ရော်နီညိမ်း
တနင်္ဂနွေ, 12 ဒီဇင်ဘာ 2010
တပ်မှူးတပ်သား ပြောစကား (၀၃၈)
မြန်မာစစ်အစိုးရမှာ ‘အဏုမြူလက်နက်တွေထုတ်လုပ်မယ့် နျူးကလီးယားစီမံကိန်း’ ရှိနေတယ်ဆိုတဲ့ အထောက်အထား တချို့ကို ယူဆောင်ပြီး၊ ပြည်ပကို ထွက်ခွါလာခဲ့သူကတော့ မြန်မာ့ တပ်မတော်မှာ စစ်အင်ဂျင်နီယာ အရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းပါ။ တပ်မတော် နည်းပညာတက္ကသိုလ် DSTA ဗိုလ်သင်တန်း အပတ်စဉ်(၁) က ကျောင်းဆင်း ခဲ့ပြီးတော့၊ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင်ရာ စက်မှုလက်မှု ဘာသာရပ်နဲ့ မဟာသိပ္ပံဘွဲ့ ရယူခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောကြား ချက်တွေကို ဒီသီတင်းပတ် ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ် တင်ဆက် ထားပါတယ်။
ဦးရော်နီညိမ်း။ ။ ဗိုလ်မှူး စိုင်းသိန်းဝင်းခင်ဗျာ။ နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကို ကျနော်တို့ ကို အရင်ဆုံး ပြောပြပေးပါ ခင်ဗျာ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော် အမှတ်(၁) သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်း ထုတ်လုပ်ရေး အလုပ်ရုံမှာ တာဝန် ထမ်းဆောင်ခဲ့ ပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီ စက်ရုံက ကျနော်တို့ ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) နဲ့ မဆိုင်ဘူး ပေါ့နော်။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကပစ နဲ့ မဆိုင်ပါဘူး။ သူက “တပ်မတော် သိပ္ပံနှင့်နည်းပညာသုတေသန ဌာနချုပ်” ရဲ့ လက်အောက်ခံ တပ် ဖြစ်ပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးတို့ ခေါ်ကြတာ “သသန” ဆိုတဲ့ဟာလား မသိဘူး။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အတိုကောက် သသန လို့ခေါ်ပါတယ်။ ကျနော်တို့ စက်ရုံကိုတော့ အတိုကောက် သနလ(၁) လို့ ခေါ်ပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အရှည်က ဘယ်လိုပါလဲခင်ဗျာ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပစ္စည်း ထုတ်လုပ်ရေး အလုပ်ရုံပါ။
ဦးရော်နီညိမ်း။ ။ သသန က အရာရှိချုပ်လား ဒါမှမဟုတ် ညွှန်ကြားရေးမှူးလား မသိဘူးခင်ဗျ၊ နေပြည်တော် စစ်ရုံးမှာ ထိုင်တာလေ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဌာနချုပ်မှူး လို့ ခေါ်ပါတယ် ခင်ဗျ။ တပ်မတော်သိပ္ပံနှင့်နည်းပညာ သုတေသန ဌာနချုပ်၊ ဌာနချုပ်မှူး ပါခင်ဗျ။
ဦးရော်နီညိမ်း။ ။ Major General post နဲ့ တူတယ်နော်။ ဗိုလ်ချုပ် post နဲ့တူတယ်။
ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ်ခင်ဗျာ Major General ပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒီတော့ ဗိုလ်မှူး မြန်မာနိုင်ငံထဲကနေ ထွက်လာတာကိုတော့ အားလုံးက သိထား ပြီးပြီပေါ့နော်။ ဗိုလ် မှူးပြောတဲ့ ဒီ Al Jazeera နဲ့ ပြီးခဲ့တဲ့ ဇွန်လ တုန်းက လွှင့်ထုတ်ခဲ့တာတွေ၊ ဗိုလ်မှူး ယူလာတဲ့ ပစ္စည်းတွေကို စစ်ဆေးပေးတဲ့ Robert Kelley ၊ IAEA (ကုလသမဂ္ဂ အဖွဲ့အစည်း ဖြစ်တဲ့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ International Atomic Energy Agency) က တာဝန်ရှိလူကြီး ဟောင်း တစ်ယောက်ဖြစ်ခဲ့တဲ့ Mr. Kelley ရဲ့ပြောပြချက် တွေနဲ့ ပတ်သက်ပြီးတော့ မြန်မာ နိုင်ငံထဲမှာ မြန်မာ စစ်အစိုးရဟာ အနုမြူဗုံး အနုမြူလက် နက်အထိ ထုတ်လုပ်ဖို့ ကြံစည်နေတယ် ဆိုတဲ့ အထောက် အထားတွေကို ဗိုလ်မှူး ရနိုင်သလောက် ယူလာခဲ့တယ်လို့ ကျနော်တို့က နားလည်သ ဘောပေါက် ထားပါတယ်။ အဲဒါတွေကိုလည်း ဒီ Robert Kelley နဲ့ စစ်ဆေးပြီးတော့ ကမ္ဘာက သိအောင် ထုတ်ဖော်ပြောကြား ပြသတယ်ပေါ့ နော်။ အခု ဗိုလ်မှူးနဲ့ ပတ်သက်ပြီးတော့ ဒီဇင်ဘာလ(၆)ရက်နေ့က မြန်မာ သတင်းစာထဲမှာ ပါပြီးတော့၊ အမေရိကားက PBS (Public Broadcasting Service) အသံလွှင့်ဌာန နဲ့ သြစတြီးယား (Austria) က ProPublica မဂ္ဂဇင်းတွေကနေ ရေးသားကြတဲ့ ကိစ္စမှာ၊ ဗိုလ်မှူးရဲ့ ပြောကြားချက် တွေကို ထပ်ဆင့်ပြီးတော့ Robert Kelley ရဲ့ ထောက်ခံချက်တွေကို သူတို့က ပယ်ချပြီး ပြောပါတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ အသေးစိပ် မသွားခင်မှာ ဗိုလ်မှူးအနေနဲ့ ခြုံငုံပြီးတော့ ဘာများ ပြန်ပြောချင်ပါသလဲ ခင်ဗျာ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ရှေ့နေကောင်းလို့ရှိရင် ဘယ်အမှုပဲဖြစ်ဖြစ် ကွင်းလုံးကျွတ် လွတ်မယ် ဆိုတဲ့ ပုံစံမျိုးတော့ မရှိပါဘူးခင်ဗျ။ အခု သူတို့ PBS ၊ ProPublica ကနေပြီး ပြန်ချေပတာ ကတော့ ချေပတာပေါ့။ ဒါပေမယ့် ဒီအဖြစ်မှန်ကို သိတာက ကျနော် တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားလူတွေ ရာနဲ့ ထောင်နဲ့ ချီပြီးရှိပါတယ်။ နောက်ထပ် လူသက်သေ၊ ပစ္စည်းသက်သေ ထွက်လာဖို့ ရှိပါတယ်။ အခု ProPublica ကနေပြီးတော့ ဒါကို မှားတယ် လို့၊ သူတို့ က “Robert Kelley မှားတယ်၊ ကျနော်မှားတယ်” ဆိုပြီးတော့ ပြောထားတဲ့ ဥစ္စာလေး တွေကတော့၊ သူတို့ အနေနဲ့ ကောက်ချက်ချတာ စောတယ်လို့ပဲ ကျနော်ကတော့ သုံးသပ်ပါတယ်။
ဦးရော်နီညိမ်း။ ။ နောက်တစ်ခုက ကျနော်တို့က စဉ်းစားရတာပေါ့လေ၊ ဆိုလိုတာက Robert Kelley နဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းတို့ ပြောဆို ထားချက်တွေကို ဟုတ်မဟုတ် စစ်ဆေးဖို့ ဆိုပြီးတော့ IAEA မှာ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေလည်း ပါတယ်လို့ ဆိုတယ်။ နောက် တခါ ဗိုလ်မှူးယူလာတဲ့ ဓါတ်ပုံထဲမှာပါတဲ့ စက်ကြီးတွေနဲ့ ပတ်သက်ပြီးတော့ “ဒါဟာ အနုမြူဗုံး လက်နက် စီမံကိန်းမှာ သုံးတာ မဟုတ်ဘူး။ ဂျာမန် အစိုးရပိုင်းကလည်း သူတို့ ဒီစက်တွေကို စစ်ဆေးပြီးသားပါ” ဆိုတဲ့ ဟာမျိုး ပြောသွားတာတွေ ရှိတယ်ပေါ့နော်။ ဆိုတော့၊ အဲဒါတွေကကော အဲဒီမှာ ပြောတဲ့ ပုဂ္ဂိုလ်ပေါ့နော်၊ သူလည်းပဲ အရင်တုန်းက IAEA ရဲ့ ဒု ညွှန်ကြားရေးမှူးဟောင်း ဖြစ်ခဲ့ဖူးတဲ့ Olli Heinonen ရဲ့ပြောဆိုချက်၊ သူတို့ရဲ့ဆောင်းပါးနဲ့ ပတ်သက်ပြီးတော့ specifically ပေါ့နော် ကျနော် ပြန်ပြီး မေးကြည့်ချင်ပါတယ်။ အဲဒီစက်နဲ့ ပတ်သက်ပြီးတော့ ဗိုလ်မှူး ဘာ ပြောချင်ပါသလဲ ခင်ဗျ။ ဒီစက်ကြီး ရောက်လာတဲ့ အချိန်မှာ ဒီစက်ကြီးကို run လုပ်တာတို့ စစ်ဆေးတာတို့ကို ဗိုလ်မှူးနဲ့ အတူ ပါရှိနေတဲ့ဟာကိုပါ ကျနော်တို့ ဒီ Al Jazeera ရုပ်မြင် သံကြားမှာ မြင်ခဲ့ရတယ်လေ။
(Al Jazeera ရုပ်မြင်သံကြား။ ။ Myanmar's Military Ambitions
http://english.aljazeera.net/programmes/general/2010/05/201053110470990951.html)
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ CNC စက်တွေပါခင်ဗျ၊ အတိုကောက် ပြောမယ် ဆိုရင်တော့။ Computerized Numerical Control (ကွန်ပျူတာ ကိန်းဂဏန်းများဖြင့် ထိန်းချုပ်သည့် တွင်ခုံစက်တစ်မျိုး)။ အဲဒီစက်တွေက Turning & Milling တွင်ခုံ (ကွန်ပျူတာဖြင့် တွင်ခုံလုပ် ငန်း ပြုလုပ်ခြင်း) အမျိုးအစားတွေပါပဲ။ အဓိက သူ အားသာတာ ကတော့ designတွေကို၊ ကွန်ပျူတာထဲမှာ graphic designတွေကို အရင်ဆုံး ပုံစံ model တွေကို တည်ဆောက်ပြီးတော့ အဲဒီအပေါ်မှာ မူတည်ပြီး program ဆွဲ၊ ဆွဲပြီး ရလာတဲ့ program တွေကို စက်မှာ ပြန်ပြီး ခိုင်းစေ လို့ရတယ်ပေါ့။ အဲဒီသဘောမျိုးပါ၊ အဲဒီစက်တွေက အဓိက ကတော့ ဘယ်လို ပစ္စည်းမျိုးကိုမဆို ပေါ့ နော်။ လုပ်နိုင်တဲ့ စက်တွေပါပဲ။ ဒါတွေက နျူကလီးယားဗုံး လုပ်မယ့် စက်တွေ rocket လုပ်မယ့်စက်တွေလို့ သွားပြောလို့တော့ မရဘူးပေါ့ဗျာ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဆိုလိုတာက ထုတ်လုပ်ချင်တဲ့ ပစ္စည်းမျိုးကို ဘယ်ပစ္စည်းမျိုး ထုတ်လုပ်မယ် ဆိုတာ အရင်ဆုံး design ဆွဲ ပေးတဲ့နေရာမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးတော့ အထောက်အကူ ပေးတဲ့ စက်ပစ္စည်းမျိုး သဘောပါလား ခင်ဗျာ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ကျနော်တို့ ဒါ Machine Shop (စက်ပစ္စည်း အလုပ်ရုံ) ဆိုတော့ ဒီ စက်ရုံကနေ ထွက်တဲ့ ပစ္စည်းတွေဟာ ကား အစိပ်အပိုင်းတွေလည်း ဖြစ်နိုင်တယ်။ ကားအ စိပ်အပိုင်း ဖြစ်သွားမယ် ဆိုရင်လည်း ကားပစ္စည်း ထုတ်လုပ်ရေး စက်ရုံပေါ့။ မီးရထားနဲ့ဆိုင်တဲ့ ပစ္စည်းတွေ ထုတ်မယ် ဆိုလည်း ဒါ မီးရထား စက်ပစ္စည်းဆိုင်ရာ ပစ္စည်း ထုတ်လုပ်ရေး စက်ရုံပေါ့။ ကျနော်တို့က rocket အတွက် သုံးမယ်ဆိုရင်လည်း rocket အတွက် ပစ္စည်းတွေကို ထုတ်လုပ်ပေးတဲ့ စက်တွေလို့ပဲ ကျနော်တို့ အကြမ်းဖျဉ်းပြောလို့ ရမှာပေါ့။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးက ရုရှ နိုင်ငံမှာ သင်ယူလာခဲ့တာက rocket နဲ့ ပတ်သက်တာ ဒုံးကျည်ပေါ့ နော်၊ အခု ပြောနေတဲ့ အတိုင်းဆိုရင်။
ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒီ ဒုံးကျည်ပညာနဲ့ပတ်သက်လို့ရှိရင် အခုသူတို့ ပြောနေတဲ့ ဂျာမနီက ၀ယ်ယူလိုက်တဲ့ စက်ကြီးဟာ ဒုံးကျည် rocketနဲ့ ပတ်သက်ဖို့ရာအကြောင်း မြင်ပါသလား။ ဗိုလ်မှူးရဲ့ သင်ကြား တတ်မြောက်လာတဲ့ ပညာ အရရော၊ ကိုယ်ကိုယ် တိုင်လုပ်နေရတဲ့ အတွေ့ အကြုံအရရော၊ အဲဒီအချိန်တုန်းက။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ အဓိကရည်မှန်းချက်ကတော့ ဒီ rocket engine ရဲ့ အစိပ်အပိုင်းတွေကို ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း စက်သာ အပြည့်အ၀ ရလာခဲ့မယ်ဆိုရင်၊ ကျနော်တို့ လုပ်ချင်တဲ့ အစိပ်အပိုင်းကို အပြည့်အ၀ လုပ်နိုင်မှာပေါ့။ အခုဟာက ကျနော်တို့ ၀ယ်လာတဲ့စက်တွေမှာ control ပိုင်းဆိုင်ရာ တစ်ချို့ module တွေကို ဖြုတ်ချထားတာရှိတယ်။ (modular = မတူညီတဲ့ ယူနစ် များစွာနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတစ်ခု။ module = modular ထဲက ယူနစ်တစ်ခု။ အစိပ်အပိုင်းများစွာပါဝင်တဲ့ ပစ္စည်းတစ်ခုထဲက အစိပ်အပိုင်း ပါ။ ဥပမာ modular က ‘အိမ်’ ဆိုလျှင်၊ ဧည့်ခန်းဟာ အိမ်ထဲက module တစ်ခု)။ ဒီ ဂျာမန်ကုမ္ပဏီ ကနေပြီးတော့ sanction (အနောက်နိုင်ငံ များ၏ မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်မှု) ကြောင့်မို့လို့ ပိတ်ထားတဲ့ အစိပ်အပိုင်းတွေပေါ့ဗျာ။ အဲဒီ အစိပ်အပိုင်း၊ အထူး special အစိပ်အပိုင်းတွေကို သူတို့က ထည့်မပေးလိုက်ဘူး။ အဲဒီ control unit တွေကိုပေါ့။ အဲဒါ တွေကိုလည်း ကျနော် တခါက သူတို့ရဲ့ technician ကို ကျနော်မေးကြည့်တယ်။ 5 axis control ကို ဘာလို့ မရောင်း တာလဲလို့ မေးတော့ အဲဒီ စင်္ကာပူ technician က ဘာပြော သလဲဆိုတော့၊ “မင်းတို့ အောင်ဆန်းစုကြည်ကို လွှတ်ပေးမှ ရောင်းမယ်” တဲ့။ အဲဒီလိုမျိုး ကျနော်တို့ ကိုပြောလိုက်တာတော့၊ တခါ ကြားလိုက်ပါ တယ်။ (5 axis control = 5 axis CNC machines တွေရဲ့ control ပိုင်းများ။ မျက်နှာပြင် (၅) ခုမှာ ရွေ့လျှားနိုင်တဲ့ 5 axis CNC machines မှာ၊ ပုံမှန် machine တွေထက် axis နှစ်ခု အပို ပါဝင်သည်။ ဥပမာ X axis - ဘယ် နှင့် ညာ ၊ Y axis - အရှေ့ နှင့် အနောက်၊ Z axis - အပေါ် နှင့် အောက်၊ A axis - horizontal plane မှာ နာရီလက်တံ နှင့် နာရီလက်တံ ပြောင်းပြန် လည်ခြင်း၊ B axis - vertical plane မှာ နာရီလက်တံနှင့် နာရီလက်တံ ပြောင်းပြန်လည်ခြင်း တို့ဖြစ်ပါတယ်။)
ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒါက ကားတွေဝယ်လို့ရှိရင် basic အခြေခံပါရမယ့် ပစ္စည်းတွေနဲ့ ရောင်းတာက တစ်ဈေး၊ ပြီးတော့ ကား ထဲမှာ ဒီလိုမျိုး ဟောင်းလောင်းအပေါက်ကလေးတွေ အများကြီးပဲ၊ ကိုယ်က နောက်ထပ်တစ်ခု option ဟိုဟာ ထပ်ထည့်ချင်တယ် ဒီဟာ ထပ် ထည့်ချင်တယ် ဆိုရင်၊ အဲဒီအခါကျမှ ထပ်ပြီးထည့်လို့ရအောင် fixလုပ်လို့ရအောင် လုပ်ထားတဲ့ နေရာလေးတွေ ရှိတယ်။ အဲဒီတော့ အဲဒီစက်မှာ လည်း ဗိုလ်မှူးပြောတဲ့အတိုင်းဆို ဒီသဘောမျိုးပဲပေါ့။ ခုနပြောတဲ့ နောက်တဆင့်၊ ဒုံးကျည်ထုတ်လုပ်တဲ့အဆင့်ထိ လုပ်ရမယ့်နေရာမျိုး ထည့်မယ် ဆိုရင်လည်း၊ အဲဒီ ဟာမျိုး အဲဒီ program မျိုး ထည့်မယ်ဆိုရင်လည်း၊ အဲဒီ program မျိုး ထည့်ဖို့အတွက် ကျနော်တို့ အရပ်စကားနဲ့ ပြောမယ် ဆို နေရာလပ်တွေတော့ ချန်ထားတဲ့ စက်မျိုးပေါ့။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ အဲဒီ သဘောပါပဲ။ ဟုတ်ကဲ့။
ဦးရော်နီညိမ်း။ ။ ခုနက စင်္ကာပူက agent ကတဆင့် ပြောလိုက်တာက “မင်းတို့ဆီက ဒေါ်အောင်ဆန်းစုကြည် ကို မင်းတို့ စစ်အစိုးရက လွှတ်ပေးမှ တို့က ရောင်းမှာပေါ့ကွ” ဆိုတဲ့ သဘောမျိုးပြောတာက၊ ဒါကတော့ သူက informalပေါ့နော်၊ အလွတ်သဘော ပြောတာနဲ့ တူပါတယ်။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ်။ informal သဘောမျိုးပါပဲ။ သူကလည်း ဒီလောက် အဆုံးအဖြတ် ပေးနိုင်တဲ့ လူရယ်လို့ မဟုတ်ပါ ဘူး။ သူက openly ပြောတတ်တဲ့ လူတစ်ယောက်မို့လို့၊ ဒါကို နားလည်အောင် သူက တိုတိုနဲ့ လိုရင်း ရှင်းပြပေး လိုက်တာပေါ့။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူး ၊ အဲဒီတော့ ကျနော်တို့ ဒီစက်ကိုပြောရင်းနဲ့ ပြန်ကောက်ရအောင်။ ဗိုလ်မှူးရဲ့ တာဝန်နဲ့ အဲဒီ ဗိုလ်မှူးလုပ် ခဲ့တဲ့ စက်ရုံရဲ့တာဝန်။ အဲဒီတော့ ဗိုလ်မှူးက အဲဒီစက်ရုံကို ရောက်သွားတဲ့ အဓိက တာဝန်ပေး အပ်ချက်က ဘာလဲ ခင်ဗျ။ ကျနော်တို့ စစ်ရုံးက၊ သသန က၊ ဗိုလ်မှူးကို ခေါ်ပြီးတော့ အဲဒီနေရာကို posting ပေးလိုက်တဲ့အခါမှာ ဘယ်လို အမိန့်ပေးလိုက်လဲ ခင်ဗျ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော်တို့စက်ရုံရဲ့ အဓိကရည်မှန်းချက်တွေက ဒီ ‘သပိတ်ကျင်း သိပ္ပံနှင့် နည်းပညာတပ်’ က လိုအပ်တဲ့ စက်ပစ္စည်း ကိရိယာ အစိပ်အပိုင်းတွေကို ထုတ်လုပ် ပေးဖို့ အတွက်၊ ဒီစက်ရုံတွေကို တည်ထားတာပါ။ ဒီ ‘သပိတ်ကျင်းတပ်’ က ပစ္စည်းတွေက တော့ ပြည်ပမှာ ၀ယ်လို့ မရနိုင်ဘူး။ ကိုယ့်ပြည်တွင်းမှာ ကိုယ့်ဘာသာ ထုတ်လုပ်နိုင်မှဖြစ်မယ်၊ ပြည်တွင်းမှာ ကိုယ့်ဘာသာ ထုတ်လုပ်နိုင်အောင်၊ အမှီအခို ကင်းမဲ့စွာ ထုတ်လုပ်နိုင်အောင်၊ ဆိုပြီးတော့ ဒီစက်ရုံတွေကို တည်ထားတာပါ။ ကျနော်တို့ကို အဲဒီမှာ တာဝန်ချလိုက်တဲ့အချိန်ကလည်း ‘သပိတ်ကျင်းတပ်’ ရဲ့ လိုအပ်တဲ့ ပစ္စည်းအစိပ်အပိုင်းတွေကို အချိန်မှီ ထုတ်လုပ်ပေးဖို့၊ အရည်အသွေးမှီမှီ ထုတ်လုပ်ပေးဖို့၊ လျှို့ဝှက်ချက်တွေကို လည်း ထိန်းနိုင်ဖို့ပေါ့။ အဲဒီလိုမျိုး မှာလိုက်တာတွေ ရှိပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ‘သပိတ်ကျင်းတပ်ရင်း’က အပြင်မှာ အရပ်ထဲမှာ ပြောပြောနေတဲ့ ‘နျူကလီးယား တပ်ရင်း’ ဆိုတာပေါ့။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ အဲဒီနားက ကျေးရွာတွေတ၀ိုက် မြို့တွေရွာတွေကတော့ သပိတ်ကျင်းက တပ်ကို အရပ် စကားနဲ့ အလွယ်ပဲ ‘နျူကလီးယား တပ်ရင်း’လို့ ပြောနေကြတာပေါ့။ အဲဒီတော့ ဗိုလ်မှူးရဲ့အဆင့်နဲ့ တကယ့်‘သသန’ ရဲ့ ရည်ရွယ်ချက်၊ ‘သသန’ ရဲ့ အရာရှိ ချုပ်တို့ နောက် သူ့အပေါ်၊ အထက်က ရှိတဲ့ ကကကြည်း (ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံး)တို့ ဘာတို့က ပါ၊ တကယ့် ရည်ရွယ်ချက်က ဒီ ‘သသန’ က ဘာလုပ်ဖို့လဲ၊ ဗိုလ်မှူးတို့ တရားဝင် သိထားတာရော တရားမ၀င်ပေမယ့် ကိုယ်ကတော့ နားလည်နေတယ်၊ ကိုယ် ဘာလုပ်ရမလဲ ဆိုတာ။ အဲဒီသဘောမျိုး ကျနော်တို့ကို နည်းနည်းရှင်းပြလို့ ရမလား။ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ဟာ တကယ်တမ်း ဘာလုပ် ချင်တာလဲ၊ ဒီ ‘သသန’ တို့ ဘာတို့နဲ့။
ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့၊ တပ်မတော်အတွက် လိုအပ်တဲ့ လက်နက်ပစ္စည်းတွေကို သုတေသန လုပ်ဖို့ အတွက် research center (သုတေသနဌာနကြီး)ကို ထောင်လိုက်တာပါ။ အဲဒီမှာ ဌာနတွေ ရှိပါတယ်။ ဌာနနံမည်တွေ ကြားလိုက်လို့ရှိရင်၊ ဒါ ပိုပြီးတော့နားလည် သွားပါလိမ့်မယ်။ ဥပမာ၊ ဌာနတစ်ခုဆိုရင် “မဟာဗျူဟာမြောက် လက်နက်ကြီးများ သုတေသနဌာန (ကြည်း-ရေ-လေ)” ဆိုပြီးတော့ ဖွဲ့ထားတာ ရှိတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဌာနနံမည်ကိုက အစ၊ မဟာဗျူဟာမြောက်လက်နက်ကြီး (ကြည်း-ရေ-လေ) ဌာနလို့ တပ်ထားတော့၊ ဒီ မဟာ ဗျူဟာမြောက် လက်နက် မြန်မာစစ်တပ်က ပြောဆို သတ်မှတ်တာဟာ၊ အခု အမေရိကန်နဲ့ ရုရှ ပြန်ပြီး ချုပ်ဖို့လုပ်နေတဲ့ START (Strategic Arms Reduction Treaty - မဟာဗျူဟာမြောက် လက်နက်ကြီးများ လျှော့ချရေးစာချုပ်) လိုဟာမျိုးလား။ ဒုံကျည်တွေနဲ့ ဒုံးကျည်ပစ်စင် အရေ အတွက်တွေနဲ့၊ တကယ့်ကို တတိုင်းပြည်လုံး ပြာကျသွားနိုင်တဲ့ ဒီလိုမျိုး လက်နက်တွေအထိ၊ ဒီလိုမျိုး ထိပ်ဖူးတွေအထိ၊ ထုတ်ဖို့ အထိ ရည်ရွယ် ထားတဲ့ ဌာနပါလား ခင်ဗျ။ ဗိုလ်မှူးရဲ့ အတွေ့အကြုံအရ ဘယ်လောက်ထိ သိရှိထားပါသလဲ။
ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဆိုလိုတာက ‘မဟာဗျူဟာမြောက် လက်နက်ကြီးများ သုတေသနဌာန’ တပ်မတော် (ကြည်း) အတွက်၊ တပ်မ တော်(ရေ) အတွက်၊ တပ်မတော်(လေ) အတွက်၊ ဆိုပြီးတော့ အဲဒီလိုမျိုး ခွဲထားတဲ့ ဌာနပါ။ အဲဒီမှာ မဟာဗျူဟာမြောက် လက်နက်တွေထဲမှာ rocket ပါတယ်။ နျူကလီးယားပါတယ်။ နောက် ဌာနတစ်ခုဆိုရင် main frame computer တည်ဆောက်ဖို့ပေါ့။ အဲဒီလို research ဌာနတွေ ကိုပါ ထည့်ပြီးတော့ ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ ကျနော့်ရဲ့အတွေ့အကြုံ ဆိုလို့ရှိရင်တော့၊ ကျနော်တို့ ရုရှကို သွားကတည်းကိုက ကျနော်တို့ သင်ရတဲ့ ဘာသာရပ်တွေက၊ rocket နဲ့ ဆိုင်တဲ့ ဘာသာရပ်တွေ nuclear reactor တည်ဆောက်မှုနဲ့ ဆိုင်တဲ့ ဘာသာရပ်တွေချည့်ပဲ တက်ရပါ တယ်။ ကျောင်းတော့ ကွဲသွားတာပေါ့။ ဒါပေမယ့် တက်ရတဲ့ subject တွေက အတူတူပဲ။ ဥပမာ ကျနော် Bauman (Bauman Moscow State Technical University) တက္ကသိုလ်မှာ ကျနော်က rocket engine design နဲ့ တက်တယ်။ ပြီးတော့ အဲဒီ Bauman တက္ကသိုလ်မှာ ပဲ၊ တချို့ကျောင်းသားတွေက ဒုံးပျံနည်းပညာကို တက်တယ်။ တချို့က nuclear reactor engineering ကိုတက်တယ်။ အဲဒီ တချိန်တည်းမှာ ပဲ Russia Chemical University (D. Mendeleyev University of Chemical Technology of Russia – MUCTR ဟုလည်းခေါ် သည်။ ၁၈၆၉ မှာ Periodic Tableကို တီထွင်သူ ရုရှသိပံ္ပပညာရှင် Dmitri Mendeleyev ကို ဂုဏ်ပြုတည်ထောင်ထားသော တက္ကသိုလ်) ကျနော့်သူငယ်ချင်း တချို့ကကျတော့ ဒုံးပျံလောင်စာနဲ့ ပတ်သက်တဲ့ subject တွေ သင်နေရတယ်။ ကျနော်တို့က mechanical engineer ဖြစ်တဲ့အတွက် rocket ဘာသာရပ် တက်ရတယ်။ nuclear ဘာသာရပ် တက်ရတယ်။ Chemical Engineering နဲ့ ဘွဲ့ရထားတဲ့ သူငယ်ချင်း တွေကျတော့၊ ဒုံးပျံလောင်စာတို့ nuclear နဲ့ ပတ်သက်တာတွေ လေ့လာရပါတယ်။
ဦးရော်နီညိမ်း။ ။ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် (၁) က ကျောင်းဆင်း ခဲ့ပြီးတော့ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင်ရာ စက်မှုလက်မှု ဘာသာရပ်နဲ့ မဟာသိပ္ပံဘွဲ့ ရယူခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောကြား ချက်တွေကို ရှေ့သီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ ဆက်ပြီးတော့ တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။
Ref: VOA News
Thursday, December 16, 2010
မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၁)
Wednesday, December 15, 2010
နေ့စဉ်သတင်းများ ( ၁၄ - ၁၂ - ၂၀၁၀ )
■ ကမ္ဘာ့ငြိမ်းချမ်းရေးလူငယ်များ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အခမ်းအနားကျင်းပ သတင်း
■ ပြည်တွင်းမီဒီယာများ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်း ဖော်ပြရန် စီစဉ် သတင်း
■ နအဖနှင့် ဒီကေဘီအေကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ သတင်း
■ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကနဲလေးရွာသားတဦး ဒဏ်ရာရရှိ သတင်း
■ စစ်တပ်က မီးရှို့မည်ဆို၍ ရွာခံများ တိမ်းရှောင်ရ သတင်း
■ တူမီးသေနတ်များ အပ်နှံရန် လားရှိုးတိုင်းမှူး ညွှန်ကြား သတင်း
■ တာ့ပင်းဂိတ် ပြန်ဖွင့်နိုးနိုး သတင်းကြောင့် ကျိုင်းတုံကုန်ကားအသိုင်းအ၀ိုင်း ရင်မောစွာ စောင့်ဆိုင်း သတင်း
■ တရုတ်ပြည် လုံကျဲန်းဆည်ကြောင့် ရွှေလီမြစ်တလျှောက်ရှိ ပြည်သူများ ဒုက္ခတွေ့ သတင်း
■ လောင်ဂျန်း ရေကာတာကြောင့် လူ (၁) သောင်း (၆) ထောင် ဝင်ငွေကျဆင်း သတင်း
■ လယ်သိမ်းသည့် ဇေကမ္ဘာ ဦးခင်ရွှေကို ဗိုလ်ချုပ်မှူးကြီးထံ တိုင်မည် သတင်း
■ စွမ်းအင်ဝန်ကြီး မူစယ်ပုဂ္ဂလိက ဓာတ်ဆီဆိုင်များ စစ်ဆေး သတင်း
■ စစ်အစိုးရအသံ မြဝတီ FM လွှင့်မည် သတင်း
■ ဗီယက်နမ် မြန်မာကုန်သွယ်မှု မြင့်တက် သတင်း
■ ဒီဇင်ဘာ (၁၄) ရက် နောက်ဆုံးရ သတင်းတိုများ သတင်း
■ အဆုံးအဖြတ်ပေးနိုင်သည့် အင်အားရှိဖို့ လိုပါသည် (ဆောင်းပါး)
■ ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့ (၃) (ဆောင်းပါး-နိဂုံး)
■ အားမနွဲ့ကြသူများ (ဆောင်းပါး)
■ ဆာတီဖီကိတ် (၂၅) ခုနဲ့ လူ (ဆောင်းပါး)
■ ကွန်ယက်ဖွဲ့ရာစုနှစ်မှ ၀ီကီလိခ်စ်ရဲ့ ပါဝါ (ဆောင်းပါး)
■ ကျနော်မှတ်မိသမျှ ဦးသန့် ဈာပန (အောက်မေ့ဖွယ်)
Tuesday, December 14, 2010
ဒုံးပျံများ တပ်ဆင်ရာနှင့် မြေအောက်လိုဏ်ခေါင်းများ တည်ဆောက်ရာ
| Reference ID | Created | Released | Classification | Origin |
| 04RANGOON1100 | 2004-08-27 08:08 | 2010-12-09 21:09 | SECRET | Embassy Rangoon |
This record is a partial extract of the original cable. The full text of the original cable is not available.
Friday, 27 August 2004, 08:08
S E C R E T SECTION 01 OF 02 RANGOON 001100
SIPDIS
EO 12958 DECL: 08/26/2014
TAGS PARM, PINR, PREL, KNNP, BM, KN
SUBJECT: ALLEGED NORTH KOREAN INVOLVEMENT IN MISSILE ASSEMBLY AND UNDERGROUND FACILITY CONSTRUCTION IN BURMA
Classified By: CDA, A.I. RON MCMULLEN FOR REASON 1.5 (A/C).
အကြောင်းအရာ။ ။ ဒုံးပျံများ တပ်ဆင်ရာနှင့် မြေအောက်လိုဏ်ခေါင်းများ တည်ဆောက်ရာတွင် မြောက်ကိုရီးယားများ ပါဝင်နေသည်ဟု စွပ်စွဲမှုများ ထွက်နေခြင်း။ လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ CDA, A.I. ရွန် မက်မူလန် (RON MCMULLEN) အကြောင်းပြချက် 1.5 (A/C).
