သောမတ်စ်မောင်ရွှေ
ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၃ ရက် ၂၀၁၀
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကုလသမဂ္ဂ၏ အနုမြူ စောင့်ကြည့်ရေးအဖွဲ့ကြီး ဖြစ်သော အပြည်ပြည်ဆိုင်ရာ အနုမြူ စွမ်းအင် အေဂျင်စီ (IAEA) က မြန်မာနိုင်ငံတွင် အနုမြူ စက်ရုံများ ရှိနေသည်ဟု စွပ်စွဲ ပြောဆိုခြင်း ခံနေရသော နေရာများသို့ လာရောက် စစ်ဆေးခွင့် ပြုပါရန် မြန်မာ စစ်အစိုးရကို မကြာသေးမီက စာရေးသား တောင်းဆိုခဲ့သည်ဟု အမည် ဖော်ပြမထားသော အမေရိကန် အရာရှိများကို ကိုးကားပြီး ဝေါလ်စထရိ ဂျာနယ်က ရေးသားသည်။
`မြန်မာနိုင်ငံ မြောက်ပိုင်းရှိ စက်ရုံများတွင် အနုမြူ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းမှုများ ရှိနေသည် ဟူသော စွပ်စွဲချက် အပေါ် ရှင်းလင်းမှုများ လုပ်ပေးပါရန်´ မြန်မာနိုင်ငံ အစိုးရသို့ ယခင်စာနှစ်စောင် ပေးပို့အပြီး ယခု တဖန် အိုင်အေအီးအေ ကာကွယ် လုံခြုံရေးဌာန အကြီးအကဲ Herman Nackaerts က ထပ်မံ ပေးပို့ အကြောင်းကြား ခဲ့သည်ဟု အဆိုပါဂျာနယ်က အမေရိကန် အရာရှိများကို ကိုးကား ဖော်ပြခဲ့ပါသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အနုမြူလက်နက် မပြန့်ပွားရေး စာချုပ်ကို လက်မှတ် ရေးထိုးထားသော နိုင်ငံတနိုင်ငံ ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ရှိသည်ဟု စွပ်စွဲ ပြောဆိုနေကြသော အနုမြူ စက်ရုံနေရာများသို့ စစ်ဆေး ကြည့်ရှုခွင့် ပေးရန် အိုင်အေ အီးအေက မေတ္တာရပ်ခံပိုင်ခွင့် ရှိပါသည်။ သို့သော် နိုင်ငံတကာ ဥပဒေများအရ အဆိုပါ မေတ္တာရပ်ခံချက်များကို မြန်မာနိုင်ငံက ငြင်းပယ်ခွင့်လည်း ရှိပါသည်။
အိုင်အေအီးအေ၏ ယခုနောက်ဆုံးစာသည် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့အကြား အနုမြူဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေ၍ အမေရိကန် အစိုးရက စိုးရိမ် ပူပန်နေသည် ဟူသော သတင်းများပါသည့် လျှို့ဝှက် ကြေးနန်းများကို ဝီကီလိ ဝက်ဘ်ဆိုက်က ထုတ်ပြန် ခဲ့ပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
မသင်္ကာဖွယ် ပစ္စည်းအများအပြားကို မကွေးတိုင်း မင်းဘူးအနီးရှိ အနုမြူဓာတ်အားပေး စက်ရုံ ဆောက်လုပ် နေသည်ဟု ကောလ ဟလများ ထွက်ပေါ်နေသည့် နေရာသို့ သယ်ဆောင်နေကြောင်း သတင်းရင်းမြစ် တခုက ရန်ကုန်ရှိ အမေရိကန် သံရုံးသို့ ပြောကြား ခဲ့သည်ဟု အဆိုပါ ကြေးနန်းတွင် ဖော်ပြထားသည်။
အဆိုပါကြေးနန်းများတွင် ရန်ကုန်ရှိ သြစတြေးလျ သံအမတ် မီရှဲလ်ချန်းကိုလည်း မြန်မာအစိုးရ အရာရှိတဦးက `မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံတို့ရဲ့ ဆက်ဆံမှုဟာ သမရိုးကျ လက်နက်များ အတွက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံတွင် ကြာမြင့်စွာ ဖြစ်ပေါ်နေခဲ့သည့် လျှပ်စစ်ဓာတ်အား မလုံလောက်သည့် ပြဿနာကို ဖြေရှင်းရန် ရည်ရွယ်သည့် ငြိမ်းချမ်းစွာ အနုမြူစွမ်းအင် အသုံးပြုရေးလဲ ပါဝင်ကြောင်း´ လွန်ခဲ့သော သြဂုတ်လက ပြောဆိုခဲ့သည်ဟုလည်း ဖော်ပြထားသည်။
သို့သော် ထူးထူးခြားခြားပင် အထက်ပါ ပြောဆိုချက်ကို အဆိုပါသတင်းရင်းမြစ်က ပြန်လည် ရုတ်သိမ်း သွားခဲ့ပြီး မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံအကြား အနုမြူ အစီအစဉ်တရပ် အမှန်စင်စစ် လုပ်ကိုင်နေခြင်း မရှိကြောင်း ပြောဆိုသွားခဲ့သည်ဟု နောက်ပိုင်း ပေးပို့သော ကြေးနန်းများတွင် ဆက်လက် ဖော်ပြခဲ့သည်။
ဤသို့ပထမပြောဆိုချက်ကို ပြန်လည် ရုတ်သိမ်းသွားမှုကို တုံ့ပြန်သည့် အနေဖြင့် ရန်ကုန်ရှိ အမေရိကန် သံရုံး၏ ဝန်ထမ်း တဦးက လွန်ခဲ့သည့် နိုဝင်ဘာလက ကောက်ချက်ချရာတွင် `လိုရင်းအချက် - မြန်မာ အစိုးရနှင့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများသည် ဆက်လက်၍ လျှို့ဝှက်နေဆဲပင် ဖြစ်သည်။ တခုခု ဖြစ်ပွား နေသည်မှာတော့ သေချာသည်။ အဆိုပါ တစုံတခုတွင် အနုမြူ လက်နက်များလည်း ပါဝင်ပြီး သံရုံးက အစီရင်ခံရမည့် အထူးဦးစားပေး အဆင့်အတန်းတွင် ဆက်လက် ရှိနေသည်´ ဟု ရေးသားထားသည်။
ပေါက်ကြားလာသော ရန်ကုန်အမေရိကန်သံရုံးက ၂၀၀၄တွင် ပို့ခဲ့သော ကြေးနန်းများတွင် `မြောက်ကိုးရီးယား ပညာရှင် များသည် မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက် (SAM) များ တပ်ဆင် ထုတ်လုပ်နေပြီး မကွေးတိုင်းအတွင်း စစ်ဘက် တနေရာတွင် မြေအောက် အဆောက် အဦးများကိုလည်း တည်ဆောက်နေသည်´ ဟု ရေးသားထားသည်။
နယူးဒေလီသို့ ၂၀၀၄ အတွင်း လာရောက်လည်ပတ်ခဲ့ကြသော မြန်မာစစ် အာဏာရှင် ဦးသန်းရွှေ၏ ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်ခဲ့သူများက `အမေရိကန်က အာရုံ စိုက်လာအောင် အနုမြူ လက်နက် ပိုင်ဆိုင်ရေး လုပ်ရရင် ကောင်းမလားလို့ သူတို့ တွေးနေကြောင်း´ အိန္ဒိယအစိုးရကို ပြောကြားခဲ့သည် ဟု ယခင်အပတ်က ထုတ်ပြန်ခဲ့သော ၂၀၀၄ နိုဝင်ဘာလက ပေးပို့ခဲ့သည့် အမေရိကန် သံတမန် ကြေးနန်းတွင် ရေးသားထားသည်။
ဒေလီရှိ အမေရိကန် သံရုံးမှ ပေးပို့ခဲ့သော အဆိုပါကြေးနန်းမှာ ဗိုလ်ချုပ်သန်းရွှေ ၂၀၀၄ အောက်တိုဘာလ အတွင်း အိန္ဒိယနိုင်ငံ မြို့တော်သို့ လာရောက် လည်ပတ်ခဲ့သည့် ခရီးစဉ်အကြောင်း အဆင့်မြင့် အိန္ဒိယသံတမန် တဦးက အမေရိကန် သံတမန်များကို ပြောပြခဲ့သည့် သတင်းများအပေါ် အဓိက အခြေခံ ရေးသားထားသည်။
အနုမြူ စီမံကိန်းတရပ် မြန်မာနိုင်ငံက လုပ်ဆောင်နေနိုင်ဖွယ်ရှိဟု အိုင်အေအီးအေ ညွှန်ကြားရေးမှူး ဟောင်းက ယုံကြည်
ပြည်ပရောက် သတင်းဌာနတခုဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ယခုနှစ် မေလက သတင်းတရပ် ထုတ်လွှင့် ခဲ့ရာတွင် မြန်မာနိုင်ငံသည် ဒုံးပျံ နှင့် အနုမြူ အစီအစဉ်များကို လုပ်ကိုင်လျက် ရှိကြောင်း စစ်တပ်မှ ထွက်ပြေး ဘက်ပြောင်းလာသည့် သူတဦး၏ ထွက်ဆိုချက်များ ပါဝင်ခဲ့သည်။ ဘက်ပြောင်း လာသူ ဗိုလ်မှူးစိုင်းသိန်းဝင်းမှာ မြန်မာ စစ်တပ်မှ အကြီးတန်း သိပ္ပံပညာရှင် တဦးဖြစ်ပြီး စာရွက်စာတန်း အထောက်အထား အများအပြား ယူဆောင်ကာ တိုင်းပြည်မှ ထွက်ခွာလာ၍ နောက်ပိုင်းတွင် အဆိုပါ စာရွက် စာတန်းများကို အိုင်အေအီးအေ ညွှန်ကြားရေးမှူးဟောင်း ရောဘတ်ကယ်လီ သို့ DVB က ပြသခဲ့သည်။
ဘက်ပြောင်း ခိုလှုံလာသူ ပေးအပ်သည့် သတင်းအချက်အလက်များ အရ `မြန်မာနိုင်ငံသည် ယူရေနီယံ သတ္တုများကို တူးဖော်နေကြောင်း၊ အဆိုပါ သတ္တု များကို ဓာတ်ပေါင်းဖိုများနှင့် အနုမြူ ဗုံးများတွင် အသုံးပြု နိုင်သည့် ယူရေနီယံ ဒြပ်ပေါင်းများ အဖြစ်သို့ ပြောင်းလဲနေကြောင်း၊ ဓာတ်ပေါင်းဖို တခုနှင့် ယူရေနီယံ သန့်စင်သည့် စက်ရုံတရုံကို ဆောက်လုပ်ရန်လည်း ကြိုးစားနေပြီး ယင်းက အနုမြူဗုံး လုပ်ရန် သက်သက်သာ ဖြစ်ကြောင်း ပြသနေသည်။
ယင်း ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် သက်သက် အတွက် မဖြစ်နိုင်ပါ။ ဤကိစ္စသည် မြန်မာနိုင်ငံ၏ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ စွမ်းပကားနှင့် အလှမ်း ကွာပါသည်။ ဤအခြေ အနေများ ပြောင်းလဲသွားလျှင် အိုင်အေအီးအေသို့ အကြောင်းကြားရေး ကိစ္စမှာ မြန်မာနိုင်ငံ၏ သဘော အတိုင်းသာ ဖြစ်ပါသည်။ သေချာသည်မှာ ဤစည်းကမ်းများကို ချိုးဖောက်ပြီး အနုမြူဗုံး တလုံးကို လျှို့ဝှက် တည်ဆောက်နေသည် ဆိုပါက အိုင်အေအီးအေသို့ သူတို့ အလိုအလျောက် အကြောင်းကြား လိမ့်မည် မဟုတ်ပါ´ဟု ကယ်လီက ရေးသားထားသည်။
DVB က ကယ်လီ၏ ပြောဆိုချက်ကို အသံလွှင့်အပြီးတွင် မြန်မာအစိုးရ မီဒီယာ က `မြန်မာနိုင်ငံတွင် ယူရေနီယံ သတ္တုများကို ပြောင်းလဲ ထုတ်လုပ်ခြင်း၊ သန့်စင်ခြင်း၊ ဓာတ်ပေါင်းဖို တည်ဆောက်ခြင်း၊ သို့မဟုတ် လည်ပတ် လုပ်ကိုင် နေခြင်းများကို ယခင်ကလည်း မလုပ်ခဲ့၊ ယခုလည်း လုပ်ကိုင်နေခြင်း မရှိ၊ နောင်ကိုလည်း လုပ်ကိုင်ရန် အစီအစဉ် မရှိပါ´ ဟု မြန်မာ ကိုယ်စားလှယ် ဦးတင်ဝင်းက အိုင်အေအီးအေသို့ ပေးပို့ အကြောင်းကြား ခဲ့သော စာကို ကိုးကားပြီး ဇွန်လ အတွင်းက ရေးသားဖော်ပြခဲ့သည်။
စွပ်စွဲပြောဆိုနေသော အနုမြူ အစီအစဉ်နှင့် စပ်လျဉ်း၍ အိုင်အေအီးအေ ကျွမ်းကျင်သူ နှစ်ဦး အချင်း များကြခြင်း။
ကယ်လီ၏ ကောက်ချက်များကို အိုင်အေအီးအေရှိ သူ၏ အကြီးအကဲဟောင်း အော်လီဟိုင်နိုနင် (Olli Heinonen) အပါအဝင် အခြား အနုမြူကျွမ်းကျင် သူများက ငြင်းချက် ထုတ်ခဲ့ကြသည်။ အိုင်အေအီးအေ ညွှန်ကြားရေးမှူးဟောင်း ပြောဆိုချက်များ ပါဝင်သည့် ၁၅ မိနစ်ကြာ မှတ်တမ်းရုပ်ရှင်ကို အမေရိကန် ရုပ်သံ အစီအစဉ် တခုက လွန်ခဲ့သောလက ထုတ်လွှင့်ပြသခဲ့သည်။ ဤမှတ်တမ်း ရုပ်သံအစီအစဉ်ကို PBS နှင့် အမြတ်အစွန်း အတွက် မဟုတ်သည့် စုံစမ်း ထောက်လှမ်း သတင်းများ ရေးသား တင်ဆက်နေသည့် ProPublica တို့က ပူးတွဲ တင်ဆက်ခဲ့သည်။ မြန်မာနိုင်ငံ၏ အနုမြူ အစီအစဉ်များ အပေါ် ကယ်လီ၏ စိုးရိမ် ပူပန်မှုများမှာ ပိုလွန်းသည်ဟု အဆိုပါ ရုပ်သံမှတ်တမ်းက စွပ်စွဲ ပြောဆိုထားသည်။
ဘက်ပြောင်း ခိုလှုံလာသူက ပေးအပ်ခဲ့သော သတင်းအချက်အလက်များနှင့် ယင်း အထောက် အထားများ အပေါ် ကယ်လီ၏ ကောက်ချက်များ ရှိခဲ့သော်လည်း `ယခုအဆင့်တွင် ရှိနေသည့် အနုမြူ လက်နက် အစီအစဉ် များမှာ သံသယ ဖြစ်စရာ ကောင်းလောက်အောင် မရှိသေးပါ´ ဟု ဟိုင်နိုနင် က ပရို ပတ်ဘလစ်ကာ ရုပ်သံ သတင်းဌာနကို ပြောကြားခဲ့သည်။
သို့သော် အဆိုပါရုပ်သံ အစီအစဉ်တွင် ကယ်လီအပေါ် စွပ်စွဲပြောဆိုထားသော အဓိက အချက် တချက်ကို ဟိုင်နိုနင်နှင့် ပရိုပတ်ဘလစ်ကာ တို့က ထုတ်လွှင့် အပြီး ရက်သတ္တပတ်ပေါင်း များစွာ အကြာတွင် ပြန်လည် ရုတ်သိမ်း ခဲ့ရသည်။
အဆိုပါ မှတ်တမ်းခွေနှင့်အတူ ပရိုပတ်ဘလစ်ကာ၏ မန်နေဂျင်း အယ်ဒီတာ စတီဖင် အိန်ဂယ် လဲဘတ်နှင့် နာတန်ဒိုတန် တို့ ပူးတွဲ ရေးသားထားသော ဆောင်းပါး တစောင်ကိုလည်း ပရိုပတ်ဘလစ်ကာ ဝက်ဘ်ဆိုက်တွင် တင်ထားသည်။ အဆိုပါ ဆောင်းပါးတွင် အထူး ပြုလုပ်ထားသော `လက်အိတ်သေတ္တာ´ ဆိုသည့် ဓာတ်ပုံအပေါ် ကယ်လီ၏ ကောက်ချက်ကို ဟိုင်နိုနင်ကို ကိုးကားကာ ငြင်းပယ် ချေပထားသည်။
ယူရေနီယံ သတ္တု ထုတ်လုပ်ရာတွင် အပူချိန်မြင့်မားစွာ လိုအပ်သဖြင့် ဤ ကိရိယာသည် ဤ လုပ်ငန်းနှင့် သင့်လျော်ခြင်း မရှိပါ´ ဟု သူတို့က ရေးသားထားသည်။ `ဒီပုံကို ကြည့်ရင် ခင်ဗျားတို့ တွေ့လိမ့်မယ်။ ဥပမာ ဒီသေတ္တာထဲမှာ ရာဘာ လက်အိတ်တွေ ရှိတယ်။ ဒီလုပ်ငန်းမျိုး လုပ်ဖို့အတွက် ရာဘာ လက်အိတ်ပါတဲ့ သေတ္တာ တလုံးနဲ့ လုပ်လို့မရဘူး´ ဟု ဟိုင်နိုနင်၏ ပြောကြားချက်ကို ကိုးကား ရေးသားထားသည်။
`ဒါသာသုံးရင် ဒီလူလက် လောင်သွားမှာပေါ့။ ဒီသေတ္တာဟာ ဒီလုပ်ငန်း အတွက်လို့ ကျနော် မထင်ဘူး´ ဟု သူက ပြောကြားခဲ့သည်။ ကယ်လီ၏ ပြောဆိုချက်ကို ပရိုပတ်ဘလစ်ကာ၏ ချေပချက်ဟု ထင်ရသော အချက်တွင် မှားယွင်း သွားသည့် အချက်မှာ အဆိုပါ လက်အိတ် သေတ္တာကို အပူချိန် အလွန်မြင့်မားစွာ လိုအပ်သည့် ယူရေနီယံ သတ္တု ထုတ်လုပ်သည့်နည်း ထိုအဆင့်၌ အသုံးပြုခဲ့သည်ဟု ကယ်လီကရော DVB ကပါ အမှန်တကယ် မပြောကြားခဲ့ခြင်း ဖြစ်သည်။
ကယ်လီကလည်း ပရိုပတ်ဘလစ်ကာ သို့ ပက်ပက်စက်စက် တုံ့ပြန်ချက် တရပ်ကို ပြန်လည် ပေးပို့ခဲ့ရာ `ဒီလက်အိတ် သေတ္တာကို ယူရေနီယံ သတ္တု ထုတ်လုပ်ရာမှာ အသုံးပြုလို့ ရတယ်လို့ ကျနော် ပြောခဲ့တယ်လို့ ခင်ဗျားတို့က ပြောထားတယ်။ ကျနော် ဒီလို မပြောခဲ့ပါဘူး။ ဒီလို အလွယ်တကူ စစ်ဆေးလို့ရတဲ့ အချက်ကို မိုက်မိုက်မဲမဲ မှားယွင်း ကိုးကားခဲ့တဲ့ ခင်ဗျားတို့အဖြစ်က ဘယ်လိုမှ ကာကွယ်လို့ မရတော့ဘူး။
စာနဲ့ရေးထားတဲ့ မှတ်တမ်းက ဒါတလွဲကြီးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေတာ။ ကျနော့် တင်ပြချက် တွေမှာ လက်အိတ် သေတ္တာနဲ့ ဗုံးထုတ်မယ့် ဓာတ်ပေါင်းဖို နှစ်ခုလုံးကို ပြထားပါတယ်။ ရှင်းရှင်းလေး ခွဲခြားနိုင်ပါတယ်´ ဟု ရေးသားထားသည်။
ကယ်လီက သူ၏ အကြီးအကဲဟောင်းကိုလည်း ပြန်ပက်ခဲ့သည်။ `လက်အိတ် သေတ္တာနဲ့ ဗုံးဓာတ်ပေါင်း ဖိုကို ခွဲခြားနိုင်ဘို့ ခင်ဗျားဆီမှာ အော်လီဟိုင်နိုနင် ရှိတယ်။ ကျနော့်ရဲ့ မြန်မာနိုင်ငံ အပေါ် စွပ်စွဲ ပြောဆိုချက် တွေကို စစ်ဆေး အကဲဖြတ်ဘို့ အိုင်အေအီးအေက တာဝန် ပေးထားတဲ့ အဖွဲ့မှာ ဟိုင်နိုနင်က အကြီးတန်း အရာရှိပါ။ ဒီယူရေနီယံနဲ့ ဆိုင်တဲ့ စက်မှုလုပ်ငန်းသုံး ကိရိယာနှစ်ခုရဲ့ ခြားနားချက်ကို သိဘို့ သူကျနော့် အစီရင်ခံစာကို ကောင်းကောင်း မဖတ်ခဲ့ဘူး။ ကျနော် အတိအကျ ရှင်းလင်း ရေးသားထားတဲ့ အစီရင်ခံစာနဲ့ ကျနော် ဘယ်တုံးကမှ မပြောခဲ့တာကို ရှင်းပြဘို့လုပ်တဲ့ သူ့ရဲ့ ကိုးရိုးကားယား ကြိုးပမ်းချက်နဲ့ ရောထွေး မပစ်ပါနဲ့။ သူဟာ ကျနော့်ကို ဝေဖန်ဘို့ ခင်ဗျားသုံးတဲ့ တဦးတည်းသော `နည်းပညာပုဂ္ဂိုလ်´ ပါ။ ဒါပေမဲ့ ဒီအချက်မှာတော့ သူရှုံးပြီ။ ကျနော်မှားတယ် ဆိုတာပြောနိုင်ဘို့ ကိုးစား ယုံကြည်နိုင်တဲ့ ပုဂ္ဂိုလ်ကို ခင်ဗျား မပြနိုင်ခဲ့ဘူး´ ဟု ထိုစာတွင် ရေးသားထားသည်။
ကယ်လီ၏ စာကိုရရှိပြီးနောက် ကယ်လီအပေါ် ကနဦး စွပ်စွဲထားသော အချက်ကို မှိန်ပစ်ရန် အတွက် အပိုဒ်တပိုဒ်ကို ဆောင်းပါး အဆုံးတွင် ပရိုပတ်ဘလစ်ကာ က ထည့်သွင်း ထားသည်။ မြန်မာနိုင်ငံ၏ ဖြစ်နိုင်ဖွယ် ရှိသော အနုမြူ လက်နက် ထုတ်လုပ်ရေး လုပ်ငန်းအပေါ် ရောဘတ်ကယ်လီ ရေးသားထားသော အစီရင်ခံစာတွင် ပါရှိသည့် `လက်အိတ်သေတ္တာ´ ဟု သိထားသော ကိရိယာ ကို ပိုမို တိတိကျကျ ရှင်းလင်း တင်ပြပါသည်´ ဟု ရေးသားထားသည်။
ပြန်လည် ပြင်ဆင်ထားသော ဆောင်းပါးတွင် `လက်အိတ်သေတ္တာ´ ဟု သုံးနှုန်းရန် `ကိုးရိုးကားယား နိုင်ပါသည်´ ဟု ဟိုင်နိုနင် ၏ ပြောစကားကို ကိုးကား ရေးသားထားသည်။
ကယ်လီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ သူတို့၏ သတင်းထောက် ဒက်ဖ်နာ လင်ဇာ (Dafna Linzer) က အမည် ဖော်ပြ မထားသည့် အမေရိကန် အစိုးရ အဖွဲ့တွင်းမှ ပုဂ္ဂိုလ်များကို မေးမြန်းခဲ့သည်ဟု ပရိုပတ်ဘလစ်ကာ က ဆိုသည်။ အစီရင်ခံစာကို စစ်ဆေး ကြည့်ရှုခဲ့သော စီအိုင်အေနှင့် စွမ်းအင်ဝန်ကြီးဌာန အနုမြူ ဌာနခွဲ မှ ကျွမ်းကျင် သူများက `မြန်မာနိုင်ငံတွင် အနုမြူစီမံကိန်း အချို့ ရှိနိုင်ပါသည်။ သို့သော် အနုမြူ လက်နက်များနှင့် ဆက်စပ်မှု မရှိပါ´ ဟု ပြောကြားခဲ့ကြောင်း သူက ထိုရုပ်သံ မှတ်တမ်းရုပ်ရှင်တွင် ပြောဆို ထားသည်။ ပရိုပတ်ဘလစ်ကာမှ အင်ဂယ်လ်ဘတ်ခ် (Engelberg) ကလည်း ကယ်လီ၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး DVBကို ထောက်ပံ့ နေသူများကို ရဲရဲတင်းတင်း အခိုင်အမာ အတိုက်အခံလုပ် ပြောကြားခဲ့သည်။
`ဒီအစီရင်ခံစာကို စိစစ်ဘို့ ပထမအဆင့်အနေနဲ့ အမေရိကန် ထောက်လှမ်းရေး အသိုင်း အဝိုင်းကို သွားပြခဲ့ ပါတယ်။ ဒီစွပ်စွဲချက်တွေ အပေါ် သူတို့က သိပ်မယုံကြည်ကြောင်း ပွင့်ပွင့်လင်းလင်းဘဲ ပြောပြ ခဲ့ပါတယ်။ ဒါတွေကို ခင်ဗျားတို့ သိပါသလား´ ဟု အင်ဂယ်လ် ဘတ်ခ် က အစီရင်ခံစာကို ရည်ညွှန်းပြီး အဆိုပါ ရုပ်သံ မှတ်တမ်း ရုပ်ရှင်တွင် ပြောဆိုခဲ့သည်။
`စွမ်းအင်ဝန်ကြီးဌာနနဲ့ စီအိုင်အေ က ကျနော့်အစီရင်ခံစာကို တကြောင်းချင်း ဖတ်ကြည့်ပြီး ကျနော့် တွေ့ရှိချက် တွေကို ငြင်းဆိုတယ်လို့ ခင်ဗျားက ပြောတယ်။ ခင်ဗျားပြောပုံက အမေရိကန် အစိုးရထဲက ထောက်လှမ်းရေး အသိုင်း အဝိုင်းကြားမှာ အမြင်တွေ တထပ်ထဲကျနေသလို ပြောသွားတယ်။ ဒါပေမဲ့ ယူရေနီယံ ဗုံးလုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ စွမ်းအင် ဝန်ကြီးဌာန