိုရမယ်လို့ မြင်ကြတယ်၊ အတိုက်အခံတွေ ဆိုရင်လည်း အကြမ်း မဖက်တဲ့ နည်းနဲ့ စစ်အစိုးရကို စိမ်ခေါ်ဖို့ ကြိုးစားကြတယ် အဲဒီနှစ်ခုကို ဘယ်လို မြင်လဲ။
ဖြေ။ ။ နိုင်ငံထူထောင်ဖို့ လုပ်တာက အကြမ်းဖက်ရမယ်၊ အကြမ်းမဖက်ရဘူး ဆိုတာ ကတော့ ကိုယ် ရောက်နေတဲ့ နေရာနဲ့ပဲ ဆိုင်တယ်။ ကျနော့် အနေနဲ့တော့ အကြမ်းဖက်ပါ၊ အကြမ်မဖက်နဲ့ ဆိုတာ ပြောခွင့် မရှိဘူး။ တကမ္ဘာလုံးမှာဗျာ နိုင်ငံတခု ထူထောင်ဖို့ လုပ်တာ နည်းမျိုးစုံနဲ့ လုပ်ကြတာပဲ။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ကြတာကို ကျနော် ပြောစရာမရှိဘူး။ ကျနော် ကိုယ်တိုင်ကတော့ လုပ်ချင်မှ လုပ်မှာပေါ့။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိစ္စကတော့ တပ်မတော်သားတွေ နဲ့ပဲ ဆိုင်တယ်။ သူတို့ ဘယ်သူ့ လက်အောက်မှာ နေချင်တာလဲ။ ဘယ်လို ခေါင်းဆောင်မျိုးကို သူတို့ လိုချင်တာလဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို အရမ်းဆိုးရွားတဲ့ ခေါင်းဆောင် ကို လက်ခံမှာလား၊ တိုင်းပြည်ပေါ်မှာ စေတနာရှိတဲ့သူကို လက်ခံမလားဆိုတာ သူတို့ အပေါ်မှာ မူတည်တယ်။ ကျနော့် အမြင်အနေနဲ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တိုင်းပြည်အတွက် ဘယ်လိုမှ တန်ဖိုး မရှိဘူးလို့ မြင်တယ်။
Ref: ဧရာဝတီ
ပြည်တွင်းဖြစ် နိုင်ငံခြားသား ကိုရွှေမြန်မာ များသို့
September 24, 2009
ရေးသူ- လူထုစိန်ဝင်း
“ကျွန်တော်တို့ စိတ်ဓာတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ။ သူများတွေနဲ့ အများကြီး ပြတ်ကျန် နေရစ်ပြီ” စင်ကာပူ မှာ ဆယ်နှစ်ကျော်သွားပြီး အလုပ်လုပ်နေခဲ့တဲ့ ကျောင်းသားဟောင်း တယောက် ခေတ္တပြန်လာတိုင်း၊ ကန်တော့ နှုတ်ဆက်ရင်း ပြောလိုက်တဲ့ စကား ဖြစ်ပါတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံတေကွ ပြန်ရောက်လာတဲ့ လူတိုင်းပြောမြဲ စကားမို့ မဆန်းတော့ပါဘူး။
ဘ၀င်လေဟပ်သူတွေရဲ့စကား
စိတ်ဓာတ်တွေ ပြင်ရမယ်လို့သာ ပြောတာ။ ဘာစိတ်ဓာတ်မျိုးတွေ ပြုပြင်ရ မှာလဲ လို့တော့ တိတိ ကျကျ မပြောပါဘူး။ နိုင်ငံခြား ပြန်တွေ ပြောနေကျ စကားတွေ ကြားရဖန်များလို့ ရိုးတောင်နေပြီ။
“မြန်မာတွေပျင်းတယ်”
“မြန်မာတွေညံ့တယ်၊ ဖျင်းတယ်”
“မြန်မာတွေ စည်းကမ်းမဲ့တယ်”
“မြန်မာတွေ ကြိုးစားအားထုတ်မှု မရှိဘူး” စတဲ့ စတဲ့ အပေါ်စီးက ကြည့်တဲ့ လေသံနဲ့ ပြောစကားမျိုးတွေ ဖြစ်ပါတယ်။
အဆုံးသို့
နေ့စဉ်သတင်းများ ( ၂၃- ၉ - ၀၉)
■ စစ်အစိုးရနှင့် ညှိနှိုင်းရန် ထိုင်းဝန်ကြီးချုပ် ပြောကြား သတင်း
■ မြန်မာ-အမေရိကန် ဆက်ဆံရေးပြန်ကောင်း လာမည်လော သတင်း
■ ဦးဉာဏ်ဝင်း ၀ါရှင်တန်သို့ တရက်တာ သွားခွင့်ရ သတင်း
■ မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံးတိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေ သတင်း
■ ဒီကေဘီအေတပ်ဖွဲ့ စောင့်ကြည့်စစ်ဆေးမှုကြောင့် ရွာသားများ အနေကျပ် သတင်း
■ ကေအဲန်ယူတပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် နအဖစစ်တပ် တပ်အပြောင်းအလဲ မလုပ်နိုင်သေး သတင်း
■ ဝတပ်ဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် တွေ့ဆုံမည့်အစီစဉ် နအဖဘက်က ရွှေ့ဆိုင်းထား သတင်း
■ ရပ်ကွက်တွင်း စစ်ဆေးမှု ပိုများလာ သတင်း
■ ဘူးသီးတောင်နှင့် မောင်တောတွင် ညမထွက်ရ အမိန့်ထုတ် သတင်း
■ ရခိုင်လူငယ်များ ဖမ်းဆီးခံရ သတင်း
■ ရခိုင်ကျောင်းသားလူငယ် (၂၀) နီးပါး စစ်ကြောရေးစခန်းသို့ ရောက်ရှိ သတင်း
■ အင်အားကောင်း အတိုက်အခံဖြစ်ရေး ဦးရွှေအုန်း ဖိတ်ခေါ် သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်၊ အဆင့်မြင့် သတင်းစာပညာသင်တန်း ပို့ချ သတင်း
■ “အသုံးခံလိုက်လို့ ကောင်းသွားမယ်ဆိုရင် ကျနော်လည်း အသုံးခံရဲတယ်” (Dr ဇာနည်နှင့် အင်တာဗျူး)
■ ၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိန်းနှင့် ဆက်သွယ်မေးမြန်းချက် သတင်း
■ အသတ်ခံရသည့် မြန်မာများအတွက် နစ်နာကြေးရရေး မိသားစုများကို ထိုင်းလူ့အခွင့်အရေးအဖွဲ့ကူညီ သတင်း
■ ရွှေဝါရောင် တော်လှန်ရေးထဲမှာ … (ဆောင်းပါး)
■ တတိယလှိုင်းတို့ နားချပါဦး (ဆောင်းပါး)
■ အမေရိကန်၏ မြန်မာမူဝါဒ အပြောင်းအလဲမှာ (ဆောင်းပါး)
■ အတောင်ဖြန့်လာတဲ့ သိမ်းငှက် (ဆောင်းပါး)
Wednesday, September 23, 2009
ကေအန်ယူနှင့် စစ်အစိုးရတပ်များ တိုက်ပွဲဖြစ်
ကျော်ခ
အင်္ဂါနေ့၊ စက်တင်ဘာလ 22 ရက် 2009 ခုနှစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင် လွတ်မြောက်ရေး တပ်မတော်နှင့် တပ်မဟာ ၆ နယ်မြေ အတွင်းသို့ တပ် အပြောင်းအလဲ လုပ်ရန် ရောက်ရှိ လာသည့် စစ်အစိုးရ တပ်တို့အကြား ယမန်နေ့မှ စ၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်။
စစ်အစိုးရ၏ ခမရ ၃၅၅ နှင့် ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူ၏ လက်နက်ကိုင် အဖွဲ့ဖြစ်သော ကေအန်အယ်အေ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်နှင့် ယနေ့နံက်တို့၌ ပြောက်ကျား တိုက်ပွဲများ ဖြစ်နေခဲ့သည်။
ယမန်နေ့တိုက်ပွဲသည် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ အဖလုံ (ပိုးကရင်ရွာ) နှင့် ကိုက် ၂၀၀၀ ခန့်တွင် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် စစ်အစိုးရဘက်မှ တပ်ကြပ်ကြီးတဦး အပါအဝင် နှစ်ဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာ ရသွားကြောင်း တပ်မဟာ ၆ ပြောခွင့်ရသူက ပြောသည်။
“ဒီနေ့နံနက် ၇ နာရီမှာ အဖလုံ အပေါ်ဘက်က မြိုင်သာယာနဲ့ သန်းတင်ကြားမှာ နောက်ထပ် တစ်ပွဲ ထပ်ဖြစ်တယ်။ ထပ်ဖြစ်တော့ ခမရ ၃၅၅ က တယောက်ကျတယ်။ ၂ ယောက် ဒဏ်ရာရတယ်။ ကေအန်အယ်အေ ဘက်ကတော့ ထိခိုက် ဒဏ်ရာရမှု မရှိဘူး။ ဒီနေ့ ထပ်တိုက်တဲ့ ပျောက်ကျား တပ်ဖွဲ့ ကလည်း မနေ့က ၅ ယောက်ပဲ” ဟု ဗိုလ်ကြီးစောထဲနေက မဇ္ဈိမကို ပြောသည်။
တပ်မဟာ ၆ ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ် အတွင်းရှိ ချောင်းဆုံ ကျေးရွာတွင် အခြေချနေသော နအဖတပ်ရင်း ခမရ ၃၅၆ နှင့် အစားထိုးရန် ယမန်နေ့က ဝင်ရောက်လာသည့် အင်အား ၆၀ ပါ ခမရ ၃၅၅ တပ်ဖွဲ့အား ကေအန်အယ်အေ တပ်ရင်း ၁၆၊ တပ်ခွဲ ၂ မှ တပ်ကြပ်ကြီး ထီးဖာ့ ဦးဆောင်သော တပ်သား ၅ ဦးပါ ပျောက်ကျား တပ်ဖွဲ့က ခြုံခို တိုက်ခိုက်ခြင်း ဖြစ်သည်။
တပ်မဟာ ၆ ထဲတွင် ဒူးပလာယာ ခရိုင်တခုသာရှိပြီး ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဝင်းရေး၊ ကျုံဒိုး မြို့နယ်များပါရှိသည်။ ခရိုင် တခုလုံးတွင် နအဖ ဗျူဟာ ၄ ခုချထားပြီး တပ်အင်အား ၁၂၀၀ ကျော်ရှိ ကြောင်း၊ အင်အား ၄၀၀ ခန့်ရှိ ဒီကေဘီအေ ဗျူဟာ ၁ ခုလည်း ချထားကြောင်း သိရသည်။
ယခုလ ၁၈ ရက်နေ့ကလည်း နအဖ ခြေမြန်တပ်ရင်း ၂၈၃ နှင့် ကေအန်အယ်အေ တပ်တို့ ကြာအင်းဆိပ် ကြီးမြို့နယ် အတွင်း၌ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းကြောင့် ဒေသခံအိမ်ထောင်စု ၄ စုမှ မိသားစုဝင် ၁၆ ဦး ထိုင်းမြန်မာ နယ်စပ်ဘက်သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရကြောင်း သိရသည်။
ယခုနှစ် ဇွန်လပိုင်းမှစ၍ ကေအန်အယ်အေ တပ်မဟာ ၇ နယ်မြေ အတွင်း၌ နအဖနှင့် ဒီကေဘီအေ တို့၏ ပူးပေါင်း ထိုးစစ်ဆင်မှုကြောင့် ဘားအံ ခရိုင်အတွင်းရှိ ဒေသခံ စစ်ပြေးဒုက္ခသည် ၄၀၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မဲ့သရီ၊ သလေထာ့၊ အူသူးထ၊ နို့ဘိုး စသည့် ယာယီ စခန်းများတွင် ဒုက္ခသည် အဖြစ် လာရောက် ခိုလှုံကြရသည်။
Ref: မဇ္ဈိမ
နေ့စဉ်သတင်းများ ( ၂၂ - ၉ - ၀၉)
■ အ၀ီစိပန်းတိုင်သို့ အရောက်လှမ်းနေတဲ့ အာဏာသိမ်းစစ်အစိုးရ သတင်း
■ သံဃာတော် (၂၄၀) ထောင်ချခံနေရကြောင်း HRW ပြောကြား သတင်း
■ သာသနာ့ဥသျှောင်အဖွဲ့လှုပ်ရှားမှုနှင့် ပြည်တွင်းသံဃာ့အခြေအနေ သတင်း
■ အရှင်စန္ဒာဓိက ရိုက်နှက်ဒဏ်ကြောင့် ခွဲစိတ်ကုသရမည့် အခြေအနေရောက် သတင်း
■ မြန်မာစစ်ခေါင်းဆောင်တွေကို စပိန်နိုင်ငံမှာ တရားစွဲ သတင်း
■ နတ်မောက်မြို့နယ်က လျှို့ဝှက်မြေအောက်လိုဏ်ခေါင်းစီမံကိန်း သတင်း
■ အရှင်ဂမ္ဘီရ ငှက်ဖျားဝေဒနာ ခံစားနေရဟု ထောင်တွင်းမှ ပေးပို့သော စာတွင် ပါရှိ သတင်း
■ အန်အယ်လ်ဒီခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရပါက ပါတီမူဝါဒများ ဆွေးနွေးမည်ဟု ဦးဝင်းတင် ပြော သတင်း
■ ခေါင်းဆောင်များနှင့် ထပ်မံတွေ့ခွင့်ရရန် NLD တောင်းဆို သတင်း
■ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်မလွတ်သေးဟု ဦးဝင်းတင် ပြောကြား သတင်း
■ လွတ်မြောက်လာသူများက ဆိုးဝါးသော ထောင်တွင်းအခြေအနေများကို ထုတ်ဖော် သတင်း
■ ၈၈ ခေါင်းဆောင် ကိုလှမျိုးနောင် မျက်စိကုသရန် အရေးပေါ်လိုနေ သတင်း
■ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ ကိုကျော်လွင်နှင့် ဆက်သွယ်မေးမြန်းချက် သတင်း
■ စစ်အစိုးရနှင့် SSA-S အပစ်ရပ်မလား သတင်း
■ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အခမ်းအနား ဘင်္ဂလာဒေ့ခ်ျတွင် ပြုလုပ် သတင်း
■ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှစစ်တပ် အသုံးပြုခဲ့သော လေယာဉ်ကွင်းဟောင်းများကို ရှာဖွေစစ်ဆေးမှု များ ပြုလုပ် သတင်း
■ ရခိုင်အနောက်ဘက် နယ်စပ်တလျှောက် ငလျင်လှုပ်ခတ် သတင်း
■ ကရင်ရွာသား ရာနှင့်ချီ၍ ကူးစက်ရောဂါ ဖြစ်ပွား သတင်း
■ ဦးသုဝေနှင့် ဦးဝင်းနိုင် ရှင်းလင်းပွဲ ဂျာနယ်များတွင် ဖော်ပြခွင့်မရ သတင်း
■ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ မှတ်တမ်းအတွက် ဖိတ်ခေါ်ခြင်း သတင်း
■ မေ့လျော့နေသော အလုပ်သမားဝန်ကြီးဌာနကို အသက်သွင်းရန် စစ်အစိုးရ ကြိုးစား သတင်း
■ ဟိုတယ်အမည်ခံ ဇိမ်ခန်းများတွင် နအဖ စစ်အရာရှိများ ပါဝင်ပတ်သက်နေ သတင်း
■ ဆက်သွယ်ရေးဝန်ကြီး ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်း သတင်း
■ ထိုင်းစားသုံးဆီများ မြန်မာဘက်သို့ ပြန်လည်တင်သွင်း သတင်း
■ စီမံချက်ကြောင့် ဓာတ်ပြားဆိုင်များပိတ် သတင်း
■ ဇေယျဝတီ စက်ရုံဝန်ထမ်းများ ခံစားခွင့်မဲ့ အလုပ်ထုတ်ခံရ သတင်း
■ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးရောက်ရှိ သတင်း
■ အာဏာသိမ်းတာ ထိုင်းလူထု ပျော်တယ်လို့ ဗိုလ်ချုပ်ကြီး ဆွန်သီ ပြောဆို သတင်း
■ ဒုက္ခသည် (ဆောင်းပါး)
Tuesday, September 22, 2009
ချီးတုံးကို ကိုယ်းကွယ်သူများ
September 21, 2009
ကိုရီးယားရုပ်ရှင်တွေနိပ်စက်ထားတဲ့အတွက် အအိပ်ပျက် အစားပျက် ဖြစ်နေတဲ့ ပေါတာကြီးဟာ ကျန်းမာရေး ထိခိုက် တော့တာပေါ့။ သူ့ကျန်းမာရေးကို သူစိုးရိမ်လာတယ်။ သူ့ဝမ်းကို သူနေ့တိုင်း စစ်နေတယ် ဆိုတာကို ဆရာဝန်က တဆင့် ကြားတော့ အောင်သောင်း မောင်သောင်း၊ မောင်အေး၊ ရွေမန်း၊ ကျော်ဆန်းနဲ့ ခင်ရီတို့ တသိုက်ဟာ သန်းရွှေအိမ် ကို မိုးလင်းတာနဲ့ မယောင်မလည်နဲ့ ရောက်နေကြတယ်။ ပေါတာကြီးဝမ်းကို အပြိုင်အဆိုင် စစ်ဆေးကြသတဲ့။ သူ့ထက်သူ သာသွားမှာလည်း စိုးကြပုံရတယ်။ အောင်သောင်းက.....
“တပ်ရှုပ်ကြီး ၀မ်းကို ဒီလို ရေအိမ်မှာ မသွားပါနဲ့ ဂန်ဖလားထဲမှာပဲ သွားပါ။ ဆရာဝန်တိုင်း မယုံရဘူး။ ကျနော်လည်း ဘိန္ဓောလေး ဘာလေး နားလည်ပါတယ်။ မနက်တိုင်း ကျနော် စစ်ပေးပါမယ်။ ”
ဒါနဲ့ ပေါတာကြီးလည်း ဂန်ဖလားထဲမှာပဲ ၀မ်းကို သွားလိုက်တယ်။ သန်းရွှေကြီး မစင်ပုံကို အောင်သောင်းက တုတ်တချောင်းနဲ့ ဟိုမွှေ ဒီမွှေ လုပ်နေတယ်။ ဒီအခါ မောင်အေးကလည်း အားကျမခံ- စုံထောက် ရှားလော့ဟုမ်း သဲလွန်စကို လိုက်သလိုမျိုး လေးဖက် ထောက်ပြီး ဂန်ဖလား နား အသေအချာ ကပ်ကြည့်လိုက်တယ်။ ခပ်ပြင်းပြင်း တချက် ရူလိုက်ပြီး -
“အင်း အနံ့ကတော့ မဆိုးဘူးလို့ မှတ်ချက်ချတယ်။” ဒီအခါ ရွှေမန်း ကလည်း ...
“မှန်း ကျနော် ကြည့်ပါရစေ”
ပြီးတော့မရွံ မရှာ ချီးတုံးကို လက်နဲ့ဇတ်ကနဲ ကောက်ကိုင်လိုက်တယ်။ လေးနက်တဲ့အသွင်နဲ့......
“၀မ်းက မဆိုးပါဘူး။ မာသားပဲလို့”
ပေါတာကြီးကို မျက်နာ လုပ်လိုက်တယ်။ သန်းရွှေကြီးလည်း သူတပည့်တွေ သူ့အတွက် ပူနေတာကို ကြည့်ပြီး အားရတော် မူသတဲ့။ သန်းရွှေကြီးက မောင်အေးနဲ့ ရွှေမန်းကို ကြည့်ပြီး ပြုံးတော်မူတော့ အောင်သောင်းဟာ အနေရ ကြပ်သလို ခံစားလာရတယ်။ သူက ငယ်စဉ်က အလွန် နုံချာတယ်ဆိုပဲ။
အိမ်ကြိုအိမ်ကြား ကြီးလာရတယ်။ လူတကာရဲ့ အနှိပ်စက် ခံလာရတဲ့ အတွက် သိမ်ငယ် စိတ်တွေက ရင်ထဲမှာ တသိမ့်သိမ့်နဲ့ လှုပ်ရှား လာသတဲ့။ ဒီကောင်တွေကို မနာလို စိတ်တွေ ဖြစ်လာတယ်။ တပ်ရှုပ်ကြီးကို ဂန်ဖလားမှာ အီးအီးပါဖို့ အကြံပေးခဲ့တာက ဒီကောင်၊ တပ်ရှုပ်ကြီးက ချီးကျူးတော့ သူတို့။ သူရဲ့  မနာလို ၀န်တိုမှုတွေကို မျိုချလိုက်ရင်း-
“ပြစမ်းပါဦး မသိပဲ ရမ်းမပြောကြပါနဲ့ ရွှေအကြောင်း ဖယောင်းသက်သေ မစင်အကြောင်း အောင်သောင်း သက်သေပါခင်ဗျ” လို့ ခနဲ့ တဲ့တဲ့ ရွဲ့ တဲ့တဲ့ ဆိုရင်း ဂန်ဖလားကြီး သူ့ဖက်ကို ဆွဲလိုက်တယ်။ မစင် တတုံးကို ဇတ်ကနဲ ကောက်ပြီး ပါးစပ်ထဲ သွင်းချ လိုက်တော့တယ်။ အားလုံးက “ဟာ” ကနဲ ဖြစ်သွားတယ်။
အဆုံးသို့
ဘဝတပါး(နတ်လူရိသည်)
September 21, 2009
“ဟေ့ကောင်သန်းရွှေ ခုထွက်ခဲ့စမ်း”
“မင်းကိုသတ်ပစ်မယ်...”
“မင်းဆက်ဒမ်ဟူစိန်လိုပဲ သေစေရမယ်....”
အသံတွေကဆူညံနေသည် နှလုံးခုန်သံတွေကလည်း ပေါက်ကွဲထွက်တော့မတတ်။
အိပ်ပျော်သွားမိတိုင်းလည်း အလားတူ အိမ်မက်တွေက လိုက်နှောင့်ယှက် နေသည်မှာ အတော်ပင် ကြာခဲ့ပြီ။ အဆိုးဆုံးကတော့ အိမ်မက်ထဲမှာ ဆက်ဒမ်ဟူစိန် ကိုယ်တိုင် သူ့ဆီလာပြီး စကားပြောခြင်းပင်။
ဆက်ဒမ်က အိမ်မက်ထဲမှာ အဝတ်မပါ။ လည်ပင်းတွင်တော့ သေမိန့်ပေးခံရစဉ် ကတည်းက မချွတ်ရသေးသော ကြိုးကွင်းကြီး တခုသာ ပါသည်။ သူ၏ ပါးစပ်တခြမ်းမှာလည်း သွေးများ ယိုစီးကျနေပြီး မျက်စိနှစ်လုံးမှာလည်း ထိတ်ခန့် ခြောက်ချားဖွယ် အဆမတန် ပြူးထွက် နီရဲနေသည်။
ပြီးတော့ဆက်ဒမ်က သူ့ကို အသံသြသြကြီးနှင့် အော်ခေါ်နေသည်။
“အဆွေတော် သန်းရွှေ ... အဆွေတော်ရဲ့ အလှည့်ရောက်ဖို့လည်း သိပ်မလို တော့ပါဘူးကွာ။ ကျွန်ုပ်တို့ တတွေ ငရဲပြည်ရဲ့ အနက်ဆုံးတနေရာမှာ ပြန်ဆုံကြတာပေါ့”
အဆုံးသို့
ပြည်တွင်းသံဃာတော်များ၏ ဆန္ဒထုတ်ဖော်မှုများ (၂၀၀၉)
■ ကမ္ဘာအေးကုန်းမြေတွင် မြန်မာသံဃာတော်တို့ သပိတ်မှောက်ကံဆောင်ခြင်း ပြုလုပ်ဟုဆို သတင်း
■ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲများ ကျင်းပ သတင်း
■ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့မှ မိန့်ကြား သတင်း
■ သီတင်းကျွတ်လပြည့်နေ့မှာ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ စတင်မယ် သတင်း
■ အသက် (၅၀) ကျော် သံဃာနှစ်ပါးကို ဖမ်းဆီးသွား သတင်း
■ သံဃာတော်လှန်ရေး (၂) နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု သတင်း
■ တတိယအကြိမ် ကံဆောင်ပွဲအတွက် သံဃာများကို စောင့်ကြည့်မှုများရှိနေ သတင်း
■ သံဃာတော် (၃) ပါးကို လက်နက်ရှိသည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးနေ သတင်း
■ ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် ဆရာတော်ကြီးများတွင် တာဝန်ရှိဟု သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက လျှောက်ထား သတင်း
■ သံဃာတော် (၂၄၀) ထောင်ချခံနေရကြောင်း HRW ပြောကြား သတင်း
■ သာသနာ့ဥသျှောင်အဖွဲ့လှုပ်ရှားမှုနှင့် ပြည်တွင်းသံဃာ့အခြေအနေ သတင်း
■ အရှင်ဂမ္ဘီရ ငှက်ဖျားဝေဒနာ ခံစားနေရဟု ထောင်တွင်းမှ ပေးပို့သော စာတွင် ပါရှိ သတင်း
■ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ အထမြောက်စေရမည်ဟု သံဃာ့အဖွဲ့ချုပ်မှ မိန့်ကြား သတင်း
■ ရွှေဝါရောင် (၂) နှစ်ပြည့် ကာလ အဖမ်းအဆီးကြမ်း သတင်း
■ စစ်အစိုးရက သံဃာတော်များကို အနီးကပ် စောင့်ကြည့်နေ (ရုပ်သံသတင်း)
■ စာသင်တိုက်တိုင်း မြန်မာစစ်အစိုးရအား သပိတ်မှောက် ကမ္မဝါစာ ရွတ်ဆိုရန် သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ တိုက်တွန်းနှိုးဆော် သတင်း
■ ဗုဒ္ဓတက္ကသိုလ်စာမေးပွဲများ စစ်တပ်လုံခြုံရေးတင်းကျပ်မှုဖြင့် ဖြေဆိုရ သတင်း
■ ရခိုင်ပြည်နယ်မှာ သံဃာတော်တွေ စောင့်ကြည့်ခံရ သတင်း
■ သံဃာတော်များနှင့် မွန်လူငယ်များက ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်သည့် မီးပုံးပျံလွှတ်ပွဲတော် ပြုလုပ် သတင်း
■ ဓမ္မာစရိယ စာချဆရာတော် စစ်အစိုးရက ဖမ်းဆီး သတင်း
■ ရွှေဝါရောင်နှစ်ပတ်လည်အထိမ်းအမှတ် သတင်း
■ သံဃာများအား ရိုက်နှက်မှုကို ၀န်ချတောင်းပန်ရန် သံဃာတပ်ပေါင်းစု တောင်းဆို သတင်း
■ သံဃာ့အရေးအခင်း အောက်မေ့ဖွယ်အခမ်းအနား အိန္ဒိယမှာ ပြုလုပ် သတင်း
■ ဆီဆွမ်းလောင်းအလှူပွဲတွင် အာဏာပိုင်မှ လုံခြုံရေးတင်းကြပ်ထား သတင်း
■ သံဃာများညီညွတ်ဖို့ စာသင်သားရဟန်းများ တိုက်တွန်းလှုပ်ရှား သတင်း
■ တော်သလင်းလပြည့်နေ့တွင် သံဃာတော်များ ဆန္ဒပြရန် ကြိုးစား သတင်း
■ သံဃာတော်တပါးကို အာဏာပိုင်များက လှည့်ဖြား၍ ဖမ်းဆီး သတင်း
■ စာသင်သံဃာများကို ၀ါတွင်းကာလမှာ နေရပ်ပြန်ကြွခိုင်းမည့် သတင်းများထွက် သတင်း
■ မေတ္တာပို့လမ်းလျှောက်ဖူးတဲ့ သံဃာတော်များ ထိန်းသိမ်းခံနေရ သတင်း
■ သံဃာလှုပ်ရှားမှု မဖြစ်ပေါ်ရန် အာဏာပိုင်များ တင်းကျပ် သတင်း
■ သံဃာတပါးကို အာဏာပိုင်များ ထပ်မံဖမ်းဆီး သတင်း
■ သံဃာများအား ဆက်လက်ဖမ်းဆီးနေ သတင်း
■ သံဃာတော်များအား စောင့်ကြပ်ဖမ်းဆီးမှုများ ပြုလုပ်နေ သတင်း
■ သံဃာ့သပိတ်မှာ ပါဝင်ကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု နှိုးဆော် သတင်း
■ သံဃာတော်များက လျှို့ဝှက်အဖွဲ့များ ဖွဲ့စည်း သတင်း
■ သံဃာတော်များ နိုင်ငံရေးကင်းရှင်းဖို့ သတိပေး သတင်း
■ သံဃာအားလုံး ပေါင်းစည်းညီညွတ်ရန် သံဃာ့တပ်ပေါင်းစု နှိုးဆော် သတင်း

















































BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88