၁။ (S) အကျဉ်းချုပ်။ xxxxxxxx ၏ သတင်းပေးပို့ချက်အရ မြောက်ကိုရီးယားလုပ်သားများသည် မြေပြင်မှ ဝေဟင်ပစ် "SAM" ဆမ်ဒုံးကျည်များ တပ်ဆင်ပေးနေကြောင်းနှင့် ရန်ကုန်မြို့ အနောက်မြောက်ဖက် (NNW) ၃၁၅ မိုင် အကွာခန့် မကွေးတိုင်းတွင်းရှိ မြန်မာစစ်စခန်းတခုတွင် မြေအောက် အအောက်အဦး တခု တည်ဆောက်ပေးနေသည်ဟု သိရသည်။ ၎င်းစိတ်မချမ်းမြေ့ဖွယ်သတင်းပို့ချက်ကို အတိအကျမှန်ကန် သည်ဟု မယူဆသင့်ပေ။ သို့သော် ၎င်းသတင်းကို xxxxxxx မှဆင့် ပေးပို့လာသော တခြားသတင်း အချက် အလက်များမှတဆင့် မျက်ခြေမပြတ်စောင့်ကြည့်ရမည်။ (အကျဉ်းချုပ်ပြီး။)
၂။ (S) XXXXXXXXX
၃။ (S) XXXXXXXXX မြောက်ကိုရီးယား ၃ဝဝ ခန့် မကွေးတိုင်း မင်းဘူးမြို့ အနောက်ဖက် ရခိုင်ရိုးမတောင်ခြေရှိ လျှို့ဝှက်ဆောက်လုပ်ရေးစခန်းတခုတွင် အလုပ်လုပ်ကိုင်နေသည်။ (ယူဆချက်။ ၎င်းဆောက်လုပ်ရေးစခန်းတွင် မြောက်ကိုရီးယားများစွာ အလုပ်လုပ်နေသည်ဟူသော သတင်း အပေါ် မိမိတို့အနေဖြင့် အလွန်အမင်းအံ့အားသင့်ရသည်။ (ယူဆချက်ပြီး)) XXXXXXX က မြောက်ကိုရီးယားများကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြောင်း၊ ထိုသူများ ဆောက်လုပ်ရေးစခန်းပြင်ပသို့ ထွက်ခွင့်မရသကဲ့သို့ ၎င်းနှင့် တခြား"အပြင်လူများ" လည်း အတွင်းသို့ ဝင်ခွင့်မရကြောင်း အခိုင်အမာ ပြောဆိုသည်။ XXXXX က သူသည် အဆိုပါ ဒေသအတွင်း အလုပ်လုပ်နေသည့် တရုတ်လူမျိုးများနှင့် မြောက်ကိုရီးယားများကို တိတိကျကျ ခွဲခြားသိနိုင်သည်ဟု ယုံကြည်သည်။ အဆိုပါ လျှို့ဝှက်ဖုံးကွယ်ထားသော ဒေသ၏ မြေပုံညွှန်းအတိအကျကို မသိရှိရသေးသော်လည်း ယင်း နေရာသည် N 20,00, 94,25 E အကြားတည်ရှိနိုင်သည်ဟု ပြောဆိုနေကြ သည်။
၎။ (S) မည်သည့်နိုင်ငံမှ ရောက်လာသည်မသိနိုင်သော "SAM ဒုံးကျည်များ" ကို မြောက်ကိုရီးယားများက တပ်ဆင် ပေးနေသည် ဆိုသည်။ XXXXXXX မြန်မာ ဝန်ထမ်းများအကူအညီဖြင့် မြောက်ကိုရီးယားများသည် "လိုဏ်ခေါင်းထိပ်မှ တောင်ကုန်းထိပ်ထိ ပေ ၅ဝဝ" အမြင့်ရှိသော အင်္ဂတေမြေအောက် အဆောက်အဦး တခု တည်ဆောက်နေသည်။ မြောက်ကိုရီးယားများသည် မြေတူးထားသော မြေအောက် အဆောက်အဦး အတွင်းသို့ "အင်္ဂတေများမှုတ်သွင်း" နေသည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
၅။ (S) XXXXXXXXX သည် အဆိုပါ ဆောက်လုပ်ရေးစခန်းအနီးစခန်းချမည့် မြန်မာစစ်တပ်တပ်ရင်း အရင်း ၂ဝ အတွက် အဆောက်အဦးများဆောက်လုပ်ရာတွင် ပါဝင်နေသည်။ ၎င်းတပ်ရင်းများအနက် တပ်ရင်း၂ ရင်း သည် ခြေလျင်တပ်များဖြစ်ပြီး တခြား ၁၈ ရင်းက အမြောက်တပ်များဖြစ်ကြောင်း အဆိုပါ သတင်းက ပြောဆိုသည်။
၆။ XXXXXXXXX
၇။ (S) ယူဆက်ချက်။ မကွေးတိုင်းအတွင်း စစ်ဘက်ဆိုင်ရာတည်ဆောက်မှုများနှင့် ဒုံးကျည်တပ်ဆင်မှု များတွင် မြောက် ကိုရီးယားများ ပါဝင် နေသည်ဟူသော XXXXXX ၏ ထပ်ဆင့် ပြောဆိုချက်ကို ရန်ကုန် သံရုံးနှင့် တခြား သတင်း အရင်းအမြစ်များက နည်းလမ်း မျိုးစုံဖြင့် ပေးပို့သော သတင်းအချက်အလက်များနှင့် တိုက်ဆိုင်ကြည့်သည်။ တဖန် ၃ဝဝ ဟူသော ကိန်းဂဏန်းသည် မိမိတို့ ခန့်မှန်းထားသည့် မြန်မာ နိုင်ငံတွင် ရှိနိုင်သော မြောက်ကိုရီးယားဦးရေထက် လွန်စွာမြင့်မားနေသည်။ XXXXXX က ၎င်းကိုယ်တိုင် မြောက်ကိုရီးယား တချို့ကို မည်သို့မည်ပုံ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပါသည်ဟူသော အချက်ကလည်း ရှင်းရှင်း လင်းလင်း မရှိသေးပေ။ XXXXXX ထံသို့ပေးပို့လာသော အသေးစိတ်အများစုသည် တခြားသီးခြား သတင်းရင်းမြစ်များမှ ပေးပို့လာသော အချက်အလက်များနှင့် တူညီသည်။
၈။ (S) ယူဆချက် ဆက်လက် တင်ပြခြင်း။ မိမိတို့ အနေဖြင့် သော်လည်းကောင်း ကြေးနန်းစာ ဖတ်သူ အနေဖြင့် သော်လည်းကောင်း ယခု တင်ပြချက် တခုတည်းဖြင့် မြန်မာနိုင်ငံ အတွင်း မြောက်ကိုရီးယား စစ်ဘက်၏ ပါဝင် ပတ်သက်မှု ပမာဏကို အတိအကျ (ဝါ) တထစ်ချ ကောက်ချက်ချ မယုံကြည်သင့်ပေ။ XXXXXX ၏ ပြောဆိုချက်တွင် အနုမြူလက်နက် (ဝါ) ယင်းနှင့်ပတ်သက်သော နည်းပညာ သို့မဟုတ် မြေပြင်မှ မြေပြင်ပစ်ဒုံးကျည်၊ ပဲ့ထိန်းဒုံးကျည်များ သို့မဟုတ် အလားတူ လက်နက်များ ရှိသည်ဟူ၍ မပါရှိပေ။ XXXXXXX သို့သော် မြန်မာနှင့် မြောက်ကိုရီးယားများ တစုံတခုခု (လျှို့ဝှက်စစ်ရေး (သို့မဟုတ်) စစ် လက်နက်ပစ္စည်းထုတ်လုပ်မှု တခုခု) လုပ်နေသည်ဟူ၍ ပေးပို့လာသော တခြားသတင်းအရင်း အမြစ်များအနက် ယခုသတင်းပေးပို့ချက်ကို အကောင်းဆုံး အချက်အလက်တခုဟု သတ်မှတ်ကောင်း သတ်မှတ်နိုင်သည်။ မည်သည့်အရာဆိုသည်နှင့် မည်မျှအတိုင်းအတာ ရှိသည်ဆိုသည်ကိုတော့ ဆုံးဖြတ်ရန် ကျန်သေးသည်။ ၎င်းဖြစ်ထွန်းမှုများနှင့်ပတ်သက်၍ မျက်ခြေမပြတ် ဆက်လက် စောင့်ကြည့်နေမည်ဖြစ်ပြီး လိုအပ်ချက်နှင့်အညီ အစီရင်ခံစာများ ပေးပို့သွားမည်ဖြစ်သည်။
မက်မူလန်
Ref: မဇ္ဈိမ
ရောထွေးသတ္တု
| Reference ID | Created | Released | Classification | Origin |
| 07RANGOON105 | 2007-01-30 10:10 | 2010-12-09 21:09 | SECRET | Embassy Rangoon |
VZCZCXRO2269
OO RUEHCHI RUEHDT RUEHHM RUEHNH
DE RUEHGO #0105 0301023
ZNY SSSSS ZZH
O 301023Z JAN 07
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 5661
INFO RUCNASE/ASEAN MEMBER COLLECTIVE PRIORITY
RUEHBJ/AMEMBASSY BEIJING PRIORITY 1313
RUEHBY/AMEMBASSY CANBERRA PRIORITY 0143
RUEHUL/AMEMBASSY SEOUL PRIORITY 7241
RUEHKO/AMEMBASSY TOKYO PRIORITY 4815
RUEKJCS/JOINT STAFF WASHDC PRIORITY
RHHMUNA/CDR USPACOM HONOLULU HI PRIORITY
RHEHNSC/NSC WASHDC PRIORITY
RUEKJCS/SECDEF WASHDC PRIORITY
Tuesday, 30 January 2007, 10:23
S E C R E T RANGOON 000105
SIPDIS
SIPDIS
STATE FOR EAP/MLS, EAP/RSP
EO 12958 DECL: 01/11/2017
TAGS PARM, PREL, ETTC, MNUC, BM, CH
SUBJECT: BURMA XXXXXXXXXXXX REPORT SENSITIVE SHIPMENT
Classified By: Econoff TLManlowe for Reasons 1.4 (b) and (d)
အကြောင်းအရာ။ ။ မြန်မာနိုင်ငံ XXXXXXXXXXXX အစီရင်ခံစာ။ မသင်္ကာဖွယ် ပို့ဆောင်မှု
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ စီးပွားရေး အရာရှိ TLManlowe အကြောင်းပြချက် 1.4 (b) and (d)
၁။ (S) အကျဉ်းချုပ်။ ။ သံရုံး၏ အဆက်အသွယ်များ XXXXXXXXXXXX က မိမိတို့ထံ သတင်းဖလှယ်ရာ တွင် XXXXXXXXXXXX မှတ်တမ်းများအရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စင်္ကာပူမှတဆင့် "ရောထွေးသတ္တု " (mixed ore) ၁၁၂ မက်ထရစ်တန်ကို ဇန်နဝါရီလ ၂၅ ရက်က ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။ XXXXXXXXXXXX က မှတ်ချက်ပြုရာတွင် အာဏာပိုင်များက ဤသင်္ဘောပို့ဆောင်မှုကို အလွန်သတိကြီးစွာ ကိုင်တွယ်ပြီး ယူရေနီယံများ ပါဝင်နိုင်သည်ဟု သံသယဖြစ်ရသည်။ ဤပြောဆိုချက်ကို ထောက်ခံသည့် တိုက်ရိုက်သက်သေ အထောက်အထားများ မိမိတို့ အဆက်အသွယ်တွင် မရှိပါ။ အကျဉ်းချုပ်-ဆုံး။
၂။ (S) XXXXXXXXXXXX က သံရုံးအရာရှိကို ပြောပြရာ၌ XXXXXXXXXXXX က သူ့ကို သတင်းပေးပြော ကြားသည်မှာ ဇန်နဝါရီလ ၂၅ ရက်က ပို့ဆောင်ခဲ့သည့် သတ္တုပစ္စည်းများကို ကိုင်တွယ်ရာတွင် အာဏာကိုင်များ၏ ပြုမူပုံနှင့် ပတ်သက်၍ သူတို့သင်္ကာမကင်းရှိသည်။ XXXXXXXXXXXX ၏ အဆိုအရ ပုံမှန်ထက် လုံခြုံရေး တင်းကျပ်ထားပြီး စောင့်ကြပ်မှု ပိုမြင့်သည်။ အာဏာပိုင်များက ပစ္စည်းများ ရွေ့လျားမှုနှင့် ပတ်သက်၍ လည်းကောင်း၊ ဆိပ်ကမ်းတွင်း အခြားလှုပ်ရှားမှုများနှင့် ပတ်သက်၍လည်းကောင်း အထူး အလေးပေး စောင့်ကြည့်ခဲ့ကြသည်။ XXXXXXXXXXXX က ပြောဆိုရာတွင် သတ္တုများကို အချောင်း (ဘလောက်) သဏ္ဌာန်ဖြင့် ပို့ဆောင်ရိုးထုံးစံရှိသော်လည်း အိပ်များတွင်း ဖြည့်သွင်းထားသည့် ပို့ဆောင်ပစ္စည်းများမှာ မြေသားနှင့် ရွှံ့များသဖွယ် ဖြစ်နေသည်။ ဤရောနှောသတ္တုများမှာ မော်ချီးမှလာပြီး ယူရေနီယံ ထွက်ရာဒေသဟုလည်း သူတို့က ပြောဆိုကြသည်။ XXXXXXXXXXXX က ပြောဆိုရာတွင် တရုတ်နိုင်ငံ ဖန်ချန်း (Fang Chen) သို့ ပို့မည်ဖြစ်ပြီး သင်္ဘောလိုင်း (Advance Container Lines) မှာလည်း ပုံမှန်သတ္တုများ ပို့ဆောင်နေကျလိုင်း မဟုတ်ပါ။ အစိုးရပိုင် မြန်မာ ကြယ်ငါးပွင့် သင်္ဘောလိုင်းမှတဆင့် အခြားဆိပ်ကမ်းများသို့ ပုံမှန် ပို့နေကျ ဖြစ်ကြောင်း သူတို့ ပြောဆိုကြသည်။ ပို့ဆောင်သူ မြန်မာ ပတ္တမြားလုပ်ငန်း (Myanmar Ruby Enterprise) မှာ သတ္တုတွင်းဝန်ကြီး ဌာနမှ ၃ဝ% အစုရှယ်ယာပိုင်သည့် ကုမ္ပဏီ ဖြစ်သည်။ XXXXXXXXXXXX
၃။ (S) မိမိတို့ မြင်တွေ့ရသော မှတ်တမ်းများတွင် အဓိကပါဝင်သည့် အချက်အလက်များမှာ သယ်ဆောင် သည့်ယာဉ် Carrier: Advance Container Lines Co., Ltd. ပို့ဆောင်သူ (Shipper): Myanmar Ruby Enterprise (လိပ်စာ) Address: အမှတ် ၂၄/၂၆ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။ ရန်ကုန်မှ ပို့ဆောင်ခြင်းဖြစ်ပြီး ၂ဝဝ၇ ဇန်နဝါရီလ ၂၅ ရက်တွင် ယာဉ် (Vessel): Kota Teraju ဖြင့် စင်္ကာပူမှတဆင့် ဦးတည်ရာ (Destination): တရုတ်နိုင်ငံ၊ ဖန်ချန်းဆိပ်ကမ်း (Fang Chen) သို့ ပို့ဆောင်မည် ဖြစ်သည်။ ထုတ်ယူမည့်သူမှာ Discharge: Fang Chen, Guang Xi, China Consignee: Yunnan Minmetals Trading Co., Ltd. Address: F/8 No. (408) Beijing Road, Kuming, PR China ဖြစ်သည်။ ပို့ဆောင်မှု (Shipment) တွင် အိတ် ၃ဝ၈ဝ ပါ ကုန်သေတ္တာ ၆-လုံး (စုစုပေါင်း မက်ထရစ် တန် ၁၁၂. ဝဝ၄၉) (112.0049 net metric tons) ပါရှိသည်။ မော်ချီးမှ သတ္တုရိုင်းများ ရောနှော (သံ၊ တန်စတင်၊ ရှီးလိုက် ရောနှောများ) (tin, tungsten, scheelite mixed concentrate) ပါဝင်သည်။ တန်ဖိုး 534,263.37 euros ယူရိုငွေဟု ဖော်ပြထားသည်။
၎။ (S) ဤ ပို့ဆောင်မှုနှင့် ပတ်သက်၍ မိမိတို့တွင် အခြားသတင်း အချက်အလက်များ မရှိပါ။ ထို့အပြင် မှတ် တမ်းများ ယုံကြည်ရမှုအပေါ်တွင်လည်း မပြောနိုင်ပါ။ ရရှိထားသော ဤမှတ်တမ်းများကို စိတ်ဝင်စားသူများ ထံ ဆက်လက် ပေးပို့ရန် အသင့်ရှိပါသည်။
ဗယ်လာရိုဆာ
Ref: မဇ္ဈိမ
ရွေးကောက်ပွဲလွန် အတွေးအခေါ် ရေးထိုးစစ် တခုလေလား
သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀
ရွေးကောက်ပွဲကို သူတို့လုပ်ချင်တိုင်း လုပ်လိုက်လို့ရပြီဆိုတော့ နအဖ စစ်အစိုးရ အင်မတန် လက်မထောင်မှာ သေချာပါတယ်။ ဒါပေမဲ့ အခုအထိတော့ သတိကြီးကြီးနဲ့ စာရင်း ကြေညာတာလောက်ပဲ တွေ့နေရ ပါသေးတယ်။ ပြည်တွင်းပြည်ပ တုန့်ပြန်မှုတွေကို နားစွင့်ရင်း တလှမ်းချင်း လှမ်းနေတယ်လို့ ယူဆစရာ ရှိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကာလ တဝိုက်မှာ ငြိမ်နေခဲ့တဲ့ သူတို့ရဲ့ အဓိက သဘောတရား ဆရာကြီးများ ကတော့ အခုအခါမှာ အကြီးအကျယ် လက်မထောင်ပြီးခုန်ထွက် လာကြတာ တွေ့ရပါတယ်။
သူတို့ရေးတာဟာ နအဖထုတ်တဲ့ စာနယ်ဇင်းတွေထဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုသူတို့ရေးတာ တွေဟာ မြန်မာ့အလင်း အပါအဝင် နအဖရဲ့ တရားဝင် စာနယ်ဇင်းတွေ ထဲမှာရေးတဲ့ အယူအဆ တွေနဲ့ တထပ်တည်းလိုလို ပါပဲ။ သူတို့က ပညာရှင်ဟန် ပိုပေါက်တာပဲ ကွာပါတယ်။ နအဖနေရာက နေကြည့်ရင် သူတို့ရေးတာတွေဟာ မြန်မာ့ အလင်းထဲက ဆောင်းပါးတွေထက် အကျိုးပြုတဲ့ ဆောင်းပါးတွေ ဖြစ်နေပါတယ်။
ဒီလိုနဲ့ဒီတလော ဖြစ်စဉ်တွေ၊ ဥပမာ ကြံ့ဖွတ်ကနေ “သူတို့ကို ထောက်ခံတဲ့ လူထုကြီးကို ကျေးဇူးတင်ရှိကြောင်း” ထုတ်ပြန်တာ၊ ရွေးကောက်ပွဲ ရလဒ်ဆိုတာတွေကို စာရင်းချုပ်ပြတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ထုတ်ပြန်ချက်၊ နောက်ပြီး အခုပြောခဲ့တဲ့ ဆောင်းပါးတွေ။ စက်ရုံ တခုထဲကနေ အစီအစဉ်တကျ အစီအရီ ထွက်လာသလား အောက်မေ့ရပါတယ်။ နအဖ ချိုသွေးနေပါတယ်။ အဲဒီအတွက် သဘောတရား နယ်ပယ်မှာ ခတ်ကွင်း ရှင်းပေးနေကြတာပါ။
သူတို့ရေးတာတွေကို အလွယ်ဆုံး ချုပ်ကြည့်လိုက်ရင် နအဖ လုပ်သမျှကို မဆန့်ကျင်ရေး ဖြစ်ပါတယ်။ တတ်နိုင်တဲ့ သွယ်ဝိုက်တဲ့ နည်းနဲ့ နအဖ လုပ်တာ မှန်ကြောင်း ပြောရပါတယ်။ နောက်ပြီး တပ်မတော်ရဲ့ အခန်းဆိုတာကို အထူးပြု မျဉ်းသား ပြရပါတယ်။ ဒိနောက်တော့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြတ်ပြတ်သားသား တွယ်ပြရပါတယ်။ အမျိုးသားရင် ကြားစေ့ရေး၊ အမျိုးသား သင့်မြတ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေး စတဲ့ စကားလုံးတွေကို တခွန်းတပါဒမှ၊ တခါမျှ ယောင်လို့တောင် မဟဖူးတဲ့ နအဖ စစ်ဗိုလ်တွေကိုတော့ ခြောက်ပြစ်ကင်း သဲလဲစင်လို ဖော်ပြကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသား သင့်မြတ်ရေးလို့ ပြောတာကိုတော့ ရိုးသားရဲ့လားလို့ မေးခွန်း ထုတ်ပါတယ်။
သူတို့ပြောလေ့ရှိတဲ့နောက်တချက်ကတော့ အတိုက်အခံမကလို့ ဘာကြီးဖြစ် နေနေ နအဖ သတ်မှတ် ပေးထားတဲ့ ဘောင်ထဲမှာ နအဖ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လုပ်ကိုင်လှုပ်ရှားဖို့ ပြောတာပါပဲ။ ရွေးကောက်ပွဲ ပြီးသွားတဲ့ အတွက် ပွဲကပြတ်သွားပြီ၊ ပြီးသွားပြီ ၂ဝဝ၈ ဖွဲ့စည်းပုံ ဘောင်ထဲမှာ ၂ဝ၁ဝရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာခံထားရ သူတွေပြောတဲ့အတိုင်း လိုက်နာ၊ အဲဒီက ပေါ်လာမယ့် အစိုးရကိုသစ္စာရှိ။ ဘာမှ လျှာမရှည်နဲ့လို့ ဆိုနေတာပါ။ ဒါကို ဒီခေတ် အနောက်တိုင်းက နိုင်ငံရေး ဂုရုတွေ သုံးတဲ့ ဝေါဟာရ အသုံးအနှုန်းတွေနဲ့ ရောသမမွှေပြီး ပြောလာတာပါ။ “ဂိမ်း စည်းမျဉ်းနှင့်အညီ ကစားရမည်”လို့ အမိန့်ပေးပါတယ်။ သူတို့တတွေ အဲဒီလို စည်းကမ်းတွေနဲ့အညီ နအဖကို ခစားနေကြတာ အားလုံးသိပါတယ်။ ဒါပေမဲ့ ပြည်သူလူထုဟာ စစ်အာဏာရှင်တွေ သတ်မှတ်ထားတဲ့ ဘောင်စည်းကမ်း တွေကို ဘယ်တုန်းကမှ အသိအမှတ် မပြုပါဘူး။
ဒီနေရာမှာ ဒီသဘောတရား ဆရာတွေချင်း တူညီတဲ့နောက် အရေးကြီး အချက်တချက်ကို ထောက်ပြဖို့ လိုပါတယ်။ အဲဒါကတော့ တက်ကြွ လှုပ်ရှားသူ/ ရက်ဒီကယ်လို့ သူတို့က ခေါ်တဲ့ စစ်အာဏာရှင်ကို တက်တက်ကြွကြွ ဆန့်ကျင်သူတွေကို အဓိက ပစ်မှတ်၊ အဓိက တရားခံ၊ အဓိက ချိုးနှိမ်ရမယ့် လူတွေလို့ သတ်မှတ်ပြီး စစ်အာဏာရှင်တွေ (လက်ရှိရော-လာမယ့်ရော) ကို မီးမောင်းထိုးပြ၊ လက်ထောက် ချတာပါပဲ။ တကယ်က သူတို့ရဲ့အကြံဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အတိုက်အခံတွေကို အကြီးဆုံး ပုဒ်မနဲ့ ကြိုးစင် ပို့ချင်ကြတာပါ။ တဦးကဆိုရင် လွတ်လပ်ရေးဒီဘက် ဗမာပြည်ကို ဖျက်ဆီးခဲ့တာဟာ အဲဒီရယ်ဒီကယ် အတွေးအခေါ်ကြောင့် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ သူပြောတဲ့အတိုင်းဆိုရင် သမိုင်းမှာရှိခဲ့တဲ့ ဖိနှိပ်သူနဲ့ ပြန်တွန်းလှန်သူ အထဲမှာ ဖိနှိပ်သူတွေက မှန်ပြီး ပြန်တွန်းလှန်ဖို့ လုပ်သူတိုင်း မှားတာ ဖြစ်နေပါတယ်။ သတိထားရမှာက သူတို့ဟာ အတိတ်တုန်းက ပြီးခဲ့တာကိုတင် ပြောတာ မဟုတ်ပါဘူး။ လက်ရှိဖြစ်နေတာ၊ မကြာမီ ဖြစ်လာတော့မှာနဲ့ နောင်ဖြစ်လာမယ့် အခြေအနေတွေ အတွက်ပါ ပြောသွားတာ ဖြစ်ပါတယ်။
ဒီနေရာမှာဆွေးနွေးဖို့ ကောင်းတာဟာ နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးဘောင်၊ နိုင်ငံရေးဂွင်ဆိုတာ တခုထဲ ရှိသလားဆိုတဲ့ အချက်ပါ။ အာဏာရ အုပ်စိုးသူတွေ သတ်မှတ်ထားတဲ့ ဘောင်-ဂွင်ဆိုတာတွေ အပြင် တခြား မရှိတော့ဘူးလား။ မှန်ပါတယ်။ အာဏာရနေသူတွေ၊ အထူးသဖြင့် ဖိနှိပ်သူတဲ့ အုပ်စိုးသူတွေ၊ အာဏာရှင်တွေဟာ (စစ်ပွဲမှာ သတ်ကွင်း ပြင်ထားသလို) သူတို့နဲ့ မတူသူတွေကို သူတို့ သတ်မှတ်ထားတဲ့ ဘောင်ထဲမှာ၊ သူတို့မျက်စိအောက်မှာပဲ လှုပ်ရှား လုပ်ကိုင်စေချင်ကြတာ ဖြစ်ပါတယ်။ နအဖ စစ်ဗိုလ်ချုပ် တွေဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတို့ကို ဒီရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တာ ဖြစ်သလို အထက်မှာ ပြောခဲ့တဲ့ ဗမာ့ ဂုရုများကလဲ ဒါကြောင့် အတော်စောစော ကထဲကပဲ နောင်ကျရင် ဒီဂွင်ထဲမှာပဲ လုပ်ကိုင်ကြ၊ စည်းမကျော်ကြနဲ့လို့ မယ်ဘော်ကကဲ ပြောခဲ့၊ ရေးခဲ့ကြတာပါ။
နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးလုပ်စရာဂွင်ဟာ အုပ်စိုးသူတွေက သတ်မှတ်ထားတဲ့ ဂွင်တခုထဲသာ ရှိတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ အလားတူပဲ နိုင်ငံရေး လုပ်တယ်ဆိုတာဟာလဲ လူတချို့ပြောတဲ့အတိုင်း လုပ်တာကမှ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ နိုင်ငံ့အရေး၊ ပြည်သူ့အရေးကို လုပ်ဖို့အတွက် ရေရှည်မျှော်မှန်းချက်နဲ့ လုပ်ငန်းမှန်သမျှဟာ နိုင်ငံရေးဖြစ် ပါတယ်။ အထူးသဖြင့် အာဏာရှင်တွေရဲ့ လက်အောက်မှာ လှုပ်ရှားရ သူတွေအဖို့ ဂွင်တွေ၊ နည်းနာတွေဟာ အမျိုးမျိုး အဖုံဖုံ ဖြစ်မှာပါပဲ။ ဒါကို ဗမာပြည် ပြည်သူတွေနဲ့
နိုင်ငံရေး လုပ်သူတွေဟာ ရာစုနှစ်တဝက် အာဏာရှင် လက်အောက်ဘဝ အတွေ့အကြုံအရ ခါးသီးစွာ နားလည် တတ်မြောက် ထားပြီးသား ဖြစ်ပါတယ်၊ နိုင်ငံရေး အဖွဲ့အစည်း တခုအနေနဲ့ လူထုကိုအောင် အောင်မြင်မြင် ရှေ့ဆောင်ဖို့ဆိုရင် ရပ်တည်ချက် ကြံ့ခိုင် ပြတ်သားဖို့ သာမက ကိုယ့်အတွက် အကျိုးရှိမယ့် ဂွင်တွေ၊ နည်း နာတွေ ဖော်တတ်ဖို့လဲ လိုပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ဖော်ထုတ် ဖြတ်သန်းလာတဲ့ ဗမာပြည် ပြည်သူတွေမှာ ဒါတွေနဲ့ပတ်သက်လို့ အတွေ့အကြုံတွေ အများကြီးရှိတယ်၊ လုပ်တတ် ကိုင်တတ်တယ်ဆိုတာ နအဖ ဗိုလ်ချုပ်တွေ သိပါတယ်။ ဒါကြောင့်မို့ သူတို့ကြောက်တဲ့ အဲဒီ လုပ်နည်းမျိုးတွေ မလုပ်အောင် အမျိုးမျိုး လှည့်ပတ် ပြောနေကြတာ ဖြစ်ပါတယ်။
နောက်တချက် မဖြစ်မနေ ပြောရမယ့်အချက်က တက်ကြွ လှုပ်ရှားသူ/ ရက်ဒီကယ်နည်း တွေနဲ့ လုပ်လို့ မရတော့ဘူး၊ အဲဒီခေတ် မဟုတ်တော့ဘူး ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ တည့်တည့် ပြောရင် နအဖကို အံမတုကြနဲ့ ဆိုတာပါ။ ဗမာပြည် မှာရော၊ ကမ္ဘာမှာပါ တက်ကြွ လှုပ်ရှားတာတွေ မလုပ်ပဲနဲ့ အောင်မြင်ခဲ့တဲ့ အမျိုးသား လွတ်လပ်ရေး၊ စစ်အာဏာရှင်စနစ် ဖယ်ရှားရေး အရေးတော်ပုံ ရယ်လို့ ဘယ်တုန်းက ဘယ်မှာများ ရှိခဲ့ဖူးပါသလဲ။ ဗမာပြည်ကို လွတ်လပ်ရေး ပေးတာဟာ ဗြိတိသျှ အစိုးရ အနေနဲ့ ဗမာပြည်ကို အုပ်ချုပ်ရတာ ကြာပြီဖြစ်လို့ စိတ်ငြီးငွေ့ပြီး ဗိုလ်ချုပ်အောင်ဆန်းကို အာဏာလွှဲပေးတာ မဟုတ်ပါဘူး။ မတတ်သာ၊ မလွှဲသာလို့ ပေးတာပါ။ သူတို့ အဲဒီလို မတတ်သာ၊ မလွှဲသာ ဖြစ်လာအောင် ဘယ်သူတွေက လုပ်တာလဲ။ ဗမာပြည် ပြည်သူတွေက လုပ်တာပါ။ ဗမာပြည် ပြည်သူတွေက ဘယ်လိုလုပ်တာလဲ။ ဗြိတိသျှ အင်ပါယာကြီးက သတ်မှတ်တဲ့ ဂိမ်းစည်းကမ်းများ အတိုင်း လုပ်တာလား။ တက်ကြွ လှုပ်ရှားသူ/ ရက်ဒီကယ်တွေရဲ့ နည်းတွေကို သူတို့အသုံး မပြုခဲ့ကြဘူးလား။ ဒီနေ့ စစ်အာဏာရှင်တွေ ဖိနှိပ်ပုံ၊ ဒီမိုကရေစီကို ချုပ်ချယ်ပုံတွေဟာ ဗြိတိသျှ အစိုးရထက် သက်သာတယ်၊ တော်သေးတယ် လို့ ပြောနိုင်ပါသလား။
မှန်ပါတယ်။ အဲဒီလိုတက်တက်ကြွကြွနဲ့ ဆန့်ကျင် လှုပ်ရှားတာ တွေ့တိုင်း အောင်မြင်မှု ရချင်မှရမှာပါ။ စကားအဖြစ် ပြောရင် အောင်တာထက် ရှုံးနိမ့်တာက ပိုများတယ် လို့တောင် ပြောရင် ရပါတယ်။ အမှန်က နောက်ဆုံးပိတ် အောင်ပွဲတခါရဖို့ အတွက် ကျဆုံးမှုတွေ အရင်းအနှီး ပေးရတာဟာ ဓမ္မတာပါ။ မအောင်မြင်သေးတာနဲ့ အကုန်မှားတယ် ဆိုတာကတော့ ပျဉ်ဖိုး နားလည်သွားသူတွေရဲ့ စဉ်းစားနည်းနဲ့ ပြောကြားနည်းသာ ဖြစ်ပါလိမ့်မယ်။ သူတို့ပြောသလို ဆိုရင် ဆရာစံဟာ ရူးမိုက်လှသူ တဦးသာ ဖြစ်နေပါတယ်။
နအဖရွေးကောက်ပွဲရဲ့ ပြောင်ကျလှတဲ့ ညစ်ပတ်မှုကြောင့် တပြည်လုံး မကျေမနပ် ဖြစ်နေချိန်၊ ရွေးကောက်ပွဲ ဝင်မိ သူတွေတောင်မှ ခြေလှမ်း ပြောင်းနေချိန်မှာ အခုလို စကားတွေ ပြောလာတာဟာ နအဖကို ကာကွယ်တာ၊ အလုပ်အကျွးပြုတာ ကလွဲလို့ ဘာဖြစ်အုံးမှာလဲ။
အာဏာရှင်တွေကို အောက်ကျို့မိရင် တသက်လုံး အောက်ကျို့နေရတတ်တယ် ဆိုတာ မမေ့သင့်ပါဘူး။ အဲဒီလို သာဓကတွေ ဗမာပြည်မှာ မနည်းဘူးဆိုတာ ဗမာပြည်သားတွေ ကောင်းကောင်း သိပါတယ်။
Ref: မဇ္ဈိမ
တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် သည်းညည်းခံနိုင်စိတ် ကုန်လာခြင်း
| Reference ID | Created | Released | Classification | Origin |
| 08RANGOON44 | 2008-01-18 10:10 | 2010-12-09 21:09 | CONFIDENTIAL | Embassy Rangoon |
VZCZCXRO5943
PP RUEHCHI RUEHDT RUEHHM RUEHNH
DE RUEHGO #0044/01 0181034
ZNY CCCCC ZZH
P 181034Z JAN 08
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC PRIORITY 7059
INFO RUCNASE/ASEAN MEMBER COLLECTIVE
RUEHGG/UN SECURITY COUNCIL COLLECTIVE
RUEHBY/AMEMBASSY CANBERRA 0842
RUEHNE/AMEMBASSY NEW DELHI 4402
RUEHUL/AMEMBASSY SEOUL 7933
RUEHKO/AMEMBASSY TOKYO 5494
RHEHNSC/NSC WASHDC
RHHMUNA/CDR USPACOM HONOLULU HI
RUCNDT/USMISSION USUN NEW YORK 1282
RUEKJCS/SECDEF WASHDC
RUEKJCS/JOINT STAFF WASHDC
Friday, 18 January 2008, 10:34
C O N F I D E N T I A L SECTION 01 OF 03 RANGOON 000044
SIPDIS
SIPDIS
DEPT FOR P, EAP/MLS AND IO
PACOM FOR FPA
EO 12958 DECL: 01/16/2018
TAGS PGOV, PREL, BM
SUBJECT: CHINESE LOSING PATIENCE WITH BURMA
Classified By: CDA Shari Villarosa for Reasons 1.4 (b) & (d)
အကြောင်းအရာ။ ။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် သည်းညည်းခံနိုင်စိတ် ကုန်လာခြင်း။
လျှို့ဝှက် မှတ်တမ်းဖြည့်သွင်းသူ။ ။ ယာယီသံရုံး တာဝန်ခံ ရှီလာ ဗယ်လာရိုဆာ၊ အကြောင်းပြချက် 1.4 (b) & (d)
၁။ (ဂ) အနှစ်ချုပ်။
သံရုံး ယာယီတာဝန်ခံက တရုတ်နိုင်ငံ သံအမတ်ကြီးကို ဇန်နဝါရီ ၁၇ ရက်က နေ့လယ်စာ ဖိတ်ပါသည်။ (မြန်မာနိုင်ငံတွင်) နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုများ ကင်းမဲ့နေခြင်းနှင့် စစ်ဗိုလ်ချုပ်များကို နိုင်ငံအားလုံးက တသံတည်းဖြင့် စတင် စကားပြော လာစေရန် တိုက်တွန်းရန်၊ လေးဖင့်နေမှုများ အဆုံးသတ်ရန် ကိစ္စ ဆွေးနွေးခဲ့ပါသည်။ တရုတ် သံအမတ်က မြန်မာ စစ်အစိုးရကို ကာကွယ် ပြောဆိုရန် မကြိုးပမ်းတော့ပါ။ စစ်ဗိုလ်ချုပ်များက ဆိုးနေသည့် အခြေအနေကို ပိုဆိုးစေရန် လုပ်ဆောင်နေကြောင်း အသိအမှတ်ပြု ပြောသည်။ တရုတ်နိုင်ငံ၏ အခွင့် အလမ်းများကိုသုံး၍ အပြောင်းအလဲများ ဖြစ်ပေါ်လာရန် တိုက်တွန်းခဲ့သော်လည်း မြင်သာသည့် ရလဒ်များစွာ မရခဲ့ပါ။ သို့သော်လည်း မိမိတို့နှင့်အတူ ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေး လုပ်ဆောင်ရန် စိတ်ဝင်စားမှု ရှိပါသေးသည်။ သံအမတ်ကြီးက အာဏာနှင့် စီးပွားရေး အကျိုးအမြတ်များ ဆုံးရှုံးသွားမည်ကို စိုးရိမ်နေမှုက စစ်ဗိုလ်ချုပ်များကို တွေ့ဆုံဆွေးနွေးပွဲ စကားဝိုင်းနှင့် ဝေးနေစေသည်ဟု ဆိုသည်။ အကျဉ်းချုပ်-ဆုံး။
တရုတ်က စိတ်ပျက်နေခြင်း
--------------
၂။ (ဂ) သံအမတ်ကြီး ဂွမ် မူ (Guan Mu) က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ တိုးတက်မှု မရှိခြင်းအပေါ် စစ်အစိုးရကို ကာကွယ်ရန် မကြိုးပမ်းတော့ပါ။ ပြီးခဲ့သည့် နိုဝင်ဘာက တွေ့ဆုံဆွေးနွေးမှုများ မည်သည့် အတွက်ကြောင့် ရပ်ဆိုင်း သွားရသည်ကို မသိကြောင်း သူ ဝန်ခံပါသည်။ ထိပ်တန်း ခေါင်းဆောင်ပိုင်းက ပြင်ပကမ္ဘာသို့ သူတို့ တံခါးဖွင့်ရမည်ကို နားလည်သည်ဟု သူက ဖြည့်စွက်ပြောသည်။ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ သတင်းများ အထက်သို့ မရောက်ကြောင်း လည်းဆိုသည်။ သံဃာများ နိုင်ငံရေးတွင် ပါဝင် ပတ်သက်သည်မှာ ဗုဒ္ဓဘာသာ မဆန်လှကြောင်း ပြောသော်လည်း ဂွမ်က သံဃာများ ပါဝင်လာရခြင်းမှာ မြန်မာနိုင်ငံ အခြေအနေ ဆိုးနေ၍ ဖြစ်ကြောင်း သဘောတူညီသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တာဝန်ပေး ခန့်ထားသည့် ဆက်သွယ်ရေး အရာရှိက ၂-လ ကြာပြီးမှ လွန်ခဲ့သည့် အပတ်က တွေ့ဆုံကြောင်း ထောက်ပြပြောဆိုပြီး ကွာဟမှု "သိပ်ကြာနေကြောင်း" ဝန်ခံပြောဆိုသည်။ တာဝန်ခံက ထောက်ပြရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရှေ့ဆက်ရမည့် ခရီးတွင် တကယ့် အဟန့်အတား ဖြစ်နေကြောင်း ပြောသည်။ သံအမတ်ကြီးက ဗိုလ်ချုပ်သန်းရွှေ အနေဖြင့် လာမည့်နှစ်များတွင် ပို၍ တံခါးဖွင့်ရန် ရှိသည်ဟု ယုံကြည်ကြောင်း တုံ့ပြန် ပြောဆိုသည်။ မြန်မာပြည်သူများ အနေဖြင့် ဤမျှကြာမြင့်စွာ မစောင့်နိုင်ပါဟု တာဝန်ခံက သတိပေး ပြောဆိုပြီး နောက်ထပ် အချိန်ဆွဲမှုများ ဖြစ်နေပါက မငြိမ်မသက် ဆူပူမှုများ ပို၍ ဖြစ်စေရန်သာ ရှိသည်ဟု ထောက်ပြသည်။
၃။ (ဂ) သံအမတ်ကြီး ဂွမ်က ပြောရာတွင် မြန်မာနိုင်ငံသို့လာရောက်ကြသည့် တရုတ် အရာရှိများက ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများကို တွေ့ဆုံ ဆွေးနွေးမှု အရှိန်မြှင့်ရန် တိုက်တွန်း ကြကြောင်းနှင့် နောက်ပြန်ဆုတ် မှုကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ လက်ခံမည် မဟုတ်ကြောင်း သတိပေးခဲ့ကြသည်။ သူက သဘောတူညီ သည်မှာ အင်အားစုအသီးသီးက စ၍ စကား ပြောဆိုသင့်ပြီး မိမိတို့ အနေဖြင့် အပြုသဘောဆောင်သည့် ဝေဖန်ချက်များ လုပ်ရန် တိုက်တွန်းသည်။ တာဝန်ခံက ပြောရာတွင် "စတင်စကားပြောရန်" ဆိုသည်မှာ အလွန် အပြုသဘောဆောင်သည့် အကြံပြုချက်ဖြစ်ပြီး အမှန်တကယ် ပြောဆိုဆွေးနွေးနိုင်ပါက ကမ္ဘာက ကြို ဆိုကြမည်သာ ဖြစ်သည်။ အကယ်၍ စစ်ဗိုလ်ချုပ်များအနေဖြင့် တွေ့ဆုံဆွေးနွေးမှုအပေါ် လေးနက်ပါက နေ့စဉ်တွေ့ဆုံ စကား ပြောနေသင့်သည်။ ဒေါ်အောင်ဆန်းစုကြည် သာမက တိုင်းရင်းသား ခေါင်းဆောင်များ၊ အခြား စိတ်ပါဝင်စားသူ နိုင်ငံသား များနှင့်လည်း ပြောဆို ဆွေးနွေး နေသင့်သည်ဟု ပြောသည်။ လူတဦးနှင့် ၂-လကြာပြီးမှ တနာရီကြာ တခါ ဆွေးနွေးသည်မှာ ဟန်ပြသာ ဖြစ်ကြောင်း၊ မလေးနက်ကြောင်း တာဝန်ခံက ပြောသည်။ ထို့ပြင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အခြားမည်သူနှင့်မျှ တွေ့ခွင့် မပေးကြောင်း၊ စစ်အစိုးရ သူ့အပေါ် သက်ညှာ လွတ်လပ်ခွင့်ပေးပါက လူအမျိုးမျိုးထံမှ အကြံဉာဏ်များ တိုင်ပင်ရယူနိုင်မည် ဟု သူကဆိုသည်။
ထိန်းချုပ်မှုနှင့် ဆူပူမငြိမ်သက်မှုများ
-------------------
၎။ (ဂ) ဂွမ်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲများ မစတင်နိုင်ရခြင်း ကြောင့်ကြမှု ၂-ခုအဖြစ် အာဏာ လက်လွတ်မည်နှင့် စီးပွားရေး အကျိုးစီးပွားများ လက်လွှတ်ရမည်ကို ရွံ့စိတ်ကို ရည်ညွှန်း ပြောကြားသည်။ ဂွမ်က အကြံပေးရာ၌ ထိပ်တန်း ခေါင်းဆောင်များကို "သူတို့ အသက် ဆုံးရှုံးရမည် မဟုတ်ကြောင်း" အာမခံ ပေးနိုင်ပါက၊ စီးပွားရေး အကျိုးစီးပွားများ ဆက်ရှိမည်ဆိုပါက တဖြည်းဖြည်းချင်း အာဏာ လက်လွှတ်ရန် စိတ်ဝင်စားဖွယ် ရှိသည်ဟု ဆိုသည်။ စီးပွားရေး အကျိုးအမြတ်များက စစ်ဗိုလ်ချုပ်များနှင့် သူတို့ မိသားစုဝင် များအတွက် ပို၍ အရေးပါပုံ ရသည်ဟု သူက ပြောသည်။ ဤအချက်များကို ညှိနှိုင်းဆွေးနွေး၍ ရနိုင်ကြောင်း တာဝန်ခံက တုံ့ပြန်ပြီး ယခုပင် စဖို့ လိုသည်ဟု ထပ်ပြောသည်။ အကယ်၍ လူထု မကျေနပ်မှုကြီးလာပြီး ဆူပူ မငြိမ်သက်မှုများ ဖြစ်ပွားလာပါက ညှိနှိုင်း ဆွေးနွေးစရာ ကျန်တော့မည် မဟုတ်ဟု သူက ဖြည့်စွက်ပြောသည်။
၅။ (ဂ) စစ်ဗိုလ်ချုပ်များက သူတို့လမ်းပြမြေပုံအတိုင်း ဆက်သွားလိုကြောင်း ဂွမ်က ပြောသည်။ တာဝန် ခံက အကြံပြုရာတွင် ကျန်ရှိသည့် အဆင့်တိုင်း၌ လူအများကို ပို၍ ပူးပေါင်း ပါဝင်ခွင့်ပေးပြီး သူတို့လမ်းပြ မြေပုံအတိုင်း ဆက်သွားနိုင်ကြောင်း၊ ယခု လက်ရှိဖွဲ့စည်းပုံ မူကြမ်း ရေးဆွဲရေး အဆင့်၌ပင် ဆောင်ရွက်နိုင် ကြောင်း ပြောသည်။ ဤအတွက်ကြောင့် လမ်းပြမြေပုံ လုပ်ငန်းစဉ်ကို အချိန်ပို ယူရနိုင်သော်လည်း နောက်ဆုံး လူအများ လက်ခံနိုင်သည့် ရလဒ် ထွက်ပေါ်လာဖွယ် ရှိကြောင်း၊ အားလုံးအတွက် ကောင်းကြောင်း ပြောသည်။ လမ်းပြမြေပုံ လုပ်ငန်းစဉ်သည် လူအများ မြင်တွေ့လိုသော တည်ငြိမ်မှု ပေးနိုင်ဖွယ် မရှိကြောင်း တာဝန်ခံက ပြောသည်။ အကြောင်းမှာ ဒီမိုကရေစီရေး ထောက်ခံသူများနှင့် တိုင်းရင်းသား လူနည်းစုများ၏ လိုလားချက်များကို ထည့်သွင်း မထားသောကြောင့် ဖြစ်သည်။ ယခင် အစည်းအဝေးတွင် သူဆွေးနွေးခဲ့သလို လမ်းပြ မြေပုံလျင်မြန်အောင် ဆောင်ရွက်မှုဖြင့် နာမည်ယူမည့် အစား ဤသို့ ဆောင်ရွက်သင့်သည်ဟု ပြောရာ ဂွမ်က သဘောတူကြောင်း ခေါင်းငြိမ့်သည်။ တရုတ်နိုင်ငံက တည်ငြိမ်မှုကို မြင်တွေ့လိုကြောင်း ထပ်၍ ပြောကြားသည်။ တာဝန်ခံက ပြောရာတွင် လာမည့်လများတွင် ဆန္ဒပြပွဲများ ထပ်၍ တွေ့ရဖွယ်ရှိကြောင်း၊ အမှန်တကယ် တွေ့ဆုံ ဆွေးနွေးမှုများကို လူအများ မမြင်ရပါက ဖြစ်ဖွယ်ရှိကြောင်း ပြောသည်။ သူက ပြဿနာအများစုကို လွယ်ကူစွာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်မှုရှိကြောင်း ပြောသည်။ အင်အားစု အများနှင့် စကားပြောရန်၊ ဆက်၍ ပြောရန်သာ လိုကြောင်း ပြောသည်။
၆။ (ဂ) သဘာဝဓာတ်ငွေ့နှင့် ရေနံ ရောင်းရငွေမှ ဘဏ္ဍာငွေ တိုးတက်ရရှိလာသော်လည်း မြန်မာ ပြည်သူများ ကောင်းကျိုး အတွက် စစ်အစိုးရက မည်သို့မျှ ဆောင်ရွက်မပေးခဲ့ကြောင်း ဂွမ်က အသိအမှတ်ပြုသည်။ ဂြိုဟ်တု စလောင်းများအပေါ် အခကြေးငွေ များစွာ မြှင့်တင်လိုက်သည့် အတွက် စစ်အစိုးရကို လူထုက နောက်ထပ် ပြဿနာရှာ နိုင်ကြောင်းလည်း အသိအမှတ်ပြုသည်။ ဤဆောင်ရွက်ချက်သည် လူများကို သတင်း ဖြတ်တောက်ရန် ဖြစ်သော်လည်း သူတို့ ထွက်ပေါက်ကလေး ဖြစ်နေသည့် ဘောလုံးပွဲနှင့် ကိုရီးယား ဇာတ်လမ်းတွဲများနှင့်ပါ မထိတွေ့ရအောင် ပိတ်ပင်ရာ ကျကြောင်း တာဝန်ခံက ပြောသည်။ အစိုးရက အလွန်ဖိနှိပ်ရာ ကြိုးပမ်းလျှင် ပေါက်ကွဲတတ်ကြောင်း တရုတ်နိုင်ငံ အနေနှင့် သင်ခန်းစာ ယူမိသည်။ မြန်မာနိုင်ငံတွင် ဆူပူ မငြိမ်သက်မှု အန္တရာယ်ရှိနေကြောင်း သူနားလည်သည်ဟု ဂွမ်ကဆိုသည်။
၇။ (ဂ) ဂွမ်က လွတ်လပ်ရေးရပြီး ပထမ ၁ဝ-နှစ်နှင့် ဦးနေဝင်း၏ ၁၉၈၈ က ဒီမိုကရေစီ ပြောင်းလဲရေး ကြိုးပမ်းခဲ့ပုံကို ကိုးကား၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် အလုပ်ဖြစ်နိုင်မည်-မဖြစ်နိုင်မည်ကို မေးခွန်း ထုတ်သည်။ တာဝန်ခံက ရှင်းပြရာ၌ နိုင်ငံ အများစုမှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်း အလားတူ လှုပ်ရှား ရုန်းကန် ခဲ့ရကြောင်း၊ ယခုလက်ရှိ ဗိုလ်ချုပ်များသည်ပင် ၁၉၈၈ မှစ၍ ယခုတိုင် ပိတ်ဆို့ ထားခဲ့သူများ ဖြစ် ကြောင်း သတိပေးပြောကြားသည်။ မြန်မာ လူထုများအနေဖြင့် အတိတ်က သင်ခန်းစာယူပြီး သူတို့အနာ ဂတ်တွက် ပြောရေးဆိုခွင့် ရှိပါက တည်ငြိမ်မှုကို ထိန်းသိမ်း လိုလိမ့်မည်ဟု တာဝန်ခံက ပြောကြားသည်။ ဂွမ် က အချို့သော ပြဿနာများတွင် အပြင်က ဝင်ဆုံးဖြတ်ရန် မသင့်ဟု ပြောသည်။ ဥပမာ-မိသားစုတွင်းက လိင်ကိစ္စ ပြဿနာမျိုး ဖြစ်သည်။ တာဝန်ခံက သဘောတူပြီး ပြင်ပပုဂ္ဂိုလ်များ၏ တာဝန်မှာ အင်အားစုများကို စကားပြောဆိုရန် တိုက်တွန်းရန်သာ ဖြစ်သည်။ မည်သည့်ကိစ္စများ ဆွေးနွေးသည်၊ သဘောတူသည်မှာ သူတို့ကိစ္စသာ ဖြစ်သည်။ တာဝန်ခံက တရုတ်နိုင်ငံအနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်း၍ အမှန်တကယ် တွေ့ဆုံဆွေးနွေးမှုများ ယခုပင် ဖြစ်မြောက်ရန်၊ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ပါတီ အဖွဲ့အစည်းများမှ လူများ လက်ခံသည့် ရှေ့ဆက်သွားနိုင်သည့်လမ်း ထွက်ပေါ်လာသည့်တိုင် တိုက်တွန်းပေးဖို့ ပြောသည်။
ကြံ့ဖွံ့နှင့် တွေ့ပါ။ NLD နှင့် မတွေ့ပါနှင့်
--------------------------
၈။ (ဂ) တာဝန်ခံက မှတ်ချက်ပေးရာတွင် မကြာမီကလာသော တရုတ်ဧည့်သည်များ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (စစ်အစိုးရ၏ လူထုအဖွဲ့အစည်း- USDA) နှင့်သာ များစွာ အချိန်ပေးသည်ဟု ပြောသည်။ တရုတ်နိုင်ငံ၏ ပင်မ နိုင်ငံရေးပါတီ ၈-ခုအနက်မှ အဆင့်မြင့် အရာရှိနှင့် ပြည်သူ့ ကွန်ဂရက်မှ ဟီ လူလီ (He Luli) ကို ဂွမ်က ဖော်ပြ ပြောဆိုသည်။ ဂွမ်က USDA အနေဖြင့် နိုင်ငံရေးပါတီ တခုအဖြစ် ပြင်ဆင်နေသည်ဟု မယုံကြည်ကြောင်း ပြောသည်။ သူက မှတ်ချက်ပြုရာ၌ USDA တွင် အဖွဲ့ဝင် ၂၄ သန်းရှိပြီး ၆ဝ% မှာ အသက် ၁၈-နှစ်အောက် ဖြစ်သည်။ သို့အတွက်ကြောင့် မဲမပေးနိုင်ကြပါ။ တာဝန်ခံက ဂွမ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် တွေ့နိုင်သလောဟု မေးသည်။ ဂွမ်က "အစိုးရက ခွင့်ပြုမည် မထင်ကြောင်း" မြန်မာအစိုးရကို ရည်ညွန်း၍ အမြန် ပြန်ဖြေသည်။
၉။ (ဂ) နိုင်ငံခြားရေးဝန်ကြီးဌာနက မိမိတို့ NLD နှင့် "များစွာ" တွေ့ဆုံခဲ့သည်ကို စောဒက တက်ကြောင်း တာဝန်ခံက ပြောသည်။ တရုတ်များကိုလည်း အလားတူ ပြောဆိုမှု ရှိ-မရှိ မေးသည်။ သူက ပြုံး၍ မရှိဟု ခေါင်းကို ယမ်းပြသည်။ NLD ထံသို့ တာဝန်ခံ သွားလည် ခဲ့သလားဟု မေးသည်။ သူက ရှိသည်ဟု ဖြေသည်။ သူက သံအမတ်ကြီးကို NLD အဖွဲ့ဝင်များနှင့် မိတ်ဆက် ပေးလိုကြောင်း ဖြည့်စွက် ပြောသည်။ သူက NLD ဥက္ကဋ္ဌ ဦးအောင်ရွှေထံမှ စာတစောင် လက်ခံရရှိဖူးကြောင်း၊ တွေ့ဆုံဆွေးနွေးခွင့် တောင်းထားသော်လည်း မချိန်းဆို ရသေးကြောင်း၊ သို့သော်လည်း အမျိုးသားနေ့ အခမ်းအနားတွင် တွေ့ဆုံစဉ်က လက်ဆွဲ နှုတ်ဆက်ဖူး ကြောင်း ပြောသည်။ သူက မှတ်ချက်ပေးရာ၌ နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် NLD နှင့် တာဝန်ခံတွေ့ဆုံ မှုကို ပိတ်ပင် တားဆီးမည် မဟုတ်ကြောင်း၊ များစွာ မတွေ့ဆုံရန်သာ အကြံပေးကြောင်း ပြောသည်။ အစိုးရနှင့် မတူသည်မှာ NLD က မိမိတို့နှင့် တွေ့ဆုံ စကားပြောလို သောကြောင့် မိမိတို့ကလည်း ပုံမှန် တွေ့ဆုံနေကြောင်း တာဝန်ခံက ပြောသည်။ တရုတ်အရာရှိများက ထိပ်တန်း ခေါင်းဆောင်များ အနေဖြင့် (US) တာဝန်ခံနှင့် တွေ့ပါရန် အကြံပေးထားသည်ဟု ဂွမ်က ပြောသည်။ ဗိုလ်ချုပ် သန်းရွှေက တွေ့ပါမည်ဟု တရုတ် ဒု-နိုင်ငံခြားရေး ဝန်ကြီးကို ဖြေဆိုခဲ့သည်။
၁ဝ။ (ဂ) မှတ်ချက်။ သန်းရွှေ စစ်အစိုးရ၏ လေးဖင့်နေမှုအပေါ် တရုတ်ကလည်း စိတ်ပျက်နေ သည်မှာ အထင် အရှား ဖြစ်သည်။ ဒီမိုကရေစီ၊ ဆန္ဒပြပွဲများ၊ နိုင်ငံရေး တက်ကြွသူ သံဃာများကြောင့် သူတို့စိတ် မသက်မသာ ဖြစ်သော်လည်း စစ်ဗိုလ်ချုပ်များက ဆွေးနွေးရန် ငြင်းဆန်နေသမျှ နောက်ထပ် မတည်ငြိမ် ဆူပူမှုများအန္တရာယ် တိုးလာနေကြောင်း သူတို့ သဘောပေါက်သည်။ ဤ မတည်ငြိမ် ဆူပူမှုများသည် ဤနိုင်ငံတွင်းရှိ တရုတ် စီးပွားရေး အကျိုးစီးပွားကို မလွဲမရှောင်သာ ထိခိုက်စေမည် ဖြစ်သည်။ တည်ငြိမ်မှုကို မြှင့်တင်မည် ဆိုလျှင် မြန်မာနိုင်ငံ အရေး၌ မိမိတို့ ချဉ်းကပ်မှုဘက်သို့ ပို၍ နီးစပ်လာရန် ရှိသည်။ ဤနိုင်ငံတွင်းရှိ သူတို့ အကျိုးစီးပွားများကို ကာကွယ်ရန် စစ်ဗိုလ်ချုပ် များကိုချည်း အားထားရန် မဖြစ်နိုင်ပါ။ ဒီမိုကရေစီရေး ထောက်ခံသူများ အပါအဝင် အချို့ကြားခံ အုပ်စုများကို ငြိမ်းချမ်းရေးအတွက် အဖြေထည့် သွင်း စဉ်းစားရမည် ဖြစ်ကြောင်း သဘောပေါက်သည်။ ဤဆွေးနွေးမှု များသည် ယခုပင် စတင်ရန် လိုအပ်နေ သည်။ စစ်ဗိုလ်ချုပ်များ သူတို့အနာဂတ်အတွက် စိုးရိမ်နေသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ သို့အတွက် ကြောင့် တိတ်တဆိတ် ကာကွယ်မှုအတွက် အာမခံချက် ပေးခြင်းဖြင့် သူတို့ကို တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်း သို့ ခေါ်လာနိုင်ဖွယ် ရှိသည်။ တရုတ် နိုင်ငံကလည်း သူတို့ကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းသို့ ခေါ်လာနိုင်စေ ရန် ဆန္ဒတူ ရှိနေသည်။ တရုတ် သံအမတ်ကြီးက မိမိတို့နှင့် ဆက်၍ လုပ်ကိုင်ရန် စိတ်ဝင်စားမှု ရှိကြောင်း ရှင်းလင်းစွာ ဖော်ပြသည်။
ဗယ်လာရိုဆာ
Ref: မဇ္ဈိမ
နေ့စဉ်သတင်းများ ( ၁၃ - ၁၂ - ၂၀၁၀ )
■ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှု တလပြည့် သွေးလှူဒါန်း သတင်း
■ ပြည်တွင်းစစ်ကြီး ဖြစ်လာမည်ကို စီအာရ်ပီပီခေါင်းဆောင် စိုးရိမ် သတင်း
■ ၀ီကီလိခ်စ်တွင် ဖော်ပြသည့် မြန်မာပြည်နှင့် သက်ဆိုင်သော ကြေးနန်းများ သတင်း
■ မြန်မာတွင် နျူကလီးယားလက်နက်အစီအစဉ် မရှိဟု ထိုင်းဝန်ကြီးချုပ် ပြော သတင်း
■ မြန်မာဘိန်းရာဇာ ဖမ်းဖို့ အမေရိကန်အစိုးရက ဘီယာခွက်မှာ ကြော်ငြာပြီ သတင်း
■ ရာဘ သယ်လာသည့် ပြည်သူ့စစ်အား လက်နက်နှင့်အတူ ဖမ်းမိ သတင်း
■ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင် (၆) ဦး အသတ်ခံရမှုအတွက် အရေးယူပေးရန် တောင်းဆို သတင်း
■ ရှမ်းပြည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မိုင်းလားတွင် တွေ့ သတင်း
■ နအဖက ကုန်စည်စီးဆင်းမှု ပိတ်ပင်သော်လည်း မိုင်းလားတပ်ဖွဲ့ ရပ်တည်နေနိုင် သတင်း
■ ဘုရားသုံးဆူ ရေလမ်း ပိတ်၊ ကုန်စည်စီးဆင်းမှု ရပ်တန့် သတင်း
■ တန်ပိုယာဉ်များ ဒဏ်ရိုက်မည်ဟု ကရင်ပြည်နယ်တွင် စာထုတ် သတင်း
■ ပလောင်နှင့် သျှမ်းဒေသခံများပိုင် မြေဧက (၇၀) ကျော် အသိမ်းခံရ သတင်း
■ ကချင်ပြည်နယ်နေ့ စစ်အာဏာပိုင်များ ဦးဆောင်မည် သတင်း
■ ဘတ်ဖဲလိုးမြို့ မြန်မာကွန်မြူနီတီက NLD ကို တရားဝင်ပါတီအဖြစ် ထောက်ခံကြောင်း ထုတ်ဖော် သတင်း
■ နှစ်ရှည် နိုင်ငံရေးအကျဉ်းသူ မာမာဦး ထောင်ဝင်စာ လာတွေ့သူမရှိ သတင်း
■ ဂျာနယ်များကို ပေါ်လစီဆောင်းပါး ပြန်ထည့်ခိုင်း သတင်း
■ ကြံ့ခိုင်ရေးမှ ကျောင်းပိုင်မြေတွင် ဆိုင်ခန်းဆောက်၍ ရန်ပုံငွေရှာ သတင်း
■ မြန်မာကို အိန္ဒိယက ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည် သတင်း
■ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု (၂) ဆတိုး သတင်း
■ ပို့ကုန်သွင်းကုန် အခွန်အကျိုးဆောင်များကို လုပ်ကိုင်ခွင့်ပိတ်ပင် သတင်း
■ ပုဂံ-အန်ကောဝပ် လေကြောင်း တိုက်ရိုက်ပျံမည် သတင်း
■ ရတပ မြို့နယ်ခွဲရုံး မောင်တောတွင် ဖွင့်လှစ် သတင်း
■ နှလုံးသားလှလှနဲ့ စကားပြောကြရအောင် (ဆောင်းပါး)
■ အောင်သူ (ဆောင်းပါး)
Monday, December 13, 2010
အဏုမြူ ဓာတ်ပေါင်းဖိုတည်ဆောက်နေသည်ဟု ကောလာဟလများ
| Reference ID | Created | Released | Classification | Origin |
| 04RANGOON88 | 2004-01-20 09:09 | 2010-12-09 21:09 | SECRET//NOFORN | Embassy Rangoon |
This record is a partial extract of the original cable. The full text of the original cable is not available.
Tuesday, 20 January 2004, 09:44
S E C R E T RANGOON 000088
SIPDIS
NOFORN
EO 12958 DECL: 01/09/2014
TAGS PGOV, PARM, PREL, BM, RS, KS, KNPP
SUBJECT: BURMA: RUMORS OF CONSTRUCTION OF A NUCLEAR REACTOR
NEAR MINBU
REF: STATE 297614 AND PREVIOUS 03 RANGOON 1427
Classified By: COM Carmen Martinez for Reasons 1.5 (B,D)
အကြောင်းအရာ။ ။ မြန်မာနိုင်ငံ။ အဏုမြူ ဓာတ်ပေါင်းဖိုတည်ဆောက်နေသည်ဟု ကောလာဟလများ
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ COM ကာမင်း မာနတီနက်ဇ် (Carmen Martinez)။ အကြောင်းပြချက် 1.5 (B,D)
၁။ (S/NF) ပြည်ပရှိ စီးပွားရေးလုပ်ငန်းရှင် XXXXXXXXXXXX က မကြာမီက မကွေးတိုင်း အလယ်ပိုင်း၊ မင်းဘူး ဧရာဝတီ မြစ်နား၌ အဏုမြူ ဓာတ်ပေါင်းဖို တည်ဆောက် နေသည်ဟု ကောလာဟလ ကြားရကြောင်း သံရုံး အရာရှိကို ဆန္ဒအလျောက် ပြောကြားလာသည်။ ၎င်းစီးပွားရေး လုပ်ငန်းရှင် ကိုယ်တိုင် ထိုနေရာသို့ ခရီးထွက်ရာတွင် ထုထည်ကြီးမားသော သံဘောင်များ တင်ချနေသည့် ရေယာဉ်ကြီးများ တွေ့ရသည်ဟု ပြောသည်။ ဒေသခံများကို ဤသံဘောင်ကြီးများ အကြောင်း မေးကြည့်သည့်အခါ ဤသို့အကြီးစား ဝန်တင် သင်္ဘောများ အပတ်စဉ်ဆိုသလို ရောက်လာပြီး ၎င်းသံဘောင်များကို အမည်မဖော်ပြ/မသိရသည့် စက်ရုံများ တည်ဆောက်နေသည်ဟု ဆိုသည်။ စီးပွားရေးလုပ်ငန်းရှင် အမြင်တွင် ဤသံဘောင်များ၏ ပမာဏ၊ အတိုင်းအဆမှာ "စက်ရုံများ" ဆောက်ရန်ထက် ကြီးမားနေသည်။ စီးပွားရေး လုပ်ငန်းရှင်က ဤအတိုင်းဆိုလျှင် မင်းဘူးအနီးတွင် လေဆိပ်သစ်နှင့် လေယာဉ်ပြေးလမ်း ရှိနေပြီး အရှည်နှင့် (လေယာဉ်ပြေးလမ်း) အထူကို ကြည့်ပါက အတိုင်းအဆ လွန်နေပါသည်။ "အာကာသလွန်းပျံယာဉ်" ပင် ဆင်း၍ ရသည့်အနေအထား ရှိနေသည်ဟု ဖြည့်စွက်ပြောဆိုသည်။
၂။ (S/NF) မှတ်ချက်။ ။ မကွေးတိုင်းအတွင်း/ အနီး၌ အဏုမြူနှင့် ပတ်သက်သည့်စက်ရုံ တည်ဆောက် နေသည် ဟူသော ကောလာဟလ များသည် ၂ဝဝ၂ ကတည်းကပင် စ၍ထွက်ပေါ် နေခဲ့ပြီး ယေဘုယျ အားဖြင့် မြန်မာအစိုးရနှင့် ရုရှားတို့ ပူးပေါင်း ဆောင်ရွက်သော အဏုမြူ ဓာတ်ပေါင်းဖို စီမံချက်ကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။ ၂ဝဝ၃ နိုဝင်ဘာ အရှေ့ဖျားဒေသ စီးပွားရေး စာစောင် (FEER) တွင် မြန်မာနှင့် မြောက်ကိုရီးယားအကြား စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတိုးလာခြင်း အကြောင်း ဖော်ပြခဲ့ချိန်မှ စ၍ အလားတူ ကောလာဟလများ "ရုရှ" တို့ဘက်မှ ပြောဆိုခြင်း မဟုတ်ဘဲ သံရုံး အသိုင်း အဝိုင်းများနှင့် ပြည်ပတွင် ကျယ်ကျယ်ပြန့်ပြန့် ပြောဆို နေခဲ့ကြသည်။ ဤသို့ ပူးပေါင်း ဆောင်ရွက်မှုအကြောင်း မိမိတို့တွင် တိုက်ရိုက် အထောက်အထားများ မရှိသော်လည်း အဏုမြူ ဓာတ်ပေါင်းဖို တည်ဆောက် နေသည်ဟူသော ကောလာဟလများ စဉ်ဆက်မပြတ် ထွက်ပေါ်နေပြီး အထက်ဖော်ပြပါ လေ့လာ တွေ့ရှိရမှုများ အံ့သြဖွယ်ကောင်းအောင် တိုးတက်များပြားနေသည်။ ထို့အပြင် မြောက်ကိုရီးယား "နည်းပညာရှင်" များကိုလည်း တိုင်းပြည်အတွင်း တွေ့နေရသည်။
မာနတီနက်ဇ်
Ref: မဇ္ဈိမ
မြန်မာအရပ်သားက ယူရေနီယံဆိုသည့် ပစ္စည်း ရောင်းချမည်ဟု ကမ်းလှမ်းလာခြင်း
| Reference ID | Created | Released | Classification | Origin |
| 08RANGOON749 | 2008-09-23 08:08 | 2010-12-09 21:09 | SECRET | Embassy Rangoon |
VZCZCXYZ0017
OO RUEHWEB
DE RUEHGO #0749/01 2670859
ZNY SSSSS ZZH
O 230859Z SEP 08
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 8191
INFO RUEKJCS/SECDEF WASHDC IMMEDIATE
RUCNDT/USMISSION USUN NEW YORK IMMEDIATE 2005
RUEKJCS/JOINT STAFF WASHDC IMMEDIATE
RHHMUNA/CDR USPACOM HONOLULU HI IMMEDIATE
RHEHNSC/NSC WASHDC IMMEDIATE
RHMCSUU/FBI WASHINGTON DC IMMEDIATE
RHMFISS/DEPT OF HOMELAND SECURITY WASHINGTON DC IMMEDIATE
RUEAIIA/CIA WASHDC IMMEDIATE
RUEKJCS/DIA WASHDC IMMEDIATE
Tuesday, 23 September 2008, 08:59
S E C R E T RANGOON 000749
SIPDIS
FOR STATE ISN/CTR AND PM/ISO/PMAT (24/7)
DEPT PLEASE PASS TO DEPT OF ENERGY
EO 12958 DECL: 09/23/2018
TAGS KNNP, MNUC, PARM, KCRM, PTER, ASEC, KCOR, BM
SUBJECT: BURMESE CIVILIAN OFFERS TO SELL PURPORTED URANIUM
238 TO U.S. EMBASSY RANGOON, BURMA
REF: A. 2007 STATE 162091 B. USDAO RANGOON IIR 6 812 0131 08
Classified By: CDA Larry Dinger for Reasons 1.4 (b and d)
အကြောင်းအရာ။ ။ မြန်မာအရပ်သားက ယူရေနီယံဆိုသည့် ပစ္စည်း ရောင်းချမည်ဟု ကမ်းလှမ်းလာခြင်း။
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ ။ သံရုံးတာဝန်ခံ လယ်ရီ ဒင်းဂါး၊ အကြောင်းပြချက် 1.4 (b and d)
၁။ (S//REL to USA, ACGU) Per Ref A, XXXXXXXXXXXX တွင် တာဝန်ချထားသူက ဌာနနှင့် ဝါရှင်တန် အေဂျင်စီ များသို့ USDAO က DIA ထံမှ လမ်းညွှန်ချက် ရရှိပြီးနောက် သတိပေး တပ်လှန့် လာပါသည်။ မြန်မာ အရပ်သား တဦးက USDAO ရန်ကုန် အဖွဲ့ဝင်များနှင့် တွေ့၍ ယူရေနီယံ-၂၃၈ ရောင်းချရန် ကမ်းလှမ်းလာပါ သည်။ သူက USDAO နှင့် ဤကိစ္စမတိုင်ခင် ၈-ရက်က ဆက်သွယ်လာပြီး ပုလင်းငယ် တဝက်ခန့်ရှိ သတ္တု ပေါင်ဒါမှုန့်များနှင့် ၁၉၉၂ ရက်စွဲဖြင့် တရုတ်နိုင်ငံရှိ တက္ကသိုလ်တခုက စမ်းသပ် စစ်ဆေး ထားသည့် လက်မှတ် မိတ္တူကို ဤပေါင်ဒါမှုန့်များ ရေဒီယို ဓာတ်ကြွမှု သက်သေအဖြစ် တင်ပြသည်။ XXXXXXXXXXXX တွေ့ဆုံ ဆွေးနွေးစဉ်တွင် ၎င်းက ကီလိုဂရမ် ၂,ဝဝဝ ရှိ ယူရေနီယံ ပါဝင်သော ကျောက်ခဲများ ရပေးနိုင်ကြောင်း၊ ကယားပြည်နယ် XXXXXXXXXXXX တွင် ရှိကြောင်း ပြောသည်။ အမေရိကန်က ယူရေနီယံ ဝယ်ယူရန် ဆန္ဒမရှိပါက သူတို့ အခြားနိုင်ငံများသို့ ရောင်းမည်ဟုလည်း ထပ် ပြောသေးသည်။ ထိုင်းနိုင်ငံသို့ စတင်ချည်းကပ်မည် ဆိုသည်။ နောက်ထပ် သတင်း အချက်အလက်အတွက် Ref B ကို ကြည့်ပါ။
၂။ (S//REL TO USA, ACGU) ဆက်လက်ဖြစ်ပျက်ပုံ အသေးစိတ် keyed to questions in Ref A: A) (S//REL to USA, ACGU) ၎င်းပစ္စည်း လက်ရှိ တည်ရှိရာနေရာ- ၎င်းနမူနာပုလင်းကို လျှို့ဝှက် သံတမန် အိတ်ဖြင့် Aberdeen Proving Grounds သို့ DIA မှတဆင့် ပို့ဆောင်ပြီးဖြစ်။
B) (S//REL to USA, ACGU) ၎င်းပစ္စည်း ပို့ဆောင်မှု အနေအထား- ၎င်းနမူနာပုလင်းကို လျှို့ဝှက် သံတမန် စာပို့ စနစ်ဖြင့် ပေးပို့ပြီးဖြစ်။ ၎င်းနမူနာကို အထပ်ထပ် ရစ်ပတ်ထုပ်ပိုးပြီး ပုံး အထပ်ထပ်တွင် ထည့်သည်။ မှန်၊ ခဲ၊ သစ်သားသေတ္တာ များဖြင့် ထုပ်ပိုးသည်။ DIA ဌာနချုပ်ထံမှ ညွှန်ကြားချက် ရပြီးနောက် USDAO က ၎င်း ပစ္စည်းကို သံတမန် စာအိတ်ဖြင့် Aberdeen Proving Grounds သို့ DIA မှတဆင့် 3100 Clarendon, Arlington, VA သို့ ပို့ဆောင်သည်။ ၎င်းသေတ္တာတွင် "လျှို့ဝှက်" ဟု ဖော်ပြထားသည်။ အရွယ်အစားမှာ 16 X 16 X 8 လက်မ ဖြစ်သည်။ ရန်ကုန်သံရုံးက ပြောရာတွင် အိမ်ရှင် (မြန်မာ) နိုင်ငံဘက်က USDAO ၏ လက်ခံရရှိမှုနှင့် ၎င်းပစ္စည်း ပို့ဆောင်မှုကို သတိပြုမိပုံ မရှိပါ။ သို့သော်လည်း ဖြစ်နိုင်ခြေကို လျှော့တွက်မရပါ။ အမြတ်အစွန်းအတွက် ဤပစ္စည်းကို ရောင်းချသည်ထက် စာလျှင် အစိုးရ ထောင်ချောက်အတွက် ဇာတ်ပို့ လုပ်ပေးသည်လည်း ဖြစ်နိုင်သည်။
C) (S//REL to USA, ACGU) မှတ်ချက်ပြုထားသည့်အတိုင်း မြန်မာအစိုးရသည် လက်ရှိအခြေအနေတွင် USDAO က ၎င်းပစ္စည်း လက်ခံ ရရှိမှုနှင့် နမူနာပို့ဆောင်မှုကို သိရှိပုံ မရှိပါ။ အကယ်၍ ၎င်းပစ္စည်းများ ရှိနေ သည်ကို သိပါက နမူနာများ၊ ပစ္စည်းသိုလှောင်ထားမှုများကို သိမ်းဆည်းလိမ့်မည် ဖြစ်သည်။
D) (S//REL to USA, ACGU) နမူနာကို စီးပွားဖြစ် လေကြောင်းလိုင်းမှ သံတမန်စာအိတ်ဖြင့် ပေးပို့ခဲ့ပြီး ဖြစ်သည်။
E) (S//REL to USA, ACGU) ၎င်းပစ္စည်း ဆိုက်ရောက်မည့်နေရာ- ယူရေနီယံဟုဆိုသော ၎င်းပစ္စည်းကို အမေရိကန် ပြည်ထောင်စုသို့ ရန်ကုန် သံရုံးမှတဆင့် ရောင်းချရန် သူက ရည်ရွယ်ထားသည် ဆိုသည်။ အခြားဖော်ပြသော နေရာများမှာ ထိုင်းနှင့် တရုတ်သံရုံးတို့ ဖြစ်သည်။ သူက ၎င်းပစ္စည်းကို ရန်ကုန်တွင်ပင် ရောင်းချလိုသည်။ ၎င်းပစ္စည်းကို နယ်စပ်ဖြတ်ကျော်ထုတ်မည့် သဘော မပြောပါ။
F) မသိရှိပါ။
G - J) (S//NF) ၎င်းက သူ့ကိုယ်သူ XXXXXXXXXXXX ဟု ဖော်ပြ ပြောဆိုသည်။
(S//REL TO USA, ACGU) သူက (၁. ၈) အောင်စရှိ ပုလင်းငယ်တခု (၇ဝ မမ ရှည်-၂၆ မမကျယ်) ကို ယူလာပြီး အတွင်းတွင် မီးခိုးရောင် သတ္တုမှုန့်များ ပါဝင်သည်။ ၎င်းပစ္စည်းမှာ ယူရေနီယံ-၂၃၈ ပေါင်ဒါမှုန့် ဖြစ်ကြောင်း သူက ပြောသည်။ သူက အုပ်စုလေး တခုကို ကိုယ်စားပြုပြီး အမေရိကန်သံရုံးသို့ ယူရေနီယံ ရောင်းလိုသည်ဟု ဆိုသည်။ သူ့အဆိုအရ သူ့ထံတွင် ယူရေနီယံပါသည့် ကျောက် သို့မဟုတ် အရိုင်းခဲများ ၅ဝ ကီလိုဂရမ်ခန့် ရှိနေပြီး ရန်ကုန်ရှိ မဖော်ပြလိုသော နေရာတွင်ရှိသည်ဟု ဆိုသည်။ ၎င်းတို့ကို သံစည်များဖြင့် ထည့်သွင်းထားပြီး ရေဒီယိုဓာတ်ကြွ အဆိပ်မသင့်စေရန် XXXXXXXXX ကာကွယ်ထားသည်ဟု ဆိုသည်။ ကယားပြည်နယ်ရှိ နေရာတွင် နောက်ထပ် ကီလိုဂရမ် ၂, ဝဝဝ ခန့်တူးဖော် ရနိုင်မည်ဟု ခန့်မှန်းသည်။ ယူရေနီယံကို မကြာမီက ရန်ကုန်ယူလာသည်။ (အချိန်ကာလ အတိအကျကို သူမပြောပါ)။ သူက ယူရေနီယံကို ကယားပြည်နယ်အတွင်း ၁၉၉၂ မှစ၍ တွေ့ခဲ့သည်ဟု ဆိုသည်။ XXXXXXXXXXXX
(S//REL TO USA, ACGU) သူက XXXXXXXXXXXX သည် ယူရေနီယံနှင့် ပတ်သက်၍ သိရှိသည်ဟု ပြောသည်။ XXXXXXXXXXXX
K) N/A.
L) N/A.
M) (S//REL TO USA, ACGU) တွေ့ဆုံမေးမြန်းမှုကို ရန်ကုန်သံရုံးရှိ (လမ်းလျှောက်ဝင်လာတွေ့နိုင်သော) ကောင်စစ်ဝန် တွေ့ဆုံခန်း၌ ဆောင်ရွက်သည်။
N) အခြား အသေးစိတ်အချက်များ: Ref B တွင် ဤဖြစ်ရပ်နှင့် ပတ်သက်သည့် အခြား ရရှိနိုင်သမျှသော သတင်း အချက် အလက်များ ပါဝင်သည်။
¶3. (SBU) XXXXXXXXXXXX
ဒင်းဂါး
Ref: မဇ္ဈိမ
နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားများနဲ့ အကျဉ်းကျ နေတဲ့ နိုဘယ် ဆုရှင်သစ်ကို စာနာခြင်း
ဒီဇင်ဘာ ၁၀ ရက်နေ့က နိုင်ငံတကာလူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ အင်န်အယ်ဒီ ဋ္ဌာနချူပ်မှာ အခမ်းအနား ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစု ၈၀၀ နီးပါးနဲ့ ဒေါ်စုတို့ တွေ့ဆုံခဲ့ကြတယ်။ နိုင်ငံရေး အကျဉ်းသား မိသားစုတွေရဲ့ ခံစားချက်တွေ၊ ရင်ဆိုင် ဖြတ်သန်းနေရတဲ့ အခက်အခဲတွေ၊ ဖိနှိပ်ချုပ်ချယ် ခံနေရမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်က ထိုနေ့မှာ အထူးဂရုပြု ထုတ်ဖော် ပြောကြားခြင်း၊ တာဝန်ယူ ဆောင်ရွက်မည့် အစီအစဉ်တွေကို ချမှတ်ခြင်းတို့ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ ဆရာဦးဝင်းတင်ကို လူ့အခွင့်အရေးနေ့နဲ့ ပတ်သက်ပြီး တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချူပ်ရက်စေ့လို့ လွတ်မြောက်လာပြီးနောက်မှာ အကောင်း မြင်သူတွေက မြင်နေ ကြတယ်။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ သူတို့ မိသားစုတွေရဲ့ ဘ၀တွေ၊ အခြေအနေတွေ ကိုကော အကောင်းမြင်လို့ ရပြီလား။
အစကတည်းက နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုတွေနဲ့ ဝေးတဲ့ နယ်တွေ အဝေးက ထောင်တွေကို ပို့ထားတယ်။ မိသားစုတွေမှာ ထောင်ဝင်စာ သွားတွေ့ဖို့ အခက်အခဲတွေ အများကြီး ရှိတယ်။ အိုင်စီအာရ်စီက နိုင်ငံရေး အကျဉ်းသား မိသားစုတွေကို ခရီးစားရိတ်လိုမျိုး ကူညီ ထောက်ပံ့မှုတွေ လုပ်ပေမယ့် လောက်ငှမှု မရှိဘူး။ အကန့်အသတ်တွေ ရှိတယ်။ ခရီးစားရိတ် အပြင် နေဖို့ ထိုင်ဖို့ တည်းခိုဖို့ စာရိတ်တွေ အများကြီး ရှိတယ်။ ဒါတွေက ငွေသိန်းချီပြီး ကုန်ကျရတာတွေ ရှိတယ်။ ဒါတွေကို အကျဉ်းသား မိသားစုတွေ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပြောဖြစ်တယ်။
တိုင်းပြည်ရဲ့ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီ ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေ အပေါ်မှာ ထောင်အာဏာပိုင်တွေက ဆက်ဆံရေးတွေ ကိုယ်တိုင်ကကော ကောင်းမွန်လာတာ ပြောင်းလဲလာတွေ ရှိလာပြီလား။
ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေအပေါ်မှာ နေရာ အတော်များများမှာ ကောင်းမွန် တိုးတက်တဲ့ ပြောင်းလဲမှုတွေ မရှိသေးဘူး ဆိုတဲ့ အကြောင်းတွေ တင်ပြကြတယ်။ ဒါကို ဆွေးနွေးဖြစ်တယ်။ ထောင်အာဏာပိုင် အချို့က နိုင်ငံရေး အကျဉ်းသားတွေ အပေါ်မှာ အာဏာပြတုန်း၊ အနိုင်ကျင့်တုန်း၊ ညစ်ပတ်တုန်းပဲ ရှိသေးတယ်။ ထောင်ဝင်စာ ကိစ္စတွေကို ထောင်အာဏာပိုင်တွေက အကြပ် ကိုင်စရာလိုမျိုး သုံးတယ်။ ဥပမာ မီဒီယာနဲ့ မိသားစုတွေက စကားပြောရင် သူတို့က ထောင်ဝင်စာကို ပိတ်ပစ်တာ မျိုးတွေ လုပ်နေတယ်။ ခြိန်းခြောက်တာတွေ လုပ်တယ်။ ဒါတွေ ရှိနေတုန်းပဲ။
ဘာသာရေးအရ ကန့်သတ်ခံထားရတာတွေကော ပြောဖြစ်သလား ဆရာ။
ပြောကြပါတယ်။ ဥပမာ - ဘူးသီးတောင်ဘက်မှာ မွတ်စလင် ဘာသာဝင်တွေ ခရီးသွားလာရင် အာဏာပိုင်တွေက ကန့်သတ်တာတွေ၊ စစ်ဆေး တာတွေ ရှိတယ်။ အဲသည် ဘူးသီးတောင်ဖက်က ထောင်ကို မွတ်ဆလင် နိုင်ငံရေး အကျဉ်းသားတွေကို ပို့ထားတယ်။ သူ့ မိသားစုတွေက အဲသည် ကန့်သတ်ထားတဲ့ နယ်ကို သွားပြီး ထောင်ဝင်စာ တွေ့ဖို့ဆိုရင် သူတို့မှာ အခက်အခဲတွေ အများကြီး ရှိတယ် ဆိုတဲ့ အကြောင်းတွေ တင်ပြ ကြတာတွေ ရှိတယ်။
နိုင်ငံရေးအကျဉ်းသားတွေမှာ ကျန်းမာရေး အာမခံချက်တွေ၊ လွတ်လပ်စွာ ဆေးကုသခွင့်တွေ ရရှိဖို့ လိုအပ်တဲ့ အကြောင်း ကိုကော ပြောကြသလား ဆရာ။
ကျန်းမားရေးအရ ဂရုတစိုက် စောင့်ရှောက်မှုတွေ မရှိဘူး။ မိသားစုတွေကော ကာယကံရှင်တွေ ကိုယ်တိုင်က ထောင် အာဏာပိုင် တွေကို ကျန်းမာရေး စောင့်ရှောက်မှု အတွက် တောင်းဆို တာတွေ ရှိတယ်။ ကျန်းမာရေး အရ ဆေးကုပေးပါ တောင်းဆိုတဲ့ အခါ အချို့ကတော့ ဆေးကုသခွင့် ရပေမယ့် တချို့ကတော့ ဆေးကုပေးဖို့ လူတွေကို ပြောင်းရွှေ့တာမျိုးတွေ လုပ်လာတယ်။ တကယ်တမ်း ကျတော့ ထောင်ပြောင်း လိုက်တာမျိုး ဖြစ်ပြီး ဆေးကုသခွင့် လုံးဝ မရတာမျိုးတွေ ရှိတယ်။ ရောဂါတွေလည်း အများကြီး ဖြစ်ပွားတယ် ဆိုတာကလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် နေခွင့် မရှိကြဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အသောက် ကျွေးမွေးထားခြင်း မရှိဘူး။ ဒါကြောင့် ထောင်တွင်းမှာ အကျဉ်းသားတွေဟာ ရောဂါရတယ်၊ နာမကျန်းဖြစ်တယ်၊ ဆေးကုသဖို့ လိုလာတယ်။ ဒါကိုလည်း ကောင်းကောင်း မလုပ်ပေးနိုင်ဘူး။ ပုံမှန် ဆရာဝန်နဲ့ ပြသခွင့်တွေ မရှိဘူး။ ဒါတွေကို ပြောဖြစ်ကြတယ်။ ဆွေးနွေးတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီအရေးကိစ္စတွေကို ဘယ်လိုများ ပြန်ပြောသလဲ ဆရာ။ သူ့အမြင်နဲ့ သဘောထားက ဘယ်လို ရှိသလဲ။
အဓိက အချက်တွေ ကြည့်လိုက်ရင် - မိသားစုနဲ့ဝေးတဲ့ ထောင်တွေမှ ချထားတာ၊ ထောင်ဝင်စာ သွားတွေ့ဖို့ အခက်အခဲတွေ၊ စာရိတ်စက ငွေကြေး အကြပ်အတည်း အခက်အခဲတွေ၊ ဒါတွေကို သတင်း မီဒီယာတွေကို ထုတ်ဖော်ပြောခွင့် မရှိတာတွေ၊ ထောင် အာဏာပိုင်တွေက အာဏာကို အလွဲသုံးတာ၊ ပြီးတော့ ထောင်တွင်း ဆေးကုသခွင့်တို့ ကျန်းမာရေး စောင့်ရှောက်မှု အခက်အခဲတွေကို ပြောကြတာ ဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ဘာပြန်ပြောသလဲ ဆိုတော့ ကျမက အခုလို နိုင်ငံရေး အကျဉ်းသားတွေ မိသားစုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းနိုင်အောင် ဆောင်ရွက်ပါ့မယ်လို့ ကတိ ပေးလိုက်တာ ဖြစ်ပါတယ်။
အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းမယ် ဆိုတဲ့ နေရာမှာလည်းပဲ အိုင်စီအာရ်စီလိုမျိုး အခက်အခဲ ဆိုတာက သူတို့မှာ အရင်တုန်းကလို အကျဉ်း ထောင်တွေထဲ ၀င်ထွက် သွားလာခွင့်တွေ မရှိတော့ဘူး။ သူတို့က အပြင်ကနေ နိုင်ငံရေး အကျဉ်းသား မိသားစုတွေကို ခရီးစာရိတ်တဆင့် ထောက်နိုင်တာပဲ ရှိတယ်။ သူတို့မှာလည်း ဘတ်ဂျက်တွေ ဘာတွေ လျော့တော့ အခက်အခဲ ရှိတာပေါ့။
အဲသည်လိုမျိုး အင်န်အယ်ဒီမှာလည်း နိုင်ငံရေး အကျဉ်းသားတွေ မိသားစုတွေကို ကူညီထောက်ပံ့တယ် ဆိုတာက တလကို အနည်းဆုံး သိန်း ၃၀၊ ၄၀ ရှာရတာ။ အဲသည် သိန်း ၃၀၊ ၄၀ လောက်တောင်မှ အင်န်အယ်ဒီက လုံလောက်အောင် ပေးနိုင်တာ မဟုတ်ဘူး။ ခရီး စာရိတ်ပေးတယ်။ ဆေးဝါးပေးတယ် ဒါမျိုးလောက်ပဲ လုပ်နိုင်တာလေ။ အခုဆိုရင် ကျနော်တို့ တတ်နိုင်သလောက် ထောက်ပံ့ ကူညီတယ် ဆိုတာက အင်န်အယ်ဒီ ပါတီကော အခြားပါတီ အဖွဲ့အစည်းတွေ ကကော နိုင်ငံရေး အကျဉ်းသား ၆၀၀ ကျော် လောက်ကိုပဲ ပုံမှန် ကူညီနိုင်အောင် လုပ်နေရတာပဲ ရှိသေးတယ်။
အခုတော့ ဒေါ်အောင်ဆန်းစုကြည်လည်း သူကိုယ်တိုင်လည်း ငွေကြေး အကူအညီတွေ ရှာပါ့မယ်။ အိုင်စီအာရ်စီ တို့ကိုလည်း အကူအညီ တောင်းမယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေ မိသားစုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အရေး ကိစ္စတွေကို ဖြေရှင်းနိုင်အောင် ကြိုးစား သွားမယ်လို့ ကတိပြုလိုက်တာ ဖြစ်ပါတယ်။
ဒါဆိုတော့ သူတဦးတည်းအနေနဲ့ ဒီကိစ္စတွေကို ရှင်းသွားမယ်လို့ ပြောတာလား။ သက်ဆိုင်ရာ တာဝန် ခွဲဝေမှုတွေ၊ အလုပ် သတ်မှတ်မှုတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ မိသားစုတွေ အတွက် ဆောင်ရွက်မယ် လို့ ပြောတာလား။ ဘယ်လို ပြောတာလဲ ဆရာ။
ဟုတ်ပါတယ်။ ကိုယ်တိုင်က ဒါတွေကို သူလုပ်နိုင်သလောက် လုပ်မှာအပြင်၊ သက်ဆိုင်ရာ တာဝန် ခွဲဝေမှုတွေကိုလည်း လုပ်မှာပါ။ ဥပမာ ဥပဒေရေးရာ တရားစွဲဆိုတာ၊ ဖြေရှင်း ရတာတွေနဲ့ ပတ်သက်ပြီးတော့ ဦးဥာဏ်ဝင်းတို့လို ဥပဒေပညာရှင် အဖွဲ့တွေ ရှိမယ်။ ငွေကြေးအရ ကူညီ ထောက်ပံ့ဖို့ ကိစ္စတွေ အတွက်ဆိုရင် လူမှု ထောက်ကူအဖွဲ့က ဦးစောနိုင်းနိုင်းတို့ အဖွဲ့တွေ ရှိမယ်။ ဒါမျိုးတွေ ရှိပါတယ်။
အဲသည်မှာ နိုင်ငံရေးအကျဉ်းသားတွေ ကိုယ်တိုင်နဲ့ မိသားစုတွေ ကိုယ်တိုင်အတွက် ဘယ်လို လုပ်ပြီးတော့ အာဏာ ပိုင်တွေ၊ ထောင်အာဏာပိုင် တွေကို ပြန်လည် ရင်ဆိုင်ကြမှာလဲ ဆိုတဲ့ ကိစ္စအတွက်ကော ဘယ်လို ကာကွယ်မှုတွေ၊ သိရှိမှုတွေ ရှိမှာလဲ ဆရာ။
အဲသည်ကိစ္စကိုလည်း ဒေါ်စုက ဥပဒေကြောင်းနဲ့အညီ ရင်ဆိုင်နိုင်ကြဖို့ ပြောပါတယ်။ ဥပမာ အကျဉ်းသား လက်စွဲတို့၊ အကျဉ်းထောင် လက်စွဲတို့ပေါ့ကွာ။ အကျဉ်းသားတွေ အနေနဲ့ ဘယ်လိုမျိုး အခွင့်အရေးတွေ ရှိတယ်၊ ထောင်ဖက်က ဘာတာဝန်တွေ ယူရမယ် ဆိုတာကို ပြောထားတာတွေကို စာအုပ် စာတမ်းတွေက မြန်မာပြည်မှာ ရှာလို့ မရဘူး ဖြစ်နေတယ်။ အစိုးရဖက်က ရှိပြန်ရင်လည်း နိုင်ငံတကာ ဥပဒေ စံချိန် စံညွှန်းနဲ့အညီ အမှန်အတိုင်း ရေးထားတာ မဟုတ်ပဲ သူတို့ စိတ်တိုင်းကျ ရေးထားတာတွေ ဖြစ်နေတယ်။ အကျဉ်းသား အခွင့်အရေး ဆိုတာမျိုးကို ဖျောက်ထားတယ်။ ဒီလိုစာအုပ် မျိုးတွေကို လက်ခံထားလို့လဲ မဖြစ်ဘူး။ ဒါကြောင့် နိုင်ငံတကာမှာ ရှိတဲ့ မူရင်းကနေ ဘာသာပြန်ပြီး နိုင်ငံရေး အကျဉ်းသား မိသားစုတွေ လက်ထဲကို အရောက် ပေးပို့ရမယ်။ သိအောင် ပြောပြရမယ်။ ဒါတွေကိုလည်း ဒေါ်စုက ပြောပါတယ်။ အစီအစဉ်တွေ ရှိပါတယ်။
ဆရာရဲ့ ဘာလဲဟဲ့ လူ့ငရဲစာအုပ် ထွက်လာတဲ့ နောက်ပိုင်းမှာလည်း အကျဉ်း ထောင်ထဲက အာဏာပိုင်တွေ အထဲမှာ ရိုက်ခတ်မှု ရှိတယ်ဆိုတဲ့ အကြောင်းလည်း ရှိသေးတယ်လေ ဆရာ။
ဟုတ်တယ်။ ဒါကလည်း တခုပေါ့ကွာ။ ကျနော် ကြားသလောက်ကတော့ အဲသည်တုန်းက စစ်ကောင်စီထဲက ဗိုလ်ရွှေမန်း တို့က ကျနော့် စာအုပ်ကို သူတို့ဆီက ရဲတပ်ဖွဲ့တွေ၊ အကျဉ်းဦးစီးက လူတွေကို ဖတ်ပြုခိုင်းတယ် ကြားဖူးတယ်။ အကျဉ်းထောင် အချို့မှာ ပြုပြင်ရေးတွေ ဘာတွေ လုပ်ဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ဆိုသော်လည်း အခုတော့ ဘာတွေ ဆက်ဖြစ်နေသလဲက မသိတော့ဘူးပေါ့ကွာ။
လူ့အခွင့်အရေးနေ့မှာ မြန်မာပြည်ကတော့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မလွတ်မြောက်မှုတွေ အတွက် ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားမိသားစုတွေ ဆွေးနွေးကြတာတွေ၊ ပြင်ဆင်မှု တွေနဲ့ ကတိပြုကြတာတွေ လုပ်ကြတယ်လို့ ပြောရမှာပေါ့ ဆရာ။
ဟုတ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေက နှစ်ထောင်ကျော်တောင် ရှိတယ်။ အားလုံးအတွက် ဘာတွေ ဆက်လုပ်ကြမလဲ ဆရာ။ သူတို့တွေ အကြောင်း စာရင်း ထုတ်ပြန်တာ၊ သူတို့တွေကို အများက သိရှိပြီး ဘယ်လို ၀ိုင်းဝန်းကြဖို့ တိုက်တွန်းတာမျိုးတွေ စဉ်းစား ထားသလား ဆရာ။
ရှိတယ်။ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က စဉ်းစားထားတွေရှိပါတယ်။ နောက်ပိုင်းမှာ နိုင်ငံရေး အကျဉ်းသား တွေကို ကူညီ အားပေးနိုင်ဖို့ ရန်ပုံငွေ ဈေးရောင်းပွဲ လုပ်နိုင်ဖို့တို့၊ အကျဉ်းသားတွေရဲ့ စာရင်းကို ပြုစုထားပြီးတော့ မှတ်တမ်း လုပ်ထားတာတို့။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားတွေ၊ ပို့စကဒ်တွေ ရောင်းချပြီး ရန်ပုံငွေ ရှာမယ်လို့ ပြောကြတာတွေ ရှိပါတယ်။ ကူညီချင်တဲ့ သူတွေကလည်း အကျဉ်းသား စာရင်းကို မဲနှိုက်ပြီးတော့ ရွေးချယ်ပြီး သတ်သတ်မှတ်မှတ် ကူညီနိုင်ကြဖို့ ဒါမျိုးတွေ ဆက်ပြီး ဆွေးနွေး ကြရမှာပေါ့ကွာ။ ဒါတွေကို အားလုံးက ၀ိုင်းဝန်းပြီး လုပ်ကြရလိမ့်မယ် ပြောချင်ပါတယ်။
ဒီတော့ အခုလို နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ မြန်မာပြည်တွင်းမှာ မလွတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ မိသားစုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ၊ စီစဉ်မှုတွေ ရှိသလိုမျိုး မြန်မာပြည်ရဲ့ ပြင်ပ တရုတ်ပြည်မှာလည်း ဒေါ်စုကဲ့သို့ အကျဉ်းကျ နေချိန်မှာ နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသူ လျူရှောင်ဘို ဆိုတဲ့ လူ့အခွင့်အရေး စွမ်းဆောင်သူ တဦးလည်း ရှိနေပြီ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုများ ထုတ်ဖော် ပြောဆိုပါသလဲ ဆရာ။
ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီမေးမြန်းခန်းမှာ ပြောတာကတော့ လျူရှောင်ဘို ဖမ်းဆီး ခံထားရတာ အတွက် စိတ်မကောင်း ဘူးလို့ ပြောပါတယ်။ ပြီးတော့ မိမိနဲ့ထပ်တူ စာနာ ထောက်ထားမှုကို လက်ကမ်း လိုက်ပါတယ်လို့ ပြောလိုက်ပါတယ်။
Ref: မိုးမခ
ဒုတိယပင်လုံ တပ်မတော်ပါမှ အောင်မြင်မည်ဟု အမေရိကန်သံကိုပြော
မျိုးသန့်
သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာအတိုက်အခံ ခေါင်းဆောင်များ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် ဒုတိယ ပင်လုံ ညီလာခံမှာ တပ်မတော်ပါဝင်မှ အောင်မြင်မည်ဟု ထောက်ပြခဲ့ပြီး ပါဝင် ဆွေးနွေးစေလိုကြောင်း ပြောခဲ့ကြသည်ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