ထောက်လှမ်းရေး အရာရှိအချို့က ကျနော့် အစီရင်ခံစာကို ဖတ်ပြီး ကျနော့် တွေ့ရှိချက်တွေဟာ ယုတ္တိ တန်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အိုင်အေအီးအေက ပါရဂူတွေ ကလဲ ကျနော့်အမြင်ကို သဘောတူပါတယ်။ နောက်ပြီးတော့ ဒီအစီရင်ခံစာကို ဖတ်ခဲ့ရတဲ့ ဒီအသိုင်း အဝိုင်းက ဘယ်သူကမှ ကျနော် တင်ပြခဲ့တဲ့ နည်းပညာ ဆိုင်ရာ အထောက် အထားတွေကို ငြင်းချက်ထုတ်တာ မလုပ်ခဲ့ကြဘူး´ ဟု ကယ်လီက ပြောသည်။
မြန်မာ့အနုမြူ အစီအစဉ်များရှိကြောင်း ပြောဆိုချက်များကို ထိုင်းဝန်ကြီးချုပ် ငြင်းဆို
မြန်မာနိုင်ငံက အနုမြူလက်နက် ပိုင်ဆိုင်ရေး လုပ်ဆောင်နေသည် ဟူသော သတင်းများကို ထိုင်းဝန်ကြီးချုပ် အဖိစစ် ဝိချချိဝ ကလည်း ခပ်ပေါ့ပေါ့ ပြောဆိုခဲ့သည်ဟု ဒီဇင်ဘာ ၁၂ ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။ `အာဆီယံကို အနုမြူကင်းမဲ့ ဒေသကြီး အဖြစ်နဲ့ မြင်လိုပါတယ်လို့ မြန်မာနိုင်ငံက အာဆီယံ-အမေရိကန် ထိပ်သီး အစည်းအဝေးမှာ ပြောဆိုခဲ့တာကို ကျနော် မှတ်မိနေပါတယ်´ ဟု အဖိစစ် က ပြောခဲ့သည်ဟု ဆိုသည်။
ဒေသတွင်းရှိ မည်သည့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) ဝင်နိုင်ငံမျှ အနုမြူလက်နက် မလိုချင် ကြကြောင်း၊ သို့သော် အမျိုးသား လုံခြုံရေး အတွက် အနုမြူလက်နက် ပြဿနာကို ထိုင်းနိုင်ငံက အမြဲတမ်း စောင့်ကြည့် လေ့လာနေကြောင်း အဖိစစ်က ပြောဆိုသွားခဲ့သည်။
သို့သော် နောက်တနေ့တွင် အဖိစစ်ကို နိုင်ငံရေးအရ အမြဲတမ်းလို ထောက်ခံခဲ့သော ဘန်ကောက်ပို့စ် သတင်းစာ ကြီးက သတင်းစာ ခေါင်းကြီးမှ ပြန်လည် ဝေဖန်ခဲ့သည်။
`လျို့ဝှက် အနုမြူ စီမံကိန်းတွေနဲ့ ပတ်သက်လို့ နောက်ထပ် စွပ်စွဲချက်ကို မြန်မာ အစိုးရ အတွက် ဝန်ကြီးချုပ် အဖိစစ်ဝိချာချိဝ က ကာကွယ် ပေးခဲ့တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီပြဿနာနဲ့ ပတ်သက်လို့ ဝီကီလိ က နောက်ဆုံး ဖွင့်ချခဲ့တဲ့ ကြေးနန်းတွေ အပေါ် မစ္စတာအဖိစစ် ချေပဖို့ ကြိုးစားတာတွေကတော့ မခိုင်လုံ လှပါဘူး။ သူက မြန်မာ ခေါင်းဆောင်တွေ ပြောတာကို ကိုးကား ပြောတယ်။ သူတို့မှာ ပွင့်လင်းမှုတို့ အစဉ်အလာ ကောင်းတို့ ဆိုတာ သိပ်ရှိတာ မဟုတ်ဘူး။ ရန်ကုန်က အမေရိကန် သံရုံးက လွန်ခဲ့တဲ့ ၆ နှစ်က ပို့ခဲ့တဲ့ ကြေးနန်းကလဲ သူ့ရဲ့ အနုမြူ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရဟာ ကမ္ဘာကို လိမ်ညာခဲ့တယ် ဆိုတဲ့ အထောက်အထား မပြနိုင်ပါဘူး။ ဒီလိုပါဘဲ၊ မြန်မာ စစ်အစိုးရရဲ့ ဝါဒဖြန့် ပြောကြားချက်တွေ အပေါ် မစ္စတာ အဖိစစ်က စိတ်ကောင်း နှလုံးကောင်းထားပြီး ယုံကြည်နေတာ ကလဲ အဓိပ္ပာယ် မရှိလှပါဘူး´ ဟု အဆိုပါ သတင်းစာေ ခါင်းကြီးတွင် ရေးသားထားသည်။
