■ အထင်ကရ အထက်လွှတ်တော်အမတ် အက်ဒွပ်ကနေဒီ ကွယ်လွန် သတင်း
■ ကွယ်လွန်သူ လွှတ်တော်အမတ် ကနေဒီကို ကမ္ဘာ့ခေါင်းဆောင်များ ဂါရ၀ပြု သတင်း
■ မိသားစုများ ပြန်လည်ဆုံဆည်းရေး တောင်နဲ့ မြောက်ကိုရီးယား ဆွေးနွေး သတင်း
■ သပိတ်မှောက်ကံဆောင်ရန် သံဃာ့တပ်ပေါင်းစု နှိုးဆော် သတင်း
■ NLD ရွေးကောက်ပွဲဝင်ဖို့ ဆီနိတ်တာဂျင်ဝက်ဘ် တိုက်တွန်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးလှုပ်ရှားမှု ရန်ကုန်မှာ လုပ်ခဲ့ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျွန်ယက်တော ဆွေးနွေးခြင်း အလျဉ်းမရှိခဲ့ သတင်း
■ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု တရုတ်သြဇာလွှမ်းမိုး သတင်း
■ ကိုးကန့်တပ်ဖွဲ့ကို စစ်အစိုးရနောက်ခံဖြင့် အသစ်ပြန်ဖွဲ့ သတင်း
■ ကိုးကန့်မှာ အဖွဲ့တဖွဲ့ထပ်ဖြစ်လာ သတင်း
■ သတင်းပေးလုပ်နည်းသင်တန်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက ပို့ချနေ သတင်း
■ မော်လမြိုင်တက္ကသိုလ်အတွင်း လှုံ့ဆော်စာတွေ့ပြီးနောက် စစ်ဆေးကန့်သတ်မှု တိုးမြှင့် သတင်း
■ ဘူးသီးတောင်တွင် လုံခြုံရေးတင်းကျပ် သတင်း
■ အ၀ါရောင်လှုပ်ရှားမှု စပြီ သတင်း
■ အတိုက်အခံများက အဝါရောင်လှုပ်ရှားမှု စတင် သတင်း
■ ထိုင်း-မြန်မာနယ်စပ် ရေကာတာ ရေလျှံမှုကြောင့် စိုးရိမ်နေကြ သတင်း
■ ရန်ကုန်မြစ်အတွင်း တရုတ်ငါးဖမ်းသင်္ဘောတစင်း နစ်မြုပ် သတင်း
■ စိတ်ကြွဆေးပြား (၃) သန်းခန့်နှင့် ဘိန်းဖြူများ ဖမ်းမိခဲ့ဟု စစ်အစိုးရ ထုတ်ပြန် သတင်း
■ အဖက်ဖက်မှ အခွန်ဆောင်ရသောကြောင့် မြ၀တီမြို့ရှိ ပြည့်တန်ဆာများ ညည်းတွားနေ သတင်း
■ တက္ကစီပြေးဆွဲခွန် (၂) နှစ်စာ ဆောင်ရမည်ဖြစ်၍ တက္ကစီသမားများ ဒုက္ခရောက် သတင်း
■ ဘဏ်နှင့် အကျိုးဆောင်များမှာ ဓာတ်အားခ ကြိုတင်ပေးသွင်းနိုင် သတင်း
■ ကိုးကန့်ခေါင်းဆောင် ၀ နယ်မြေသို့ ၀င်ရောက်ခိုလှုံ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချတဲ့ လုပ်ရပ်အပေါ် မိတ္ထီလာအဖွဲ့ချုပ် ရှုတ်ချ သတင်း
■ ပြည်မြို့တွင် လူငယ်အချို့ ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံနေရ သတင်း
■ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင်တဦး၏ အစ်မကို စစ်အစိုးရက ယနေ့ရုံးထုတ်စစ်ဆေး သတင်း
■ သာယာဝတီအခြေစိုက် ခလရ (၃၅) တပ်လမ်းကို ဖြတ်သန်းခွင့်မပြု သတင်း
■ လယ်သမားများထံ ငွေကြေးကောက်ခံနေသောအဖွဲ့သည် သူတို့တပ်ဖွဲ့မှ မဟုတ်ကြောင်း နိုင်အောင်နိုင် ငြင်းဆို သတင်း
■ ပိုစတာလှုပ်ရှားမှု စတင်ပြီးနောက် တိုင်းမှူးသောင်းအေး တောင်ကုတ်သို့ ရောက် သတင်း
■ (၁၀) တန်းအောင် ကြံ့ဖွံ့အဖွဲ့ဝင်များကို သတင်းပေးသင်တန်း ပို့ချ သတင်း
■ ရာဘာဈေး တက်သော်လည်း ခြံပိုင်ရှင်များ ရုန်းကန်နေရဆဲ သတင်း
Thursday, August 27, 2009
နေ့စဉ်သတင်းများ (၂၆- ၈ - ၀၉)
Wednesday, August 26, 2009
ဒုတိယ ရေကြည်အိုင်
August 26, 2009
ဆောင်းပါးရှင် – L.t Comet (ရုရှားပြန် တပ်မတော် အရာရှိ တစ်ဦး)
နိုင်ငံရေး လှုပ်ရှားနေသူတွေ အားလုံးကို သိစေချင်တဲ့ စေတနာနဲ့ ဒီစာကို ရေးလိုက်တာပါ။ ပြီးတော့ နအဖရဲ့ လုပ်ကွက် တွေကိုလည်း နိုင်ငံရေး လှုပ်ရှားနေကြတဲ့ မျိုးချစ်တွေ အနေနဲ့ မသိသေးတဲ့ အရာတစ်ခုကို သိဖို့အတွက် စေတနာနဲ့ ရေးသား လိုက်တာလည်း ဖြစ်ပါတယ်။
နအဖတွေဟာ နိုင်ငံရေးလှုပ်ရှားသူ အဓိက ခေါင်းပိုင်းတွေကို မိပြီဆိုရင် အင်းစိန်မှာ ရှိတဲ့ ဘုရင့်နောင် စစ်ကြောရေးကို အရင် ပို့ပါတယ်။ ဘုရင့်နောင် စစ်ကြောရေးကို ရောက်တာနဲ့ အဲဒီလူကို ဘေးပတ်ပတ်လည်မှာ မှန်တွေပဲ ရှိတဲ့ အခန်းထဲကို အရင် ထည့်ထားပါတယ်။ အခန်းထဲမှာ စားပွဲ ၁ လုံးနဲ့ ကုလားထိုင် ၂ လုံး ရှိပါတယ်။ ပြီးရင် စစ် မေးမယ့် သူက တစ်ယောက် ၀င်လာပါတယ်။ စစ်မေးမဲ့ သူရဲ့ အရှေ့မှာ နိုင်ငံရေး လှုပ်ရှားသူက ထိုင်ရပါတယ်။ သူ တို့တွေ မေးမြန်း နေတာတွေကို ဘေးပတ်လည် မှန်တွေနဲ့ ကာထားတဲ့ အခန်းထဲက နေပြီးတော့ အနိမ့်ဆုံး ဒုဗိုလ်မှူးကြီး အဆင့်ရှိတဲ့ အရာရှိကြီး တစ်ဦးက ကြည့်နေပါတယ်။ အဲ့ဒီ ဒုမှူးကြီး အဆင့်ကို ဘာလို့ ကြည့်ခိုင်းတာလည်း ဆိုတော့ နအဖ စစ်တပ်ရဲ့ ထုံးစံအရ ဒုမှူးကြီး အဆင့် ရှိသူတွေ အားလုံးကို VIP လို့ ခေါ်ဆိုကြပြီး သူတို့တွေဟာ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ သင်တန်းတွေကိုပါ တက်ရောက်ပြီးတဲ့ အတွက် သူတို့တွေကို ကြီးကြပ် ကွပ်ကဲ ခိုင်းတာဖြစ်ပါတယ်။
ဒုမှူးကြီး ဦးစီးတယ်ဆိုပေမဲ့ နိုင်ငံရေးသမားများကို တွေ့တိုင်း ဒုမှူးကြီးအား ကွပ်ကဲ ခိုင်းတာ မဟုတ်ဘဲ နအဖ အစိုးရရဲ့ စနစ်တကျ ရွေးချယ် ထားတဲ့ အရေးကြီးမယ်ထင်တဲ့ သူတွေကို စစ်မေးတဲ့ အခါမှာသာ ကြီးကြပ် ကွပ်ကဲ ခိုင်းတာ ဖြစ်ပါတယ်။ နိုင်ငံရေး လှုပ်ရှားသူကို စစ်တဲ့ နေရာမှာ စစ်တဲ့ အရာရှိတွေဟာ လုံးဝကို သွေးအေးတဲ့ လူတွေကိုပဲ စစ်မေး ခိုင်းပါတယ်။ စစ်မေးသူ အရာရှိဟာ ဘယ်တော့မှ ဒေါသလည်း မထွက်ပါဘူး။ ဒေါသမထွက်ဖို့ ကိုလည်း ပြောထား ပြီးသားပါ။ ပြီးတော့ ဒုမှူးကြီးလည်း ရှိနေတော့ ဒေါသ မထွက်အောင် ထိန်းချုပ် ထားရတာပေါ့။ နိုင်ငံရေး လှုပ်ရှားသူကို စစ်မေးသူ အရာရှိက ဒေါသ လုံးဝ မထွက်ဘဲ အေးအေး ဆေးဆေးနဲ့ နအဖတို့ သိချင်တဲ့ အချက်အလက် များကို မေးပါတယ်။ ဒါပေမဲ့ နိုင်ငံရေး လှုပ်ရှားသူ တွေဟာလည်း ဘယ်တော့မှ မပြောပါဘူး။
စစ်မေးသူအရာရှိက သွေးအေးအေးနဲ့ ခင်ဗျားသေမှာ မကြောက်ဘူးလားလို့ မေးလိုက်ရင် နိုင်ငံရေး လှုပ်ရှားသူ ကလည်း မကြောက်ကြောင်း ပြန်ပြောပါတယ်… စစ်မေးသူ အရာရှိက သုံးကြိမ်မေးပါတယ်။ ပြီးမှ ခင်ဗျားသေမှာ တကယ် မကြောက်ရင် ခင်ဗျားကို ကျွန်တော် ပြောပြမယ်။ ခင်ဗျား နောက်ကို လှည့်ပြီးရင် ခြေလှမ်း ၁၅ လှမ်း လျှောက်လိုက်ပါ… အဲ့ဒီမှာ ချောက်ကြီး တစ်ခု ရှိတယ်…. အဲဒီ ချောက်ထဲကို ကျသွားရင် ခင်ဗျား သေပြီဆိုပြီး ပြောပြီးတော့ နိုင်ငံရေး လှုပ်ရှားသူတွေကို လမ်းလျှောက် ခိုင်းပါတယ်။ တကယ်ဘဲ ခြေလှမ်း ၁၅ လှမ်း ပြည့်တော့ ချောက်တစ်ခုကို ကျသွားပါတယ်… ပေ၅၀ လောက်တော့ မြင့်မှာပါ… ဒါပေမဲ့ အောက်မှာက အပျော့ စားလေး (ဖော့လို) တစ်ခုခုနဲ့ အောက်မှာ ခင်းထားပါတယ်… ဒီနည်းဟာ လူတစ်ယောက်ကို စိတ်ဓာတ် စစ်ဆင် ရေးနည်း တစ်မျိုးပါပဲ… ဘယ်လို စိတ်ဓါတ် စစ်ဆင်ရေး လဲဆိုတော့ လူတစ်ယောက်ရဲ့ စိတ်ဓါတ်ကို ကြောက်စိတ် သွင်းလိုက်တဲ့ သဘောမျိုးကို ဆောင်ပါတယ်။ အဲ့ဒီလို သဘောမျိုးကို အခြေခံထားတဲ့ စိတ်ဓါတ် စစ်ဆင်ရေးပါ။ နိုင်ငံရေး လှုပ်ရှားသူက အဲဒီလို ပေ (၅၀) မြင့်တဲ့ ချောက်ထဲ ကျပြီး အောက်ရောက် သွားပြီးရင် အပေါ်ကို ပြန်ခေါ် လိုက်ပြန်ပါတယ်။ တချို့ ရောဂါအခံ ရှိတဲ့ လူကတော့ အဲဒီလို လုပ်တာ ခံရပြီး နှလုံးသွေး ရပ်ကာ သေဆုံး သွားရတာမျိုးလည်း ရှိပါတယ်။
ပြီးတော့ ပေ၅၀ အမြင့်အောက်ကို ကျသွားတဲ့ စစ်မေးခံရသူကို အပေါ် ပြန်ခေါ်ပြီး သူ့ကို အမှောင်ခန်း တစ်ခုထဲမှာ ထည့်ထား လိုက်ပါတယ်။ အမှောင်ခန်းထဲမှာ ထားတာက သူ့ကို ကြောက်စိတ် ပိုပြီးတော့ ကြီးထွား စေခြင်းရဲ့ အကျိုးဆက်ကို ဆက်လက် ဖြစ်ပေါ်စေပါတယ်။ သုံး ရက်လောက် ထည့်ပြီးရင် အပြင်ကို ခေါ်ထုတ်ပြီး သူတို့ သိ ချင်တာတွေကို ဆက်လက် မေးပါတယ်။ မရဘူး မပြောဘူးဆိုရင် သူ့ကို ထိုင်ခုံမှာ ကြိုးတုတ်ပြီး ခေါင်းပေါ်ကို ရေ စက် တစ်စက်ချင်းစီ ချပေး ထားပါတယ်။ အဲဒီလို ရေတစ်စက်ချင်းစီ ကျဖို့ အတွက်က ရေအိုးကို သံနဲ့ရိုက်ပြီး အပေါက် ဖောက်ထားတာတဲ့ ရေအိုးထဲကို ရေဖြည့်ပြီးတော့ ခေါင်းပေါ်မှာ ထားထားတာ ဖြစ်ပါတယ်။ အဲဒီလို ညှင်းပမ်း နှိပ်စက်တာကို ခံပြီးတော့ နိုင်ငံရေး သမားတွေဟာ ဘယ်တော့မှ အရှင်ထွက်ခြင်း ဆိုတဲ့ ပြန်လွတ်လမ်း မရှိဘဲ လုံးဝကို စာမလာ သတင်းမကြားဘဲ ပျောက်ခြင်း မလှ ပျောက်ဆုံး သွားတာလည်း အများအပြား ရှိတာကို ပြည်သူ လူထုနဲ့ နိုင်ငံတကာက သိရှိ စေလိုပါတယ်။
နောက်နည်းလမ်း တစ်ခုကတော့ စစ်မေးခံရတဲ့ လူကို ကျောမှီ မပါတဲ့ ထိုင်ခုံ တစ်လုံး အပေါ်မှာ ထိုင်စေပြီး အဲဒီ ထိုင်ခုံဟာလည်း အောက်ခြေ ကြမ်းပြင်နှင့် သူ့ခြေထောက် မထိစေဖို့ အတွက် ထိုင်ခုံအား စီမံထားပါတယ်။ အဲဒီ နောက် နေ့ရောညပါ မရပ်မနား အဆက်မပြတ် မေးခွန်းပေါင်း သောင်းခြောက်ထောင်ကို လူပြောင်းလဲပြီး မေးမြန်းတဲ့ စနစ်ဖြစ်ပါတယ်။ အဲဒီအခါမှာ စစ်မေးခံရတဲ့ လူဟာ မသက်မသာ ဖြစ်လာတဲ့ ထိုင်ခုံပေါ်မှာ ချွတ်ချုံကျပြီး စိတ်ရော ကိုယ်ပါ နွမ်းနယ်လာကာ Break Down လို့ခေါ်တဲ့ စိတ်ဓာတ် ရိုက်ချိုးတဲ့ နည်းကြောင့် စိတ်ကို လျော့ချကာ စစ်မေးသူ အလိုကျ ၀န်ခံ လိုက်ရတာ မျိုးလည်း ရှိပါတယ်။
အဲဒီလို မေးမြန်းရာမှာ တစ်ဦးထက်ပိုပြီး အုပ်စုလိုက် အဖမ်းခံရတဲ့ သူတွေကို စစ်မေးတဲ့ အခါ စစ်ကြောခံရ သူတွေရဲ့ လုပ်ဖော် ကိုင်ဖက်များက သစ္စာဖောက်ပြီး ဖေါ်ကောင် လုပ်ပြီး သလိုလို ပြောဆိုဝန်ခံ ခိုင်းတာမျိုးလည်း ရှိပါတယ်။ လက်ရှိ စစ်ကြော ခံရသူကို လုပ်ကြံ ဇာတ်လမ်းများနဲ့ နဝေတိမ်တောင် ဖြစ်အောင် ဖိအားပေး ပြောဆိုကြတဲ့ နည်းလည်း ရှိပါတယ်။ ဒါ့အပြင် စစ်ကြော ခံရသူကို ၀န်ခံ လိုက်ပါက အပြစ်မှ လွှတ်ပေးသယောင်၊ လျော့ပေါ့ပေး သယောင် မျှော်လင့်ချက် ပေးပြီး စည်းရုံး တတ်သလို စစ်ကြောသူ ကိုယ်တိုင်က ကယ်တင်ရှင် ပုံစံမျိုး အချိုးနဲ့ ပရိယာယ် ဆင်ပြီး မေးမြန်း တတ်ကြပါသေးတယ်။ တချို့ အာဏာရှင်တွေ ကျင့်သုံးတဲ့ နည်းလမ်း ကတော့ ငွေကြေး ဓန အင်အား သုံးပြီး မြူဆွယ် စည်းရုံးတဲ့ နည်းဖြစ်ပြီး ဒီနည်းကိုတော့ သူတို့အတွက် နိုင်ငံရေး အမြတ်ထုတ်လို့ ရတဲ့ အခါမျိုးနဲ့ ပြည်သူလူထု နဲ့ နိုင်ငံတကာကို စည်းရုံး ပြသဖို့ လိုအပ်တဲ့ အခါမျိုးမှာ အသုံးပြုပါတယ်။
နောက်နည်းလမ်း တစ်ခုကတော့ စစ်ဆေးခံရတဲ့ သူကို အလုံပိတ် အခန်းထဲမှာ ပိတ်ထားပြီး တဖက်ခန်းမှ ရိုက်ပုတ် ညှင်းဆဲသံများ၊ အော်ဟစ် ညည်းတွား သံများကို အသံသွင်းထားတဲ့ ကက်ဆက်မှ ဖွင့်ပေးကာ စိတ်ချောက်ချား စေခြင်းဖြင့် လည်းကောင်း၊ အခန်းထဲသို့ ညဘက်အခါ မြွေလွှတ်၍ လည်းကောင်း၊ စိတ်ဓာတ် တုန်လှုပ် ချောက်ချားစေပြီး ၀န်ခံခိုင်းတဲ့ နည်းကိုလည်း အသုံးပြုပါတယ်။
ကြမ်းကြမ်း တမ်းတမ်း ပါးရိုက်တာမျိုး နံပါတ်တုတ်နဲ့ ရိုက်တာမျိုး ခြေသလုံးပေါ်ကို မျဉ်းလုံး တင်ပြီး အပေါ်က တက်လှိမ့်တာမျိုး တွေနဲ့လည်း ရက်ရက် စက်စက် စစ်မေး တတ်ပါတယ်။ နောက်နည်းလမ်း တစ်ခုကတော့ အကြပ်ကိုင်တဲ့ နည်းလမ်းဖြစ်ပြီး မိဘ၊ မိန်းမ၊ သားသမီး၊ ဆွေမျိုး သားချင်း အိမ်များကို စစ်ကြောတဲ့ သူများက သွားရောက် ပြောဆို နေပုံကို ဗွီဒီယိုခွေဖြင့် ပြကာ ၀န်မခံပါက ၄င်းတို့အား အရေးယူ ဆောင်ရွက်မယ့် ပုံစံမျိုး ခင်းကျင်းခြင်း ဖြစ်ပါတယ်။ အဲဒီလို ရက်စက် ကြမ်းကြုတ်လှတဲ့ နည်းတွေကို သုံးပြီး နိုင်ငံရေး လှုပ်ရှားသူတွေကို ညှင်းဆဲကြောင်း အားလုံးကို သိစေချင်တဲ့ စေတနာနဲ့ အတူ ဖက်ဆစ်ထက် ဆိုးတဲ့ နအဖ အကြောင်းကို ရေးသားပေးပို့ လိုက်ပါတယ် ခင်ဗျား။
Ref: ဖိုးတရုတ်
နအဖ ၀န်ကြီးချုပ်နှင့် တရုတ်ဝန်ကြီးချုပ် တွေ့ဆုံပွဲ မှတ်တမ်း အကျဉ်းချုပ် သတင်း
August 26, 2009
၂၀၀၈ခုနှစ် မတ်လတွင် လာအိုနိုင်ငံ ဗီယက်ကျန်း မြို့တော်၌ မဟာ မဲခေါင်ဒေသကြီး တတိယ အကြိမ်မြောက် ထိပ်သီး ဆွေးနွေးပွဲ ကျင်းပနေစဉ် အတွင်း နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်အား ဆွေးနွေးပွဲ ပြင်ပတွင် ၂ဖက် တွေ့ဆုံ ဆွေးနွေးလိုကြောင်း တောင်းခံခဲ့သည်။ တရုတ်ဝန်ကြီးချုပ်က လက်ခံ တွေ့ဆုံခဲ့သည်။
နှစ်ဖက်တွေ့ဆုံရာတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က မိတ်ဆက် အမှာစကား ပြောကြားပြီး တက်ရောက်လာသည့် မြန်မာဖက်မှ ကိုယ်စားလှယ်များနှင့် မိတ်ဆက်ပေးပြီး ဆွေးနွေးပွဲကို စတင်ခဲ့သည်။
ဆွေးနွေးသည့်အကြောင်းအရာများမှာ
၁။ သေသွားသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းလက်ထက် တောင်းခံခဲ့သည့် ရွှေလီ-လာရှိုး တရုတ်-မြန်မာ ရထားလမ်း တည်ဆောက်ရေး ကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှာ ဘဏ္ဍာရေး နှင့် နည်းပညာ ကူညီ ပံ့ပိုးမှုများ ဆက်လက် အကူအညီ ပေးပါရန် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ထပ်မံဆွေးနွေးခဲ့သည်။
၂။ နေပြည်တော်တွင် တည်ဆောက်မည့် အပြည်ပြည်ဆိုင် ရာညီလာခံများ ကျင်းပရေး စင်တာ (International Convention Centre - ICC) တည်ဆောက်ရေး အတွက် တရုတ်နိုင်ငံမှ ပူးပေါင်း ဆောင်ရွက်ရန်နှင့် အကူအညီများ ပေးပါရန် တောင်းခံခဲ့သည်။
၃။ တရုတ်ပြည်တွင် ဗုဒ္ဓစွယ်တော်တိုက် တည်ဆောက်ရေး အတွက် ကျွန်းသစ် တန် ၃၀၀ လှူပြီးကြောင်း၊ နှင်း မုန်တိုင်းဒဏ် ခံရသည် တရုတ် ပြည်သူများ ပြန်လည် နေရာချထားရေး အတွက် သစ်မာ တန် ၃၀၀၀ ပေးလှူ ခဲ့ကြောင်းနှင့် ဤသစ်များ တရုတ်ဖက်သို့ လွှဲပြောင်း ပေးအပ်ရန် အတွက် မူဆယ်၌ အသင့်ရှိပါကြောင်း ဖော်လံ ဖား ပြောခဲ့သည်။
၎။ ချင်းတွင်းမြစ်တွင် မီဂါဝပ် ၂၀၀၀၊ နှင့် ဧရာဝတီ မြစ်တလျှောက်တွင် မီဂါဝပ် ၁၃,၀၀၀ စီမံ ချက် ရှိသည့် ရေအားလျှပ်စစ် စီမံကိန်းများကို တရုတ်၊ အိန္ဒိယနိုင်ငံတို့ နှင့် ပူးပေါင်း အကောင်အထည် ဖော်နေပါကြောင်း၊ ထို့ ကြောင့် တရုတ်နိုင်ငံ အနေဖြင့် ရေအား လျှပ်စစ်စီမံကိန်း အသစ်များ ပူးပေါင်း ဆောင်ရွက်ရေး အတွက် နောက်ထပ် အခွင့်အလမ်းများ ရှာဖွေပါရန် ဖိတ်ခေါ်ပါကြောင်း ထပ်မံ မျက်နှာချို သွေးခဲ့သည်။
၅။ ပြီးခဲ့သည့် နှစ်ကုန်က တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးကို စေလွှတ်ပေးပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုကို ရင်းနှီးစွာ အကြံပေးခဲ့ခြင်းနှင့် မဟာဂရုဏာ ကြီးမားစွာဖြင့် စောင့်ရှောက်တော် မူသည့်အတွက် တရုတ် ခေါင်းဆောင်များအား အထူး ကျေးဇူး ဥပကာရ တင်ရှိပါကြောင်း ပြောဆိုခဲ့သည်။
၆။ နိုင်ငံတကာဆွေးနွေးပွဲများတွင် တရုတ်နိုင်ငံက မြန်မာပြည်အား စာနာ နားလည်ပြီး အကူအညီများ ပေးခဲ့သည့် အတွက် နက်နက် ရှိုင်းရှိုင်း အသိအမှတ် ပြုပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံး အခြေအနေများကို ၀န်ကြီးချုပ်ထံ အသိပေး ပြောကြားပါမည် ဖြစ်ကြောင်း ဆွေးနွေး တင်ပြခဲ့သည်။
၇။ မိမိတို့တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံတော်အဖြစ် ပြောင်းလဲရေးတွင် ကုလသမဂ္ဂနှင့် အတူ ပူးပေါင်းဆောင်ရွက် နေပါကြောင်း ကိုလည်း တရုတ် ၀န်ကြီးချုပ်ထံ မဟုတ်မမှန် လျှောက်လဲ သံတော်ဦး တင်ခဲ့သည်။
၈။ ဒီနောက်တွင် ဂမ်ဘာရီ၏ ၅ ကြိမ်မြောက်ခရီးတွင် (၂၀၀၈ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲကို ဂမ်ဘာရီက ကြိုဆို လိုက်ခြင်းနှင့် နည်းပညာ ၀န်ဆောင်မှု အကူအညီ ပေးရန် ကမ်းလှမ်းခြင်း) ၄င်းတို့ အလိုကျ ဖြစ်လာသည့်အပေါ် ၄င်းတို့၏ လိုက်လျော ခဲ့မှုများကို အကျယ်ချဲ့ သံတော်ဦး တင်ခဲ့ပြီး ၊ ဂမ်ဘာရီက စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများ လုပ်ရန် ကမ်းလှမ်းသည့် အပေါ် ပိတ်ဆို့မှုများ အထူးသဖြင့် World Bank/IMF/ADB တို့မှ ဘဏ္ဍာရေး ပိတ်ဆို့မှုများ ဖွင့်ပေးမှသာ စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲများ လုပ်ပါက ထိရောက်မှု ရှိနိုင်မှာ ဖြစ်ကြောင်း သံတော်ဦးတင် လျှောက်ပြီး အနောက် နိုင်ငံများမှ စီးပွားရေးပိတ်ဆို့ (Sanction) ထားသည့် အပေါ် တရုတ် နိုင်ငံမှ နိုင်ငံတကာတွင် လော်ဘီ လုပ်ပေးလို လုပ်ပေးငြား အကြံဖြင့် သံခင်း တမန်ခင်း စကားတခွန်း ပစ်သွင်းခဲ့သည်။
၉။ ဂမ်ဘာရီအပြန် လုံခြုံရေးကောင်စီတွင် အစီရင်ခံစာ တင်သွင်းပြီးသည့် နောက်တွင် လုံခြုံရေး ကောင်စီက မြန်မာပြည် နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ မချမှတ်ရန်နှင့် ကြေညာချက်များ မထွက်အောင် ယခင်ကဲ့သို့ ပင် ထပ်မံ တားဆီးပေးရေး အတွက် တရုတ်နိုင်ငံ အနေဖြင့် ဆက်လက် အကူအညီ ပေးပါရန် တောင်းပန်တိုးလျှိုး မှုများ ထပ်မံ လုပ်ခဲ့ရသည်။
၁၀။ နိုင်ငံတကာနှင့်ဒေသတွင်းဆွေးနွေးပွဲများတွင် မြန်မာပြည်အား အပြည့်အ၀ ဆက်လက် ထောက်ခံ အားပေး နေမည် ဆိုသည်ကို မိမိတို့ အနေဖြင့် တရုတ်နိုင်ငံ အပေါ် အခိုင်အမာ ယုံကြည် နေပါကြောင်း ပြောဆိုပြီး တရုတ်အား လူမိုက် ငှားခဲ့သေးသည်။
၁၁။ လာဆာနှင့်တိဘက်ဒေသများ၌ ဖြစ်ပွားခဲ့သည့် ဆူပူမှုများသည် တရုတ်ပြည် ၏ ပြည်တွင်းရေးသာ ဖြစ်ကြောင်း။ ဤအခက်အခဲ များမှ တရုတ်ပြည် အနေနှင့်ကျော်လွှား နိုင်မည် ဖြစ်ကြောင်း။ မိမိတို့ နိုင်ငံသည်လည်း အလားတူ ခါးသီးသည့် အတွေ့အကြုံများ ရင်ဆိုင် ခဲ့ရသည့် အတွက် တရုတ်နိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ အပေါ် စာနာ နားလည်ပါကြောင်း တိဘက်ဒေသရှိ အခြေအနေများ မကြာမီ ပုံမှန် ပြန်ရောက်မည် ဟု ယုံကြည်ပါကြောင်း သူခိုး သေဖော်ညှိပြီး ဖားယား ပြောဆိုခဲ့သည်။
၁၂။ ထိုင်ဝမ်နိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှု မှန်သမျှကို ဆန့်ကျင် သွားမည် ဖြစ်ပြီး တရုတ်ပြည် တပြည်ထဲရှိရေး မူဝါဒ အပေါ် ဆက်လက် ကိုင်စွဲထားမည် ဖြစ်ကြောင်း မကြာသေးခင် ကပင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း ပြောကြား လိုက်ပြီး----
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်စား ၀န်ကြီးချုပ် သိန်းစိန်၏ တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်းအား ကပ်ဖားယပ်ဖား လုပ်ခြင်း အမှု ဤတွင် အဆုံးသတ်တော်မူ၏။ ၀ိမုတ္တိဝိုင်းတော်သားတဦး
နေ့စဉ်သတင်းများ (၂၅ - ၈ - ၀၉)
■ ကိုးကန့်ဒေသနယ်စပ်တလျှောက် တရုတ်တပ်များ ချီတက်နေရာယူ သတင်း
■ ကိုးကန့်ခေါင်းဆောင် ဖုန်ကျားရှင်အိမ်ကို စစ်အစိုးရတပ်များ ၀င်ရောက်စီးနင်း သတင်း
■ အပစ်ရပ်ကိုးကန့်တပ်ဖွဲ့နှင့် မြန်မာစစ်အစိုးရကြား တင်းမာမှုအရှိန်မြင့် သတင်း
■ ငြိမ်းအဖွဲ့ ကိုးကန့်အဖွဲ့နှင့် နအဖတပ်အကြား အခြေအနေတင်းမာနေ သတင်း
■ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုက စစ်ရေးအရှိန်မြှင့်မည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ဆွေးနွေးရေးလုပ်ရန် တောင်းဆို သတင်း
■ တောင်ကုတ်မြို့က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပိုစတာလှုပ်ရှားမှု သတင်း
■ ဒေါ်အောင်ဆန်းစုကြည် မိသားစုဆရာဝန်နှင့် ကျန်းမာရေးစစ်ဆေးခွင့် မရရှိသေး သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြန်ပို့ပြီးနောက် မြန်မာ့နိုင်ငံရေးအခြေအနေ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အတွက် သူ့ရှေ့နေများ အယူခံဝင်မည် သတင်း
■ ပြည်မြို့တွင် အဖွဲ့ချုပ်ဝင်နှင့် အရပ်သားတချို့ကို ဖမ်းဆီးမှုများရှိနေ သတင်း
■ လောင်စာဆီဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒပြသူ (၃) ဦး ပြန်လွတ် သတင်း
■ ဝန်ထမ်းများ နိုင်ငံရေးပါတီ ကင်းရှင်းရမည်၊ ကြံ့ဖွံ့မပါ သတင်း
■ သံဃာအားလုံး ပေါင်းစည်းညီညွတ်ရန် သံဃာ့တပ်ပေါင်းစု နှိုးဆော် သတင်း
■ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းမည် သတင်း
■ ကြံ့ဖွံ့အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးကို ဖိတ်သည့် ဂျပန်အစိုးရကို ဆန္ဒပြ သတင်း
■ ဂျပန်-မြန်မာဆက်ဆံရေးကို ခိုင်မြဲစေခြင်း သတင်း
■ စစ်ပြေးဒုက္ခသည်များကို မယ်လစခန်းသို့ ပို့ဆောင်ရန် စီစဉ် သတင်း
■ ကလိန်အောင်မှာ ကျေးရွာဥက္ကဌ မလုပ်ချင်ကြ သတင်း
■ အပစ်ရပ်အဖွဲ့နှင့် ရဲတပ်ဖွဲများ ပူးပေါင်းပြီး ဂိတ်ကြေးကောက် သတင်း
■ ပြည်သူချင်းအတူတူ ဗမာလူမျိုးများ ဆေးကုခွင့် အလကားရ သတင်း
■ တာချီလိတ်တွင် ကျပ်သန်း (၂)သောင်းကျော် တန်းဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးမိ သတင်း
■ စားသောက်ဆိုင်များ စလောင်းမတပ်ရ သတင်း
■ ရုပ်သေးဈေးကွက်လည်း ပျက် သတင်း
■ ရာဘာဈေး ယခင်ဈေးပြန်ရောက်ရန် မျှော်လင့်နေကြ သတင်း
■ ဒုတိယအကြိမ် မွန်သုတေသန စာတမ်းဖတ်ပွဲကို မော်လမြိုင် ငွေမိုးဟိုတယ်မှာ ကျင်းပ သတင်း
■ မြန်မာက ထိုင်းသို့ ကြက်သွန်နီတင်ပို့မှုပိတ်၊ ထိုင်းတွင် ကြက်သွန်ဈေးများ ထိုးတက် သတင်း
■ စည်ပင်ဝန်ထမ်းအဖြစ် လေ့ကျင့်ခံရသည့် အိုးအိမ်မဲ့သူများ၏ ကလေးငယ်အချို့ ပျောက်ဆုံးနေ သတင်း
■ MAI လေကြောင်းလိုင်း ဗုဒ္ဓဂယာသို့ ပြေးဆွဲမည် သတင်း
■ သူပုန်အားပေးဆိုကာ ရှမ်းရွာကို တပ်မတော်က မီးရှို့ဖျက်ဆီး (ဗွီဒီယို)
■ တန်းမမီနိုင်သေးတဲ့ ပြည်ပပို့ ရေထွက်ကုန် (ဆောင်းပါး)
■ နာမည်ကြီး ထမင်းငတ် ရန်ကုန်တိုင်း တိုင်းမှူးတွေရဲ့ဇာတ် (ဆောင်းပါး)
Tuesday, August 25, 2009
အမေရိကန်၏ မြန်မာပြည်ဆိုင်ရာမူဝါဒသစ်
■ အမေရိကန်သံတမန်ခရီးစဉ်က ဘာတွေ မျှော်လင့်စရာ ရှိမည်နည်း သတင်း
■ အိုဘားမားနဲ့ သိန်းစိန် တွေ့မည်၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လျှင် ဂျပန်က အကူအညီပေးမည် သတင်း
■ အိုဘားမား၏ ခရီးစဉ်ကို မြန်မာ့အရေးလှုပ်ရှားသူများ မျှော်လင့်ချက်သိပ်မထား သတင်း
■ အမေရိကန် ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၏ သတင်းစာရှင်းလင်းပွဲ (ဗွီဒီယို)
■ ကမ်းဘဲလ်ခရီးစဉ်သည် အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်း ဂျင်မ်ဝက်ဘ် ပြောကြား သတင်း
■ မြန်မာ့ရေးရာ မူဝါဒအပြောင်းအလဲကို အမေရိကန်က ရှင်းလင်းပြောပြ သတင်း
■ ဒေါ်အောင်ဆန်းစုကြည် မပါဝင်က ရွေးကောက်ပွဲ ယုံကြည်မှု မရနိုင်ဟု အမေရိကန်ပြော သတင်း
■ မြန်မာစစ်အစိုးရ ခိုင်မာတဲ့ နိုင်ငံရေး ခြေလှမ်းတွေ လှမ်းဖို့ အမေရိကန် ထိပ်တန်း သံတမန် တိုက်တွန်း သတင်း
■ အမေရိကန်ကိုယ်စားလှယ် ၂ဦး (ကာ့တ် ကမ်းဘဲလ် နှင့် စကော့ မာစီယယ်) တွေ့ဆုံမှု မှတ်တမ်း သတင်း
■ တိုင်းရင်းသားနှင့် NLD ကိုယ်စားလှယ်များ အမေရိကန်အဖွဲ့နှင့် တွေ့ဆုံ သတင်း
■ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ် သတင်း
----------------------------
■ အမေရိကန်အဆင့်မြင့်အရာရှိများနှင့် NLD ခေါင်းဆောင်များ တွေ့မည် သတင်း
■ “ဒီနိုင်ငံအပေါ် ထားရှိတဲ့သဘောထားက ပြောင်းမှာမဟုတ်ဘူး” (မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်အသစ် မစ္စတာ အင်ဒရူးဟင်းန်နှင့် အင်တာဗျူး)
■ အမေရိကန်နိုင်ငံခြားရေး ထိပ်တန်းအရာရှိနှစ်ဦး မြန်မာနိုင်ငံကို (၂) ရက်ကြာခရီး နိုဝင်ဘာလ (၃) ရက်နေ့ စတင်မည် သတင်း
■ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ထိရောက်အောင် ဆောင်ရွက်နိုင်ရေး ၀ါရှင်တန်မှာ ဆွေးနွေး သတင်း
■ အမေရိကန်ကိုယ်စားလှယ်ကို အဲန်အယ်လ်ဒီက ပါတီဌာနချုပ်၌သာ တွေ့ဆုံလို သတင်း
■ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဉ်မှာ အတိုက်အခံတွေနဲ့လည်း တွေ့ဖို့လို သတင်း
■ အမေရိကန်က မြန်မာပြည်သို့ ကိုယ်စားလှယ်အဖွဲ့ လွှတ်မည် သတင်း
■ အမေရိကန်ရဲ့ မြန်မာမူဝါဒသစ် လွှတ်တော်အမတ်တွေ စောင့်ကြည့်သွားမည် သတင်း
■ မြန်မာ့အရေး အမေရိကန်အောက်လွှတ်တော်မှာ ကြားနာ သတင်း
■ အမေရိကန်သံရုံးတာဝန်ခံ NLD ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တွေ့ဆုံ သတင်း
■ မြန်မာအတိုက်အခံတွေ အမေရိကန်အထက်လွှတ်တော်အမတ် Mr Jim Webb နဲ့ တွေ့ဆုံ သတင်း
■ အမေရိကန်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ် မြန်မာ့အရေး အဟန့်အတား ဖြစ်ဖွယ်ရှိ သတင်း
■ အမေရိကန်မူဝါဒပြောင်းလဲမှု ဘယ်ဆီဦးတည်နေသလဲ သတင်း
■ အမေရိကန်ပေါ်လစီနှင့် ပတ်သက်၍ ဆွေးနွေးယူဆချက်များ သတင်း
■ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ ကြားနာပွဲပြုလုပ် သတင်း
■ အမေရိကန်က စစ်အစိုးရကို စတင်ပိုးပန်း သတင်း
■ မြန်မာကို ပိတ်ဆို့မှု မရုတ်သိမ်းဖို့ အမေရိကန်အရာရှိ ပြော သတင်း
■ အမတ် ဂျင်မ်ဝက်ဘ်နဲ့ ဒီမိုကရေစီ အင်အားစု မြန်မာ့အရေး အမြင်ချင်း ဖလှယ် အင်တာဗျူး
■ မြန်မာအတိုက်အခံတွေ အမေရိကန်အထက်လွှတ်တော်အမတ် Mr Jim Webb နဲ့ တွေ့ဆုံ သတင်း
■ ဂျင်မ်ဝက်ဘ်နဲ့ တွေ့ဆုံအပြီး ဦးမောင်မောင် ပြောတဲ့ စကားများ သတင်း
-------
■ မြန်မာ့အရေးမူဝါဒ ထိရောက်မှုရှိမရှိ အမေရိကန် အထက်လွှတ်တော် ကြားနာ သတင်း
■ မြန်မာပြည်ဆိုင်ရာ အမေရိကန်ပေါ်လစီသစ်ကို ပြစ်တင်ဝေဖန်နေကြ သတင်း
■ မြန်မာကို အမေရိကန်ပြည်ထောင်စုက တိုက်ရိုက်ဆက်ဆံသွားမည် သတင်း
■ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ သဘောထား အပြောင်းအလဲ သတင်း
■ အမေရိကန်မူဝါဒသစ် NLD ကိုရှင်းပြ ဖတ်ရန်
■ ကုလအတွင်းရေးမူးချုပ်နဲ့ အမေရိကန် အထက်လွှတ်တော် အမတ်ကို မြန်မာ ဝန်ကြီးချုပ် တွေ့ဆုံ ဖတ်ရန်
■ စစ်အစိုးရဝန်ကြီးချုပ်နဲ့ လွှတ်တော်အမတ် Jim Weeb တွေ့ဆုံ ဖတ်ရန်
■ အမေရိကန်အထက်လွှတ်တော်အမတ်ကို ဝန်ကြီး ဦးဉာဏ်ဝင်း လာရောက်တွေ့ဆုံ ဖတ်ရန်
■ မြန်မာနိုင်ငံကို ပိတ်ဆို့မှု မရုပ်သိမ်းပေမယ့် စစ်အစိုးရနဲ့ တိုက်ရိုက် ဆက်ဆံမည်ဖတ်ရန်
■ အမေရိကန်မူသစ် ဒေါ်အောင်ဆန်းစုကြည်ခြွင်းချက်နဲ့ သဘောတူ ဖတ်ရန်
■ မြန်မာပြည်ဆိုင်ရာ အမေရိကန် မူဝါဒ အပြောင်းအလဲ ဒေါ်အောင်ဆန်းစုကြည် လက်ခံ ဖတ်ရန်
■ NLD ခေါင်းဆောင်ပိုင်းကို အမေရိကန်သံရုံးက မူဝါဒသစ်ကြောင်း သွားရောက်ရှင်းပြ ဖတ်ရန်
■ အမေရိကန်မူဝါဒသစ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို ဖတ်ရန်
■ အမေရိကန်မြန်မာ အဆင့်မြင့်အရာရှိများ နယူးယောက်မှာ တွေ့ဆုံဆွေးနွေး ဖတ်ရန်
■ ဝဘ် မြန်မာပြည်ခရီး အောင်ဒင် သုံးသပ်ဝေဖန် ဖတ်ရန်
■ အမေရိကန်လွှတ်တော် အမတ်များ၏ ကိုယ်စားလှယ်အဖွဲ့နှင့် NLD ခေါင်းဆောင်များဆွေးနွေး ဖတ်ရန်
■ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ ကြားနာပွဲပြုလုပ် ဖတ်ရန်
■ စစ်အစိုးရနှင့် အပြန်အလှန်ထိတွေ့ ဆက်ဆံနိုင်တဲ့ အခွင့်အလမ်းရှိဟု NLD ယူဆ ဖတ်ရန်
■ အမေရိကန်ကွန်ကရက်အမတ် ဂျင်မ်ဝက်ဘ် နေပြည်တော်ရောက်ရှိ သတင်း
■ အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံ သတင်း
■ NLD ရပ်တည်ချက်ကို အမေရိကန် အထက်လွှတ်တော်အမတ်အား ရှင်းပြမည် သတင်း
■ ဆီနိတ်တာ ၀က်ဘ်ခရီးစဉ် ဘယ်သူအကျိုးရှိမလဲ သတင်း
■ အမေရိကန်အမတ် မှူးကြီးသန်းရွှေနဲ့ ဒီနေ့တွေ့မယ် သတင်း
■ ဂျင်မ်ဝက်ဘ် မြန်မာပြည်ခရီး အိမ်ဖြူတော်ကြိုဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးကို မစ္စတာ ဂျင်မ်ဝက်ဘ် သီးခြားတွေ့ဆုံ သတင်း
■ အမေရိကန်လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးတောင်းဆို သတင်း
■ မစ္စတာဂျင်မ်ဝက်ဘ် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ NLD ပါတီနှင့် တိုင်းရင်းသားပါတီများ ကို တွေ့ဆုံ သတင်း
■ အမေရိကန်အမတ်ကို စစ်အစိုးရ၏ အသုံးချခံ မဖြစ်စေလို သတင်း
■ အမေရိကန်အမတ် ယက်တောကို ကယ်ထုတ် သတင်း
■ အမေရိကန်အမတ်ရဲ့ မြန်မာပြည်ခရီး သတင်း
■ အမေရိကန်လွှတ်တော်အမတ် မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံး သတင်း
■ အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ (၂) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် သတင်း
■ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေး မေးမြန်း သတင်း
■ မြန်မာ့အရေး တရုတ်က ကူညီဖို့ ဖိအားပေးရေး ဂျင်မ်ဝက်ဘ် ဆော်သြ သတင်း
■ ဂျင်မ်ဝက်ဘ် သတင်းစာရှင်းလင်းပွဲ သတင်း
■ အမေရိကန်လွှတ်တော်အမတ် မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံး သတင်း
■ ပိတ်ဆို့မှု ရုတ်သိမ်းပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းသင့်သည်ဟု ဂျင်မ်ဝက်ဘ် ပြောခဲ့ သတင်း
■ အမေရိကန်အမတ် ဂျင်မ်ဝက်ဘ်၏ လုပ်ဆောင်ချက်အပေါ် ရှုမြင်သုံးသပ်ချက်များ သတင်း
■ အမေရိကန်နှင့်မြန်မာ ဆက်ဆံရေးတိုးတက်ရန် အပြုသဘောဆောင်သည့် ခရီးစဉ်အဖြစ် ဂျင်မ်ဝက်ဘ် ဖော်ဆောင်နိုင် ဟု ဆို သတင်း
■ ဂျင်ဝဘ် ခရီးစဉ် သတင်းဓာတ်ပုံများ သတင်း
■ ယက်တော နှင့် ဂျိမ်း(စ)ဘွန်းလွှတ်တော် အမတ် ဂျင်ဝဘ်ကို မြန်မာပြည်သူများ မကျေနပ်ကြ သတင်း
■ စစ်ရေးစွက်ဖက်မှုနဲ့ ပူးတွဲလုပ်ကိုင်မှု ဖတ်ရန်
ရော်ဘာတပင် ကျပ် ၃၀၀ ဘယ်သူတွေမြတ်ကြသလဲ
August 25, 2009
ဝိမုတ္တိ ပရိတ်ဿတ်တွေအတွက် ဒီတပါတ် အထူးအစီအစဉ် အနေနဲ့ တင်ဆက် ပေးမှာကတော့ ရော်ဘာတပင် ကျပ် ၃၀၀ ဘယ်သူတွေမြတ်ကြသလဲ ဆိုတဲ့ အကြောင်းပါပဲ။ ဒီဆောင်းပါးကို ရေးသား ပေးပို့လာတဲ့ မွန်ပြည်နယ်က စစ်သည်ဟောင်း တဦးကိုလည်း အထူး ကျေးဇူးဥပကာရ တင်ရှိပါကြောင်းနဲ့ နောက်နောင်လည်း အလားတူ ပေးပို့လာတဲ့ ဖြစ်ရပ်မှန်တွေကို ၀ိမုတ္တိ ဘလော့ကနေ ၀ိမုတ္တိ ၀ိုင်းတော်သား တဦးအနေနဲ့ ဆက်လက် တင်ပြပေးသွား မှာ ဖြစ်ပါကြောင်း။
ဒုတိယ ရွှေဖြူ လို့ခေါ်တဲ့ ရော်ဘာပင် ဟာ စိုက်ဧကပေါင်း သုံးသိန်း ခြောက်သောင်းကျော် ရှိပြီး နှစ်စဉ် ရော်ဘာစေး တန်ချိန်ပေါင်း ၈သောင်းကျော် ထုတ်ယူနေတဲ့ မြန်မာ့ ထွက်ကုန် တမျိုးလည်း ဖြစ်ပါတယ်။ မိုးပိုမိုရတဲ့ အောက်ဖက် ကရင်ပြည်၊ မွန်ပြည်နယ်တွေ ဖက်မှာ ဆိုရင် အကြီးအကျယ် စိုက်ပျိုးကြပြီး ရော်ဘာဟာ မွန်ပြည်နယ်ရဲ့ ဒုတိယ စိုက်ပျိုးထုတ်ကုန် သီးနှံတစ်မျိုး ဖြစ်တယ်လို့ ဆိုရင်လည်း မမှားပါဘူး။ ဒေသခံတွေဟာ နှစ်ပေါင်း ၄၀ ကျော်လောက် ရော်ဘာကို စိုက်ပျိုး လာခဲ့ကြသလို နှစ်စဉ်ရရှိတဲ့ အကျိုးအမြတ် တွေလည်း အများကြီးပါ။ တွက်ခြေကိုက်လှတဲ့ နှစ်ရှည်ပင် တမျိုးလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ တပ်မတော် တပ်ရင်းတွေကို တနင်္သာရီ တိုင်းထဲမှာ တိုးချဲ့ နေရာ ချထားပေးတဲ့ အခါ သူတို့ သိမ်းယူ လိုက်ကြတဲ့ မြေယာတွေထဲက ရော်ဘာခြံတွေဟာ အကျိုးအမြတ် ရှိမှန်း စစ်တပ်က စပြီး သိသွားခဲ့ကြ ပါတော့တယ်။ ဒါကြောင့် နောက်ထပ် အကြောင်း အမျိုးမျိုးပြပြီး ရော်ဘာခြံ အတော်များများကို ဆက်ပြီး သိမ်းယူခဲ့ကြ ပါတယ်။ သိမ်းထားတဲ့ ရော်ဘာခြံတွေ ဆိုတာကလည်း ကိုယ်တိုင် ဘာတစ်ခုမှ လုပ်စရာ မလိုဘဲ အငှား ပြန်ချ ပေးလိုက်ရုံနဲ့ စစ်တပ်အတွက် အသားတင် ၀င်ငွေတွေ အလွယ်တကူ ရရှိနိုင်တဲ့ ကိစ္စပါ။
ပိုပြီးဆိုးဝါးတဲ့ အချက်တခုကတော့ ဒုတိယ ရွှေဖြူလို့ခေါ်တဲ့ ရော်ဘာ စိုက်ပျိုးရေး စီမံကိန်းကို ၂၀၀၀ ခုနှစ်မှာ နိုင်ငံတော်က ချမှတ်ပြီးတဲ့နောက် ကျန်မြေယာတွေပါ တပ်ရင်းတွေက သိမ်းယူခဲ့ခြင်းပါ။ အရင်က အသိမ်း မခံရသေးတဲ့ အခြား ရော်ဘာခြံရှင်တွေပါ အတော်ကြီးကို ဒုက္ခ ရောက်ကုန် ကြရပါတော့တယ်။ တနင်္သာရီ၊ ကရင်၊ မွန်ပြည်နယ် တွေသာမက ချင်းပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ မြန်မာပြည်က အခြား နေရာတွေမှာလည်း ရော်ဘာပင် စိုက်ပျိုးရေး အကြောင်းပြပြီး စစ်တပ်က မြေယာတွေ သိမ်းယူကြပါတော့တယ်။
ရခိုင်ပြည်နယ်က မေယုတောင်တန်းမှာ ရော်ဘာပင် ဧက တစ်သောင်း စိုက်ဖို့ ရခိုင်လူထုကို အဓမ္မ လုပ်အားပေး ခိုင်းတာမျိုးလည်း ရှိပါတယ်။ စစ်တပ်တွေအပြင် ဗိုလ်ချုပ်ခင်မောင်သန်းရဲ့ သမက်လို လူတွေကလည်း ငွေဆောင်ဖက်မှာ ရော်ဘာစိုက်ဖို့ အကြောင်းပြပြီး မြေဧက သုံးထောင်ကို သိမ်းယူခဲ့သလို၊၊ စစ်တပ်နဲ့ နီးစပ်တဲ့ သူတွေထဲက မက်စ် မြန်မာလို ကုမ္ပဏီမျိုးတွေကလည်း သထုံဖက်မှာ ဧက ၅၀၀၀ သိမ်းယူကြပါသတဲ့။ ဒီလိုနဲ့ ရော်ဘာ အတွက် အသိမ်းခံ လိုက်ကြရတဲ့ မြေတွေဟာ မြန်မာနိုင်ငံ တနံတလျား ပါပဲ၊၊ ရွှေတြိဂံဒေသလို ဒေသမှာတောင် ရော်ဘာကို ဘိန်းအစားထိုး ဆိုပြီး စိုက်ခိုင်းကြပါသေးတယ်။
လက်ရှိ ရော်ဘာစိုက်ပျိုးမြေတွေ အပြင် နောက်ထပ် ဧက တစ်သိန်းလည်း ထပ်တိုးချဲ့ဖို့ရာကို တပ်မတော် အစိုးရ ဆိုသူတွေက ရည်ရွယ် ထားကြပါသေးတယ်။ နောက်ဆုံး ၂၀၀၈ ခုနှစ် ထဲမှာ ရော်ဘာဈေးတွေ ပြုတ်ကျကုန်ပြီး ရွှေဖြူပင်တွေကို စိုက်ခဲ့ကြတဲ့ စစ်တပ်တွေတင် မက မူလ ရော်ဘာခြံရှင် ပြည်သူတွေ အားလုံး နစ်နာကုန်ကြပါတော့တယ်။ ရွှေဖြူစီမံကိန်း မအောင်မြင်တာကြောင့် တိုင်းပြည်လည်း နစ်နာသလို တပ်မတော် အတွက်လည်း အကျိုး မရှိ တပ်ရင်းက ရဲဘော်တွေလည်း အမြတ် မခံစားနိုင်ကြရ တော့ပါဘူး။
ထပ်ပြီး ပြောပြရဦးမှာကတော့ အနီးအနားက တခြားခြံတွေက ရော်ဘာပင် တွေကို နီးစပ်ရာ စစ်တပ်တွေက အခွန် ကောက်ယူကြတဲ့ အကြောင်းပါပဲ။ ရော်ဘာ တပင်စီတိုင်းကို အခွန်ငွေ ကျပ် ၁၀၀၀ စီ တောင်းပါသတဲ့။ တစ် ဧကအတွက် ကျသင့်ငွေ သိန်းဆယ်နဲ့ချီပြီး အခွန် ဆောင်ရတာမို့ ခြံရှင်တွေဖက်က ညှိနှိုင်းကြတဲ့ အခါ နောက်ဆုံးမှာ တစ်ပင်ကို ကျပ် ၈၀၀ ဒါမှမဟုတ် ကျပ် ၆၀၀ နှုန်း စီနဲ့ ပေးဆောင်ဖို့ အဆင်ပြေသွား ကြပါတယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ထဲမှာ နေရာချထားပေးတဲ့ တပ်တွေအားလုံး အဲဒီအခွန်တွေကို ရရှိပြီး တပ်ရင်း ရန်ပုံငွေ အဖြစ် သုံးခဲ့ကြ တာကလည်း နှစ် ဆယ်နဲ့ချီ ကြာခဲ့ပါပြီ်။
တပ်ရင်းတိုင်း၊ စစ်ဌာနချုပ်တိုင်း လိုလို တပ်ပိုင် ရော်ဘာခြံတွေ ဧက ၁၀၀-၂၀၀ ထိ စိုက်ပျိုး၊ ဒါမှမဟုတ် လူထု ဆီကနေ သိမ်းယူပြီး ပိုင်ဆိုင်ထားနှင့်ခဲ့ ကြပါပြီ်။ နှစ်စဉ်လည်း ၁၀ ဧက လောက်ထပ်မံ တိုးချဲ့ စိုက်ပျိုးနေကြ ပါသေးတယ်၊ အရှေ့တောင်တိုင်း မွန်ပြည်နယ် ကမာဝက်မှာ အခြေချတဲ့ အမြောက်တပ်ရင်း (၃၁၈) ဆိုရင် တပ် ပတ်ဝန်းကျင် က ရော်ဘာခြံ ဧက ၁၀၀ လောက် သိမ်းထားသလို တခြား ခြံရှင်တွေ ဆီကလည်း တပင် ကျပ် ၅၀၀ နှုန်း အခွန်ထပ်တောင်း နေပါသေးတယ်။ ဧကပေါင်း ၂၀၀ ကျော် ရှိတာမို့လည်း ရမယ့် အခွန်ငွေကို တွက်သာ ကြည့်ပါတော့။ မနည်းလှတဲ့ ငွေပါပဲ။
ဒါပေမဲ့ အခု၂၀၀၉ ဘဏ္ဍာရေးနှစ်မှာ တပ်ရင်းအသီးသီး သူတို့ စိုက်ပျိုးထားတဲ့ ရော်ဘာပင်တွေ ကနေ ရရှိတဲ့ အကျိုးအမြတ် တွေကို အထက်က တင်ပြ အစီရင်ခံ ခိုင်းလာတဲ့ အခါမှာတော့ အောက်ခြေ တပ်ရင်းတွေ က မိမိတို့ ရော်ဘာခြံ ဧကပေါင်း ၁၀၀-ကနေ ၂၀၀ ထိ စိုက်ပျိုး ထားကြပါကြောင်း၊ တချို့ကို တပ်ရင်း မိသားစုတွေက လုပ်ကိုင်တာ ဖြစ်ပြီး တပင်ချင်း အပေါ်မှာ ကျပ် ၃၀၀ စီ လောက်သာ အကျိုးအမြတ် ခံစားရပါကြောင်း လိမ်ညာပြီး တင်ပြကြပါတယ်။ အမှန်တကယ်တော့ လူထုဆီ က အလကား သိမ်းထားပြီး လူထုကို ပြန်အငှား ချတဲ့ ရော်ဘာခြံ တွေမှာ ရော်ဘာတပင်ကို အနည်းဆုံး ကျပ် ၆၀၀ တောင်းယူ နေကြတာပါ။ အထက်ကို ၃၀၀ နှုန်းနဲ့ ပြန်အစီရင်ခံ တင်ပြတာမို့၊ ရော်ဘာ တပင်တိုင်းမှာ ကျပ် ၃၀၀ စီ တပ်ရင်းအတွက် အသားတင် အမြတ် ရနေကြတာ ဖြစ်ပါတယ်။
တပ်ရင်းတရင်းကို ရော်ဘာဧက ၁၀၀ ကျော် ဆိုတော့ ရလိုက်မယ့်ငွေက သိန်းရာနဲ့ ချီပြီး ရှိပါတယ်။ ကဲ အဲဒီ ရလိုက်တဲ့ ရော်ဘာတပင် အမြတ်ငွေ ကျပ် ၃၀၀ နှုန်း တွေဆိုတာ အခုဘယ်မှာ ရှိပါသလဲ။ ရဲဘော်တွေ တကယ် အကျိုးခံစား ရမှာလား၊ စာရင်း တင်ပြထားခံရတဲ့ အိမ်ထောင်သည် တမိသားစု အမြတ်ငွေ ရော်ဘာတပင် ကျပ် ၃၀၀ ဆိုတာရော မိသားစုတွေ တကယ်သုံးခွင့် ရကြပါသလား။ လုပ်ပေးကိုင်ပေးကြရတဲ့ အောက်ခြေရဲဘော် တွေရော မိသားစုဝင်တွေပါ ဘယ်သူမှ ဒီကိစ္စတွေ အားလုံး စုံစမ်း မေးမြန်းနိုင်ခွင့် မရှိလို့ မသိကြပါဘူး။
သေချာတာကတော့ အထက်က ဦးပိုင်စာရင်းထဲကို မရောက်ရင်လည်း တပ်ရင်းမှူး လက်ထဲမှာ ထုံးစံအတိုင်း ပျောက်သွားတဲ့ ငွေတွေသာ ဖြစ်နေမယ့် အကြောင်းနဲ့ တကယ်မရကြတဲ့ ကျပ်သုံးရာ လို့ မွန်ပြည်နယ် ရဲဘော် မိသားစုတွေရဲ့ ပြောနေ ဆိုသံတွေကို ထပ်မံ ထုတ်ဖော် တင်ပြလိုက်ရပါတယ်။
ဝိမုတ္တိဝိုင်းတော်သားတဦး (မွန်ပြည်နယ်)
နေ့စဉ်သတင်းများ (၂၄ - ၈ - ၀၉)
■ စစ်အစိုးရ ဆရာဝန်ကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ သတင်း
■ ၀န်ကြီးဦးဌေးဦး တည်းခိုရာ ဟိုတယ်ရှေ့ ဆန္ဒပြ သတင်း
■ နအဖ လက်အောက်ခံ မရာတပ်မတော် ဖွဲ့စည်း သတင်း
■ ရာဘာဈေး ယခင်ဈေးပြန်ရောက်ရန် မျှော်လင့်နေကြ သတင်း
■ စစ်တွေမြို့တွင် လုံခြုံရေးတင်းကျပ်ချထား သတင်း
■ ထောင်ဝင်စာတွေ့ မိသားစုဝင်များ နှောက်ယှက်ခံရ သတင်း
■ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ဝင်များကို ထောင်ဒဏ်ဆက်ပေးနေဆဲ သတင်း
■ နိုင်ငံရေးအမှု မိသားစုဝင်တွေကို တရားရုံးမှာ ကြားနာခွင့်ပေး သတင်း
■ မြောက်ကိုရီးယားကို ပိတ်ဆို့မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံကို စောင့်ကြည့် သတင်း
■ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု တိုက်ပွဲအရှိန်တိုးမြင့်သွားမည် သတင်း
■ အရက်ချက်စက်ရုံ မီးလောင်၊ (၁၀) ဦးထက်မနည်း သေဆုံး သတင်း
■ ရခိုင်ပြည် သွေးလွန်တုပ်ကွေး (၃၀၀) ကျော် ဖြစ်ပွား၊ (၃) ဦး သေဆုံး သတင်း
■ မြစ်ဆုံရေကာတာစီမံကိန်းနယ်မြေအနီး ကျေးရွာ (၆၀) ကျော် ရွှေ့ပြောင်းရေး စတင်ဆောင်ရွက် သတင်း
■ စားသောက်ဆိုင်များကို ၀င်ငွေခွန် (၁၀) ရာခိုင်နှုန်း ကောက်ခံမည် သတင်း
■ ဝင်ငွေခွန် (၂) နှစ်စာကြိုသွင်းမှ အငှားယာဉ် လိုင်စင်သက်တမ်း တိုးပေးမည် သတင်း
■ စက်မှု (၂) ထုတ်ကားတွေ ဘာကြောင့် ဈေးကြီးနေတာလဲ သတင်း
■ ဟောင်းနွမ်းသော ငွေစက္ကူများကြောင့် ရောဂါပိုးကူးစက်နိုင် သတင်း
■ စားအုန်းဆီအတွက် ဦးတေဇ အမြတ်ထွက် သတင်း
■ Phoenix ဂျာနယ် ထုတ်ဝေခွင့် ပိတ်ပင်ခံရ သတင်း
■ မြန်မာစာတန်းထိုး ကချင်ဇာတ်ကား ရန်ကုန်တွင် ရုံတင်ပြသ သတင်း
■ အာဖဂန်စစ်ပွဲအပေါ် အမေရိကန်လူထုထောက်ခံမှု ကျဆင်း သတင်း
■ စီအိုင်အေ လျှို့ဝှက်ထိန်းသိမ်းရေးစခန်းက ညှင်းပမ်းနှိပ်စက်ပုံများ ထုတ်ပြန်မည် သတင်း
■ ၂၀၀၉ ခုနှစ် မယ်စကြာဝဠာ ဗင်နီဇွဲလားမှရရှိ သတင်း
■ ကရင်တိုင်းရင်းသားတို့၏ ကျွန်းသာယာ (ဆောင်းပါး)
■ အာဆီယံပဋိညာဉ်စာတမ်းကို ဈေးဦးပေါက် ချိုးဖောက်လိုက်တဲ့ မြန်မာနိုင်ငံ (ဆောင်းပါး)
■ လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ (ဆောင်းပါး)
Monday, August 24, 2009
ကိုးကန့်အရေးနဲ့ပတ်သက်ပြီး မြန်မာပြည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ တပ်ဦးက ပြတ်ပြတ်သားသား တုန့်ပြန်
August 24, 2009
မကြာသေးခင်က အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ ကိုးကန့် ဒေသမှာ နအဖ အစိုးရက မူးယစ်ဆေးဝါး တားဆီးရေး အကြောင်းပြချက်နဲ့ စစ်ရေးအရ ခြိမ်းခြောက် ရန်စခဲ့တာကြောင့် ကိုးကန့် ငြိမ်းချမ်းရေး လက်နက်ကိုင် တပ်ဖွဲ့နဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီအရေးနဲ့ပတ်သက်ပြီး မြန်မာပြည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ တပ်ဦး (Peace and Democratic Front)က ပြတ် ပြတ်သားသား တုန့်ပြန် ကန့်ကွက်တဲ့ ကြေညာချက် တစောင် ထုတ်ပြန် လိုက်ပါတယ်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ တပ်ဦး ဆိုတာဟာ ဗမာပြည် ကွန်မြူနစ် ပါတီက ခွဲထွက်ပြီး နအဖ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ ကိုးကန့်။ ၀၊ အခါ၊ ဒီမိုကရေစီသစ် တပ်မတော် (ကချင်) အဖွဲ့တွေ က ၁၉၉၄ ခုနှစ်မှာ စတင် ဖွဲ့စည်းထားခဲ့တာ ဖြစ်ပါတယ်။
ဗမာပြည်ရဲ့ ယက်တောလွန်နိုင်ငံရေး
ရဲဘော်ဖိုးသံချောင်း
၂၁ သြဂုတ် ၂၀၀၉
ဗီယက်နမ်စစ်ဒဏ်ကြောင့် ကြောင်တောင်တောင် ဖြစ်နေတယ်လို့ ယူဆရတဲ့ ဂျွန်ယက်တောဟာ ဗမာပြည် နိုင်ငံရေးကို ရှုပ်ထွေးမှုတွေ တပြုံ တခေါင်းကြီး သယ်လာခဲ့တယ်လို့ ဆိုရင် မမှားပါဘူး။ ဗမာပြည်ရဲ့ မျက်မှောက်ကာလ နိုင်ငံရေးကို ယက်တောလွန်/ ဝက်ဘ်လွန် နိုင်ငံရေး လို့တောင် နာမည်ပေးရင် ရမလားပါပဲ။ အပေါ်ယံ ကြည့်လိုက်ရင်တော့ အခုအချိန်မှာ အမေရိကန်က လာတဲ့ ယက်တောလည်း အမေရိကန်ကို ပြန်သွား၊ အိမ်ချုပ်ထဲက ဆွဲထုတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အိမ်ချုပ်ထဲ ပြန်ထည့်၊ အဆင့် (၁) ကို ပြန်ရောက် သွားပြန်ပြီလို့ ပြောနိုင်ပါတယ်။
ဈေးတွက်တွက်ပြောရရင်တော့ ဒီတခါဝက်ဘ်လာတဲ့ ခရီးစဉ်မှာ ဝက်ဘ်နဲ့ နအဖတို့ပဲ အမြတ် ရလိုက်ကြပါတယ်။ ဝက်ဘ်ဟာ သူ့အတွက် အိမ်ပြန်လှတဲ့ ဆုလာဘ် ရသွားပါတယ်။ အမေရိကန် နိုင်ငံသား တယောက်ကို လူဆိုးတွေ လက်က ကယ်တင်နိုင်သူ သူရဲကောင်း ဖြစ်သွားပါတယ်။ သူ့ရှေ့ တက်လမ်း အတွက် အမှတ် တော်တော်ရသွားတယ် လို့တောင် တချို့က ပြောပါတယ်။ နောက်ပြီး နအဖ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း သူ(တို့) ပြောချင်တာ ပြောခွင့် ရသွားပါတယ်။ ဒါဟာအရင်လို မျက်ရိပ်-စကားရိပ်နဲ့ စောင်းပါး ရိပ်ခြေ အသိပေး နေရတာတွေနဲ့ စာရင် အများကြီး ပိုတာသွားပါတယ်။ တခါ နအဖဗိုလ်ချုပ်တွေ အဖို့ ဆိုရင်လည်း အမေရိကန်နဲ့ ရွှေလမ်း၊ ငွေလမ်းဖောက်ဖို့ လမ်းစ တစ ရသွားပါတယ်။ သူများက ယုံတာ မယုံတာ အပထား ဝါရှင်တန်ကို သူတို့ဟာ လူစိတ်ရှိသူတွေ ဖြစ်ပါတယ်လို့ ပြသခွင့် ရသွားပါတယ်။ ဒါ့အပြင် ယက်တောတောင်မှ သူလုပ်ချင်တဲ့ ကြောင်တောင်တောင် အလုပ်ကို လုပ်ခွင့် ရသွားပါတယ်။ သူက နာမည်ကြီးချင်လို့ လုပ်တာဆိုရင် ပိုတောင် အောင်မြင်သေး တယ်လို့ ပြောရပါမယ်။
ဒီလိုအခါမှာ ဂျွန်ဝက်ဘ်ရဲ့ခရီးဟာ ဗမာပြည်နိုင်ငံရေး အပေါ် ဘယ်လို အကျိုး သက်ရောက်နိုင်တယ် ဆိုတာကို ပြောဆိုဆွေးနွေး သံတွေ အတော် ပေါ်ထွက်နေပါတယ်။ မဆန်းပါဘူး။ ဒီလို စဉ်းစား တွေးတောစရာတွေ ဖြစ်လာရတဲ့ အကြောင်းကတော့ ဂျွန်ဝက်ဘ်ဆိုတဲ့ လူက သာမန်လူ မဟုတ်ဘဲ အမေရိကန် နိုင်ငံက ဆီနိတ်တာ အမတ် တယောက် ဖြစ်နေလို့ပါပဲ။
တကယ်ကျတော့ ဂျွန်ဝက်ဘ်ရဲ့ဒီခရီးစဉ်မှာ လျှို့ဝှက်မှုတွေ လွှမ်းမိုး နေပါတယ်။ ဝက်ဘ်ဘက်ကလည်း အများကြီး ထိန်ချန်ထား၊ နအဖ ဘက်ကလည်း အများကြီး ထိန်ချန်ထားတာမို့ တကယ့် အခြေအနေကို မှန်းဆရတာဟာ အလွန် ခက်ပါတယ်။ စောလည်း စောလွန်း နေပါသေးတယ်။ ဒါပေမယ့် မကြာမီမှာပဲ ဝါရှင်တန်နဲ့ ကြပ်ပြေး အကြား အသွားအလာ၊ အပေးအယူတွေ များလာတာကို မြင်လာရစရာ ရှိပါတယ်။ ဒီလိုအခါမှာ ဒါဟာ ဗမာပြည် ပြည်သူတွေရဲ့ ကံကြမ္မာအပေါ် ဘယ်လိုများ အကျိုး သက်ရောက်မှု ရှိလေမလဲလို့ စဉ်းစားသူ၊ တွေးတောသူ၊ ရေးသားသူ၊ ပြောဆိုသူတွေ အခုထက် ပိုများလာကောင်း များလာစရာလည်း ရှိပါတယ်။
ဒါတွေနဲ့ဆက်နေတဲ့ ကိစ္စတခုက ဝက်ဘ်ရဲ့ ခရီးစဉ်ဟာ အမျိုးသား ရင်ကြားစေ့ရေး ဆီကို တွန်းပို့ရာ ကျမကျ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းထုတ်၊ ဒီစကားကို ပြောသူတွေထဲမှာ သဘောထား အမျိုးမျိုးနဲ့ ပြောကြသူတွေ ပါပါတယ်။ တချို့ကလည်း အဲဒီလို ဖြစ်စေချင်လို့၊ တချို့ကလည်း ကိုယ်လုပ်ချင်တာ တခုအတွက် အကြောင်းပြစရာ ရချင်လို့ စသဖြင့်ပါ။ ဒါပေမယ့် နအဖနဲ့ သူ့ဆောင်းပါးရှင်တွေ ကတော့ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာကို တခွန်းမှ မဟကြောင်း အသေအချာ ထောက်ပြဖို့ လိုပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက တကမ္ဘာလုံး၊ တပြည်လုံးက ပြောနေတဲ့ အမျိုးသား ရင်ကြားစေ့ရေးဟာ ဗမာပြည်မှာ ဘာကြောင့် အကောင်အထည် မပေါ်တာလဲ ဆိုတာဖြစ်ပါတယ်။ အမှန်မှာ အဓိက ပြဿနာဟာ နအဖရဲ့သဘောထား ဖြစ်ပါတယ်။ ဒီနေ့ တိုင်းပြည်မှာ ပေါ်ပေါက်နေတဲ့ နိုင်ငံရေး ပြဿနာတွေ၊ တင်းမာမှုတွေ၊ ဖိနှိပ်မှုတွေဟာ နအဖ စစ်အုပ်စုက အာဏာကို လက်မလွှတ်ချင်လို့ ဖြစ်နေတာဆိုတာ လူတိုင်းသိပါတယ်။ ဒီတော့ ဂျွန်ဝက်ဘ်ဟာ နအဖ ဗိုလ်ချုပ်တွေကို အာဏာ ခွဲဝေယူချင်အောင်၊ အာဏာကို လက်လွှတ်ချင်အောင် ပြောနိုင်မလား။ တကယ်က နအဖကို တရုတ်က နားချဖူးပါတယ်။ မရပါဘူး။ အမေရိကန်နဲ့ တခြား နိုင်ငံတွေကလည်း အကျပ်ကိုင်ဖူးပါတယ်။ မရပါဘူး။
ကိစ္စတွေဟာ အဲဒီလောက်လွယ်ရင် ဗမာပြည်ရဲ့ဒီမိုကရေစီ အရေးတော်ပုံဟာ ဒါလောက် ကြာမနေပါဘူး။ ဒီနေ့ဗမာပြည် ပြည်သူတွေ ရင်ဆိုင် နေရတဲ့ စစ်အာဏာရှင်တွေဟာ ကမ္ဘာ့ သမိုင်းမှာ စံချိန် တင်လောက်တဲ့ အာဏာ မက်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဘဝ သူတို့ အာဏာနဲ့ အသေ တွဲချည်ထားသူတွေပါ။ အာဏာမရှိရင် သူတို့ကိုယ်တိုင်ပါ ရပ်တည်လို့ မရအောင် သူတို့ဘာသာ လုပ်ထား-လုပ်နေပါတယ်။ နအဖကို ကြမ်းပြင်ပေါ် တုတ်ကလေးတချက် ရိုက်ပြရုံနဲ့ လန့်လိမ့်မယ်၊ မုန်လာဥလေး တဥ ပြလိုက်ရုံနဲ့ ဟပ်တပ် ဆွဲလာမယ်လို့ ထင်ရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်။ နအဖနဲ့ ရင်ဆိုင်ရာမှာ ဇာတ်ဓား၊ နတ်ဓားလောက်နဲ့ မရဘူးဆိုတာ ဗမာပြည် ပြည်သူတွေ အသိဆုံး ဖြစ်ပါတယ်။ နအဖက ယက်တောကို လွှတ်လိုက်တာဟာ အမေရိကန် အစိုးရကို အချက်ပြတာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထပ်ချလိုက်တာဟာ ဗမာပြည်သားတွေကို အချက်ပြတာ ဖြစ်တယ်ဆိုတာ မေ့လို့ မဖြစ်ပါဘူး။ ဗမာပြည်သူတွေ အပေါ်မှာ ပြတ်သားမြဲ ပြတ်သားတယ်၊ အာခံဝံ့ရင် ခံကြည့်လို့ ပြောတာပဲ ဖြစ်ပါတယ်။
သတိထားသင့်တဲ့နောက်တချက်က တကယ်လို့များ နအဖက ဟန်ပြစာပွဲဝိုင်းထိုင်တာမျိုးလုပ်လာရင် ဒါကို အမျိုးသား ရင်ကြားစေ့ရေးလုပ်တယ်လို့ မဆိုမိဖို့ပါပဲ။ နအဖဟာ ဒီလိုဟန်ပြမျိုးတွေ လုပ်ခဲ့လှပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်ဆိုသူနဲ့ စကားပြောစေတယ်ဆိုတာမျိုးနဲ့ မဗေဒါရေခပ်ခိုင်းထားခဲ့တဲ့ ကိစ္စကို မှတ်မိကြမယ်ထင်ပါတယ်။ အခုအခါမှာ ဒီလိုလုပ်တာတွေနဲ့ ပြည်သူတွေကို မျက်စိလည်စေ၊ ကိုယ့်ကိုယ်ကိုယ်မျက်စိလည်စေတာ မဖြစ်သင့်တော့ပါဘူး။
ဒီနေရာမှာ ဗိုလ်နေဝင်းလက်ထက် ၁၉၈ဝ ခုနှစ်တုန်းက ဗိုလ်နေဝင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ခေါ်ခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ထောက်ပြ ချင်ပါတယ်။ အဲဒီတုန်းက ဗိုလ်နေဝင်းဟာ တရုတ်က ပြောလွန်းတာနဲ့ တရုတ် ကျေနပ်အောင် ငြိမ်းချမ်းရေး ဆွေးနွေးတယ် ဆိုတာက တိတ်တဆိတ် လုပ်ခဲ့ပါတယ်။ တဖက်မှာလည်း တရုတ်ကိုတော့ အသိပေး ထားပါတယ်။ ဒါပေမယ့် အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာကို နေ့ဝက်ပဲ ဆွေးနွေးပြီးတော့ ဘာမှ အကြောင်းမပြဘဲ အကုန် ဖျက်ပစ်ခဲ့ပါတယ်။ အခုလည်းပဲ နအဖဟာ အိမ်ဖြူတော်က ကျေနပ်အောင်၊ ပြကောင်းအောင်လောက် လုပ်လာနိုင်သေးတယ် ဆိုတာ တွက်ထားသင့်ပါတယ်။
ဒီနေ့အခါမှာ အမေရိကန်ကလည်း နအဖကိုဆွဲလို၊ နအဖကလည်း အမေရိကန်နဲ့ နီးစပ်လို၊ နှစ်ဖက် စလုံးဟာ အဲဒီ ဦးတည်ချက် ဆီကို တက်လှမ်း နေကြတာ ဆိုတာ တကမ္ဘာလုံး အသိပါ။ အားလုံး ကိုယ့်စဉ်းစားချက်နဲ့ ကိုယ်ချည်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ နှစ်ဖက်စလုံးက ဗမာပြည် ပြည်သူတွေရဲ့ အကျိုးစီးပွား အပေါ်ကနေ တယောက်ကို တယောက် လက်ကမ်းနေကြတာ မဟုတ်ပါဘူး။ ကိုယ့်အကျိုးစီးပွားနဲ့ ကိုယ်ချည့်ပါ။ ဒါကို အပြစ်ပြောနေဖို့ မဟုတ်ပါဘူး။ အရေးကြီးတာ ကိုယ်က သူတို့နောက်ကို မျောမပါဖို့ဘဲ ဖြစ်ပါတယ်။ ကိုယ့်လမ်း ကိုယ်လျှောက်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်အရေးတော်ပုံရဲ့ ကံကြမ္မာကို ဘယ်နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေး ပေါ်လစီတွေနဲ့ တွဲချည်မထားဖို့ဘဲ လိုပါတယ်။
နောက်တချက်က ဒီလိုအချိန်မှာ ကျနော်တို့အနေနဲ့ ပြည်သူလူထုကို ဖြစ်မလာ နိုင်တဲ့ မျှော်လင့်ချက်တွေ မပေးသင့်ပါဘူး။ ကယ်တင်ရှင် မျှော်ခိုင်းတာလည်း မလုပ်သင့်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ ယက်တော ရောက်လာတယ် ဆိုတာထက် ပိုဆိုး ကုန်နိုင်ပါတယ်။ ဗမာပြည်သားတွေနဲ့ ဒီမိုကရေစီ အရေးတော်ပုံ တပ်သားတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ်မှ တပါး တခြား ဘယ်သူ့ကိုမှ အားမကိုးဖို့ ပိုင်းဖြတ်ပြီး ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ခိုင်မြဲစေဖို့ လိုပါတယ်။ နအဖ တကယ် ကြောက်တာဟာ ပြည်သူ့အင်အား ဖြစ်တယ် ဆိုတဲ့ အချက်ကို မျက်ခြည်ပြတ်ခံလို့ မဖြစ်ပါဘူး။
တကယ်က နအဖအမြင်မှာ အမျိုးသားရင်ကြားစေ့ရေး ဆိုတာ သူတို့ရဲ့ အာဏာကို လက်လွှတ်ရေး ဖြစ်နေပါတယ်။ သူတို့ အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေ၊ တခြား လူတွေကို ဖြစ်စေ လွတ်လွတ် လပ်လပ် လှုပ်ရှားခွင့် ပေးလိုက်ရင် သူတို့ရဲ့ အာဏာကို ခြိမ်းခြောက် လိမ့်မယ်လို့ တွက်ပါတယ်။ ဒီတော့ ငယ်ငယ်တုန်းက ပြောသလို မုန့်သာ တဖဲ့စီ ဝေစားရင် စားမယ်၊ တိုင်းပြည် အာဏာကိုတော့ ဝေမစားဘူး ဆိုတာဟာ ဒီဗိုလ်ချုပ်တွေရဲ့ အသည်းထဲက မူဝါဒပါ။
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ (၂၃ - ၈ - ၀၉)
■ သံဃာတော်များ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်မည် သတင်း
■ စစ်သားစုဆောင်းရေးမှ ကလေးငယ်အား မိဘများက ငွေပေး၍ ပြန်လည်ထုတ်ယူခဲ့ရ သတင်း
■ လှည်းကူးအရက်ချက်စက်ရုံမီး (၃) ဦးသေ (၆) ဦး ဒဏ်ရာရ သတင်း
■ သမ္မတဟောင်း ကင်ဒေးဂျုံ ဈာပန နိုင်ငံတော်အခမ်းအနားနဲ့ ဂုဏ်ပြု သတင်း
■ သြဂုတ်လ စတုတ္ထပတ် တီဗွီမဂ္ဂဇင်း အစီအစဉ် သတင်း
■ တောင်-မြောက်ကိုရီးယား ဆွေးနွေးပွဲ သတင်း
■ မျှော်လင့်ချက်သယ်ဆောင်လာတဲ့ မေရီ (ဆောင်းပါး)
■ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပိုင်ခွင့် အရင်ကထက် ပိုပြီးဆိုးရွားနိုင် သတင်း
■ မြန်မာပြည်တွင်းက အတိုက်အခံများကို စစ်အုပ်စုက ဖိအားများ တိုးမြှင့်နေဆဲ သတင်း
■ အမည်မသိ အလောင်း စရဖမှ ဖျောက်ဖျက် သတင်း
■ ရခိုင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၃၂၉) ဦးရှိပြီး အသေအပျောက်များရှိနေ သတင်း
Sunday, August 23, 2009
ကြိုက်တာဝယ်စား
အမေရိကန်နိုင်ငံ၌၀က်မွေးမြူသူထံသို့ တစ်နေ့သော အခါ လူကြီးလူကောင်း တစ်ဦး
ရောက်ရှိ လာပြီး စုံစမ်းလေသည်။
ခင်ဗျားရဲ့ဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ..
"ကျွန်တော့်ဝက်တွေကို ထမင်းကျန် ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်
အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ်..
ကြားရတာစိတ်မကောင်းစရာပဲ ကျွန်တော်က ကမ္ဘာ့တိရစ္ဆာန်များ ထိန်းသိမ်း
စောင့်ရှောက်ရေး အဖွဲ့ကအရာရှိပါ.. အခုလို ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေ
ကျွေးမှုအတွက် ဒဏ်ငွေ ရိုက်ရပါလိမ့်မယ်.."
ဒဏ်ငွေဆောင်ပြီး၃လခန့်ကြာ ပြန်သော် နောက်ထပ် လူကြီးလူကောင်း တစ်ယောက်
လာပြီးစုံစမ်းပြန်သည်။
ခင်ဗျားဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ..
ဟုတ်ကဲ့..ပေါင်မုန့်ပူတင်း..ဒိန်ခဲ..အာလူး.. ကြက်ပေါင်းနဲ့ ဗိုက်တာမင် အားဆေးတွေ
ရောစပ်ပြီး ကျွေးပါတယ်...
အားပါး..အံ့သြစရာပဲ.. ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က အရာရှိပါ.. ကမ္ဘာကြီးရဲ့
လူဦးရေ လေးပုံတစ်ပုံလောက် နှစ်စဉ် အငတ်ဘေး ကြုံနေတာတောင်ကိုမှ ခင်ဗျားက ခြိုးခြံမှု
မရှိဘဲ ဖြုန်းတီးပစ်နေတာ အဲ့ဒီအတွက် ခင်ဗျားကို ဒေါ်လာတစ်ထောင် ဒဏ်ငွေရိုက်ပါတယ်..
ဒဏ်ငွေဆောင်ပြီးများမကြာမီ နောက်တစ်ဦးလာပြန်လေသည်။
ခင်ဗျားဝက်တွေကိုဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျာ...
တစ်ကောင်ကိုတစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ်......
A Priest, a Doctor & an Engineer Play Golf
A priest, a doctor, and an engineer were waiting one morning for a particularly slow group of golfers.
Engineer: What's with these guys? We must have been waiting for 15 minutes!
Doctor: I don't know but I've never seen such ineptitude!
Priest: Hey, here comes the greens keeper. Let's have a word with him.
Priest: Hi George. Say George, what's with that group ahead of us? They're rather slow aren't they?
George: Oh yes. That's a group of blind fire fighters. They lost their sight while saving our club house last year. So we let them play here anytime free of charge!
(silence)
Priest: That's so sad. I think I will say a special prayer for them tonight.
Doctor: Good idea. And I'm going to contact my ophthalmologist buddy and see if there's anything he can do for them.
Engineer: Why can't these guys play at night?
နေ့စဉ်သတင်းများ (၂၂ - ၈ - ၀၉)
■ သံဃာတော်တွေ ကံဆောင်ကြဖို့ သံဃာ့တပ်ပေါင်းစု နှိုးဆော် သတင်း
■ တတိယအကြိမ် သံဃာ့သပိတ်ဆင်နွှဲရန် သံဃာ့တပ်ပေါင်းစုအဖွဲ့ခွဲများ ဖွဲ့စည်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဆရာဝန်နဲ့ တွေ့ခွင့်မပေးသေး သတင်း
■ ဒီကေဘီအေနဲ့ ကေအန်ယူ ပြန်လည်ပူးပေါင်းဖို့ အလားအလာရှိ သတင်း
■ ဆရာတော် ဦးသုဇနထံ တင်ပြသည့် စစ်သားသစ်စုဆောင်းမှု ကန့်ကွက်နှိုးဆော်စာအား တစုံတရာ တုန့်ပြန် ဖြေကြားခြင်းမရှိ သတင်း
■ မြဝတ်ီမြို့တွင် မြန်မာစစ်တပ်မှ လုံခြုံရေး ပိုမိုတင်းကျပ်ထား သတင်း
■ စစ်တွေ-ရန်ကုန် ကားလမ်းတလျှောက် အကောက်ဂိတ်များ အထူးတိုးပွားနေ သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရ တဖက်သတ် ပြင်ဆင် သတင်း
■ မြောက်ကိုရီးယားအပေါ် အရေးယူမှု မြန်မာလိုက်နာခြင်း ရှိမရှိ စောင့်ကြည့်မည် သတင်း
■ နိုင်ငံရေးအကျဉ်းသားတဦး ခွဲစိတ်မှုခံယူဖို့ လိုအပ်နေ သတင်း
■ အင်ဒိုနီးရှားထောင်ရောက် မြန်မာ (၅) ဦး သံရုံးကို ဆက်သွယ် အကူအညီတောင်းခံ သတင်း
■ တာဝန်ရှိသူများက အမှုရှောင်လွှဲ၍ ရာအိမ်မှူးကို လူသတ်မှုနှင့် တရားစွဲဆို သတင်း
■ ဂျာနယ်တစောင် ထုတ်ဝေခွင့်ပိတ် သတင်း
■ စီးပွားရေးနာလန်ထူလာနေတဲ့ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံအခြေအနေ သတင်း
■ ပိတ်ဆို့ဒဏ်ခတ်မှု ရုတ်သိမ်းရေး သတင်း
■ သုတေသနပြုစုသူ Jessica Harriden ပြောတဲ့ မြန်မာအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ သတင်း
■ Blog စာမျက်နှာတွေပေါ်က ထူးအိမ်သင် အမှတ်တရများ သတင်း
■ အင်ဒိုနီးရှားနိုင်ငံအတွင်း NCGUB လှုပ်ရှားမှု ခွင့်မပြု သတင်း
■ တာလီဘန်ခေါင်းဆောင်သစ် တင်မြှောက် သတင်း
■ တောင်ကိုးရီးယားသမ္မတ မြောက်ကိုးရီးယားကိုယ်စားလှယ်တွေနဲ့ တွေ့မည် သတင်း
■ ဆိုင်ဘာစစ်အကြို သတင်း
■ ရွှေတိဂုံဘုရား အင်္ဂါနံထောင့် ဆုတောင်းသူ (၁၄) ဦး အဖမ်းဆီးခံရသည့်စာရင်း လက်ခံရရှိ သတင်း
■ တပ်တွင်းရဟန်းခံပွဲအတွက် ငွေသိန်းများစွာ ကောက်ခံ သတင်း
■ မြောက်ကိုရီးယားအပေါ် အရေးယူမှု မြန်မာလိုက်နာခြင်းရှိမရှိ စောင့်ကြည့်မည် သတင်း
■ စစ်အစိုးရအဏုမြူစီမံကိန်း ရှင်းလင်းမြင်သာ ရှိသင့် (ဆောင်းပါး) သတင်း
■ မောင်းနှင်သူနေရာမှာ ရှိတုန်းပါလို့ အဘီဆစ်ပြော သတင်း
‘နံပါတ်ဝမ်း’ သန်းရွှေရဲ့ (ကိုယ်ရေးအကျဉ်း)
နေ့သစ်မီဒီယာ
Friday, August 21, 2009
ဘယ်အချိန်မှာ ဘယ်သူ့ကပ်ရမယ် ဆိုတာကို စစ်အုပ်စုတိုင်းက သိတယ်။ ကြေးစား စစ်ဗိုလ်ရဲ့ဗီဇ စိတ်ကြောင့်ပဲ ဖြစ်လိမ့်မယ်။ “အိမ်စောင့်” ရတုန်းက အမေရိကန်၊ အစ္စရေးလ်ကို ကပ်တယ်။ မဆလ စစ်အုပ်စုက တအိမ်လုံး သိမ်းမိတော့ ကမ္ဘာ့ဗိုလ်ကြီး (၂) ဗိုလ်ကို ကပ် တယ်။ နောက်တော့ အမွေခံ ‘နဝတ’ က တရုတ်နဲ့ အာဆီယံ၊ အိန္ဒိယကို ကပ်တယ်။ အခုတော့ နအဖ က တရုတ်၊ အာဆီယံ၊ အိန္ဒိယ အပြင် အမေရိကန်ကိုပါ ကပ်ဖို့ လမ်းစ ရသွားပြီ။
ဂြိုဟ်ကောင် ‘ဂျွန်ယက်တော’ ကို အမေရိကန် လွှတ်တော်အမတ်က အထူး စစ်လေယာဉ်နဲ့ ခေါ်ပြီး ပြန်သွားနိုင်ခဲ့ပြီ။ သန်းရွှေကို ‘အ’ တယ် မထင်ပါနဲ့။ အောက်ခြေကနေ အခုအမြင့်ဆုံး နံပါတ်ဝမ်း အထိ တက်လာ နိုင်တာဟာ ဘယ်အချိန်မှာ ဘယ်သူ့ ကပ်ရမယ် ဆိုတာ သိလို့၊ အကင်းပါးလို့ပဲ။
၁၉၅ဝ နှစ်ပိုင်းတွေက မြောက်ပိုင်းတိုင်းမှာ ဆိုရှယ်လစ် စစ်ဗိုလ်ကြီး တွေ စုမိပြီး ဗကပ ချေမှုန်းရေး ထိုးစစ်ကြီးတွေ ဆင်တုန်းက သန်းရွှေက အဲဒီတုန်းက တန်ခိုး ထွားနေတဲ့ မြန်အောင် သခင် ချစ်မောင်ကို ကပ်မိတယ်။ မြန်အောင်သခင်ချစ်မောင် ရေးတဲ့ “နိုင်ငံရေး သံဝေဂ စာတမ်း’ (သူ့စာအုပ် နာမည်တော့ မေ့နေပြီ) အဲဒီစာတမ်း မှာ အထက် ဗမာပြည် ထိုးစစ်ကြီးအတွင်း စိတ်ဓာတ် စစ်ဆင်ရေး ဋ္ဌာနရဲ့ အာဏာပိုင်အဖြစ် ပါဝင်နေရတုန်းက နာမည်ပျက်ရုံ အရက် သောက်တဲ့ အကျင့် ရကြောင်း ရေးဖူးတယ်။ အဲဒီကာလက သန်းရွှေက ဗိုလ်ပေါက်စပဲ။ မြန်အောင်သခင်ချစ်မောင်ကို အထူးပြူစုတဲ့ စားပွဲထိုးအလုပ် တက်တက်ကြွကြွ လုပ်ခဲ့တယ်။ ချစ်မောင် မျက်စိ ကျသွားတယ်။ နောက်တော့ ‘စိတ်ဓာတ်စစ်ဆင်ရေး’ ရောက်သွားတယ်။ ကွန်မြူနစ်ပျက် ပါရီပြန် ကိုချစ်လှိုင် (အခု ကိုကိုမောင်ကြီး) က အလားအလာ ကောင်းတဲ့သူ အဖြစ် သန်းရွှေကို မွေးမြူတယ်။ အဲဒီကတည်းက သန်းရွှေဟာ တက်လမ်းချည်းပဲ တွေ့ရ တော့တယ်။
နောက်ဆုံးနေဝင်းက အာဏာ အမွေလွှဲတော့ နံပါတ်တူး အဖြစ်နဲ့ အာဏာပိုင် တယောက် ဖြစ်လာတာပဲ။ တဦးတည်း အာဏာပိုင်တော့ မဟုတ်သေးဘူး။
ဗိုလ်စောမောင်က နိုင်ငံရေးအကွက် မမြင်ဘူး။ ရိုးတယ်။ အတယ်။ ၁၉၉ဝ ရွေးကောက်ပွဲဟာ အာဏာ လွှဲပေးဖို့ လုပ်တဲ့ ရွေးကောက်ပွဲလို့ ထင်ခဲ့ပြီး စကားတွေ အလွန်အကျွံ ပြောမိတယ်။ နောက်ဆုံးတော့ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျား မပြန်ရဘဲ သူပဲ အရူးဖြစ်ကာ ဇာတ်သိမ်း ရတယ်။
ဗိုလ်စောမောင် မရှိတော့ သန်းရွှေဟာ နံပါတ်ဝမ်း (နာမည်ခံသာ) ဖြစ်နေတာပဲ။ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်နဲ့ ပူးတွဲအာဏာ ကျင့်သုံး နေရတာ ဖြစ်တယ်။ နေဝင်းကိစ္စ ပေါ်တော့ ဗိုလ်ခင်ညွန့် အာဏာ ကျစပြုတယ်။ ဒဘယင်း (ဒီပဲယင်း) ပြီးမှပဲ ဗိုလ်ခင်ညွန့်ကို ဖယ်ပစ်နိုင် တာပဲ။ ဗိုလ်ခင်ညွန့်ကို စွဲတဲ့ အမှုက ကြီးတယ်။ ဗိုလ်စောမောင်ကို ဖယ်ရှားတုန်းကလို လုပ်လို့ မဖြစ်ဘူး။ ဒါကြောင့် ထောင်နှစ်ရှည် ချတယ်။ ပြီးမှ ဆိုင်းငံ့ပေးတယ်။ ဆိုင်းငံ့တာရဲ့ အကြောင်းကတော့ ‘စစ်အုပ်စု ဝံသာနုစိတ်’ ကြောင့်ပါ။ (တလောက ဗြုတ်စဗျင်းတောင်း တယောက်က ဗိုလ်ခင်ညွန့်ကို သန်းရွှေရဲ့ မွေးစားသားလို့ ပြောတာ ကြားလိုက်ရတယ်။ စစ်အုပ်စု ထိပ်သီးတွေရဲ့ ကိုယ်ရေးအကြောင်း မသိဘဲ သန်းရွှေကို (ဖား) ချင်လွန်း အားကြီးပြီး ပြောလိုက်ပုံရတယ်။ နေဝင်းရဲ့ မွေးစားသားဆိုရင် ဟုတ်သလိုလို ရှိဦးမယ်။)
သန်းရွှေ နံပါတ်ဝမ်း စစ်စစ်ဖြစ်တာ ဒဘယင်း (ဒီပဲယင်း) အပြီး ဗိုလ်ခင်ညွန့်ကို့ ဖြုတ်ပြီးမှ ဖြစ်တာပါ။
ဓနုပုံပြင်တခု ရှိတယ်။ စပါးကြီးမြွေမှာ သူဋ္ဌေးကွက်ဆိုတဲ့ အကွက် တကွက်ရှိတယ်။ အကွက်တွေ ထောင်သောင်းထဲမှာ တကွက်ပဲ ပါတာတဲ့။ ပြီးတော့ အဲဒီအကွက်က ပုံမှန်မရှိဘူး။ အမြဲ စက္ကန့်နဲ့ အမျှ ပြောင်းနေတာဆိုပဲ။
အဲဒီသူဋ္ဌေးကွက်ကို ပထမဆုံး တုတ်ချက်နဲ့ ရိုက်မိရင် ဒီရေအလား စည်းစိမ်တိုးပြီး သူဋ္ဌေး ဖြစ်တာပဲတဲ့။
သန်းရွှေလည်း မြန်အောင်ချစ်မောင်ကို ကပ်မိတာဟာ သူဋ္ဌေးကွက်ကို ရိုက်မိတာပဲ ဖြစ်လိမ့်မယ်။
သန်းရွှေဟာ အခု အမေရိကန်ကိုကပ်ဖို့ လမ်းစ ရသွားပြီ။ ဒေါ်အောင်ဆန်းစုကြည်က အိမ်ချုပ် - ဂြိုဟ်ကောင်က ကျော့ကျော့မော့မော့ အိမ်ပြန်သွားပြီ။ အမေရိကားမှာ သူက တစုံတရာ ထင်ပေါ် ကျော်ကြားသူ ဖြစ်ဦးတော့မယ်။ ‘ဗမာပြည်အရေး ကျွမ်းကျင်သူ’ နိုင်ငံခြားသား နောက်ထပ် တယောက် တိုးပြန်ဦးမယ်။
ဘန်ကီမွန်းလာတုန်းက ‘ဒေါ်စု’ နဲ့တွေ့ခွင့် မပေးဘူး၊ ဂျင်ဝက်ဘ်ကိုတော့ တွေ့ခွင့်ပေးတယ်။ ဘာ့ကြောင့်လဲ။
(၁) ဘန်ကီမွန်းက ကုလသမဂ္ဂ (UN) (S/G) အတွင်းရေးမှူးချုပ် အနေနဲ့ လာတာပဲ။ UN မှာက ကြီး ‘၅’ ကြီးက အခရာပဲ။ ကြီး ‘၂’ ကြီးကို နအဖ က ကပ်ထားမိတယ်။ UN မှာ ကာကွယ် ပေးမယ့်သူ ရှိပြီးဖြစ်တယ်။ ဒါကြောင့် UN ရဲ့ S/G ကို ဒေါ်စုနဲ့တွေ့ဖို့ ခွင့်မပြုနိုင်ဘူးလို့ ပြောဝံ့တယ်။ ပြောနိုင်တယ်။ ပြီးတော့ နအဖ ထိပ်သီးတွင်းမှာ ဒေါ်စုအမှုနဲ့ ပတ်သက်ပြီး သဘောထား ညှိရဆဲ ကာလလည်း ဖြစ်နေတယ်။ အဆုံးအဖြတ် မကျသေးဘူး။ ဒါကြောင့် တရားရုံးရဲ့ကိစ္စထဲ ဝင်မစွက် ချင်လို့ အကြောင်းပြပြီး ငြင်းလို့ရတယ်။
ဂျင်ဝက်ဘ်ကတော့ အမေရိကားက လာတာပဲ။ အထက် လွှတ်တော် အမတ်လည်း ဖြစ်တယ်။ သမ္မတ အိုဘားမားနဲ့လည်း တပါတီတည်း ဖြစ်ပြီး ရင်းနှီးတယ်။ ဒေါ်စုကလည်း အမှုပြီးလို့ အိမ်ချုပ် အဖြစ် အိမ်ပြန်ရောက်နေပြီ။ ထောင်ထဲ သွားတွေ့ ရမှာ မဟုတ်ဘူး။ ဒါကြောင့်ပဲ သန်းရွှေက တွေ့ပေးဖို့ စီစဉ်လိုက်တာပဲ။ အခု အရေးအကြီးဆုံး အဖြစ်က (နအဖဝင် အားလုံး သဘောညီညွတ် နေတာက) အမေရိကန်နဲ့ ရင်ကြား စေ့ရေးပဲ။ ဒေါ်ကလင်တန်ကလည်း လေသံ ပစ်ထားတာ ရှိတယ်။
နောက် ဗိုလ်ခင်ညွန့် ရှိတုန်းကလို အမေရိကန်အရာရှိက စီစဉ်ပေးတဲ့ သူတချို့လို ဗမာပြည်ထဲ ခိုးကြောင် ခိုးဝှက်လာတာ မဟုတ်ဘူး။ ဝက်ဘ်ကိုယ်တိုင် လော ကနေ အထူးလေယာဉ် စီးပြီး နေပြည်တော်ကို တိုက်ရိုက် ဝင်လာတာပဲ။
သန်းရွှေက ပါးပါတယ်။ ဒါအခွင့်ကောင်းပဲဆိုတာ သူသိတယ်။ တရုတ်က အမေရိကန်နဲ့ ရင်ကြား စေ့ချင်တုန်း ကလို ‘ပင်ပေါင် ဒီပလိုမေစီ’ မျိုး လုပ်နေစရာ မလိုဘူး။ အထက်လွှတ်တော် အမတ် ကိုယ်တိုင် လာနေပြီပဲ။ ဒီအခွင့်ကောင်းကို သန်းရွှေ ကောင်းကောင်း အသုံးချလိုက်တာပဲ။
(၂) ဒေါ်စုကို ဝက်ဘ် ဘာသွားပြောသလဲ မသိပါဘူး။ ဖြစ်နိုင်တာ ပြောရရင် သန်းရွှေက ‘စကားပါး’ လိုက်တာကို ပြောပုံရတယ်။ NLD ရွေးကောက်ပွဲ သပိတ်မမှောက်သင့်ကြောင်း၊ ‘ရွှေဂုံတိုင်’ ကို အသေ ကိုင်ထားရင် လမ်းပိတ်နေမှာ ဖြစ်ကြောင်း၊ ပြည်သူ ၉ဝ% ရာခိုင်နှုန်းက အတည်ပြု ပေးထားတဲ့ ‘၂ဝဝ၈ အခြေခံဥပဒေ’ ကို ပြန်လည် သုံးသပ် ပြင်ဆင်တာ (နအဖ) က လုပ်မှာ မဟုတ်ကြောင်း စတာတွေ ပြောတာလည်း ဖြစ်နိုင်တာပဲ။ တနာရီလောက် ကြာတဲ့ စကားဝိုင်းမှာ ပြောတာတွေ များမှာပါ။
ဝက်ဘ်က မောင်စူးစမ်းလိုတော့ နိုင်ငံရေးဆိုတာတို့၊ စပေ့စ်တို့၊ ဘာတို့ သွယ်ဝိုက် ပြောနေမှာ မဟုတ်ပါဘူး။ မောင်စူးစမ်းကတော့ ဒဲ့ဒိုး (တဲ့တိုး) မပြောဝံ့ဘူး။ ရွေးကောက်ပွဲ သပိတ် မမှောက်နဲ့၊ နေရာ ပျောက်သွားမယ်လို့ ပြောချင်တာကို စကားလုံး ကြီးကြီး ကျယ်ကျယ် သုံးပြီး ပြောတာမျိုးတော့ ပြောမှာ မဟုတ်ဘူး။ အမေရိကန်ပုံစံ ဟောဟောဒိုင်းဒိုင်း ပြောမှာပဲ။ ဒေါ်စုကလည်း အကင်း ပါးပြီးသားပါ။ အမေရိကန် လွှတ်တော်နဲ့ အမေရိကန် သမ္မတ ဘယ်လို စခန်းသွားသလဲ ဆိုတာ သိပါတယ်။ ဘာပြောသလဲ ဆိုတာတော့ အချိန်ကျရင် ဒေါ်စု ပြောပါလိမ့်မယ်။
(၃) ဂျင်ဝက်ဘ်က ဘယ်တော့ ရွေးကောက်ပွဲဝင်ရမလဲ ဆိုတာ မသိပါ။ ဒီလောက်လည်း အရေးမကြီးလို့ Google မှာ မရှာတော့ပါဘူး။ သေချာတာက သူ့အနေနဲ့ အမှတ်တိုးသွားပြီ ဆိုတာပါပဲ။ အလုပ်ကြမ်းနဲ့ ထောင် ‘၇’ နှစ် ချခံထားရတဲ့ ဂြိုဟ်ကောင်ကို လွတ်အောင် လုပ်ပေးနိုင်လို့ ကျော်ကြား ထင်ရှားသူ ဖြစ်မှာပါ။ သမ္မတဟောင်း ကလင်တန်ရဲ့ နာမည်ကောင်း မျိုးတော့ ဝက်ဘ်ရမှာပါ။
Ref: နေ့သစ်မီဒီယာ





















































BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88