မင်းမင်းလတ်-မန္တလေး(မြစ်မခ)
1 Oct, 2012
မန္တလေးမီဒီယာသမားများအကြား၌် မီဒီယာသမားများအနေဖြင့် လက်ဆောင်ယူသင့်မယူသင့်ဟူ သည့်ကိစ္စအား မန္တလေးမြို့ ချမ်း အေးသာစံမြို့နယ် (၃၅)လမ်းပေါ်ရှိ Simplecity စားသောက်ဆိုင်တွင် ပြုလုပ်သော မီဒီယာ စကားဝိုင်းတွင် သဘောထား အမြင်အမျိုးမျိုးဖြင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါစကားဝိုင်းကို ရန်ကုန်မြို့မှ သတင်းစာဆရာရဲနိုင်မိုး ၊ ဒီဇိုင်းပညာရှင် စိုးဝင်းငြိမ်း အပါအ၀င် အရှေ့တောင်အာရှမှ မီဒီယာ သမားအချို့ တက်ရောက်ခဲ့ပြီး စက်တင်ဘာလ (၂၆)ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ မုံရွာမှာတော့ ဂျာနယ် တိုက်တွေတင်မဟုတ်ပဲ မီဒီယာသမားတွေကပါ လက်ဆောင် လုံးဝမယူပါဘူး" ဟု ဆွေးနွေးပွဲတွင် တက်ရောက်လာသော မုံရွာမြို့မှမီဒီယာသမားတစ်ဦးက ၎င်းတို့၏ အခြေအနေကို တင်ပြဆွေးနွေး ခဲ့သည်။
ဆက်လက်၍ ပေါ်ပြူလာဂျာနယ်မှစိုင်းလှမင်းက ရန်ကုန်မြို့တွင် ၎င်းကြုံခဲ့ရသည့် လာဘ်ထိုးမှုအချို့ ကြုံခဲ့ရသည့်အဖြစ် အပျက် များနှင့်ပတ်သက်၍ ယခုကဲ့သို့ဆိုသည်။
"ကုမ္ပဏီတစ်ခုက စာနယ်ဇင်းတွေ့ဆုံပွဲပြီးတော့ ငွေငါးသောင်းလာပေးတယ်၊ ဒါကျွန်တော့်ကို စော်ကားတာ၊ ကျွန်တော် မယူခဲ့ပါ ဘူး၊ အဲဒီသတင်းလဲ မရေးခဲ့ဘူး " ဟု ၄င်းက ပြောပြသည်။
The Farmer ဂျာနယ်မှ မန္တလေးသတင်းထောက်ဖြစ်သည့် ကျော်သူရမျိုးကလည်း ၄င်း၏အတွေ့အကြုံကို ပြောပြ သည်။
"ကျွန်တော်ကတော့ ကုန်ပစ္စည်း မိတ်ဆက်ပွဲတို့ ၊ အလှကုန်ပွဲတို့ဆို မသွားတော့ဘူး ၊ ဘာလို့လဲဆိုတော့ သူများတွေက လက် ဆောင်ထုတ်တွေ ယူနေတဲ့အချိန်မှာ ကျွန်တော်တို့က မယူပဲထိုင်နေရင် ဆရာကြီး လုပ်တဲ့ပုံ ဖြစ်နေမှာစိုးလို့" ဟု ကိုကျော်သူရ မျိုးက ပြောသည်။
လက်ဆောင်ယူခြင်းမယူခြင်းနှင့် သတင်းဂျာနယ်တိုက်များက တားမြစ်ထားခြင်းမှာ ထို လက် ဆောင်များ၏ သက်ရောက်မှုမှာ သတင်းအပေါ် လွှမ်းမိုးလာမည်ဖြစ်သောကြောင့် တားမြစ်ခြင်း ဖြစ်နိုင်ကြောင်း ၎င်း၏ထင်မြင်ယူဆ ချက်ကို 7 Day ဂျာနယ်မှ မန္တလေးသတင်းထောက်မောင်တာက တင်ပြခဲ့သည်။
မီဒီယာသမားများအနေဖြင့် လိုက်နာကျင့်သုံးရမည်ဖြစ်သော မီဒီယာကျင့်ဝတ်များတွင် သတင်း တစ်ပုဒ်အတွက် တစ်စုံတစ်ရာ အခကြေးငွေနှင့် လက်ဆောင်မယူရဟူ၍ နိုင်ငံတကာ စံနှုန်းများဖြင့် သင်ကြား လုပ်ကိုင်နေကြသော်လည်း မန္တလေးမြို့ရှိ မီဒီယာ အချို့မှာ ထိုအချက်အား လိုက်နာမှုအပေါ်တွင် အားနည်းသေးသည်ကိုလည်း တွေ့ရှိရသည်။
Ref:
Monday, October 1, 2012
မီဒီယာများ လက်ဆောင်ယူသင့်မယူသင့် မန္တလေးတွင် ဆွေးနွေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment