Thursday, February 5, 2009

ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များ မလုံလောက်သေးဟု ဒေါ်အောင်ဆန်းစုကြည် သုံးသပ်

မြန်မာနိုင်ငံ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့အရေးနှင့် စပ်လျဉ်းပြီး ကုလသမဂ္ဂမှ ဆောင်ရွက်နေမှုများသည် မလုံလောက်သေးကြောင်း ပြောကြားခဲ့သည်။

ဇန်န၀ါရီလ (၂) ရက်နေ့က ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖွဲ့သည် မြန်မာစစ်အာဏာပိုင်များအား နိုင်ငံ တော်အာဏာကို မောင်ပိုင်စီးထားခြင်းအား စွန့်လွှတ်ရန် တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့မှုကို ရည် ညွန်းပြီး ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်မှာ လက်ရှိ အချိန်အထိ မြန်မာအစိုးရ၏ နေအိမ်အကျယ်ချုပ် ပြစ်ဒါဏ်ချမှတ်မှုကို ခံနေရဆဲ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီ NLD မှ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း အစည်းအဝေးတခုအတွင်း ကုလသမဂ္ဂ အထူးကိုယ်စား လှယ် ဂမ်ဘာရီကို ဒေါ်အောင်ဆန်းကြည်က တွေ့ဆုံလိုခြင်း မရှိသောကြောင့် မဟုတ်ပါကြောင်း၊ သို့သော် လည်း သူမ အနေနှင့် မှတ်တမ်းတင်ရုံ အဆင့်ထက်ပိုပြီး မည်သည့် အကျိုးကျေးဇူးမှ မရရှိနိုင်သော အစည်း အဝေးမျိုးကိုမူ အလိုမရှိကြောင်း ထုတ်ဖော် ပြောကြားသွားသည်။

ကုလသမဂ္ဂကမူ ယခုတခေါက် ဂမ်ဘာရီ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ဒီမိုကရေစီ ဖော်ဆောင်ရေး ရလဒ် ကောင်းများ ပေါ်ပေါက်လာမည်ဟု ယုံကြည်နေဆဲဖြစ်ကြောင်း သိရှိရသည်။

REF: လူထုအသံ

0 comments:

အပေါ်သို့