“ဒုတိယ ပင်လုံညီလာခံက ပြည်ထောင်စု စိတ်ဓာတ်ကို အတည်ပြုဖို့ ဖြစ်တယ်၊ အဲဒါ ဘယ်သူ့ကိုမှ ရည်ရွယ်ပြီး ဆန့်ကျင်ဖို့မဟုတ်ဘူး၊ ဘယ်အဖွဲ့အစည်းကိုမှ ဆန့်ကျင်ဖို့ ရည်ရွယ်တာမရှိဘူး၊ တကယ့်တကယ် လက်တွေ့ သဘောအရ ပြောမယ်ဆိုရင် တပ်မတော်လဲ ပါဝင်ဆောင်ရွက်မှ အောင်မြင်မယ်၊ တပ်မတော်ကိုလဲ ပါဝင်စေချင်တယ်၊ အတူတူ လက်တွဲပြီး ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။
မစ္စတာယွန်း၏ ၄ ရက် ခရီးစဉ် နောက်ဆုံးနေ့တွင် NLD၊ CRPP ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်တွင် တနာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။ ထို့အစည်းအဝေး အပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များ ထပ်မံ ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းအတွက် NLD တရားဝင် ဆက်လက် ရပ်တည်ပိုင်ခွင့်နှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဦးအုန်းကြိုင်က ပြောသည်။
တပ်မတော်၊ ဒီမိုကရေစီ အင်အားစုများနှင့် လက်နက်ကိုင်အဖွဲ့များ အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်ထွန်းစေနိုင်သော ဒုတိယ ပင်လုံပင်ဖြစ်ကြောင်း CRPP အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း ပြောသည်။
“အခြေခံ သဘောတူညီချက် ရအောင်၊ အဲလို သဘောတူညီချက် ရရင်၊ တပ်မတော်ဘက်ကလဲ သူတို့ ပြင်စရာရှိတာ သူတို့ပြင်ရမယ်၊ နိုင်ငံရေးပါတီ တွေကိုလဲ သိက္ခာရှိရှိ ရပ်တည်နိုင်ခွင့် လုပ်ပိုင်ခွင့်တွေ ပေးရမယ်၊ အားလုံး ပါဝင်ဆွေးနွေးပြီးရတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးက အဓိက ပဲပေါ့၊ အဲဒါ ဒုတိယ ပင်လုံညီလာခံပဲပေါ့” ဟု ဒုဗိုလ်မှူးကြီး (ငြိမ်း) ဦးအေးသာအောင်က ပြောသည်။
ဆွေးနွေးပွဲ တက်ရောက်သည့် CRPP အဖွဲ့ဝင် ဦးထောင်ကိုထန်းကလည်း ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အတွက် တိုင်းရင်းသား များနှင့် ပြည်သူ တရပ်လုံးက စိုးရိမ်နေကြသည်ကို ကမ္ဘာ့နိုင်ငံများက ကူညီ ပေးစေလိုကြောင်း ဆွေးနွေးပွဲတွင် တင်ပြခဲ့သည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
မေလတွင်းက မြန်မာနိုင်ငံလာခဲ့သော အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ်ကမ်းဘဲလ်နောက် အဆင့်မြင့်ဆုံး အမေရိကန် အစိုးရ ကိုယ်စားလှယ် မစ္စတာယွန်း ဒီဇင်ဘာ ၉ ရက်တွင် နေပြည်တော် သွားကာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ သိပ္ဗံနှင့် နည်းပညာဝန်ကြီး ဦးသောင်း၊ ရဲချုပ် ခင်ရီအပါအဝင် အာဏာပိုင်များနှင့် တွေ့ဆုံခဲ့သည်။
သံတမန် သတင်းရပ်ကွက်တခုအရ မစ္စတာယွန်းက သိပံ္ဗနှင့် နည်းပညာဝန်ကြီး ဦးသောင်းကို အမေရိကန် သံတမန် ကြေးနန်းများ ဝီကီလိခ် ဝက်ဆိုက်တွင် ပေါက်ကြားပုံကို ရှင်းလင်း ပြောကြားကြောင်း သိရသည်။
ရန်ကုန်ရှိ အမေရိကန်သံရုံး ထုတ်ပြန်ချက်တွင် မြန်မာနိင်ငံတွင် လူ့အခွင့်အရေး တိုးတက် ကောင်းမွန်ရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အပါအဝင် အဓိက စိုးရိမ်မကင်းဖြစ်နေသော ကိစ္စရပ်များ အတွက် အမေရိကန် အနေဖြင့် မြန်မာ စစ်အစိုးရနှင့် တိုက်ရိုက် ဆွေးနွေးလိုကြောင်း ထပ်မံ ပြောကြားခဲ့သည်ဟု ပါရှိသည်။
မြန်မာဘက်က တုံ့ပြန်မှုကို မသိရသော်လည်း မြန်မာ - အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များ အတွက် ဆွေးနွေး ခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြထားသည်။
အမေရိကန် ကိုယ်စားလှယ်၏ ခရီးစဉ် ပထမဆုံးနေ့တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် ကျားဖြူပါတီမှ လွဲ၍ ကျန်သည့် အရွေးခံ ပါတီသစ်များနှင့် တွေ့ဆုံခဲ့သည်။ ကျားဖြူနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ကဲ့သို့ အရွေးခံ ပါတီသစ် တချို့က ၂၁ ရာစု ပင်လုံ ညီလာခံ ကိစ္စကို စောလွန်းသည်ဟု မကြာခင်က ကန့်ကွက်ထားသည်။
Ref: မဇ္ဈိမ
ဝီကီလိစ်တွင် မြန်မာ့ နျူကလီးယားအရေးများ ပေါက်ကြား
ရန်ပိုင်
Saturday, 11 December 2010
အမေရိကန် အစိုးရသည် မြန်မာ့ နျူကလီးယားနှင့် ဒုံးလက်နက် စီမံကိန်းများ ပတ်သက်ပြီး ၂၀၀၄ ခုနှစ် ကတည်းက သံသယ ရှိနေကြောင်း ၀ီကီလိစ်က ယမန်နေ့က ဖော်ထုတ် လိုက်သည်။
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ မြန်မာစစ်အစိုးရ၏ နျူကလီယားနှင့် ပတ်သက်သော လျှို့ဝှက် အစီရင်ခံစာတွင် စစ်အစိုးရသည် မြောက်ကိုရီးယား နိုင်ငံ၏ အကူအညီဖြင့် မြေအောက် ဥမင် လိုဏ်ခေါင်းများ တည်ဆောက် လုပ်ကိုင်နေကြောင်း၊ လုပ်ငန်းခွင်တွင် မြောက်ကိုရီးယား နိုင်ငံသား ၃၀၀ ခန့် လုပ်ကိုင် နေသည်ဟု မျက်မြင် သက်သေတဦးက ပြောကြောင်း ဖော်ပြထားသည်။
အဆိုပါ ကွန်ကရစ် မြေအောက်လိုဏ်ခေါင်းများသည် ပေ ၅၀၀ (၇၅မီတာ) ခန့်မြင့်ကြောင်း၊ မြောက်ကိုရီးယား နိုင်ငံသားများ အကူ အညီဖြင့် မြန်မာ အလုပ်သမားများက ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း၊ ထို့အပြင် မည်သည့်နိုင်ငံမှ ထုတ်လုပ်သည်ဟု မသိရသော ဒုံးလက်နက် များကိုလည်း ယင်း မြောက်ကိုရီးယား များက တပ်ဆင် နေသည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။
ဝီကီလိစ် စာမျက်နှာတွင် ပေါက်ကြားနေသော ရန်ကုန်ရှိ အမေရိကန် သံရုံးမှ မြန်မာနိုင်ငံ နျူကလီးယားဆိုင်ရာ လျှို့ဝှက်ပေးစာ
ထို့အပြင် ပြည်ပရောက် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တဦးက စစ်အစိုးရသည် သာမန် စက်ရုံတရုံတွင် အသုံးပြုရန်ထက် ကြီးမားသည့် စက်ပစ္စည်းများကို တွဲသင်္ဘောကြီးများဖြင့် သယ်ယူမှုများ ရှိကြောင်း၊ ယင်းပစ္စည်းများသည် မကွေးတိုင်း အတွင်း တည်ဆောက်နေသည် ဆိုသော နျူကလီးယား စီမံကိန်းအတွက် ဖြစ်နိုင်သည်ဟု အမေရိကန်သံရုံးသို့ ပြောဆိုမှုများလည်း ဖော်ပြပါရှိသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာစစ်အစိုးရနှင့် မြောက်ကိုရီယား အကြား နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ရသည်ဟု ယခုနှစ် ဇူလိုင်လအတွင်းက ပြောကြားခဲဖူးသည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် မြန်မာ၊ အီရန်၊ ဆီးရီးယား စသည့် နိုင်ငံများသို့ နျူကလီးယားနှင့် ဒုံးလက်နက် ဆိုင်ရာ အစိတ်အပိုင်း များကို ပေးပို့ခြင်းမပြုရန် တားမြစ်သည့် အစီရင်ခံစာကို ကုလသမဂ္ဂမှ ပြီးခဲ့သည့်လ အတွင်းက ထုတ်ပြန်ခဲ့သည်။
မြန်မာ့နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ထပ်မံထွက်ပေါ်လာသည့် ၀ီကီလိစ် သတင်းတပုဒ်မှာ ၂၀၀၈ ခုနှစ်က မြန်မာစီးပွားရေး လုပ်ငန်းရှင် တဦးက ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသို့ ပုလင်းတလုံး အတွင်း ထည့်ထားသည့် ယူရေနီယံများကို လာရောက် ရောင်းချကြောင်း၊ ယင်း ယူရေနီယံသည် ရေဒီယို သတ္တိကြွ အမှုန့်များဖြစ်ကြောင်း တရုတ်နိုင်ငံရှိ တက္ကသိုလ်တခုမှ ၁၉၉၂ ခုနှစ်က ထောက်ခံထားသည့် လက်မှတ်မိတ္တူ တစောင်လည်း ပါရှိကြောင်း၊ ထိုပစ္စည်းကို အမေရိကန် သံရုံးက စိတ်မ၀င်စားလျှင် ထိုင်းနိုင်ငံ သို့မဟုတ် တခြားသော နိုင်ငံများသို့ ရောင်းချရန် ကြိုးစားမည်ဟုလည်း ပြောဆိုသည့် အတွက် အမေရိကန်သံရုံးမှ ၀ယ်ယူ ထားရကြောင်းလည်း ပါရှိသည်။
မြန်မာနိုင်ငံတွင် ထွက်နေသည့် ယူရေနီယံသတ္တုများကို စီးပွားရေးလုပ်ငန်းရှင်များက ပြည်ပသို့ ရောင်းချရန် ကြိုးစားမှု များနှင့် ပတ်သက်၍ စီပွားရေး လုပ်ငန်းရှင် တဦးဖြစ်ခဲ့သူ ဦးမင်းဒင်၏ မင်းဒင်ရဲ့သက်ခိုင် စာအုပ်တွင်လည်း ယခုကဲ့သို့ ရေးသား ဖော်ပြခဲ့ဖူးသည်။
၁၉၉၅ ခုနှစ်ခန့်က ဦးစံလင်းဆိုသူက Hosting Flag ဟု အမည်ပေးထားသည့် သတ္တု ရှာဖွေရေး ကုမ္ပဏီတခုကို တည်ထောင်ပြီး အစိုးရနှင့် ဖက်စပ် အကျိုးတူ ပူးပေါင်း၍ မန္တလေးတိုင်း သပိတ်ကျင်းဒေသ တ၀ိုက်တွင် ရှာဖွေရာ ဓာတ်သတ္ထု တမျိုးကို တူးဖော် ရရှိကြောင်း၊ ယင်းနမူနာကို သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန၏ ဓာတ်ခွဲခန်းသို့ ပို့ပြီး စစ်ဆေးခဲ့ရာ ရွှေ၊ အလျူမီနီယမ်၊ ယူရေနီယမ်၊ တိုက်တေနီယမ်နှင့် ပလူတိုနီယမ် စသည့် အမျိုးအစား ရှစ်မျိုး ပါဝင်သည်ဟု အဖြေထွက်ကြောင်း၊ ယင်းသတ္တုများကို ဦးစံလင်းက ပါကစ္စတန် နိုင်ငံမှ ကုန်သည်တဦးသို့ ရောင်းချရန် ကြိုးစားဖူးကြောင်း ဦးမင်းဒင်၏ စာအုပ်တွင် ရေးသားထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် ဦးမင်းဒင်က နောက်ပိုင်းတွင် ထိပ်ပိုင်း အာဏာပိုင်များက ယင်းတူးဖော်ရေး စီမံကိန်းကို သတ္တုတွင်း ဝန်ကြီးဌာသို့ လွှဲပြောင်းပေးရန် ညွှန်ကြားစာ ထွက်လာသဖြင့် ဦးစံလင်းက လုပ်ငန်းကို ရပ်ပြီး လွှဲပေး လိုက်ရကြောင်း ဖြေကြားသည်။
ယခုရက်ပိုင်း ရန်ကုန်ရှိ အမေရိကန်သံရုံး၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော လျှို့ဝှက်ချက် အစီရင်ခံ ပေးစာများ ဆက်တိုက် ထွက်ပေါ်နေရာ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် အဖြစ် တာဝန် ယူထားစဉ်က အစိုးရနှင့် အတိုက်အခံတို့ အကြား တွေ့ဆုံ ဆွေးနွေးမှုများ ဖြစ်ပေါ်စေရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးစသည့် အရေးကြီးသည့် ကိစ္စများတွင် တိုးတက်အောင် မဆောင်ရွက် နိုင်သည့် အတွက် မစ္စတာ ဂမ်ဘာရီကို ထိုရာထူးမှ ဖယ်ရှားရန် ထိုစဉ်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ကွန်ဒိုလီဇာရိုက်က ၂၀၀၈ ခုနှစ်တွင် ပြောဆို ခဲ့ကြောင်းလည်း ထွက်ပေါ်ခဲ့သည်။
ထို့အပြင် တရုတ်အစိုးရ အနေဖြင့် မြန်မာစစ်အစိုးရ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ နှေးကွေး နေခြင်းကို စိတ်ပျက် မိကြောင်း ပြောဆိုသည် ဟုလည်း ပေါက်ကြားလာသည့် ပေးစာများတွင် ပါရှိသည်။
ဝီကီလိစ်၏ ပေါက်ကြားချက်များတွင် မြန်မာစစ်အစိုးရကို ယူကရိန်းနိုင်ငံမှ စစ်လက်နက်ပစ္စည်း ထောက်ပံ့နေမှု အပေါ် အမေရိကန်က ဖိအားပေးခြင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ် အမှုဆောင်များအား “ပါတီကို အမြဲ ထိန်းချုပ် ထားချင်သည့် အလုပ် မဖြစ်သော အန်ကယ်ကြီးများ” စသည်ဖြင့် အမေရိကန် သံရုံး၏ ဝေဖန်မှု၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အင်္ဂလန် ပရီးမီးယားလိဂ်မှ နာမည်ကြီး မန်ချက်စတာ ယူနိုက်တက်အသင်းကို ၀ယ်ယူရန် စိတ်ကူးရှိခဲ့ခြင်း၊ စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုက မြန်မာ၊ လာအို၊ ကမ္ဘောဒီယား နိုင်ငံများသည် အာဆီယံ အတွင်းမှ လျှို့ဝှက်ချက်များကို တရုတ်နိုင်ငံသို့ လက်ထောက်ချနေခြင်း စသည့် အကြောင်းများ ပါဝင်သည်။
ဝီကီလိစ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အချက်အလက် ပေါင်း ၁၈၆၄ ခု ရှိထားကြောင်း သိရသည်။
ဝီကီလိစ်သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းမှ စတင်ပြီး နိုင်ငံတကာ အစိုးရများ၏ သံတမန်ရေးဆိုင်ရာ သတင်းပို့သည့် လျှို့ဝှက်ချက် များကို ဖွင့်ချလာခဲ့ရာ ယခုအခါတွင် ဘာသာရေး ခေါင်ဆောင် တဦးဖြစ်သည့် ပုပ်ရဟန်းမင်းကြီးနှင့် ပတ်သက်သည့် အချက်အလက်များ အထိ ဖွင့်ချလာသည်ကို တွေ့ရသည်။
Ref: ဧရာဝတီ်
နေ့စဉ်သတင်းများ ( ၁၂ - ၁၂ - ၂၀၁၀ )
■ ဒုတိယပင်လုံနဲ့ တပ်မတော်အခန်းကဏ္ဍ သဘောပေါက်လွဲနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား သတင်း
■ ဒေါ်အောင်ဆန်းစုကြည်က ပြည်ပရောက် မြန်မာပြည်သားများ ညီညွတ်ကြရန် ပြော သတင်း
■ ဒေါ်အောင်ဆန်းစုကြည် နော်ဝေး မြန်မာယဉ်ကျေးမှုကော်မတီကို စကားသ၀ဏ်လွှာ ပို့ သတင်း
■ မြန်မာနိုင်ငံမှာ နျူကလီယားလက်နက်မရှိဟု ထိုင်းဝန်ကြီးချုပ် ပြော သတင်း
■ ဘုရားသုံးဆူအနီး မယ့်ကသာရွာတွင် တိုက်ပွဲဖြစ်၊ နအဖ ဒု-ရင်းမှူး ဒဏ်ရာရ သတင်း
■ ကရင်ပြည်နယ်အတွင်း စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုများ သတင်း
■ ကရင်ငြိမ်းချမ်းရေးတပ်သား (၆) ဦးအမှု တရားဥပဒေအရ တိုင်ကြားဖို့ပြင် သတင်း
■ ကချင်မနောပွဲ စစ်တပ်က ဦးစီးလို့ မကျေနပ်ကြ သတင်း
■ ၀ီကီလိခ်စ် ၀က်ဘ်ဆိုက်မှာ မြန်မာ့သတင်း ပါလာ သတင်း
■ မြန်မာသင်္ဘောသားတွေ လွတ်ရေး ဆိုမာလီ ပင်လယ်ဓားပြနဲ့ သင်္ဘောကုမ္ပဏီ ညှိနှိုင်းမှုပေါ် မူတည် သတင်း
■ မြန်မာနိုင်ငံမှာ နျူကလီးယားအစီအစဉ် မရှိကြောင်း ထိုင်း ပြောကြား သတင်း
■ တလကျော်ကြာ တိုင်းရင်းသားဒေသ တိုက်ပွဲများအတွင်း မြန်မာစစ်အစိုးရတပ်ဖွဲ့ဝင် ရာနဲ့ချီပြီး သေဆုံးဒဏ် ရာရှိ သတင်း
■ ၂၁ ရာစုပင်လုံ စိန်ခေါ်မှုမဟုတ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော သတင်း
■ မြန်မာမူးယစ်ရာဇာကို ဖမ်းဝရမ်းထုတ် သတင်း
■ မြန်မာပြည်မှာ မြေမြှုပ်မိုင်း သုံးနေဆဲ သတင်း
■ ရခိုင်ဆရာတော်ကို ထောင်ဝင်စာ တွေ့ခွင့်မရသေး သတင်း
■ မြန်မာသင်္ဘောသား (၂၃) ယောက်ပါ သင်္ဘော ပြန်ပေးဆွဲခံရ သတင်း
■ နိုင်ငံခြားမှ ၀ယ်ယူသည့် ပစ္စည်းများ အခွန်နှစ်ထပ် ကောက်ခံမည် သတင်း
■ အားလုံးပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်အပေါ် မတူညီတဲ့ အမြင်နှစ်မျိုး သတင်း
■ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားများနဲ့ အကျဉ်းကျနေတဲ့ နိုဘယ်ဆုရှင်သစ်ကို စာနာခြင်း - ဦးဝင်းတင်နဲ့ မေးခွန်းများ
■ လူတယောက်ယောက်ကို လက်သီးနဲ့ ထိုးဖို့ဆိုတာ ကိုယ့်မှာ မေးရိုးရှိရတယ် (ဆောင်းပါး)

















































BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88