မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)
1 Oct, 2012
ရခိုင်အမျိုးသမီးနှစ်ရာခန့်က စစ်တွေမြို့တွင် ပြုလုပ်မည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခွင့်ကို စက်တင်ဘာလ (၃၀) ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ထားသော်လည်း သက်ဆိုင်ရာမှ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ဆန္ဒဖော်ထုတ်ရေးတွင် ဦးဆောင်သူ ဒေါ်ညိုအေးထံက သိရသည်။
ရခိုင်အမျိုးသမီးများ၏ ဘဝလုံခြုံမှုနှင့် ရခိုင်လူမျိုးတို့၏ ဘဝလုံခြုံမှုရှိစေရေးစသည့် ရွယ်ရည်ချက်များဖြင့် ရခိုင်အမျိုးသမီးများက စက်တင်ဘာလ(၃၀)ရက်နေ့လည်ပိုင်း၌ စစ်တွေမြို့တွင် ပြုလုပ်ရန် စီစဉ်ထားရှိရာမှ ယခုကဲ့သို့ ရက်ရွှေဆိုင်းခံရခြင်းဖြစ်သည်။
""စက်တင်ဘာ(၂၆)ရက်နေ့မှာ မြို့နယ်အာဏာပိုင်တွေဆီိ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ကို ဥပဒေ လုပ်ထုံး လုပ်နည်းတွေနဲ့ အညီ တင်ပြခဲ့တယ်။ အဲဒီနေ့မှာပဲ မြို့နယ်က ပယ်ချတယ်။ ဒါကြောင့်(၂၇)ရက်နေ့မှာ ပြည်နယ်ကို ဆက်တင်တယ်။ (၂၉)ရက် နေ့မှာ ပြည်နယ်က ကျမကိုခေါ်တွေ့ပြီးတော့ တောင်းဆိုချက် တချို့ကို ပြင်ခိုင်းသလို(၂၈)ရက်နေ့ ကောလဟလကြောင့် လူထု အုံကြွမှုဖြစ်လုနီးပါးအနေအထားကို ထောက်ပြပြီးတော့ နှစ်ပတ်စောင့်ခိုင်းထားတယ်''ဟုဒေါ်ညိုအေးက သတင်းထောက် များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
၎င်းရခိုင်အမျိုးသမီးများ ဆန္ဒထုတ်ဖော်လိုသော တောင်းဆိုချက်များမှာ “၁၉၈၂ခုနှစ်မြန်မာ နိုင်ငံသား ဥပဒေကို လေးစားလိုက်နာ ရန်၊ တရားမ၀င် ခိုးဝင်လာသူများကို အလိုမရှိ၊ မြန်မာ့ပြည်တွင်းရေးကို OIC ၀င်မစွက်နှင့်၊ မြန်မာပြည်မှာ ဘယ်အချိန်ကမျှ ရိုဟင်ဂျာ မရှိ၊ မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည်၊ မြန်မာ့အမျိုးသမီးများဘ၀လှပလုံခြုံမှုရှိပါစေ၊ မြန်မာတမျိုးသား လုံး စည်းလုံးညီညွှတ်ကြ”ဟု စသည့် အချက် (၈)ချက် ဖြစ်သည်။
၎င်းဆန္ဒဖော်ထုတ်ခွင့်ကို စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့်စီတန်းလှည့်လည်ခြင်းခွင့်ပြု မိန့်ကို ငြင်းပယ် လိုက်ခြင်း ဖြစ်သည်။
သို့သော် သက်ဆိုင်ရာမှ (၂)ပါတ်အတွင်းတွင် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမည်ဟုလည်း ဒေါ်ညိုအေး က ဆိုသည်။ ထို့ အပြင် တောင်းဆိုချက်တစ်ချက်ကိုလည်း ဖြုတ်ပေးခဲ့ရကြောင်း သိရှိရသည်။
ရခိုင်အမျိုးသမီးများ စီတန်းလှည့်လည်ရာတွင် တီရှပ်အဝါရောင် အင်္ကျီများ ဝတ်ဆင်ကြမည်ဖြစ်ရာ ၄င်းတီရှပ်၏ ရှေ့မျက်နှာတွင် (GeOut OIC Stop)နှင့် နောက်မျက်နှာတွင် အကြမ်းဖက်သမားများ အလိုမရှိဟု ပါရှိမည်ဟု ငြိမ်းချမ်းစွာဆန္ဒလှည့် လည်ခွင့် အတွက် သက်ဆိုင်ရာသို့ လျှောက်ထားချက်တွင် ပါရှိသည်။
စစ်တွေမြို့တွင် စက်တင်ဘာလ(၂၈)ရက်နေ့ ဖြစ်ပွားခဲ့သော ရေခဲချောင်းသည် ရခိုင်လူငယ်တစ်ဦး အသတ်ခံရ သည် ဟူသော ကောလဟာလကြောင့် စစ်တွေမြို့အောင်မင်္ဂလာရပ်ကွက်တွင် လူစုလူဝေးဖြစ်ပွားခဲ့ရသည်။
ရသေ့တောင်တွင် စက်တင်ဘာလ (၂၅)(၂၆)ရက်နေ့က ပြုလုပ်ခဲ့သည့် ရခိုင်ဒေသလူထု အစည်းအဝေး တွင်လည်း မကြာမီ တွင် ရခိုင်ပြည်နယ်၌ ဖွင့်လှစ်မည့် OIC ရုံးအား လက်မခံနိုင်ကြောင်းကိုလည်း ကန့်ကွက်ခဲ့ ကြသည်။
Ref: မြစ်မခ
Monday, October 1, 2012
ရခိုင်အမျိုးသမီးများ၏ငြိမ်းချမ်းစွာလှည့်လည်ခွင့် ကောလဟာလကြောင့် (၂)ပတ်ရွှေ့ဆိုင်းခံရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment