Thursday, December 23, 2010

တစ်နှစ်တာ လူဆိုး

December 22, 2010


Villain of the Year


The Voice ဂျာနယ် ၏ အယ်ဒီတာ ချုပ် နှင့် Myanmar E gress တည်ထောင်သူ ဒေါက်တာ နေ၀င်းမောင် အား တစ်နှစ် တာ ထူးချွန်မှု အရှိ ဆုံး လူဆိုး အဖြစ် Freedom News Group မှ ရွေးချယ် သတ်မှတ် လိုက်သည်။ Villain of the year ဆု အတွက် Freedom News Group မှ စာဖတ် ပရိသတ်နှင့် ရန်ကုန်မြို့ နေပြည်သူများ ၊ လူငယ်များ ၏ ဆန္ဒကို ကောက် ခံကြည့် ရာဒေါက်တာ နေ၀င်းမောင် နှင့် မြို့ တော်ဝန် ဦးအောင်သိန်းလင်း တို့ ကို ဆန္ဒပြုခဲ့ကြသည်။

ဒေါက်တာ နေ၀င်းမောင် သည် စစ်အစိုးရ၏ လွတ်လပ်ပြီး တရားမျှတမှု ကင်း မဲ့သည့် ရွေးကောက်ပွဲ အတွက် ၎င်း ၏ The Voice ဂျာနယ် မှ အူလှိုက် သဲလှိုက် ထောက် ခံခဲ့ပြီး နိုင်ငံ၏ စတ္ထုထ မဏ္ဍိုင် မီဒီယာ တစ်ခု အနေဖြင့် ပြည်သူ ကို လမ်းမှန်ညွှန် ပြပေးရန် ၀တ္တရား ပျက်ကွက် ခဲ့သည်။

ကုန်လွန်တော့မည် တစ်နှစ် တာ အတွင်း ဒီမိုကရေစီ အင်အား စု များ ကို လည်း ပြို ကွဲအောင် လုပ်ဆောင် ခဲ့ပြီး နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွတ်မြောက်လာစ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း သူမကြောင့် အရပ်ဘက် လူမှု အဖွဲ့ အစည်း များဒုက္ခရောက် ရသည် ဟု လတ်တလောတွင် ၀ါးလုံး ချီး သုပ် ရမ်း ခဲ့သေး သည်။

ဒီမိုကရေစီ အင်အားစု များ ကို နည်းမျိုး စုံ ဖြင့် ဝေဖန် သော်လည်း စစ်အဏာရှင် စနစ်ကို သော် လည်းကောင်း စစ်အာဏာရှင် စနစ် ကို ပုံဖော် သူများ နှင့် ၎င်း တို့၏ ဒေါက်တိုင် များကိုမူ မည် သည့် မှတ်ချက်မှ မပေးဘဲ တတ်အား သရွေ့ ချီးမွမ်းမှု ပြု ခဲ့သည်။

သံရုံး အမှု ထမ်း တစ်ဦး၏ ပြောပြချက် အရ ဒေါက်တာ နေ၀င်းမောင် သည် အနောက်နိုင်ငံ သံ အမှုထမ်း များ အား ဒီမိုကရေ လှုပ်ရှား သူများ ၏ အားနည်းချက် အချို့ကို ပုံကြီးချဲ့ ပြောတတ်သည် ဟု ဆိုသည်။

ဒေါက်တာ နေ၀င်းမောင် အား FNG မှ တစ်နှစ်တာ လူဆိုး ဆု ပေးရခြင်း နှင့် ပတ်သက်၍ ရန်ကုန်မြို့ မှ ၀ါရင့် သတင်းစာ ဆရာ တစ်ဦး က ဘယ်လိုခေါ်မလဲ ကျောင်း မှ ဆိုရင် School Bully လိုကလေးတွေ ရှိတယ် ..ခပ် ဆိုးဆိုး နဲ့ မှားမှန်း သိသိ စွပ် မှားတာ အပြစ်မဲ့သူတွေ ကို ဒုက္ခ ပေးတာ ..သူက တော့ State Bully ပေါ့ ဟု သုံးသပ် ပြောကြားသည်။

Freedom News Group သည် တစ်နှစ် တာ အတွင်း မြန်မာ နိုင်ငံ တွင် ထင်ရှား ကျော်ကြား သူများ နှင့် အတူ Hero of the Year နှင့် Person of the Year တို့ ကို လည်း ရွေးချယ်ဖော်ပြသွား မည် ဖြစ်ပါသည်။

Ref: FNG News

Read More...

နေ့စဉ်သတင်းများ ( ၂၂ - ၁၂ - ၂၀၁၀ )

မြန်မာပြည်တွင်း မီဒီယာတွေ အားထုတ်မှု RSF ဖော်ပြ သတင်း
မြန်မာ့နိုင်ငံရေး အဖြေရှာရာမှာ ဒေါ်စု ပါဝင်ဖို့ အင်ဒိုနီးရှား တိုက်တွန်း သတင်း
မြန်မာနိုင်ငံ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ဒေါ်စု ILO နဲ့ ဆွေးနွေး သတင်း
လွတ်တော်ဘယ်နေ့ ခေါ်နိုင်မလဲ သတင်း
တိုက်ပွဲကြောင့် နအဖတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များနေ သတင်း
မာနယ်ပလောတွင် KNU နှင့် စစ်အစိုးရ တိုက်ပွဲဖြစ် သတင်း
RSO နှင့် ARNO လက်နက်ကိုင်တပ်ဖွဲ့များ နယ်စပ်တွင် တွေ့ဆုံ သတင်း
မြန်မာမှ ထွက်ပြေးလာသည့် စစ်သားတဦး လက်နက်နှင့်အတူ ပြန်ပို့ခံရ သတင်း
ထိုင်းညီအစ်ကို (၂) ဦးကြောင့် ကရင်နီလူမျိုးတဦး သေ၊ တဦး ဒဏ်ရာရ သတင်း
Work Permit မရှိသောကြောင့် အလုပ်သမား (၃၃) ဦးကို (၄၈) ရက် ထောင်ဒဏ်ချ သတင်း
သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ထောင် (၈) နှစ် ချခံရ သတင်း
ကြံ့ဖွံ့ပါတီက အနိုင်ရ ပါတီတချို့ကို တရားစွဲ သတင်း
ကိုယ်စားလှယ်လောင်း အသုံးစရိတ် အချိန်မီမပြလျှင် နာမည်ပျက်စာရင်း ၀င်မည် သတင်း
မြန်မာသင်္ဘောသား (၂၃) ဦး မိသားစုနှင့် အဆက်အသွယ်ရ သတင်း
ဂီရိအကူ (၄၅) ရာနှုန်းသာ ပေးနိုင်သေးကြောင်း ကုလ ပူးပေါင်းအဖွဲ့ ပြော သတင်း
ရခိုင်လေဘေး ကြံ့ခိုင်ရေး စိတ်မ၀င်စား သတင်း
ရေကာတာစီမံကိန်းကျေးရွာဖွင့်ပွဲ ဒေသခံများ မဖြစ်မနေတက်ရ သတင်း
ပဲခူး မွတ်စလင်သင်္ချိုင်းကိစ္စ အာဏာပိုင်များ အကြောင်းမပြန် သတင်း
ထိုင်းဘုရင်မင်းမြတ် ချီးမြှင့်သော သံဃာထူးချွန်ဆု ရှမ်းသံဃာတပါး ရရှိ သတင်း
ဂျာနယ်မဂ္ဂဇင်းတို့၏ မေးမြန်းမှု စီးပွားရေးလုပ်ငန်းရှင်များ မဖြေကြား သတင်း
ဖမ်းမိကျွန်းသစ် မြန်မာဘက်က ပြန်သွင်းခြင်းမဟုတ်ဟု ထိုင်းအမတ် ငြင်း သတင်း
ငါးမွေးမြူရေးလုပ်ငန်းများ အရှုံးပေါ် သတင်း
ဘဏ်သစ် (၄) ခုက ဘဏ်ခွဲပေါင်း (၂၀၀) ခန့် ဖွင့်မည် သတင်း
မိုင်းလားသို့ ကုန်စည်တင်ပို့မှု ပြန်လည်ခွင့်ပြု သတင်း
သီရိမင်္ဂလာဈေး ပြောင်းရမည် သတင်း
ကျောင်းသားလူငယ်တဦးမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးစာ သတင်း
ဒေါက်တာနေ၀င်းမောင် ဂုဏ်ပြုခံရ သတင်း
ဒီဇင်ဘာ (၂၂) ရက် နောက်ဆုံးရ သတင်းတိုများ သတင်း
ရွေးကောက်ပွဲက ကွန်ဟိန်းပြဿနာ (ဆောင်းပါး)

Read More...

At the Crossrads a dialogue with Daw Aung San Suu Kyi

Dec, 21, 2010

Read More...

Wednesday, December 22, 2010

မြန်မာစစ်အာဏာရှင်နိုင်ငံတော်အလံ ဖွင့်ဆိုချက် မှာ

ဒီဇင်ဘာ ၂၂၊ ၂၀၁၀



ကာတွန်းဇော်ဒီဒီ

Read More...

နေ့စဉ်သတင်းများ ( ၂၁ - ၁၂ - ၂၀၁၀ )

နိုင်ငံရေးအကျဉ်းသားကိစ္စ ICRC နဲ့ ဒေါ်စု တွေ့ဆုံ သတင်း
ဒေါ်စုနဲ့ ILO အရာရှိတွေ့ သတင်း
ဒေါ်စုနဲ့ တွေ့ဆုံမေးမြန်းခန်း ပြည်တွင်း သတင်းဂျာနယ်တွေ ဖော်ပြခွင့်မရ သတင်း
ကြံ့ဖွံ့ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ နေပြည်တော်မှာ စည်းဝေးပွဲတက်ရောက် သတင်း
ဗိုလ်ချုပ်ဟောင်း၏ သားကို နေရွှေသွေးအောင် လူလွှတ်၍ ရိုက်ခိုင်း သတင်း
အုပ်ချုပ်ရေးကဏ္ဍတွင် ကြံ့ဖွံ့ပါတီဝင်များကို အစားထိုး ခန့်အပ်မည် သတင်း
အသင်းအဖွဲ့ ဥပဒေပြင်ရန်နှင့် တွေ့ဆုံဆွေးနွေးရန် ဗိုလ်ချုပ်မှူးကြီးထံ တောင်းဆို သတင်း
ဒီကေဘီအေနှင့် (၄) ရက်မြောက် တိုက်ပွဲ သတင်း
အစိုးရက ငြိမ်းချမ်းသည့် နည်းဖြင့် မဖြေရှင်းနိုင်သရွေ့ တိုက်ပွဲဆက်ဖြစ်မည် သတင်း
ရှမ်းပြည်မြောက်ပိုင်း စစ်ရေး မငြိမ်သက်မှုတိုး သတင်း
တပ်မဟာ (၇) ဌာနချုပ်အား မြို့နယ်ခွဲအဆင့်အဖြစ် နအဖ တိုးချဲ့ သတင်း
နိုင်ငံရေးအကျဉ်းသား မသင်းဇူလိုင်ကျော် လွတ်မြောက် သတင်း
သင်္ကြန်မဏ္ဍပ်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ကိုစည်သူဇေယျကို ထောင် ၈ နှစ် ပြစ်ဒဏ်ချ သတင်း
ရွေးကောက်ပွဲအလွန် တရားစွဲမှုများ စတင်စစ်ဆေး သတင်း
ဖားကန့် ကျောက်စိမ်းမော်ထဲ KIO မှ တဖန် အခွန်ကောက်ခံနေ သတင်း
ကျိုင်းတုံ - မိုင်းလား ကုန်တင်ကား ဖြတ်သန်းခွင့် နအဖ ပြန်လည်ခွင့်ပြု သတင်း
ဆိုင်းတောင်-ဖားပြင်တံတား မြေပြိုကျမှုကြောင့် သွားလာရေး ခက်ခဲနေ သတင်း
အလုပ်ပွဲစားက အဓမ္မစစ်သားစုဆောင်းမှု ILO ကို တိုင်ကြား သတင်း
ပတ်ဝန်းကျင် ထိန်းသိမ်းရင်း စီးပွားရေးလုပ်မည်ဟု အင်သားပါတီ ပြော သတင်း
ကျားဖြူနှင့် USDP အပြန်အလှန် တရားစွဲဖို့ ပြင်ဆင် သတင်း
စင်တင်ပွဲများ ဆင်ဆာဖြတ်ပြီးမှ ကရမည် သတင်း
ပိုက်လိုင်းကြောင့် ကျောက်ဖြူမှာ လယ်မြေတွေ ဆုံးရှုံးကြရ သတင်း
ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်း ရခိုင်ကို အကျိုးသာယုတ်စေမည် သတင်း
ဒီဇင်ဘာ (၂၁) ရက် နောက်ဆုံးရ သတင်းများ သတင်း
ထူးထူးခြားခြား ခမ်းခမ်းနားနား မင်္ဂလာပွဲ (၆) ပွဲ ကျင်းပမယ့် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် သတင်း
မြောက်ကိုရီးယား ကုလ နျူကလီးယား စစ်ဆေးရေးမှူးတွေ လာရောက်ခွင့်ပြုမည် သတင်း
ဦးကျော်ငြိမ်းနှင့် တိုင်း ၆ (ဆောင်းပါး)

Read More...

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၂)

ရော်နီညိမ်း
စနေ, 18 ဒီဇင်ဘာ 2010

တပ်မှူးတပ်သား ပြောစကား (၀၃၉)

မြန်မာစစ်အစိုးရမှာ ‘အဏုမြူလက်နက်တွေထုတ်လုပ်မယ့် နျူးကလီးယား စီမံကိန်း’ ရှိနေတယ်ဆိုတဲ့ အထောက်အထား တချို့ကို ယူဆောင်ပြီး၊ ပြည်ပကို ထွက်ခွါလာခဲ့သူကတော့ မြန်မာ့တပ်မတော်မှာ စစ်အင်ဂျင် နီယာအရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းပါ။ တပ်မတော် နည်းပညာ တက္ကသိုလ် DSTA ဗိုလ်သင်တန်း အပတ်စဉ် (၁) က ကျောင်းဆင်း ခဲ့ပြီးတော့၊ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင်ရာ စက်မှု ဘာသာရပ် နဲ့ မဟာသိပ္ပံဘွဲ့ ရယူခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောကြားချက် ဒုတိယပိုင်းကို ဒီသီတင်းပတ်ရဲ့ “တပ် မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ်တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးတို့က DSTA အပတ်စဉ်(၁)က ဆင်းတာဆိုတော့ ရုရှနိုင်ငံကို ဒီလို တပ်ကစစ် အင်ဂျင်နီယာ တွေကို နျူကလီးယား ဘာသာရပ်တွေ ဒုံးကျည် ဘာသာရပ်တွေ တက်ဖို့ လွှတ်တာဟာ ဘယ်တုန်း လောက်က စခဲ့ပြီးတော့ ဗိုလ်မှူးက ဘယ်အသုတ် လောက်မှာ သွားရတာပါလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်က ပထမဆုံး အသုတ်နဲ့ သွားရတာပါ။ ၂၀၀၁ခုနှစ် မေလကနေ စပြီး တော့ တက် ရပါတယ်။ ကျနော်တို့ ရုရှမှာ စာသင်လာခဲ့ရတဲ့ ပုံစံက project လုပ်တယ် ဆိုတာက ကိုယ်နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်မှာ၊ ဥပမာ rocket engine design လုပ်တယ်ဆိုရင် ကျနော်လုပ်တဲ့ project ဟာ ရုရှ rocket company တွေက design တွေမို့လို့ သူက မြန်မာပြည် ပြန်ရောက်တဲ့ အချိန်မှာ ဆက်လက် စမ်းသပ် ပြီးတော့ အသုံးချလို့ ရနိုင်တဲ့ project အပြည့်အစုံ ဖြစ်ပါတယ်။ အဲဒါတွေကို ကျနော်တို့ ကျောင်းပြီးလို့ ပြန်လာတဲ့ အချိန်မှာ ‘သသန’ ရောက်တဲ့အ ချိန်မှာ ကျနော်တို့ ကိုယ့် project ကိုယ် အကုန်အင်္ဂလိပ်လို ပြန်လုပ်ပြီး တော့ သိပ္ပံနှင့် သုတေသနဌာန ဌာနချုပ်မှူးဆီမှာ ကျနော်တို့ တင်ပြရတာပါ။ အဲဒါတွေက ကျနော်တို့ လက်တွေ့ လုပ်မယ်ဆိုရင် စမ်းသပ် သုတေသန လုပ်နိုင်တဲ့ project တွေဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့ခင်ဗျ၊ ဌာနချုပ်မှူးဆိုတာက ‘သသန’ ဌာနချုပ်မှူးပေါ့နော်။ ဘယ်သူပါလဲ မသိ ဘူးခင်ဗျ။ ဗိုလ်မှူးတို့ အချိန်တုန်းက။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဗိုလ်ချုပ်စိန်ဝင်း ဖြစ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အခုတော့ သူက ‘လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ်’ ဖြစ်သွားပါပြီ။ ဗိုလ်မှူးတို့ က ပထမဆုံး အသုတ် လွှတ်တာ ဆိုတော့ လူကြီးတွေက ပထမဦးဆုံး အသုတ်သွားမယ့် သင်တန်းသားတွေကို မှာကြားတာမျိုး ရှိပါသလား ခင်ဗျ။ ဗိုလ်မှူးတို့ကို ဘယ်လိုများ မှာကြား လိုက်ပါသလဲ။ ဒီလိုမျိုးပညာတွေ တတ် ပြီး ပြန်လာရင် ဘာလုပ်ဖို့လို့ ပြောပါသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော်တို့မသွားခင် (၂) ရက် အလိုမှာ ဗိုလ်ချုပ်မှူးကြီးမောင်အေး “နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်” ကို ရောက်လာပြီးတော့ ကျနော်တို့ တပ်မတော် အရာရှိတွေချည့်ပဲ စုပြီးတော့ မိန့်ခွန်း ပြောပါတယ်။ သိပ္ပံနှင့် နည်းပညာ ၀န်ကြီး ဦးသောင်းလည်း ပါပါတယ်။ ကျနော်တို့ကို ပြောတဲ့ အထဲမှာ တော့ ဒီနေ့ခေတ် မြန်မာ့တပ်မတော် အနေနဲ့ ခေတ်မှီ လက်နက်တွေ ပိုင်ဆိုင်ဖို့ လိုအပ်ကြောင်း ဒါကြောင့်မိုလို့ nuclear ၊ rocket နဲ့ဆိုင်တဲ့ ပညာရပ်တွေ သွားသင်ဖို့ ကျနော်တို့ကို ရုရှကို လွှတ်မယ် ဆိုတဲ့အကြောင်း ကျနော် တို့ကို ပြောပါတယ်။ ပထမ စစချင်းမှာ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းက ကျနော်တို့ကို နျူကလီးယား ပညာရပ် တစ်မျိုးအတွက် တရုတ်ပြည်ကို သွားပြီးတော့ ညှိနှိုင်းတယ်လို့ ပြောပါတယ်။ ဒါပေမယ့် တရုတ်က ငြင်းလိုက်တယ်။ အိန္ဒိယကို သွားတယ်၊ အိန္ဒိယက လက်ခံတယ်။ ဒါပေမယ့် ရုရှသွားတဲ့အခါ ရုရှကလည်း လက်ခံတဲ့ အတွက်ကြောင့်မို့ ကျနော်တို့ကို ရုရှကို ပို့လိုက်တယ်ပေါ့။ သပိတ်ကျင်း စီမံကိန်း ဆိုတာတွေက အားလုံး လုပ်ပြီးသွားတဲ့ အချိန်လောက်ကျမှ ကျနော်တို့ကို အသိပေးတဲ့ပုံစံ တွေ့ရပါတယ်။ သပိတ်ကျင်းကို ၂၀၀၆ နှစ်လယ်ပိုင်းလောက် ကျမှ ကျနော်တို့ ရုရှပြန် အရာရှိတွေကို စုစည်းပြီး သိပ္ပံနှင့် နည်းပညာတပ် အမှတ်(၁) ဆိုပြီး ဖွဲ့စည်းပြီးတော့ လွှတ်လိုက်တာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ ရုရှနိုင်ငံကကော နျူကလီးယားပညာရပ် ဒုံးကျည် ပညာရပ်တွေကို တကယ် ပဲ သူတို့ဆီက ပညာရှင်တွေကို သင်ကြား မွေးထုတ်ပေးသလို ဗိုလ်မှူးတို့ကိုကော စံချိန်အပြည့် စံချိန်မှီ သင်ကြား ပေးပါသလား ခင်ဗျ။ သွားတက်ရတဲ့ ကျောင်းတွေကကော ကမ္ဘာ့ အဆင့်နဲ့ အညီ သတ်မှတ်ထားတဲ့ ဥပမာ အင် ဂျင်နီယာပိုင်းဆိုရင် အမေရိကားမှာ MIT (Massachusetts Institute of Technology) တို့ အိန္ဒိယက IIT (Indian Institutes of Technology) တို့လိုမျိုး ထိပ်တန်း အင်ဂျင်နီယာ ဘာသာရပ်သင် တက္ကသိုလ်ကြီးတွေနဲ့ ယှဉ်ရင် ဘယ်လို အနေအထား ရှိပါသလဲခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်တို့ သွားတက်လာခဲ့တဲ့ Bauman University (Bauman Moscow State Technical University) က မြန်မာပြည် အနေနဲ့ ပြောမယ်ဆိုရင်တော့ စက်မှု တက္ကသိုလ်ကြီးပဲပေါ့။ သူ က University ဖြစ်ပြီးတော့ ကျနော်တို့ မြန်မာပြည်မှာ ဆောက်ခဲ့တဲ့ RIT - Rangoon Institute of Technology ဆိုတာကတော့ Institute အဆင့်ပဲ ရှိတာကိုး။ University အောက်မှာမှ Institute တွေရှိတာ ကိုး။ သဘောက မြန်မာပြည်မှာ ရှိတဲ့ RIT ဆိုတာ ကျနော်တို့ Bauman University ကြီးရဲ့ အခွဲတစ်ခု လိုမျိုး ပေါ့၊ အဲဒီလို ရှိပါတယ်။ ရုရှားမှာလည်း main ပင်မ တက္ကသိုလ် ရှိတယ်။ သူ့ကို အမ်ဂယ်(လ်)တဲအူး (ရုရှဘာ သာနှင့် М.Г.Т.У - Московский Государственный Технический Университет имени Н.Э. Ба­умана – အင်္ဂလိပ်ဘာသာ MSTU- Moscow State Technical University) လို့ခေါ်တယ်။ ဆိုလိုတာက မော်စကို စက်မှု တက္ကသိုလ်ပေါ့ ခင်ဗျာ။ ကျနော် တက်ခဲ့တာ က အဲဒီ မော်စကို စက်မှု တက္ကသိုလ်မှာပါ။ သူတို့ သင်တဲ့ ပုံစံကတော့ ရုရှ ကျောင်းသားတွေကို သင်တာနဲ့ အနည်းအကျဉ်း ကွာခြားမှု ရှိပါတယ်။ ဥပမာ ကျနော်တို့ rocket engine design ဌာနမှာဆိုရင် ကျနော်တို့ကို liquid fuel (လောင်စာအရည်) နဲ့ အသုံးချတဲ့ rocket engine design ကိုပဲ သင်ပေးတယ်။ solid fuel (လောင်စာခဲ) သုံးတဲ့ rocket engine design ကို သင်မပေး ပါဘူး။ နောက်ပြီးတော့ project လုပ်တဲ့ အခါမှာလည်း ကျနော်တို့ကို First Stage Rocket Engine Design ကို project မလုပ်ခိုင်းဘဲ Second Stage Rocket Engine Design ကိုပဲ လုပ်ခိုင်းတာ ရှိပါတယ်။

(မှတ်ချက်။ ။ liquid fuel (လောင်စာအရည်) - ဒုံးကျည်တွေမှာ လောင်စာအရည် အဖြစ် စသုံးဖို့ ၁၉၀၃ ခုနှစ်မှာ ရုရှ သိပ္ပံပညာရှင် Konstantin Tsiolkovsky လမ်းညွှန်မှု ပေးခဲ့ပြီး အမေရိကန် ပါမောက္ခ Robert H. Goddard က ၁၉၂၆ မှာ စတင် ဆောင်ရွက်ခဲ့ပါသည်။ solid fuel (လောင်စာခဲ) – (၁၃)ရာစုကနေ (၂၀) ရာစု မတိုင်ခင် (သို့မဟုတ်) လောင်စာရည်သုံး ဒုံးကျည်တွေက efficiency နှင့် control ပိုမို ကောင်းမွန်ကြောင်း မဖော်ထုတ်နိုင်ခင် အထိ၊ ဒုံးကျည်တွေမှာ လောင်စာခဲ အဖြစ် ယမ်းမှုန့်များကို သုံးခဲ့ပါသည်။ Multistage Rocket ဆိုသည်မှာ အဆင့် နှစ်ဆင့်ထက် ပိုပြီး ပါဝင်တဲ့ ဒုံးကျည် အမျိုးအစားတွေပါ။ ပုံမှန်အားဖြင့် First Stage ဆိုတာ အောက်ဆုံးက အကြီးဆုံး အပိုင်းဖြစ်ပြီးတော့ Second Stage ဆိုတာကတော့ တွဲဆက်ပါနေ တဲ့ အပေါ်က အပိုင်းကို ဆိုလိုပါသည်။)

ဦးရော်နီညိမ်း။ ။ အဲဒီတော့ဘယ်လိုပဲပြောပြော၊ ဒီတက္ကသိုလ်ကြီး ကမ္ဘာ့ထိပ်တန်း အင်ဂျင်နီယာ တက္ကသိုလ်တွေ ထဲမှာ စာရင်းဝင်တဲ့ တက္ကသိုလ်ကြီး တစ်ခုမှာ ဗိုလ်မှူးတို့ သွားရောက် ပညာသင်ကြားခဲ့တဲ့ သဘောပဲ ပေါ့။ နောက်ပြီးတော့ နျူကလီးယား ပညာရပ်ကို သွားသင်တယ်ဆိုတာ ဘာမှတော့ ပြဿနာမရှိဘူး။ ငြိမ်းချမ်း တဲ့ ကိစ္စမှာသုံးဖို့ အရပ်ဘက်သုံး ဘာညာ ဆိုလို့ရှိရင် သူတို့ တည်ဆောက်မယ့် nuclear reactor တွေကိုလည်း သူတို့က IAEA ရဲ့အစစ်မခံနိုင် လို့ ဗိုလ်မှူးတို့လို တပ်မတော် အရာရှိတွေကို ပြန်လာရင်လည်း တောထဲမှာပဲ ကြိတ်ပြီး စက်ရုံတွေဆောက်ပြီး လုပ်တယ် ဆိုတဲ့ သဘောမျိုးပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်တို့ အသုတ်တွေမှာ အရပ်ဖက်အင်ဂျင်နီယာ တွေလည်း ပါပါတယ်။ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနက GTI (Government Institute of Technology) ကျောင်းအုပ်တွေ ဆရာတွေ ပေါ့။ ဆရာတွေ ပါပါ တယ်။ ထူးခြားတာ တစ်ခု ကတော့ ကျနော် တွေ့ခဲ့တာက ကျောက်ဆည်က ကြံ့ခိုင်ဖွံ့ဖြိုး ရေး စည်းရုံးရေးမှူး တစ်ယောက် ပါတယ်။ သူက မြန်မာစာ အဓိကနဲ့ ပြီးထားတဲ့လူ။ သူ့ကို MEPhI (Moscow Engineering Physics Institute) ဆိုတဲ့ Nuclear Physics ကျောင်းကို စာသင်ဖို့ လွှတ်ခဲ့တာ ကျနော် တွေ့တယ်ဗျ။

ဦးရော်နီညိမ်း။ ။ ဆိုလိုတာက ကျောက်ဆည်မြို့ ကျောက်ဆည်နယ်ထဲက မြန်မာစာ အဓိကနဲ့ ကျောင်း ပြီးထား တဲ့ ပုဂ္ဂိုလ်ကို ရုရှမှာ နျူကလီးယား ဘာသာရပ် သင်ဖို့ စေလွှတ်တယ် ဆိုတော့၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်ကြီး တွေရဲ့ ကိုယ့်ဒေသခံ လူမို့လို့ ဆိုတဲ့ သဘောလား ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီလို ယူဆလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ တပ်မတော်ထဲမှာ အခု အသင်း အဖွဲ့ မဖွဲ့ရ ဆိုပေမယ့် ‘ကျောက်ဆည်အသင်း’ ဆိုပြီးတော့ ဦးသန်းရွှေကို နာယက ခန့်ပြီးတော့ လုပ်နေခဲ့တာ တွေကလည်း ရှိတယ်။ အမျိုးမျိုး အဖုံဖုံပဲ။ ကျနော်တို့ တပ်မတော် အစဉ်အလာတွေလည်း တော်တော်တော့ ပျက်နေပြီခင်ဗျ။

ဦးရော်နီညိမ်း။ ။ နောက်ပြီးတော့ ဒီလိုပညာရှင်တွေပေါ့နော်။ ဗိုလ်မှူးတို့လို အင်ဂျင်နီယာ အရာရှိတွေကို သီးသန့် DSTA လို ကျောင်းတွေ ထောင်ပြီးတော့မှ မွေးထုတ် လာခဲ့တာလည်း နှစ်တွေ ကြာလာခဲ့ပြီ၊ တခါ ဗိုလ်မှူးတို့ ဆိုရင်လည်း RIT လိုဟာမျိုးကို သွားပြီးတော့ Master တက်ခဲ့ရသေးတယ်။ နောက်တခါ နိုင်ငံခြားကို လည်းသွားပြီးတော့ အခုလို မျိုးဘွဲ့လွန်တွေ ထပ်ပြီး တက်ရတယ်။ အဲဒီတော့ (၁၅) နှစ်လောက် ကြာလာခဲ့တဲ့ အချိန်မှာ အခုချိန်ထိ မအောင်မြင်တဲ့ ကိစ္စ၊ အောင်မြင်ဖို့ အလှမ်းဝေးနေတဲ့ ကိစ္စလို့ နိုင်ငံတကာက ပညာရှင် တွေက သုံးသပ်နေရတဲ့ အဖြစ်ကို ဗိုလ်မှူး ဘယ်လို ထင်ပါသလဲခင်ဗျ။ ဒီ စစ်အစိုးရ ကြိတ်ပြီး လုပ်နေတဲ့ နျူကလီးယားစီမံကိန်း မအောင်မမြင် ဖြစ်နေရတဲ့ အပေါ်ကို၊ ဗိုလ်မှူး ဘယ်လို ခံစားမိပါသလဲ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ စီမံခန့်ခွဲမှု အပေါ်မှာပဲ မူတည်ပါတယ်။ ပြီးတော့ လူမှန် နေရာမှန် မရောက်တာ၊ အဲဒီ ပြဿနာက အဓိက ပါပဲ။ ကျနော်တို့ nuclear ၊ rocket စီမံကိန်းတွေမှာ ဆိုလျှင်လည်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနက တာဝန် ယူပြီးတော့ စီစဉ်ပေမယ့် ရုရှကို ရောက်သွားတဲ့ အချိန်ကျတော့ ကိုယ်သင်ရမယ့် subjectနဲ့ ကိုယ့်ရဲ့ အခြေခံ knowledge နဲ့ မကိုက်တာတွေ အများကြီး ရှိပါတယ်။ ကွန်ပျူတာ ဘာသာရပ်နဲ့ ကျောင်းပြီးလာတဲ့ DSA က ညီတွေဆိုရင် Nuclear Physics သွားတက်ရတဲ့ အခါ ကိုးလို့ကန့် လန့်နဲ့ ဒုက္ခ ရောက်ကုန် ကြတာရှိတယ်။ တချို့ကျ တော့ ဒီ entrance စာမေးပွဲမှာတင် ပြန်ခဲ့ရတာတွေ ရှိတယ်၊ အဲဒီလိုပေါ့ ကျနော်တို့ စကတည်းကိုက လူ့ အရင်းအမြစ်ကို တည်ဆောက်တဲ့ အချိန်မှာ ကတည်းကိုက လွဲ ချော် နေတာလေးတွေ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ နောက်ပြီးတော့ နည်းပညာပိုင်း ဆိုင်ရာမှာလည်း ဒီနိုင်ငံကြီးတွေ ကတောင်မှ မအောင် မြင်နိုင်လို့ စွန့်လွှတ် ထားတဲ့ နည်းပညာမျိုးကိုပဲ အသုံးပြုတယ်၊ အဲဒါကလည်း ဒီကိစ္စ မအောင်မြင်ရ တဲ့ အကြောင်းရင်း တစ်ခု ဖြစ်နေတယ်လို့ ကျနော်တို့ ပြောသံ ကြားဖူးပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါကတော့ Carbon Monoxide Laser Beam ကိုသုံးပြီးတော့ isotopes တွေကိုခြား ပြီးတော့ uranium သန့်စင်တာ ပေါ့။ အဲဒီနည်းလမ်းကို အမေရိကား ကတောင်မှ အကုန်အကျများ လို့ ဆိုပြီးတော့ စွန့်လွှတ်ခဲ့တာ ကြာပါပြီ။ အဲဒါကို သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနက လုပ်တယ်။ အဲဒီမှာ သူတို့ က presentation တစ်ခု လုပ်တယ်၊ ဗိုလ်ချုပ်ကြီး မောင်အေးကို ခေါ်ပြီးတော့။ အဲဒီမှာ သံပြားကို ဖောက်သွား တယ်ပေါ့ သူတို့ရဲ့ laser beam က။ ဒါပေမယ့် အဲဒီအဆင့်ထက် ပိုပြီးတော့ သူတို့ ဆက်မလုပ်နိုင်ပါဘူး။ အဖျားရှူး သွားတာပါပဲ။

(မှတ်ချက်။ ။ Carbon Monoxide (CO) Laser = Carbon Dioxide (CO2) Laser ထက် အရည်အသွေး efficiency ပိုကောင်းသည်။ Carbon Dioxide (CO2) Laser = ၁၉၆၄ မှာ တီထွင်ခဲ့သော အစောဆုံး Gas Lasers တွေထဲက တစ်ခု ဖြစ်ပါငည်။ Carbon Monoxide (CO) Laser ကို ၁၉၆၉ မှာ တီထွင်ခဲ့ပြီး isotopes separation ကို ၁၉၇၀ နှစ်ကုန် ပိုင်းမှာ ပြုလုပ်နိုင်ခဲ့ပါသည်။)

ဦးရော်နီညိမ်း။ ။ ဆိုတော့ တခြားနိုင်ငံ မြောက်ကိုရီးယားနဲ့ကော လုပ်တာ ရှိပါသေးလားခင်ဗျ။ ‘သသန’ က။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြောက်ကိုရီးယားနဲ့လုပ်တဲ့ ဟာတွေက သမရိုးကျ လက်နက် အစီအစဉ်တွေပဲ ရှိပါတယ်။ ဒီ နျူကလီးယားနဲ့ ပတ်သက်တဲ့ ကိစ္စမှာတော့ မြောက်ကိုရီးယားတွေကို ကျနော် မတွေ့ခဲ့ရပါဘူး။

ဦးရော်နီညိမ်း။ ။ ဥမင်လှိုင်ခေါင်းတွေ ကိစ္စကတော့ ဒီ ‘သသန’ နဲ့ မဆိုင်ဘူးပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ဥမင်လှိုင်ခေါင်းကိစ္စကို ကကယာ (ကာကွယ်ရေးဝန်ကြီးဌာန စစ် အင်ဂျင်နီယာ ညွှန်ကြားရေး မှူးရုံး) လုပ်တာပါ။ သူတို့မှာ ဌာန တစ်ခုရှိပါတယ်။ အဲဒီက နေပြီးတော့ မြန်မာအရာရှိ တွေကို မြောက်ကိုရီးယား အင်ဂျင်နီယာ ဥမင်လှိုင်ခေါင်း ဘာသာရပ် တွေ လာသင်ပေးပါတယ်။ နောက်ပြီး တော့ FCCS (Fire Control Computer System) 'အမြောက် ဒုံးကျည် ပစ်မှတ်လမ်းညွှန် ကွန်ပျူတာစနစ'် ဆိုတဲ့ သင်တန်းကိုလည်း မြောက်ကိုရီးယားတွေက လာ သင်ပေးပါတယ်။ အဲဒါကတော့ လက်ရုံးတပ် (တိုက်ခိုက်ရေး တပ်များ အတွက် အထောက်အကူ ပေးရသောတပ်) တွေက အရာရှိတွေကို ခေါ်ပြီးတော့ သင်ပေးတာပါ။ နောက် ရေဒါသင်တန်း တစ်ခုကလည်း ရှိပါသေး တယ်၊ အဲဒါလည်း မြောက်ကိုရီးယားတွေပဲ လာသင်ပေးတာ ပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဗိုလ်မှူးက မြိုင်မြို့နယ် စက်ရုံက ဆိုတော့ နောက်ထပ် ‘သနလ’ ရှိသေးလား ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြိုင်စက်ရုံက သနလ(၂) ဖြစ်ပါတယ်။ သနလ(၁) က ပြင်ဦးလွင် စက်ရုံပါ။ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးက ပြောထားတာ ကတော့ သနလ (၁)၊(၂)၊(၃)၊(၄)၊(၅) အထိ ဆက်ပြီးတော့ ဖွဲ့စည်း သွားဖို့ရှိတယ်လို့ ပြော ပါတယ်။ ဒါပေမယ့် (၂)မှာပဲ သူတို့ ဆုံးသွားတယ်။ သနလ(၃) ရဲ့နေရာကိုတော့ အလောင်းတော် ကဿပ ဥယျဉ်နားက 'ပုထိုးလုံ'ဆိုတဲ့ ရွာနားလေးမှာ လုပ်ဖို့ လျာထားတယ် လို့တော့ ကြားလိုက် ပါတယ်။ ဒါပေမယ့် စီမံကိန်းက ပျက်သွားပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဗိုလ်မှူးလုပ်ခဲ့တဲ့ ဒီ သနလ(၁) က ကာကွယ်ရေးဝန်ကြီးဌာန အောက်က မဟုတ်ဘူးပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ် ခင်ဗျ၊ ဒီနေရာမှာ အင်မတန် ရှုပ်ထွေးပါတယ်။ ကျနော် သေသေ ချာချာ ရှင်းပြမှ ရမှာပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ပြောပါဦး။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဒီစက်ရုံတွေကို စပြီးတော့ found လုပ်တာ (တည်ထောင်တာ)က စပြီးတော့ အခြေချတာက သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ကလုပ်တာပါ။ ပြီးသွားတဲ့ အချိန်မှာ အဲဒီစက်ရုံတွေမှာ ၀င်ပြီး တော့ နေရာယူမယ့် လူတွေကျတော့ ကျနော်တို့ ဖြစ်ပါတယ်။ ကျနော်တို့ကို ရုရှက ပြန်လာတဲ့ အချိန်မှာ အဲဒီ စက်ရုံတွေထဲကို ထည့်လိုက်ပါတယ်။ ပြင်ဦးလွင် စက်ရုံကို သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံ အမှတ်(၁) ဆိုပြီး တပ် ဖွဲ့စည်းလိုက်ပြီးတော့ ကျနော်တို့ကို အဲဒီကို လွှတ်လိုက်တယ်။ နောက်ပြီးတော့ မြိုင်စက်ရုံကို ကျတော့ သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံ အမှတ်(၂) ဆိုပြီး တပ်တစ်တပ် ဖွဲ့ပြီး တပ်မှူး တစ်ယောက်နဲ့ ကျနော်တို့ကို လွှတ်လိုက်ပြန်ပါတယ်။ နောက်ပြီး သပိတ်ကျင်း စီမံကိန်းက ဆောက် ပြီးသွားပြီ။ အဲဒီမှာ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနက သိပ္ပံပညာရှင်တွေကလည်း အဲဒီကို ရောက်နေပြီပေါ့။

ဦးရော်နီညိမ်း။ ။ Nuclear Physics ပညာရှင်တွေ ပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့။ အဲဒီအချိန်မှာမှ ကျနော်တို့ဆီက ရုရှက ပြန်လာတဲ့ နျူကလီးယား ဘာ သာရပ် နဲ့ ကျောင်းပြီး လာတဲ့ အရာရှိတွေကို၊ တခါ တပ်မှူးတစ်ယောက်နဲ့ တပ်ဖွဲ့ တစ်ဖွဲ့ ဖွဲ့ပြီးတော့ အဲဒီအထဲ ကို ထည့်လိုက်ပါ တယ်။ အဲဒီမှာ….

ဦးရော်နီညိမ်း။ ။ အဲဒီတော့ ဗိုလ်မှူးက နောက်ဆုံး သနလ(၁) ကနေ ပြည်ပကို ထွက်ခွါလာတာလား၊ သနလ (၂) ကနေ ကို ထွက်ခွါလာတာလား ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော် သနလ (၁) ကနေ ထွက်လာတာပါ။

ဦးရော်နီညိမ်း။ ။ ပြင်ဦးလွင်က နေပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ခင်ဗျာ။

ဦးရော်နီညိမ်း။ ။ ဒါပေမယ့် အများကသိနေတာက ဗိုလ်မှူးကို မြိုင်ကလို့ပဲ သိနေတာ။ မြိုင်လည်း သွားပြီး တာဝန် ထမ်းဆောင်ဖူးတယ် ပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော် မြိုင်ကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာကနေ ၂၀၁၀ဇန်န၀ါရီ အထိ ကျနော် မြိုင်မှာ ရှိနေ ခဲ့ပါတယ်။ (၃) နှစ်လောက် ပေါ့။ အဲဒီအချိန်မှာ ၂၀၁၀ ဇန်န၀ါရီမှာ ကျနော် ပြင်ဦးလွင်ကို ပြန်ပြောင်းရပါတယ်။ သနလ(၁) ကို ပြန်ပြောင်းပြီး အဲဒီမှာ (၁)လလောက် နေပြီးမှ ကျနော် ထွက်လာတာပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒါဆို ဗိုလ်မှူး ဒီဓါတ်ပုံတွေနဲ့ ဂျာမဏီက စက်ကြီးတွေနဲ့ ပုံတွေကတော့ မြိုင် က ပုံတွေ ပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြိုင်က ပုံတွေလည်း ပါပါတယ်။ ပြင်ဦးလွင်က ပုံတွေလည်း ပါပါတယ်။ ရုရှက နေ ၂၀၀၅ နိုဝင်ဘာမှာ ကျနော် ရောက်ပါတယ်။ ပြန်လာခဲ့ပြီးတဲ့ အချိန်မှာ ကျနော်တပ် (၃) တပ်လုံးမှာ နေပြီး သွားခဲ့တဲ့ သဘောရှိပါတယ်။

ဦးရော်နီညိမ်း။ ။ မြန်မာစစ်အစိုးရရဲ့ နျူကလီးယားလက်နက်စီမံကိန်း အကြောင်း ဖော်ထုတ်တင်ပြပေး နေတဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောစကား အပိုင်း(၃)ကိုတော့ ရှေ့သီတင်းပတ် ဗီအိုအေ မြန်မာပိုင်း အစီ အစဉ် စနေ၊ တနင်္ဂနွေ နံနက်တွေမှာ ဆက်လက် တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

Ref: VOA News

Read More...

Tuesday, December 21, 2010

နေ့စဉ်သတင်းများ ( ၂၀ - ၁၂ - ၂၀၁၀ )

လူထုအခြေပြု အဖွဲ့များ၏ လိုအပ်ချက် ဒေါ်အောင်ဆန်းစုကြည် ကူညီနိုင်မည် မျှော်လင့် သတင်း
ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဆိုင်းငံ့ သတင်း
စစ်အစိုးရနှင့် DKBA တိုက်ပွဲထပ်ဖြစ်၊ (၈) ဦး ကျဆုံး သတင်း
ထိုင်းနယ်စပ် နအဖလှုပ်ရှားစစ်ကြောင်းအား သျှမ်းပြည်တပ်မတော်က ခြုံခိုတိုက်ခိုက် သတင်း
အသွင်ပြောင်းရေး လက်မခံသော SSA တပ်စခန်းအား နအဖ ထပ်တိုက် သတင်း
တိုက်ပွဲကြောင့် ဒုက္ခသည်များ ထိုင်းဘက် ထပ်မံထွက်ပြေး သတင်း
အရှေ့တောင်အာရှတွင် လူသားဖွံ့ဖြိုးမှု မြန်မာ အနိမ့်ဆုံး သတင်း
လူထုအခြေပြုအဖွဲ့များ၏ လိုအပ်ချက် ဒေါ်အောင်ဆန်းစုကြည် ကူညီနိုင်မည် မျှော်လင့် သတင်း
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးတဲ့ ရုပ်ရှင်ကား ပြီးစီးလု သတင်း
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးတဲ့ The Lady ရုပ်ရှင်ကားမှ ဓာတ်ပုံများ သတင်း
သာသနာ့ဥသျှောင်အဖွဲ့ ပြန်လည်ဖွဲ့စည်း သတင်း
စ၀်သုစန္ဒီဆု ပထဦးဆုံး သျှမ်းအမျိုးသမီး SWAN မှရရှိ သတင်း
ရနောင်းတွင် မြန်မာအလုပ်သမား တရာကျော် ဖမ်းဆီးခံရ သတင်း
အထည်ချုပ်စက်ရုံက အလုပ်သမားအခွင့်အရေး ပြဿနာများ သတင်း
ပဲခူးမြို့သစ် (၈) ရပ်ကွက်က မူစလင်သုဿာန်ဟောင်းကို အာဏာပိုင်များက ဘူဒိုဇာနဲ့ ထိုး သတင်း
ရထားလမ်းဖောက်ရန် ရခိုင်ဒေသခံ လယ်မြေများကို သိမ်းယူနေ သတင်း
ဓည၀တီမြို့ဟောင်းပေါ် ရထားလမ်း စဖောက် သတင်း
မော်ချီးခဲလုပ်ငန်းခွင်ရှိ ဗမာအလုပ်သမားများ ဒေသခံများအား အနိုင်ကျင့် သတင်း
မြန်မာဆန် ပြည်ပတင်ပို့မှု ဒေါ်လာသန်း (၁၀၀) ကျော်ဖိုး ကျဆင်း သတင်း
ကုန်သယ်ယူခ ဈေးတက်၊ ပစ္စည်းဈေးနှုန်းများပါ တက်ဖွယ်ရှိ သတင်း
လမ်းကြေး၊ တံတားကြေး တိုးမြှင့်ကောက်ခံသဖြင့် စီးပွားရေးသမားများ အခက်ကြုံ သတင်း
ဒီဇင်ဘာ (၂၀) ရက် နောက်ဆုံးရ သတင်းတိုများ သတင်း
အလွမ်းပြေစေ (ဆောင်းပါး)
လွတ်မြောက်ရေးအတွက် အကျဉ်းချခံရသူ (အင်တာဗျူး)

Read More...

Monday, December 20, 2010

Monthly News Commentary December 2010 (Eng)

Dec 20, 2010


Monthly News Commentary December 2010 (Eng)

Read More...

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် တိုက်တွန်းအားပေးခြင်း

EO 12958 DECL: 11/01/2014
TAGS PREL, PGOV, PHUM, PTER, SNAR, IN, BM, CN, India-Burma
SUBJECT: INDIA ENCOURAGES DEMOCRACY IN BURMA
REF: A. 10/23 CAMP-PYATT E-MAIL
B. NEW DELHI 6881
Classified By: PolCouns Geoffrey Pyatt, Reasons 1.4 (B,D).

အကြောင်းအရာ။ ။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် တိုက်တွန်းအားပေးခြင်း။
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ နိုင်ငံရေး ကောင်စစ်ဝန် ဂျော့ဖရီ ပိုင်ယတ် (Geoffrey Pyatt) အကြောင်းပြချက် 1.4 (B,D).

အကျဉ်းချုပ်
၁။ (C) အကျဉ်းချုပ်။ ။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် ဒီမိုကရေစီကင်းမဲ့နေမှုကို စိုးရိမ်ကြောင်း ရန်ကုန်မှ စစ် ခေါင်းဆောင် (ဗိုလ်ချုပ်) သန်းရွှေ မကြာသေးမီက လာရောက် လည်ပတ်ခဲ့သော ခရီးစဉ်တွင် အလေးပေး ဖော်ပြခဲ့ပြီး ၀န်ကြီးချုပ် မမ်မိုဟန် ဆင်းဂ် ကိုယ်တိုင် ဤ သတင်းစကားကို ပါးခဲ့သည်။ MEA တွဲဖက် အတွင်းရေးမှူး (အရှေ့တောင် အာရှ-I) မီတရာ ဗာရှစ်စတာ (Mitra Vashishta) က မိမိတို့ကို SIPDIS တွင် နိုဝင်ဘာ ၁ ရက်နေ့က ပြောကြားခဲ့သည်။ မြန်မာ့ ဒီမိုကရေစီရေး အတွက် တိုက်တွန်း အားပေးရန် ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲမှုများအတွက် အိန္ဒိယသည် အဓိက အခန်းကဏ္ဍက ရှိနေကြောင်း အိန္ဒိယနိုင်ငံ အစိုးရ၏ ယုံကြည်ချက်ကို ထင်ဟပ် ဖော်ပြခြင်းလည်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က "ပေါ်လိုက် ပျောက်လိုက် ရှိနေနိုင်ပြီး" မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပေါ်ထွန်း လာစေရေးသည် ပို၍ ကြီးလေးသော ထိတွေ့ဆက်ဆံမှု၊ ပြည်သူများနှင့် ပြည်သူများ အချင်းချင်း ဆက်ဆံမှုဖြင့်သာ အမြစ်တွယ်နိုင်သည်ဟု ပြောကြားသည်။ ဗာရှစ်စတာက ရည်ညွှန်းပြောကြားရာတွင် အောက်တိုဘာလ ၂၉-၃၁၊ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ အထူးသံ ရာဇာလီအစ္စမိုင်း နယူးဒေလီသို့ လာရောက် လည်ပတ်မှုသည် အိန္ဒိယနိုင်ငံ က မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အတွက် ဆက်လက်ဆောင်ရွက်လိုစိတ် ရှိနေသေးကြောင်း သန္နိဌာန်ကို ပြသခြင်းသာဖြစ် ကြောင်း ပြောကြားသည်။ အိန္ဒိယနိုင်ငံ အစိုးရအနေဖြင့် အမေရိကန် ပြည်ထောင်စုထံမှ (မြန်မာနိုင်ငံတွင်) ဒီမိုကရေစီပေါ် ထွန်းလာစေရေးအတွက် မည်သို့မည်ပုံ အကောင်းဆုံးမြှင့်တင် ဆောင်ရွက်သွားနိုင်မည်ကို အကြံပြုချက် များကိုလည်း ကြို ဆိုပါကြောင်း၊ အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေစိုက်ပြီး အိန္ဒိယနိုင်ငံကို ဆန့်ကျင်နေသည့် သောင်းကျန်းသူများကို နှိမ်နင်း ရေးကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ရန် ရန်ကုန် (အစိုးရ) ကို ထောက်ပံ့မှုများနှင့် စစ်လက်နက်ပစ္စည်းများ အကန့် အသတ်နှင့် ပေးအပ်မည်ဟု သဘော တူညီထားပြီး ဖြစ်ကြောင်း ပြောကြားသည်။ သို့သော်လည်း စစ်အစိုးရနှင့် ပူးတွဲ စစ် ရေး လုပ်ငန်းများ လုပ်ဆောင် သွားရန် အိန္ဒိယ နိုင်ငံတွင် အစီအစဉ်မရှိပါ။ နိုင်ငံရေးကောင်စစ်ဝန်က ယခုမြန်မာနိုင်ငံ ၀န်ကြီး ချုပ်အသစ် လက်အောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ အတိုက်အခံများ၏ လုံခြုံရေးနှင့် သူတို့အပေါ် ပြုမူ ဆက်ဆံပုံများကို စိုးရိမ်ပါကြောင်း အလေးပေး ပြောကြားသည်။ (ref A), ထို့နောက် အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ဒီမို ကရေစီရေးအတွက် ဆက်လက် ဖိအား ပေးသွားပါရန် တိုက်တွန်းသည်။ အကျဉ်းချုပ်- ဆုံး။

ဒီမိုကရေစီ
---------
၂။ (C) အောက်တိုဘာလ ၂၄-၂၉ တွင် ရောက်လာသည့် မြန်မာစစ်ခေါင်းဆောင် သန်းရွှေ၏ ခရီးစဉ်တွင် ဒီမိုကရေစီရေး သည် အိန္ဒိယနိုင်ငံ၏ ထိပ်တန်း ကိစ္စဖြစ်ကြောင်း၊ MEA တွဲဘက် အတွင်းရေးမှူး (အရှေ့တောင်အာရှ- - I) မစ်တရာ ဗာရှစ်စတာ (Mitra Vashishta) က နိုင်ငံရေး ကောင်စစ်ဝန် SIPDIS နှင့် နိုင်ငံရေး အရာရှိသို့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၀န်ကြီးချုပ် မမ်မိုဟန် ဆင်းဂ် ကိုယ်နှိုက် သန်းရွှေကို ဤကိစ္စပြောကြား ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး သတင်း မီဒီယာတွင် "ဖော်ပြနိုင်သည့် နည်းလမ်းထက် ပို၍ပြင်းထန်စွာ" ဆွေးနွေး ပြောကြားခဲ့သည်ဟု သူက ဆိုသည်။ အိန္ဒိယ နိုင်ငံအနေဖြင့် (မြန်မာနှင့်) ဆက်ဆံရေးတွင် အကျိုးယုတ်စရာ အကြောင်းရှိသော်လည်း ဒီမိုကရေစီ အရေးကို မြှင့်တင် ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားသည်ဟု ပြောသည်။ ဗာရှစ်စတာက ပြောကြားရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် "တည်ငြိမ် သော၊ ငြိမ်းချမ်းသော၊ ကြွယ်ဝသော ဒီမိုကရေစီ မြန်မာနိုင်ငံ" ကို မြင်တွေ့လိုပါသည်ဟူသော စာပိုဒ်ကို ပူးတွဲထုတ်ပြန် ကြေညာချက်တွင် ထည့်သွင်း ဖော်ပြလိုသည့် အတွက်ကြောင့် တိုက်ပွဲ ဆင်ခဲ့ရသည်ဟု ဆိုသည်။ သူက မှတ်ချက်ပေးရာ တွင် မြန်မာကိုယ်စားလှယ်အဖွဲ့က ဤစာပိုဒ်ပြုတ်ကျန်စေရန်"မည်သို့ဖြစ်ဖြစ် လုပ်ဆောင်လိုကြောင်း"၊ ဤစာပိုဒ်ထည့်သွင်း ခြင်းသည် "အိန္ဒိယနိုင်ငံက အာဏာသိမ်းခြင်း" သာ ဖြစ်သည်ဟု ဖြည့်စွက်ပြောသည်။ နောက်ဆုံး ထုတ်ပြန်ကြေညာချက် ကို အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး "အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် မြန်မာနိုင်ငံတွင် စောလျှင်စွာ ဒီမိုကရေစီ ကူးပြောင်းရေးကို ထောက်ခံပါကြောင်း" ဖော်ပြထားသည်။

၃။ (C) မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ဆက်လက်မြှင့်တင်နိုင်ရေးအတွက် နယူးဒေလီအစိုးရ၏ အစီအစဉ်ကို မေးမြန်းရာ၌ ဗာရှစ်စတာက တုံ့ပြန်ဖြေဆိုရာတွင် ရန်ကုန်က အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစံပြ နမူနာကို ထည့်သွင်း စဉ်းစားပါကြောင်းနှင့် အိန္ဒိယအစိုးရက (မြန်မာနိုင်ငံတွင်) ဒီမိုကရေစီ မြှင့်တင်ရေးအတွက် အကောင်းဆုံး "ယုံကြည်ကိုးစားမှု" ရှိထားသည်ဟု ဆို သည်။ သူက ဒီမိုကရေစီကို အောက်ခြေ လူထုများ၏ ကြိုးပမ်းဆောင်ရွက်ချက်များ ဖြင့်သာ တည်ထောင်နိုင်မည်ဟု ထင်မြင်သည်။ ဤနေရာတွင် အိန္ဒိယနိုင်ငံက မြန်မာပြည်သူများ အာဏာ ပိုရှိလာစေရေး အတွက် "မည်သို့ပင်ဖြစ်စေ" ဆောင်ရွက် သွားမည်ဟုလည်း အလေးပေး ပြောကြားသည်။ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံအကြား ပြည်သူများ-ပြည်သူများ အချင်းချင်း ဆက်ဆံရေး တိုးမြင့်လာခြင်းကို ရည်ညွှန်း၍ ဗာရှစ်စတာက ပြောရာတွင် အိန္ဒိယ အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် လည်း အလားတူ မဟာဗျူဟာ ချမှတ် ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊ အားကစား ဆက်ဆံမှု များ တိုးမြှင့်ရင်း ဆောင်ရွက်သွားမည်ဟု ပြောသည်။ "မိမိတို့က မြန်မာနိုင်ငံ အခြေအနေအပေါ် ပါကစ္စတန်လောက် စိတ် မပူ" ဟုလည်း သူက မှတ်ချက်ပေးသည်။ ရန်ကုန်တွင် မည်သို့မည်ပုံ အပြောင်းအလဲများ ဆောင်ရွက်နိုင်မည်ကို အမေရိကန် ပြည်ထောင်စု၏ အကြံ ပြုချက်များကိုလည်း ကြိုဆိုပါကြောင်း သူက ဖြည့်စွက်ပြောသည်။

၎။ (C) ဗာရှစ်စတာ အဆိုအရ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးသည် လူအများအလွန် လေးစားကြသည့် ဒေါ်အောင်ဆန်း စုကြည်နှင့် နီးစပ်စွာ ဆက်နွယ်နေကြောင်း၊ သူ၏ ကာလများက "ပေါ်လာလိုက် ပျောက်သွားလိုက်" ရှိနေနိုင်ကြောင်း ဆို သည်။ သူက ပြောရာတွင် သန်းရွှေက ခရီးစဉ်အတွင်း ဒီမိုကရေစီရေး အတွက် ဆုံးဖြတ်ချက် ချထားသည်ကို ဖော်ပြခဲ့ ကြောင်း၊ သူက မျက်နှာ မပျက်ရဘဲ ဆောင်ရွက်နိုင်ပါလျှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ အတွက် ပို၍ ဆောင်ရွက်နိုင် မည်ဟုလည်း ခန့်မှန်း ပြောကြားခဲ့သည်။ နိုင်ငံရေး ကောင်စစ်ဝန်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ကင်းမဲ့နေသည့်အပေါ် အမေရိကန် ပြည်ထောင်စု၏ စိုးရိမ် ပူပန်ချက်များကို ဖော်ပြခဲ့ပြီး ဤကိစ္စကို အိန္ဒိယနိုင်ငံက စစ်အစိုးရနှင့် ဆက်လက်ဖိအား ပေး ဆောင်ရွက်နိုင်လိမ့်မည်ဟု ဖော်ပြပြောဆိုခဲ့သည်။

မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံခြင်းသည် အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာလိုအပ်ချက်များအရ ဖြစ်သည်။
--------------------------------------------- --
၅။ (C) သန်းရွှေ၏ ခရီးစဉ်ကို "အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားလုံးလုံး" ဖြစ်ကြောင်း ဖော်ပြပြီး ဗာရှစ်စတာက ပြောကြားရာတွင် ယခင်ဝန်ကြီးချုပ် ခင်ညွန့် ထုတ်ပယ်ခံရသည့် နောက်ပိုင်း (မည်သို့ပင်) ဖြစ်စေ၊ နယူးဒေလီကလည်း ဤခရီးစဉ်နှင့် ပတ်သက်၍ ရှေ့ဆက် ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောသည်။ အကြောင်းမှာ ခင်ညွန့်ကို အစားထိုးခန့်အပ် ခြင်းသည် "ဒီမိုကရေစီ ရွှေမှုန်ကြဲလာစေမည့်" ဖော်ပြချက်တခုအဖြစ် မယုံကြည် ထားသောကြောင့်ဟု ဆိုသည်။ အိန္ဒိယ အစိုးရက ယုံကြည်သည်မှာ အာဏာသိမ်းမှုသည် "အတွင်း ပဋိပက္ခ" သာ ဖြစ်ပြီး စစ်အစိုးရ အနေနှင့် တစုံတရာ မတည်မငြိမ် ရှိနေဦးမည်ဟု သူက ခန့်မှန်း ပြောဆိုသည်။ သာဓကအနေနှင့် သန်းရွှေက အခြား အာဏာကြီးသည့် ဗိုလ်ချုပ်၂-ဦးဖြစ်သည့် သူရရွှေမန်းနှင့် စိုးဝင်းတို့၏ ဇနီးများနှင့် လာရောက် လည်ပတ်ခြင်းသည် ရန်ကုန်ရှိ ဗိုလ်ချုပ်များအကြား သန်းရွှေမရှိစဉ် တည်ငြိမ်နေစေရန် "ဓားစာခံအဖြစ်" ခေါ်လာခြင်းသာဟု သူက တွက်ဆသည်။

၆။ (C) ဗာရှစ်စတာက ထပ်၍ ပြောကြားရာတွင် စစ်အစိုးရနှင့် အပြုသဘော ဆက်ဆံခြင်းဖြင့်သာ အဓိပ္ပာယ် ရှိသော အပြောင်းအလဲများ ဖြစ်ပေါ်လာစေမည်ဟု အိန္ဒိယက ယုံကြည်နေသည်၊ ပိတ်ဆို့ဒဏ်ခတ်မှုက မြန်မာနိုင်ငံကို ပို၍ အထီးကျန်ဖြစ်စေမည်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် မတိုက်တွန်းနိုင်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် အလွန်အထီးကျန်ဖြစ်နေပြီး သန်းရွှေ ကိုယ်စားလှယ် အဖွဲ့၏ အဖွဲ့ဝင်များသည် အမေရိကန် ပြည်ထောင်စု၏ အာရုံစိုက်ခံရမှု ရရှိစေရန် " အနုမြူဘက်သို့ လှည့်ပုံရသည်" ထင်ကြေးပေးကြောင်း သူက ပါကစ္စတန်နှင့် နှိုင်းယှဉ်၍ မှတ်ချက်ချပြောသည်။ အကယ်၍ အိန္ဒိယကသာ မြန်မာနိုင်ငံကို အထီးကျန် ဖြစ်အောင် ထားပါက ရန်ကုန် (အစိုးရ) နှင့် မည်သူကမျှ ဒီမိုကရေစီရေးအတွက် သော်လည်းကောင်း၊ သို့မဟုတ် အခြား ကိစ္စများအတွက် သော်လည်းကောင်း ဆက်ဆံပြောဆိုသူ ရှိမည်မဟုတ်ဟု သူက အလေးပေးပြောသည်။

၇။ (C) ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် ရာဇာလီ အစ္စမိုင် အောက်တိုဘာလ ၂၉-၃၁ ရက်က နယူးဒေလီ သို့ ရောက်ရှိ လာခြင်းမှာလည်း တိုက်ဆိုင်မှု မဟုတ်ကြောင်း အချိန်ကိုက်မှုကို ဦးစားပေးဖော်ပြပြီး ဗာရှစ်စတာက ဆိုရာ၌ အိန္ဒိယ နိုင်ငံက ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံအရေး အတွက် လုပ်ဆောင်ရန် ဆန္ဒရှိပါသည်ဟု ဆိုသည်။ သို့သော်လည်း သူက ၎င်းအဖွဲ့အစည်းသည် ဖွံ့ဖြိုးဆဲ နိုင်ငံများအမြင်၌ "ယုံကြည်ကိုးစားမှု ကျဆင်းနေကြောင်း" ငြင်းချက်ထုတ် ပြောဆိုသည်။ အနည်းဆုံး "မြန်မာနိုင်ငံဘက် ပိုလိုလားသည့်" ကြိုးပမ်းမှုမျိုး ပြသင့်သည်ဟု ဆိုသည်။ ဥရောပသမဂ္ဂ အနေနှင့် မြန်မာနိုင်ငံ အရေးတွင် အရေးပါသည့် အခန်းကဏ္ဍက ဆောင်ရွက်နိုင်ရန် အလွန် "ထင်ရှားလွန်းပြီး မသေသပ်၊ ရေတိုကြည့်သည်၊ ၀ိရောဓိကွဲစရာများ ပြည့်နေသည်" ဟု သူက ပြောသည်။ ထိုင်းနိုင်ငံက ရန်ကုန်နှင့် လက်ဦးမှုရှိစွာ ချည်းကပ်ဆောင်ရွက် နေသော်လည်း "သူတို့ ၀န်ကြီးက နောက်ထပ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ချင်သောကြောင့်" ဟုသာ ပြောဆိုသည်။

အကြမ်းဖက်မှု ဆန့်ကျင်ရေး သဘောတူညီချက်
---------------------------
၈။ (C) "သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာ ပြဿနာများအတွက်" နားလည်မှု စာချွန်လွှာ စာချုပ် ချုပ်ဆိုမှုသည်
"သူတို့က မည်သို့ ခေါ်ဆိုသည်ဖြစ်စေ" အကြမ်းဖက်မှု ဆန့်ကျင်ရေး သဘောတူညီချက်သာ ဖြစ်ကြောင်း၊ ဗာရှစ်စတာက
ပြောရာတွင် မြန်မာ့နယ်မြေ အတွင်း လှုပ်ရှားနေကြသည့် အိန္ဒိယ ဆန့်ကျင်ရေး စစ်သွေးကြွ အဖွဲ့များကို နှိမ်နင်းပေးရန် ရန်ကုန် (အစိုးရ) ၏ တာဝန်ရှိမှုကို ဤစာချုပ်တွင် ဖော်ပြထားကြောင်း ပြောသည်။ ရန်ကုန်က ဤသောင်းကျန်းသူ အဖွဲ့များကို နယူးဒေလီ (အစိုးရ) ကို ဆန့်ကျင်ရန် အားပေးအားမြှောက် ပြုထားသည်ဟု အိန္ဒိယနိုင်ငံက မယုံကြည်ပါ။ အကြောင်းမှာ "ဤကိစ္စသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာ အကျိုးစီးပွားမဟုတ်"၊ သို့သော်လည်း နယူးဒေလီအနေဖြင့် နယ်စပ်ဒေသများတွင် သောင်းကျန်းသူ လှုပ်ရှားမှုများ တိုးတက် လာသည့်အပေါ် စိုးရိမ်စိတ် ပွားရသည်ဟု ပြောသည်။ မြန်မာအစိုးရက အိန္ဒိယ-မြန်မာနယ်စပ်သို့ တပ်များ ရွှေ့ပြောင်းချထားရန် သဘောတူသည်။ သို့သော် "သူတို့အကျိုး စီးပွားကြောင့် မဟုတ်ဘဲ အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားက သူတို့နှင့် ဆက်စပ် ချည်နှောင်လာ သောကြောင့် ဖြစ်သည်" ဟု ဗာရှစ်စတာက စီးပွားရေးဖွံ့ဖြိုးမှု အပေါ် ဥပမာပေး ရည်ညွှန်း၍ ပြောဆိုသည်။ သူက မြန်မာနိုင်ငံနှင့် ပတ်သက်၍ အကောင်း မြင် ပြောဆိုရာတွင် အိန္ဒိယနိုင်ငံ၏ တောင်းဆိုချက် အပေါ် လေးနက်မှုရှိကြောင်း၊ ယခင် အတိတ်ကာလများနှင့် မတူ ကြောင်း ဆိုသည်။ မြန်မာနိုင်ငံ၏ ၀န်ကြီးချုပ်သစ် စိုးဝင်းက အိန္ဒိယနိုင်ငံ နယ်စပ်ဒေသများတွင် တပ်များကို ကွပ်ကဲဖူး သည်ဟု သူက မှတ်ချက်ချသည်။ နိုင်ငံရေး ကောင်စစ်ဝန်က စိုးဝင်းသည် ၂၀၀၃ မေလ ၃၀ ရက် ဒေါ်အောင်ဆန်း စုကြည်နှင့် သူ၏ နောက်လိုက် အင်အားစုများကို တိုက်ခိုက်ရာတွင် တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့မှုကြောင့် ဒေါ်အောင်ဆန်း စုကြည်နှင့် ဒီမိုကရေစီ အတိုက်အခံများ၏ လုံခြုံရေးနှင့် သူတို့အပေါ် ပြုမူဆက်ဆံပုံများကို စိုးရိမ်ပါကြောင်း အလေးပေး ပြောကြားသည်။ (ref A) ဗာရှစ်စတာကမူ မတူခြားနားသည့် သတင်းများ ရရှိထားပြီး အချို့သော အတိုက်အခံ အင်အားစု များက ရေတိုကာလတွင်ပင် နိုင်ငံရေးအရ ပွင့်လင်းမှုများ ရှိလာမည် မျှော်လင့်နေကြကြောင်း ပြောဆိုသည်။

စစ်ရေးပူးတွဲ လေ့ကျင့်မှု မရှိပါ။ သို့သော် ထောက်ပံ့မှုများ ရှိမည်။
---------------------------------------
၉။ (C) သန်းရွှေ ခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယ-မြန်မာ ပူးတွဲထုတ်ပြန်ကြေညာချက်တွင် "ပူးပေါင်း ဆောင်ရွက်မှုများ ချဲ့ထွင်ရန် အလား အလာများ ရှိနေသည်" ဟု ဖော်ပြ ထားသော်လည်း ဗာရှစ်စတာက ကာကွယ် ပြောဆိုရာတွင် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို "လုံးဝ မလုပ်ဆောင်ဟု ပိုင်းဖြတ်ထားကြောင်း" ဗာရှစ်စတာက အခိုင်အမာပြောသည်။ "အတိအကျ၊ အသေအချာ ပြောလိုသည်။ မလုပ်ပါ" ဟု ဆိုသည်။ အိန္ဒိယအစိုးရက ရန်ကုန်သို့ အကန့်အသတ်ဖြင့် စစ်ပစ္စည်းများ ထောက်ပံ့ကြောင်း သူက ဖော်ပြပြောဆိုသည်။ "အခြား အာဆီယံနိုင်ငံများ ထောက်ပံ့ ပေးနေသလိုပါပဲ" ဟု ဆို၍ မြန်မာ နိုင်ငံနှင့် ပူးတွဲစစ်ရေး ဆောင်ရွက်မှုများတွင်မူ "အလွန်တရာ ဂရုထားသည်" ဟု ပြောသည်။

၁၀။ (C) ဗာရှစ်စတာက အတည်ပြုရာတွင် လောင်စာစွမ်းအင်၊ ဓာတ်ငွေ့နှင့် ရေနံချက်စက်ရုံ အဆင့်မြှင့်ရာတွင် သုံးရန် အတွက် အမေရိကန် ဒေါ်လာသန်း ၂၀ ထောက်ပံ့ပေးခဲ့သည်။ ဤငွေကြေးသည် ရန်ကုန်ကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် လာစေရန် ဆွဲဆောင်မှု အတွက် သုံးသည်ဟု ပြောဆိုသည်။ သူက ရှင်းပြရာတွင် စစ်အစိုးရက "အချို့ကိစ္စများ လုပ်ဆောင်မှသာ" ဤရန်ပုံငွေများကို ရမည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံက " သူတို့ကို (ထောက်ပံ့ငွေ) ဖြင့် ဆက်ဆံ၍ ပြုပြင် ပြောင်းလဲရေး အတွက် အခြေခံများ ဖြည်းဖြည်းချင်း ချသွားမည်" ဟု မျှော်လင့်ထားကြောင်း ပြောသည်။ ဤသည်မှာ နယူးဒေလီ (အစိုးရ) ၏ ပြည်သူချင်း-ပြည်သူချင်း ဆက်ဆံရေး မဟာဗျူဟာ၏ တစိတ်တပိုင်းဟု ကြွားလုံး ထုတ်သည်။

တရုတ်နိုင်ငံ
-----
၁၁။ (C) မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ သြဇာအပေါ်စိုးရိမ်ကြောင်း ဖော်ပြ၍ ဗာရှစ်စတာက နိုင်ငံတော် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) သည် လူ့အခွင့်အရေး ကိစ္စနှင့် ပတ်သက်၍ "သူ၏ ဆရာထံမှ နိုင်ငံတကာကို မည်သို့ လှည့်ဖျားရမည်ကို လေ့လာ သင်ယူနေသည်" ဟု ဆိုသည်။ တရုတ်နိုင်ငံက အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် ဆိပ်ကမ်းများ ရလိုကြောင်း၊ သို့နှင့် "အိန္ဒိယသြဇာ လွှမ်းထားသည့် နေရာတိုင်းတွင်" ၎င်း၏ သြဇာကို မြှင့်တင်လိုကြောင်း သူက ပြော သည်။ ဗာရှစ်စတာက "ရှင်တို့ တရုတ်ပြည်သူ့ တပ်မတော် (PLA) က မြန်မာနိုင်ငံမှာ (ပတ်သက်နေမှု) ကို ကြားထားတာ က ရေခဲတောင်ကြီးရဲ့ အစွန်အဖျားပဲ ရှိသေးတယ်" ဟု ဆိုသည်။ အမေရိကန် ထောက်လှမ်းရေးများ သိရှိနေရမည်ဟု ဆိုသည်။ (မြန်မာနိုင်ငံ) ကို "တရုတ်က အဆင်သင့်ရနေသည်" ဟူသော မြန်မာနိုင်ငံ၏ ယုံကြည်နေမှု အပေါ် မြန်မာနှင့် အိန္ဒိယ ဆက်ဆံရေးက အခြေခံ နေသည်ဟုလည်း သူက အလေးပေး ပြောကြားသည်။

ဘာသာရေး
--------
၁၂။ (C) (မြန်မာ) ကိုယ်စားလှယ်အဖွဲ့က အိန္ဒိယနိုင်ငံတွင် အရေးပါသည့် ဗုဒ္ဓဘာသာစေတီပုထိုး များကို ပြီးခဲ့သည့် ၃ - နှစ်တာ ကာလအတွင်း လာရောက် လည်ပတ်ခဲ့သည်ကို မှတ်ချက်ပြု၍ သန်းရွှေက ထိုနေရာများကို ဘုရားဖူးသွားရန် အကြိမ် ကြိမ် တောင်းဆိုခဲ့ကြောင်း၊ ယခုခရီးစဉ် နောက်ကွယ်တွင် ဘာသာရေး ကိစ္စက အဓိက ရည်ရွယ်ချက် ဖြစ်ပုံရကြောင်း ခန့်မှန်း ပြောကြားသည်။ ယခု ဘုရားဖူး ခရီးစဉ်သည် စစ်အစိုးရ၏ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုကို ထင်ပေါ်စေရန် အရောင်တင် ရုံမျှသာ မဟုတ်၊ သန်းရွှေ၏ တဦးချင်း ယုံကြည် ကိုးကွယ်မှုနှင့် ဆိုင်မည်ဟု ဆိုသည်။ သို့သော် သူက ဖြည့်စွက်ပြောကြား ရာတွင် မြန်မာ စစ်အစိုးရက သူတို့ အမှားကျူးလွန်ခဲ့သည်ဟု မထင်ထားကြောင်း၊ ဤအပြစ်များအတွက် ၀ဋ်ဆေးစရာမလို ကြောင်း ဆိုသည်။

မှတ်ချက်
-------
၁၃။ (C) ယခင် ရန်ကုန် သံအမတ်ကြီးဖြစ်သူ နိုင်ငံခြားရေး အတွင်းဝန် ဆာရန် (Foreign Secretary Saran) က ဦးဆောင်၍ အိန္ဒိယ အစိုးရက မြန်မာနိုင်ငံတွင် အဓိက သံတမန်ရေး ကြိုးပမ်း ဆောင်ရွက်မှုတရပ် ပြုနေကြောင်း ပြော သည်။ မြန်မာအစိုးရ အပေါ် အိန္ဒိယနိုင်ငံ၏ မူဝါဒသည် အိန္ဒိယနိုင်ငံ လုံခြုံရေး အကျိုးစီးပွားအတွက် လက်တွေ့ကျကျ ချဉ်းကပ်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း ၎င်းနိုင်ငံ၏ အရှေ့ဖျား မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို မြင်လိုသည့်ဆန္ဒ အိန္ဒိယ အစိုးရတွင် နောက်ဆုံးရှိနေပါသည်။ ၎င်းနေရာတွင် ဒီမိုကရေစီ မည်သို့မည်ပုံ မြှင့်တင်နိုင်မည်ကို အမေရိကန် ပြည်ထောင်စု၏ အကြံပြုချက်များကို ကြိုဆိုပါသည်။ အခြေအနေ ပေးပါက အမေရိကန်-အိန္ဒိယနိုင်ငံ တို့၏ ဒေသဆိုင်ရာ ဆွေးနွေးပွဲများ ကို ချဲ့ထွင်၍ ရန်ကုန်တွင် ဖြစ်ထွန်း တိုးတက်မှုများ ရှိလာစေရန် တင်ပြသွားနိုင်မည်ဟု ဆိုသည်။

MULFORD
Ref: မဇ္ဈိမ


Read More...

ဇော်ဇော်၏ လှုပ်ရှားမှုများအကြောင်း နောက်ဆုံးရရှိသော သတင်းများ


















Reference IDCreatedReleased ClassificationOrigin
09RANGOON378 2009-06-19 05:052010-12-06 15:03CONFIDENTIALEmbassy Rangoon


VZCZCXRO3931
OO RUEHCHI RUEHDT RUEHHM RUEHNH
DE RUEHGO #0378/01 1700706
ZNY CCCCC ZZH
O 190706Z JUN 09
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 9139
INFO RUCNASE/ASEAN MEMBER COLLECTIVE
RUEHBK/AMEMBASSY BANGKOK 2975
RUEHBJ/AMEMBASSY BEIJING 2332
RUEHBY/AMEMBASSY CANBERRA 2076
RUEHKA/AMEMBASSY DHAKA 5253
RUEHLO/AMEMBASSY LONDON 2177
RUEHNE/AMEMBASSY NEW DELHI 5550
RUEHUL/AMEMBASSY SEOUL 9146
RUEHTC/AMEMBASSY THE HAGUE 0807
RUEHKO/AMEMBASSY TOKYO 6724
RUEHCN/AMCONSUL CHENGDU 1843
RUEHCHI/AMCONSUL CHIANG MAI 2221
RUEHCI/AMCONSUL KOLKATA 0691
RHHMUNA/CDR USPACOM HONOLULU HI
RUEKJCS/JOINT STAFF WASHDC
RUCNDT/USMISSION USUN NEW YORK 2527
RUEHGV/USMISSION GENEVA 4533
RUEATRS/DEPT OF TREASURY WASHDC
RUEKJCS/DIA WASHDC
RUEAIIA/CIA WASHDC
RHEHNSC/NSC WASHDC
RUEKJCS/SECDEF WASHDC
C O N F I D E N T I A L SECTION 01 OF 02 RANGOON 000378

SIPDIS

STATE FOR EAP/MLS, INR/EAP, EEB/TFS
PACOM FOR FPA
TREASURY FOR OASIA, OFAC

EO 12958 DECL: 06/19/2019
TAGS ECON, EFIN, ETRD, PREL, PINR, BM

SUBJECT: BURMA: UPDATE ON CRONY ZAW ZAW’S ACTIVITIES
REF: A. 07 RANGOON 1107 B. RANGOON 298 C. RANGOON 355 D. RANGOON 330
RANGOON 00000378 001.4 OF 004

Classified By: Economic Officer Samantha A. Carl-Yoder for Reasons 1.4 (b and d).

အကြောင်းအရာ။ ။ မြန်မာနိုင်ငံ - (စစ်အစိုးရ) အပေါင်းပါ ဇော်ဇော်၏ လှုပ်ရှားမှုများအကြောင်း နောက်ဆုံးရရှိသော သတင်းများ
(၂ဝဝ၉) ခုနှစ်၊ ဇွန်လ (၁၆) ရက်။

လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ - စီးပွားရေးအရာရှိ ဆမန်သာ အေ ကားလ်-ယိုဒါ (Samatha A. Carl-Yoder) for Reasons 1.4 (b and d)

အကျဉ်းချုပ်
-------
(၁) စစ်အစိုးရ၏ အပေါင်းအပါတဦးဖြစ်သူ ဇော်ဇော် မြန်မာနိုင်ငံရှိ သူ၏ လုပ်ငန်းများကို တိုးချဲ့လျက်ရှိသည်။ ဇော်ဇော်သည် မက်စ် မြန်မာ ကုမ္ပဏီစု (Max Myanmar Group of Companies) အပြင် အဖျော်ယမကာ ပုလင်းသွပ် ကုမ္ပဏီ၊ ဘိလပ်မြေစက်ရုံ တရုံ၊ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီတခု၊ ဖားကန့်ရှိ ကျောက်စိမ်းတွင်း တတွင်း၊ မွန်ပြည်နယ် ရှိ ရာဘာခြံတခြံနှင့် ကြေးစား ဘောလုံးသင်း တသင်းတို့ကိုလည်း ပိုင်ထားသည်။ ရန်ကုန်ရှိ သံရုံးက နိုင်ငံခြား အရင်းအနှီး များထိန်းချုပ်ရေးရုံး (OFAC) ၏ ဒဏ်ခတ်မည့် စာရင်းတွင် ဇော်ဇော်၏ နောက်တိုး ကုမ္ပဏီများနှင့် ထိုကုမ္ပဏီများ၏ ထိပ်တန်း မန်နေဂျာများ (စာပိုဒ် ၅ တွင် ဖေါ်ပြထားသည်) ကို ထည့်သွင်းရန် အကြံပြု ထားသည်။ (အကျဉ်းချုပ် ပြီးဆုံး)

နောက်တိုး စီးပွားရေးလုပ်ငန်းများ
--------------
(၂) ဇော်ဇော်သည် မြန်မာနိုင်ငံစစ်အစိုးရ၏ နောက်တက်လာသော အပေါင်းပါများအနက် တဦးဖြစ်ပြီး သူ၏ စီးပွားရေး လုပ်ငန်းများကို ဆက်လက် တိုးချဲ့လျက် ရှိသည်။ သူ၏ ဆောက်လုပ်ရေှးနှင့် ခရီးသွားလာရေး လုပ်ငန်းကို ကြီးကြပ်သော မက်စ် မြန်မာ ကုမ္ပဏီစုကို ဘဏ္ဍာရေး ဌာန၏ ဒဏ်ခတ်မှုစာရင်းတွင် ထည့်သွင်းပြီးဖြစ်သည် (ရည်ညွှန်းချက် -က)။ ဇော်ဇော်သည် ပြည်တွင်းသုံး အတွက် မက်စ်ကိုလာ အပါအဝင် အဖျော်ယမကာများ ထုတ်လုပ်သော ပင်းယ ထုတ်လုပ် ရေးကုမ္ပဏီ လီမိတက်ကိုလည်း ပိုင်ဆိုင်ကြောင်း ကျွန်ုပ်တို့ အတည်ပြုပြီးဖြစ်သည်။ ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီ သည် ကျပ်ငွေ(၁၂. ၅) သန်း (၁၉၉၈ က အမေရိကန်ဒေါ်လာ ၄၁, ဝဝဝ ဒေါ်လာ) ရင်းနှီး မြှုပ်နှံမှုဖြင့် စတင်ခဲ့ပြီး ယခုအခါ အလုပ်သမား (၇ဝ) ကျော်ကို ခန့်ထားသည်။ ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်း၌ ဖြန့်ချိရေး ဌာနခွဲပေါင်း (၁၃) ခုရှိသည်။

ဇော်ဇော်သည် မက်စ်မြန်မာ ကုမ္ပဏီ၏ ကွပ်ကဲမှုအောက်မှာ သူ၏စီးပွားရေးလုပ်ငန်းများကို တိုးချဲ့ နေကြောင်း၊ ၎င်း တိုးချဲ့ လုပ်ငန်းများတွင် အာရှလေဆိပ် စီမံကိန်းအတွက် စတီဗင်လောထံ ဘိလပ်မြေ သွင်းရန်ဟု ကြားသိရသော နေပြည်တော်ရှိ ဘိလပ်မြေစက်ရုံ (ရည်ညွှန်းချက် -ခ)၊ နေပြည်တော်ရှိ ကွန်ကရစ်အုတ် စက်ရုံ၊ ဖားကန့်ရှိ ကျောက်စိမ်း တွင်းနှင့် မွန်ပြည်နယ်ရှိ ရာဘာခြံတို့ ပါဝင်ကြောင်း သံရုံး၏ စီးပွားရေး အဆက်အသွယ် (----) က အတည်ပြု ပေးခဲ့သည်။ စီးပွားရေး အဆက်အသွယ် (---) ၏ သတင်းပေးချက် အရ ဇော်ဇော်သည် သတ္တုတွင်းဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လုံးခင်း ကျောက်စိမ်းတွင်းကို လုပ်ကိုင်နေကြောင်း၊ မကြာသေးမီကပင် ကျောက်စိမ်းလုပ်ငန်း အတွက် ဖားကန့်မှာ နောက်ထပ်မြေ ဧက (၅ဝ) ကို ရထားကြောင်း သိရသည်။ ဇော်ဇော်သည် ၂ဝဝ၉ မတ်လက အစိုးရ၏ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ လေလံတင် ရောင်းချပွဲမှာ ကျောက်စိမ်း အမြောက်အများ ရောင်းချခဲ့ကြောင်း သိရသည် (သတင်းပေးသူ အမည်ကို ဖြုတ်ထားသည်)။

(၄ ) ဇော်ဇော်သည် ယခုလောလောဆယ်၌ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဝင် ကြေးစား ဘောလုံးအသင်း တသင်းဖြစ်သော ဒယ်လ်တာ ယူနိုက်တက် အသင်း၏ ပိုင်ရှင်လည်း ဖြစ်သည်။ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၏မြေးကို အသင်းမှာ ကစားရန် ငှားထားသည်ဟု အဆက်အသွယ်များက အတည်ပြုသည် (ရည်ညွှန်း ချက် -ဃ)။ ဇော်ဇော်သည် ဒယ်လ်တာ ယူနိုက်တက် အသင်း၏ ဌာနေဖြစ်လာမည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဘောလုံးကွင်း အားကစားရုံ အသစ်တရုံ တည်ဆောက်ရန်လည်း စီမံကိန်း စတင် ရေးဆွဲလျက်ရှိကြောင်း၊ အမေရိကန် ဒေါ်လာ (၁) ဘီလျံကျော်ကျော် ကုန်ကျမည် ဖြစ်ကြောင်းနှင့် ၂ဝ၁၁ တွင်အပြီး တည်ဆောက်လိမ့်မည်ဖြစ်ကြောင်း (---) နှင့် (---) တို့က ခန့်မှန်းကြသည်။

(၅) အောက်ပါတို့သည် ဇော်ဇော်ပိုင် နောက်တိုး ကုမ္ပဏီများနှင့်ပတ်သက်သော သတင်းအချက် အလက်များ ဖြစ်သည်။

ရန်ကုန်
-- ဒယ်လ်တာ ယူနိုက်တက် ဘောလုံးအသင်း၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့။ အမည်ပါ ပိုင်ရှင်- ဦးဇော်ဝင်းရှိန်၊ ဧရာ ဟင်္သာ ကုမ္ပဏီ လီမိတက် ပိုင်ရှင်။
-- လုံးခင်း ကျောက်စိမ်းတွင်း၊ ဖားကန့်၊ ကချင်ပြည်နယ်။
-- မက်စ်မြန်မာ ဘိလပ်မြေစက်ရုံ၊ တောင်ဖီလာ ထုံးကျောက်တွင်း အနီး၊ လယ်ဝေးမြို့နယ်၊ နေပြည်တော်။
-- မက်စ်မြန်မာ ကွန်ကရစ်အုတ်စက်ရုံ၊ နေပြည်တော်။
-- မက်စ်မြန်မာ ရာဘာခြံ၊ ဘီးလင်း၊ မွန်ပြည်နယ်။
-- ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက် ဗန်းမော် အတွင်းဝန် လမ်း၊ စက်မှုဇုံ (၃)၊ လှိုင်သာယာ၊ ရန်ကုန်၊ ဖုန်း- ၉၅-၁-၆၈၁-၇၄၅။ ၉၅-၁-၆၈၅-၇၅။ ဖက်စ် - ၉၅-၁-၆၈ဝ-၆၆၉။ မန်နေဂျာချုပ် ဦး ကြည်လွင် (ခေါ်) ဦးကြံခင်း။

သံရုံး၏ အကြံပြုတင်ပြချက်
-----------------
(၆) ဇော်ဇော်သည် စစ်အစိုးရကို မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးစားနေပြီး အစိုးရအဆက် အသွယ်ဖြင့် သူ၏ စီးပွားရေး လုပ်ငန်းများကို တိုးချဲ့နေသော အလယ် အလတ်အဆင့် အပေါင်းပါ တဦးဖြစ်သည်။ ၎င်း၏ မိသားစုနှင့်တကွ ၎င်း၏ ကုမ္ပဏီ အတော်များများသည် နိုင်ငံခြား အရင်းအနှီးများ ထိန်းချုပ်ရေးရုံး (OFAC) ၏ ပစ်မှတ်ထားသော ဒဏ်ခတ် စာရင်းတွင် ပါပြီး ဖြစ်သည်။ (OFAC) အနေနှင့် အထက်ဖေါ်ပြပါ ကုမ္ပဏီများနှင့် ထိပ်တန်းမန်နေ ဂျာတို့ကိုလည်း စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေး လုပ်ရပ်များ အက်ဥပဒေ (JADE Act) အရ အရေးယူပေးပါရန် ရန်ကုန်သံရုံးက အကြံပြုတင်ပြသည်။

(၆) မြန်မာအစိုးရသည် ဘဏ္ဍာရေးနှစ်ကုန်ပြီးနောက်တွင် အသုံးစားရိတ် ကြီးကြီး ပြထားသော နောက်ဆက်တွဲ ဘတ်ဂျက် ကို ထုတ်ပြန်လေ့ ရှိသည်။ ၎င်း၏ နှစ်စဉ် စုစုပေါင်း လိုငွေသည် ရေးဆွဲထားသော တရားဝင် ဘတ်ဂျက်ထက် များစွာပို သည်။ သာဓက အားဖြင့် (၂ဝဝ၈-ဝ၉)ဘဏ္ဍာရေးနှစ် သုံးငွေသည် ဘတ်ဂျက်ထက် ကျပ်ငွေ (၇၄၃. ၉)ဘီလျံ(လက်ရှိ ပေါက်ဈေး အမေရိကန် ဒေါ်လာ ၇၄၃ ဘီလျံ) ပိုနေပြီး စုစုပေါင်း သုံးငွေ သတ်မှတ်ချက်ထက် ၁၅ ရာနှုန်းပိုသည်။

(၇) “အစိုးရ”သည် လွန်ခဲ့သောနှစ်များ၌ အပိုသုံးငွေ ခွင့်ပြုချက် အများဆုံး (အမေရိကန်ဒေါ်လာ ၂၈၂ သန်း) ရရှိခဲ့ပြီး ၎င်း ပမာဏသည် (၂ဝဝ၈-ဝ၉) ဘဏ္ဍာရေးနှစ် အပိုသုံးငွေ၏ ထက်ဝက်နီးပါးရှိသည်။ ငွေများကို နေပြည်တော်ရှိ ဆောက်လုပ် ဆဲ လုပ်ငန်းများနှင့် အစိုးရ၏ အခြားအခြေခံ အဆောက်အအုံ လုပ်ငန်းများအတွက် သုံးစွဲသည်ဟု ယူဆရကြောင်း စီးပွား ရေး လုပ်ငန်းရှင် တဦးက ပြောပြခဲ့သည်။ အစိုးရပိုင် လုပ်ငန်းများသည် ခွင့်ပြုငွေ အများဆုံးရရှိသည်။ ကျပ်ငွေ (၁၈၅) ဘီလျံ (အမေရိကန်ဒေါ်လာ ၁၈၅ သန်း) ရရှိခြင်း ဖြစ်ပြီး ဘတ်ဂျက်၏ ၆၅ ရာနှုန်း တိုးသွားခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာနက ကျပ်ငွေ (၉) ဘီလျံ (အမေရိကန်ဒေါ်လာ ၉ သန်း) တိုး၍ ရရှိခဲ့ပြီး ဘဏ္ဍာရေး ဝန်ကြီးဌာနက ကျပ်ငွေ (၅၃) ဘီလျံ (အမေရိကန် ဒေါ်လာ ၅၃ သန်း) တိုး၍ ရရှိခဲ့သည်။ ဆိုင်ကလုံး မုန်တိုင်းကို အကြောင်းပြု၍ မြန်မာနိုင်ငံ အစိုးရသည် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန အတွက် ကျပ်ငွေ (၇၇)ဘီလျံ (အမေရိကန်ဒေါ်လာ ၇၇ သန်း) တိုး၍ ခွင့်ပြုပေးခဲ့ပြီး လူမှုဝန်ထမ်း ဝန်ကြီးဌာနကိုမူ ကျပ်ငွေ (၄၄) ဘီလျံ (အမေရိကန်ဒေါ်လာ ၄၄ သန်း) တိုးခွင့်ပြုခဲ့သည်။

အခွန်တော်ဝင်ငွေ ရရှိမှုနည်းခြင်း
---------------------
(၈) လွန်ခဲ့သောနှစ် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ပုဒ်မ (၄) ဆွေးနွေးပွဲများ၌ အဖွဲ့ ကိုယ်စားလှယ် များက မြန်မာ နိုင်ငံ အစိုးရ၏ အခွန် စီမံအုပ်ချုပ်မှု စနစ်ကို တိုးတက် ကောင်းမွန်အောင် ပြုပြင်သွားရန်နှင့် လိုလျှင် လိုသလို အခွန် လွတ်ငြိမ်းခွင့် ပေးနေမှုများကို ပြုပြင်သွားရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ အရာရှိများ၏ ပြောပြချက်အရ မြန်မာ စစ်အစိုးရသည် အဓိက အကြောင်းများ ဖြစ်သည့် အခွန်ကောက်ခံရေး အားနည်းချက်၊ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရ ဝန်ထမ်းများ၏ ထိရောက်မှု မရှိခြင်းကြောင့် ဆုံးရှုံးရမှုများ၊ အစိုးရ၏ အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ ကာကွယ်ရေးနှင့် ဆောက်လုပ်ရေး ကဲ့သို့သော ဝင်ငွေမရနိုင်သည့် လုပ်ငန်းများအတွက် ဘတ်ဂျက် အသုံးစရိတ် ပြဿနာတို့ကို ဖြေရှင်းခြင်းဖြင့် ဘတ်ဂျက် လိုငွေပြမှုကို လျှော့ချရန်မှာ ၎င်းတို့၏ ရည်မှန်းချက် တခုဖြစ်ကြောင်း အကြောင်း ပြန်ခဲ့သည်ဟု သိရသည်။ သို့ရာတွင် မြန်မာ အစိုးရသည် ၎င်း၏ အခွန်ကောက်ခံရေး စနစ်ကို ၂ဝဝ၈ အတွင်း မပြုပြင်ခဲ့ကြောင်းနှင့် သို့ဖြစ်၍ (၂ဝဝ၉-၂ဝ၁ဝ) ဘဏ္ဍာရေးနှစ် အတွင်းမှာ အခွန် ဘဏ္ဍာဝင်ငွေ ၂၇ ရာနှုန်း တိုးရမည် ဟူသော အစိုးရ၏ ကြိုတင် တွက်ကိန်းမှာ မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း ကျွန်ုပ်တို့၏ စီးပွားရေး အဆက်အသွယ်များက ဆိုပါသည်။

(၉) လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အာဏာပိုင်များက ဝင်ငွေခွန်ကို ပိုမိုတိကျစွာ ကောက်ခံခြင်း၊ ကုန်ပစ္စည်းနှင့် မူလ ကုန်ကြမ်း အပေါ်မူတည်လျက် ရာဖြတ်နှုန်းကို ကျပ် (၄ဝဝ)၊(၁)ဒေါ်လာမှနေ၍ ကျပ်(၈ဝဝ)၊ (၁၂ဝဝ)ကျပ်အထိ တိုးမြှင့်ခြင်း အားဖြင့် အခွန်တော် ဝင်ငွေ တိုးလာစေရန် ကြိုးပမ်းခဲ့သည်။ ဤသို့ ရာဖြတ်နှုန်းကို တိုးမြှင့်ခြင်းသည် အမျိုးမျိုး ကွဲနေသော ငွေကြေး လဲလှယ်နှုန်းများကို ညှိယူရန် ကြိုးပမ်းသည့် သဘောဖြစ်သော်လည်း မြန်မာနိုင်ငံ၏ နဂိုမူလကတည်းက ရှုပ်ထွေးနေသော တရားမဝင် ငွေလဲစနစ်ကို ပို၍ ရှုပ်ထွေး သွားစေသည်ဟု မြန်မာ အစိုးရအရာရှိများက အလွတ်သဘော ပြောပြကြသည်။

(၁ဝ) (၂ဝဝ၉-၂ဝ၁ဝ) ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ပါ အချက်အလက်များအရဆိုလျှင် အစိုးရပိုင် စီးပွားရေး လုပ်ငန်း အများစုသည် အရှုံးနှင့် စခန်း သွားရမည်ဖြစ်သည်။ အမြတ်ကြီးကြီးရမည်ဟု ယူဆရသော သယံဇာတ ထုတ်ယူရေး လုပ်ငန်းများမှာ ပင်လျှင် အစိုးရပိုင် စီးပွားရေး လုပ်ငန်းများ၏ အသားတင် အရှုံးသည် အကြမ်းဖျင်း အားဖြင့် ကျပ်ငွေ (၄၈၄) ဘီလျံ (အမေရိကန် ဒေါ်လာ ၄၈၄ သန်း)ရှိလိမ့်မည် (သို့ရာတွင် ဤခန့်မှန်းချက်သည် အလွန်နိမ့်သော ခန့်မှန်းချက် ဖြစ်နိုင်ပါ သည်)ဟု ကြိုတွက်၍ ရသည်။ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများသည် (၂ဝဝ၈-၂ဝဝ၉) ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ (၆ဝ၁) သန်း အရှုံးပြခဲ့ပြီး မြန်မာအစိုးရ မူလက ခန့်မှန်းထားသော အရှုံး ကျပ်ငွေ သန်း(၄၅ဝ) ထက် များစွာ ပိုနေပါသည်။ တရားဝင် ထုတ်ပြန်သော ဘတ်ဂျက်စာရင်း ဇယားများအရ အစိုးရပိုင် စီးပွားရေးလုပ် ငန်းများသည် (၂ဝဝ၇-၂ဝဝ၈) ဘဏ္ဍာ ရေးနှစ်တွင် ကျပ်ငွေ သန်း(၈ဝဝ)၊ (၂ဝဝ၆-၂ဝဝ၇) ဘဏ္ဍာရေးနှစ်တွင် ကျပ် ငွေ (၄၃၆) သန်းနှင့် (၂ဝဝ၅-၂ဝဝ၆) ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ (၅၄၉)သန်း အရှုံးပေါ်ခဲ့သည်။

(၁၁) ရာထူးအဆင့်တိုင်းမှာ အကျင့်ပျက် ခြစားမှုရှိနေခြင်းသည် မြန်မာနိုင်ငံမှာ ပြဿနာတခု အဖြစ် ရှိနေပြီး အစိုးရ၏ အခွန်ငွေ ကောက်ခံနိုင်မှု စွမ်းရည်ကို ထိခိုက် နေစေရှိသည်။ ကျွန်ုပ်တို့၏ စီးပွားရေး အဆက်အသွယ်များ၏ ပြောပြ ချက်အရဆိုလျှင် အစိုးရသည် ၂ဝဝ၆ အတွင်းက မသမာသော အကောက်ခွန် အရာရှိများကို နှိမ်နင်း အရေးယူမှု များလုပ်ခဲ့သော်လည်း နယ်စပ်များ၌ လာဘ်ပေး လာဘ်ယူမှုများ ဆက်လက်၍ ရှိမြဲရှိနေသည်။ အကျင့်ပျက် ခြစားမှုသည် ပြည်တွင်း အခွန်ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဌာန၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မီတီတို့ အပါအဝင် အစိုးရ၏ အခြား သော အဖွဲ့အစည်းများထဲမှာလည်း ထူပြောနေသည်။

ထင်မြင်သုံးသပ်ချက်
-------------
ထုတ်ဝေထားသော ဘတ်ဂျက် စာရွက်စာတမ်းများ၌ မြန်မာအစိုးရက ၎င်း၏ ရန်ပုံငွေများကို မည်သို့ ခွဲဝေ သတ်မှတ်ပေး မည် ဟူသော ယေဘုယျ လမ်းညွှန်ချက် ပေးထားသော်လည်း (ယေဘုယျအားဖြင့် မြန်မာအစိုးရ၏ ကိန်းဂဏန်းများသည် ယုံကြည် စိတ်ချ ရလောက်စရာ မရှိသဖြင့်) မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး အခြေအနေကို အတိအကျ ပုံဖေါ်ကြည့်ရန် မဖြစ်နိုင် ချေ။ ဤသို့ပြဿနာ ရှိနေရသည့် အထဲ ထိပ်တန်း ခေါင်းဆောင်များမှာ သုံးစွဲရေးမူ ဟူ၍ မရှိဘဲ မိမိတို့ မျက်နှာသာပေး ထားသော လုပ်ငန်းများ အတွက်သာ ရန်ပုံငွေများကို သတ်မှတ် ခွဲဝေပေးကာ စီမံကိန်း လုပ်ငန်းများကို ကြီးကြပ်ခြင်း၊ အလေးထားခြင်း မရှိကြသဖြင့် ဤပြဿနာသည် ပို၍ ဆိုးသွားလေသည်။ မြန်မာအစိုးရက ဘတ်ဂျက်လိုငွေ လျှော့ချရေးကို ရည်ရွယ်ထားသည်ဟု ထုတ်ဖေါ်ကြေညာ ထားသော်လည်း အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများ၏ အရှုံးပေါ်မှုနှင့် အခွန်စနစ် ပြုပြင်ရေး မရှိမှုတို့ကြောင့် နောက်ထပ် အပုံကြီး ပို၍ တိုးလာစရာ ရှိသည်။ မြန်မာ့စီးပွားရေး၏ အနာဂတ်သည် ဆိုးရွားနေဆဲပင် ရှိသည်။

ဒင်းဂါး


Ref: မဇ္ဈိမ

Read More...

နေ့စဉ်သတင်းများ ( ၁၉ - ၁၂ - ၂၀၁၀ )

၂၀၁၁ က အရေးကြီးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော သတင်း
တိုက်ခိုက်မှုအသစ်တွေကြောင့် မြန်မာဒုက္ခသည်တွေ ထိုင်းဘက် ထွက်ပြေး သတင်း
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် အေအေပီပီ တွေ့ဆုံ သတင်း
ကုလ အချိန်ပြည့် အထူးကိုယ်စားလှယ် ခန့်အပ်ရေး သတင်း
ကလေးမြို့ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားများ သတင်း
ရန်ကုန်မှာ တပ်မတော်သားများနဲ့ ပတ်သက်တဲ့ စာရွက်ငယ်လေးများ ဝေ သတင်း
နယ်စပ်ကုန်သွယ်ရေးစခန်းတွေ တိုးချဲ့ဖွင့်လှစ်မယ်လို့ စစ်အစိုးရ ကြေညာ သတင်း
တရုတ်သြဇာလွှမ်းမိုးမှု အိန္ဒိယ စိုးရိမ် သတင်း
ရခိုင် ရထားလမ်းအတွက် လယ်တွေ အသိမ်းခံရ သတင်း
‘သီရိဝစ္စ’ စီးပွားရေးကုမ္ပဏီ ရတပ ထူထောင်မည် သတင်း
NDF လွှတ်တော်ကော်မတီ ဖွဲ့စည်း သတင်း
ဒီကေဘီအေ လှုပ်ရှားတဲ့ နေရာတွေကို နအဖ ထိုးစစ်ဆင် သတင်း
NLD မုန်တိုင်းကူညီရေးအဖွဲ့ မြေပုံနယ်က တိုင်းရင်းသားတွေကို ကူညီ သတင်း
မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်းနှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၂) (တပ်မှူးတပ်သား ပြောစကား)
စစ်တပ် ဘက်ပြောင်းရန် စာကြဲ သတင်း
ဖလူးတိုက်ပွဲမှာ နအဖ (၁၀) ဦးခန့်နှင့် ဒီကေဘီအေ (၄) ဦး ဒဏ်ရာရ သတင်း
ကျိုက်ထီးရိုးတောင်မှာ ဘုရားဖူးများကို အဓမ္မ အလှူခံနေ သတင်း
ဟိန္ဒူဘုရားကျောင်း ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဝေါမြို့တွင် အချင်းများနေကြ သတင်း
ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးနဲ့ ၂၁ ပင်လုံ (တနင်္ဂနွေ ဆွေးနွေးပွဲ)
အန်စီဂျီယူဘီ နှစ် (၂၀) ပြည့်နှင့် ရှေ့မျှော်လင့်ချက် (၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းနှင့် အင်တာဗျူး)
ခွာသံချင်းယှက် ဂေါက်ဂက် ဂေါက်ဂက် ဘယ်ညာမြိုင်မြိုင်ချီ (ဆောင်းပါး)
ပုလဲနက် သူရဲကောင်း (ဆောင်းပါး)
ပညာရေး ကံဆိုးမိုးမှောင် ကျရခြင်း အကြောင်း (ဆောင်းပါး)

Read More...

Friday, December 17, 2010

မြန်မာနိုင်ငံ- မြန်မာ-မြောက်ကိုရီးယား ညူကလီးယား အရေးကိစ္စနှင့် ပတ်သက်၍ နောက်ထပ် ဆွေးနွေး ပြောဆိုချက်


















Reference IDCreatedReleased ClassificationOrigin
09RANGOON732 2009-11-10 09:092010-12-09 21:09SECRETEmbassy Rangoon



VZCZCXYZ0001
OO RUEHWEB
DE RUEHGO #0732 3140935
ZNY SSSSS ZZH
O 100935Z NOV 09
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 9588
INFO RUEHBK/AMEMBASSY BANGKOK 3096
RUEHBJ/AMEMBASSY BEIJING 2410
RUEHBY/AMEMBASSY CANBERRA 2328
RUEHLO/AMEMBASSY LONDON 2246
RUEHMO/AMEMBASSY MOSCOW 0128
RUEHFR/AMEMBASSY PARIS 0616
RUEHUL/AMEMBASSY SEOUL 9386
RUEAIIA/CIA WASHDC
RUEKJCS/DIA WASHDC
RHEHNSC/NSC WASHDC
RHHMUNA/CDR USPACOM HONOLULU HI
RUCNDT/USMISSION USUN NEW YORK 2757
RUEKJCS/SECDEF WASHDC
RUEKJCS/JOINT STAFF WASHDC
Tuesday, 10 November 2009, 09:35
S E C R E T RANGOON 000732
SIPDIS
DEPT FOR EAP/MLS, INR/EAP
PACOM FOR FPA
EO 12958 DECL: 11/10/2019
TAGS KNNP, PARM, PREL, NPT, PGOV, PINR, KN, BM
SUBJECT: BURMA: ANOTHER CONVERSATION ABOUT BURMA-DPRK
NUCLEAR ISSUE
REF: RANGOON 502
Classified By: CDA Larry Dinger for Reasons 1.4 (b) & (d)

အကြောင်းအရာ။ ။မြန်မာနိုင်ငံ- မြန်မာ-မြောက်ကိုရီးယား ညူကလီးယား အရေးကိစ္စနှင့် ပတ်သက်၍ နောက်ထပ် ဆွေးနွေး ပြောဆိုချက်

လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ CDA လာရီ ဒင်းဂါး (Larry Dinger) အကြောင်းပြချက် 1.4 (b) & (d)

၁။ (S) မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုသည် " ငြိမ်းချမ်းသော ညူကလီးယား ပူပေါင်းဆောင်ရွက်မှု" သာ ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် သြစတေးလျ သံအမတ်ကြီး ချန်သို့ သတင်းပေးပို့ခဲ့သူ [အမည်ဖယ်ထား] က အဖြစ်အပျက်ကို [အသေးစိတ်ဖယ်ရှားထား] ပြောကြားလာခဲ့ရာ ဇာတ်လမ်းတခုလုံး [အသေးစိတ်ဖယ်ရှားထား] ပြောင်းလဲသွားခဲ့သည်။ နိုဝင်ဘာလ ၉ ရက်နေ့ သံအမတ်ကြီး ချန်နှင့် စကားပြောဆို ရာတွင် "နားလည်မှုလွဲသွားခြင်း" ဟု [အမည်ဖယ်ရှားထား] က ပြောဆိုခဲ့သည်။ သြဂုတ်လ သတင်း ထွက်ပေါ်မှု အပေါ် သံအမတ်ချန်က ဗြောင်ကျကျ တုံ့ပြန် ပြောဆိုခဲ့သည့်နောက်ပိုင်းတွင် [အမည်ဖယ်ရှားထား] က နေပြည်တော် ဝန်းကျင်တွင် ဆက်လက်စုံစမ်းခဲ့သည်။ (မြန်မာအစိုးရသည် မြောက်ကိုရီးယားနှင့် ညူကလီးယားပူးပေါင်း ဆောင်ရွက် ခြင်းအား လက်ခံနိုင်သော လုပ်ရပ်တခုအဖြစ် စဉ်းစားချက်အပေါ် ချန်က အံ့သြတကြီး တုံ့ပြန်ခဲ့သည်။) [အသေးစိတ် ဖယ်ရှားထား] ယခု ပြောဆိုနေသည်မှာ မြန်မာအစိုးရနှင့် မြောက်ကိုရီးယားအစိုးရ ပြောဆိုမှုများသည် "အချက် အလက် ရှာဖွေလေ့လာရေး အဆင့်" မျှသာ ရှိသေးကြောင်း သိရသည်။ [အမည်ဖယ်ရှားထား] က တိုက်ရိုက် ညူကလီးယား ပူးပေါင်းဆောင်ရွက်မှု တစုံတရာ ရှိနေပြီဟု အတည်ပြုနိုင်ခြင်း မရှိပေ။ [အသေးစိတ်များဖယ်ထား] တွင် သာဓကအားဖြင့် ကန်နမ် ၁ ကိစ္စနှင့် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဇူလိုင်လ၊ ဖူးကက်မြို့၌ မှတ်ချက်ပေးခဲ့ သည့်အတိုင်း " ကိစ္စအားလုံးကိုယာယီ ရွှေ့ဆိုင်းထားသည်" ဟူ၍ ဖြည့်စွက်ပြောသည်။

၂။ (S) [အမည်ဖယ်ရှားထား] က ညူကလီးယားဓါတ်ပေါင်းးဖိုတည်ဆောက်ရန်အတွက် ရုရှနိုင်ငံသည် မြန်မာအစိုးရ အတွက် အဓိက လက်တွဲလုပ်ကိုင်ဖက်တဦးဖြစ်နေကြောင်း၊ သို့သော် [အသေးစိတ်များဖယ်ထား] က တိုးတက်မှု တစုံတရာ မရှိသေးဟု ပြောဆိုခဲ့သည်။ ရုရှက စီးပွားရေးအပေးအယူကိစ္စတခု ကမ်းလှမ်းခဲ့သော်လည်း မြန်မာ အစိုးရ တွင် ဝယ်နိုင်အား မရှိခဲ့ပေ။ သြစတေးလျနိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများက မြောက်ကိုရီးယားနှင့် ဆက်ဆံမှု ရှိကြသည်။ ထို့အတွက် "ဘာကြောင့် အထူးတလည် စိုးရိမ်နေရသနည်း။" ဟု [အမည်ဖယ်ရှားထား] က ဖြည့်စွက် ပြောဆိုခဲ့သည်။

မှတ်ချက်

-----------

၃။ (S) မြန်မာနိုင်ငံတွင် ပြဿနာ များစွာရှိနေသည်နှင့်အမျှ ပထမပြောဆိုချက်နှင့် လတ်တလော ပြောဆိုချက်များ သည် [အမည်ဖယ်ရှားထား] အတွက် နောက်ကွယ်မှ အမှန်တရားနှင့် ဖြစ်နိုင်ခြေ ရည်ရွယ်ချက်များကို သိရှိနိုင်ရန် ခက်ခဲသည်။ သြဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သော အကြောင်းအရာများ [အသေးစိတ်များဖယ်ထား] သည် ခန့်မှန်း ပြောဆိုချက်များသာ ဟု သံအမတ်ကြီး ချန်က ယခုအချိန်တွင် ယုံကြည်ထားပြီး မှတ်တမ်းကိုလည်း ပြန်လည် ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။ မိမိတို့အကြား တေ့တေ့ဆိုင်ဆိုင် ပြောဆိုဆွေးနွေးခြင်းမျိုး မရှိခဲ့ပေ။ သို့သော် [အသေးစိတ် များဖယ်ထား] ပြန်လည် ပြင်ဆင်ပြောဆိုခြင်းများသည် လူသိထင်ရှားဖြစ်ပြီးသော ဇာတ်လမ်းတပုဒ်ကို ငြင်းပယ်နေ ခြင်းထက် သတိလက်လွတ် သုံးသပ်ချက်တခုအပေါ် ပြန်၍ ဖုံးဖိနေသည့်ပုံ ပေါ်နေသည်။ "အားလုံးကိုယာယီ ရွှေ့ဆိုင်းထားရန်"ဟူသော ကန်နမ် ၁ ကိစ္စနှင့် နိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်များကြောင့် စိုးရိမ်ဖွယ် အခြေအနေ ဖြစ်နိုင်သည်။ [အမည်ဖယ်ရှားထား] ၏ တခြားမှတ်ချက်များကြောင့် [အမည် ဖယ်ရှားထား] သည် "၎င်းညူကလီး ယား" ကိစ္စရပ်အပေါ် မည်မျှ အကျွမ်းတဝင် သိရှိထားသည်ဟူသော မေးခွန်းထုတ်ဖွယ် ရှိလာသည်။ နောက်ဆုံး ခန့်မှန်းနိုင်ခြေ - မြန်မာအစိုးရနှင့် မြောက်ကိုရီးယားအစိုးရအကြား ပူးပေါင်းဆောင်ရွက် ရှင်းရှင်းလင်းလင်း မရှိသေး ပေ။ တစုံတခုဖြစ်နေသည်ကတော့ အသေအချာပင်။ ၎င်းတစုံတရာတွင် ညူကလီးယား ကိစ္စ ပါဝင်ခြင်း ရှိ-မရှိ ဟူသော မေးခွန်းက သံရုံး အစီရင်ခံမှုများတွင် ထိပ်တန်းဦးစားပေးရမည့် မေးခွန်းဖြစ်နေဆဲပင် ဖြစ်သည်။

DINGER


Ref: မဇ္ဈိမ

Read More...

နေ့စဉ်သတင်းများ ( ၁၆ - ၁၂ - ၂၀၁၀ )

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ ပညာရေး မြှင့်တင်ဖို့ ဒေါ်စု တိုက်တွန်း သတင်း
ဒေါ်အောင်ဆန်းစုကြည်ကြောင့် လူမှုရေးလုပ်ငန်းများ အဟန့်အတားဖြစ်ဟု ပြော သတင်း
ကြံ့ဖွံ့ကိုတိုင်သူ ပြန်လည်တရားစွဲခံရ သတင်း
မြန်မာဘက်မှ ခိုးသွင်းသော သစ်လုံး ၃ ထောင်ကျော်ဖမ်းမိ သတင်း
စစ်သမိုင်းပြတိုက် နေပြည်တော်သို့ ရွှေ့ သတင်း
ကိုမင်းကိုနိုင် ကျန်းမာရေး ချို့ယွင်းနေ သတင်း
အရက်မူးသည့် တပ်ကြပ် ပစ်ခတ်၍ ရခိုင်ဒေသခံတဦး သေဆုံး သတင်း
သေဆုံးသူ လူငယ် အသုဘ ကျောက်ဖြူတွင် ပြုလုပ် သတင်း
တိုက်ပွဲကြောင့် မာနယ်ပလောဒေသမှ ရွာသားများ ထိုင်းဘက်ခြမ်းထွက်ပြေး ရောက်ရှိ သတင်း
စစ်အစိုးရတပ်များ ရှမ်းပြည်မြောက်ပိုင်း၌ စစ်ရေးမငြိမ်သက်မှု ပိုလာ သတင်း
သျှမ်းပြည် (မြောက်ပိုင်း) ထွက် ပြောင်းသယ်ယူခွင့် ပိတ်ပြီး ကုမ္ပဏီ ဈေးနှိမ်ဝယ် သတင်း
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ စီးပွားရေး နော်ဝေအစိုးရ ပတ်သက်နေ သတင်း
အခွန်ကောက်ခံမှု များလာသည့်အတွက် ကုန်သည်များ အခက်တွေ့ သတင်း
တရုတ်ကုန်စည်ဈေးကွက် မြန်မာပြည်တွင် တိုးချဲ့ သတင်း
မြ၀တီနယ်စပ်ဂိတ် ပိတ်ထားသော်လည်း အခြားနယ်စပ်ဂိတ်များ ထပ်ဖွင့်မည် သတင်း
အချိန်အခါမဟုတ် မိုးကြောင့် စပါး ပျက်စီး သတင်း
ရခိုင်ပြည်နေ့ အခမ်းအနား ရန်ကုန်တွင် ကျင်းပ သတင်း
ဒီဇင်ဘာ (၁၆) ရက် နောက်ဆုံးရ သတင်းတိုများ သတင်း
ရှပ်နီခေါင်းဆောင် (၁၁) ယောက်ကို ဖမ်းဝရမ်းသစ် ထုတ်ဖို့ ကြိုးပမ်း သတင်း
၂၀၁၁ မြန်မာပြည် (ဆောင်းပါး)
အမေရိကန် ဟိမ၀န္တာဖွင့်ခြင်းနဲ့ ဘက်လိုက်ခြင်းရသ (ဆောင်းပါး)
အများပြည်သူအတွက် အများပြည်သူကောင်းမှု (ဆောင်းပါး)

Read More...

Thursday, December 16, 2010

စစ်သမိုင်းပြတိုက် နေပြည်တော်သို့ ရွှေ့

Thursday, 16 December 2010

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်နှင့် ရန်ကုန်ရှိ တပ်မတော် စစ်သမိုင်း ပြတိုက်ကို နေပြည်တော်သို့ စတင် ပြောင်းရွှေ့ နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ သတင်းရ ရှိသည်။

စစ်အစိုးရက ၂၀၀၅ ခုနှစ်တွင် ပျဉ်းမနားဒေသ တ၀ိုက်ကို နေပြည်တော်ဟု အမည်သတ်မှတ် ကာ မြို့တော်သစ် အဖြစ် ပြောင်းလဲ သတ်မှတ်ပြီး အစိုးရ ၀န်ကြီးဌာနရုံးများ အားလုံး ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်း ကျန်ရစ်ခဲ့သော တပ်မတော် စစ်သမိုင်း ပြတိုက်ကိုပါ နေပြည်တော်သို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ကြောင်း၊ သို့သော်လည်း နေပြည်တော်တွင် ပြတိုက် ပြောင်းလဲ ဖွင့်လှစ်ရန် အဆောက်အအုံ အဆင်သင့် မဖြစ်သေးသည့် အတွက် ဆိုင်းငံ့ထား ခဲ့ကြောင်း၊ ယခုအခါ နေပြည်တော်တွင် စစ်သမိုင်းပြတိုက် အဆောက် အအုံသစ် ပြီးစီးသွားပြီ ဖြစ်သောကြောင့် ဗိုလ်ချုပ်မှူးကြီး အမိန့်ဖြင့် စတင်ပြောင်းရွှေ့ နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိတဦးက ပြောသည်။

“ရန်ကုန် စစ်သမိုင်းပြတိုက်က ပိတ်ထားလိုက်ပြီ။ ပြတိုက်ထဲက ပစ္စည်းတွေကို တပ်မတော်ပိုင် လော်လီကားကြီး တွေနဲ့ သယ်နေတယ်။ စစ်သမိုင်းပြတိုက် ပြောင်းတာကလည်း ဗိုလ်ချုပ်မှူးကြီး ပြောထားသလို နေပြည်တော်ကသာ အဓိက မြို့တော် ဖြစ်ရမယ်ဆိုတဲ့ စီမံချက်ရဲ့ တစိတ် တပိုင်းကြောင့်ပဲ။ ဒါကြောင့် တပ်မတော်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အထိမ်းအမှတ် အဆောက်အအုံကို နေပြည်တော်ကို ရွှေ့တာ” ဟု ၎င်းက ရှင်းပြသည်။

စစ်သမိုင်းပြတိုက် အသစ်သည် နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ ကာကွယ်ရေး ၀န်ကြီးဌာန စစ်ရုံးများ အနီးတွင် တည်ရှိမည် ဖြစ်သည်။

စစ်သမိုင်းပြတိုက်အသစ်ကို ၂၀၁၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် တရားဝင် အခမ်း အနားဖြင့် ဖွင့်လှစ်ဖွယ် ရှိကြောင်း နေပြည်တော် အစိုးရ ၀န်ထမ်း အသိုင်း အ၀န်းက ပြောဆို နေကြသည်။

ရန်ကုန်တွင် ကျန်ရှိသော စစ်သမိုင်းပြတိုက် အဟောင်းကိုမူ မည်သို့စီမံမည်ကို မသိရှိရ သေးသော်လည်း အဆိုပါ နေရာသည် ရန်ကုန်မြို့၏ အချက်အချာကျသည့် ဒဂုံမြို့နယ်အတွင်း၌ ရှိနေသောကြောင့် စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်ကြီးများ အလွန် မျက်စိ ကျနေကြောင်း သိရှိရသည်။

“အစိုးရ၀န်ကြီးဌာနရုံးတွေနဲ့ အမျိုးသား စာကြည့်တိုက်လိုဟာမျိုးတွေ နေပြည်တော် ပြောင်းရွှေ့ပြီးတာနဲ့ လေလံပစ် ရောင်းခဲ့တာ ချည်းပဲ ဆိုတော့ ရန်ကုန် စစ်သမိုင်း ပြတိုက်လည်း လေလံပစ်မယ် ထင်တယ်။ အဲဒီလိုဆိုရင်တော့ ဗိုလ်ချုပ် သားသမီးတွေ ဒါမှမဟုတ်ရင် ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးတဲ့ စီးပွားရေး သမားတွေပဲ ရမှာပဲ။ စစ်သမိုင်းပြတိုက် နေရာက မြေကွက်လည်း ကျယ်တယ်၊ အဆောက်အအုံက လည်း တော်တော်ကြီးတယ်၊ နေရာ အကွက်အကွင်းကလည်း တော်တော် ကောင်းတယ်” ဟု ရန်ကုန်မြို့မှ အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီပိုင်ရှင် တဦးက ဆိုသည်။

စစ်အစိုးရသည် ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားကို မြို့တော်သစ် နေပြည်တော်သို့ ပြောင်းရွှေ့ ခဲ့ပြီးနောက် ပြည်သူပိုင် အဆောက်အအုံ ဟောင်းများကို လေလံပစ်ရုံမက ပြည်သူ့ရင်ပြင်၊ မြကျွန်းသာ ကဲ့သို့သော ပန်းခြံများ၊ အစိုးရ စက်ရုံများ အပါအ၀င် ပြည်သူပိုင် အဆောက်အအုံများ၊ မြေကွက်များကို ဆက်တိုက် ရောင်းချလျက် ရှိသည်။

Ref: ဧရာဝတီ်

Read More...

နေ့စဉ်သတင်းများ ( ၁၅ - ၁၂ - ၂၀၁၀ )

နိုင်ငံရေးသမားတွေကိုဘာကြောင့်ပဲလွှတ်လွှတ် ဝေဖန်စရာမရှိ သတင်း
မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုအခန်းကဏ္ဍ အင်ဒို ထောက်ခံ သတင်း
လီကွမ်ယူက မြန်မာအစိုးရကို မိုက်မဲထုံထိုင်း ဒုံးဝေးသူများဟု ပြော သတင်း
ဗိုလ်ချုပ်မှူးကြီးကို ထုံပေပေဟု လီကွမ်ယု ပြော သတင်း
မြန်မာစစ်ခေါင်းဆောင်များကို လုံခြုံရေး အာမခံချက်ပေးဖို့ အမေရိကန် ပြော သတင်း
ဒေါ်အောင်ဆန်းစုကြည် တက်ကြွလူငယ်များနှင့် တွေ့ဆုံမည် သတင်း
အလင်းဝင် သတင်းဖော်ပြချက် ၀ါဒဖြန့်ခြင်းဖြစ်ဟု DKBA ပြော သတင်း
ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး တန့်ယန်းမြို့နယ် ပြည်သူ့စစ်များအား ခေါ်တွေ့ သတင်း
ရခိုင်ပြည်နယ်နေ့ ကျယ်ကျယ်ပြန့်ပြန့် မကျင်းပနိုင် သတင်း
စစ်တပ်ပစ်ခတ်လို့ ရခိုင်ကလူငယ်သေဆုံး သတင်း
၂၁ ရာစုပင်လုံညီလာခံ ရခိုင်ပါတီ ထောက်ခံ သတင်း
ဂီရိမုန်တိုင်းသင့်ဒေသတွင် မိုးကြီး၍ လေပြင်းထပ်တိုက် သတင်း
တရုတ်ရေကာတာကြောင့် ရှမ်းလူထု ဒုက္ခဖြစ် သတင်း
တရုတ်နိုင်ငံ လောင်ဂျန်းရေကာတာ သစ်ကြောင့် သောင်းနှင့်ချီသော ရှမ်းရွာသားများ ဒုက္ခရောက် သတင်း
တာချီလိတ်မြို့သစ် တိုးချဲ့ရန် လူထုမြေကွက် သိမ်းယူပြီး အကွက်ပိုင်း၍ ပြန်လည်ရောင်းချ သတင်း
နမ့်ခမ်းအနီးရွာရှိ လက်ဖက်ခြံများကို ရဲစိုက်ခင်းအဖြစ် သိမ်းမည် သတင်း
ကချင်တောင်သူများ လယ်မြေ ယုဇနကုမ္ပဏီ ဖျက်ဆီး သတင်း
မူစယ်က (၇) တန်းကျောင်းသူလေး ပျောက်ဆုံးနေသည်အမှု ရဲတာဝန်ယူမှု ပေါ့လျော့ သတင်း
ပြည်ပလေယာဉ်လက်မှတ်ခများ ဈေးတက် သတင်း
ဆူဇူကီးဖလား ပြိုင်ပွဲရှုံး၍ မြန်မာအသင်း နည်းပြချုပ် ပြောင်းမည် သတင်း
မိုးမခက Uncensored Burma Daily News ကို ထပ်ဆင့် ဖြန့်ဝေပေးမည် သတင်း
ဘိန်းဘုရင်ဝေရှောက်ခန် ဖမ်းမိဖို့ ထိုင်းနိုင်ငံတွင်း အရှိန်မြှင့် လုပ်ဆောင် သတင်း
အရပ်ဘက်သုံး အင်တာနက်များ ဆက်လက်နှေးမည် သတင်း
ဒီဇင်ဘာ (၁၅) ရက် နောက်ဆုံးရ သတင်းတိုများ သတင်း
အီရိတ်အပေါ် ပိတ်ဆို့မှု ကုလပြန်ရုပ်သိမ်း သတင်း
ရွေးကောက်ပွဲလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)

Read More...

အပေါ်သို့