Ref: မဇ္ဈိမ
Friday, December 24, 2010
ကုလ အနုမြူ စောင့်ကြည့်ရေးအဖွဲ့က စစ်ဆေးခွင့်ပေးရန် စစ်အစိုးရကို တောင်းဆို
နေ့စဉ်သတင်းများ ( ၂၃ - ၁၂ - ၂၀၁၀ )
■ အမေရိကန်ရဲ့ မြန်မာဆိုင်ရာ မူဝါဒ ပြန်သုံးသပ်သင့် သတင်း
■ မြန်မာဗိုလ်ချုပ်များ ခုံရုံးတင် မခံနိုင်ကြောင်း အမေရိကန် လျှို့ဝှက် အစီရင်ခံစာ ပေါက်ကြား သတင်း
■ ပြည်ထောင်စုစိတ်ဓါတ်အကြောင်း ဟောပြောပွဲ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ် သတင်း
■ မြန်မာနျူကလီးယားကိစ္စ စစ်ဆေးခွင့် ပေးရန် အိုင်အေအီးအေ တောင်းဆို သတင်း
■ ကုလ အနုမြူစောင့်ကြည့်ရေးအဖွဲ့က စစ်ဆေးခွင့်ပေးရန် စစ်အစိုးရကို တောင်းဆို သတင်း
■ နအဖတပ်က DKBA ကို ထိုင်းမြေပေါ်မှ တိုက်ရန် ကြိုးစား သတင်း
■ စစ်ပွဲဖြစ်နေသည့် ဒေသတွင် အမျိုးသမီးနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ သတင်း
■ မာနယ်ပလော ကျုံဒိုးနား တိုက်ပွဲများဖြစ် သတင်း
■ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီညီလာခံ အင်အား (၂,၅၀၀) ကျော်ဖြင့် ကျင်းပနေ သတင်း
■ (၂၂) နှစ်ပြည့် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ နိုင်ငံရေးမူသစ်အချို့ ချမှတ် သတင်း
■ ရှေ့တန်းစစ်မျက်နှာအတွက် UWSA အထူးတပ်မဟာတခု တိုးချဲ့ဖွဲ့စည်း သတင်း
■ အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA ပြန်လည်ဖွဲ့စည်းရန် တပ်မဟာ (၁) နယ်မြေ၌ စည်းဝေး သတင်း
■ သျှမ်းပြည်တောင်ပိုင်း၌ မြို့နယ်ခွဲ (၃) ခုထက်မနည်း နအဖ တိုးချဲ့ဖွဲ့စည်း သတင်း
■ စစ်အစိုးရနှင့် ပတ်သက်သည့် ဝက်ဘ်ဆိုဒ်များကို မြန်မာဟက်ကာများ ဆက်တိုက်ခိုက် သတင်း
■ ထောင်က လွတ်ရင် ဘာသာပြောင်းမည်ဟု ကိုဇာဂနာ ပြော သတင်း
■ ဆင်ဆာထိ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး စစ်ဗိုလ်ချုပ်များ စိတ်ဝင်စား သတင်း
■ အိန္ဒိယ အာဏာရပါတီက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ကြိုဆို သတင်း
■ အယ်ဂျာဇီးယားရုပ်သံမှ ထုတ်လွှင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်စကားပြောခြင်း အစီအစဉ် သတင်း
■ ကြံ့ဖွံ့ပါတီ၏ တံခါးပိတ်စည်းဝေး နေပြည်တော်တွင် ကျင်းပ သတင်း
■ ဂီရိမုန်တိုင်း (၂) လပြည့်သည့်တိုင် ထူထောင်ရေးများ မစတင်နိုင်သေး သတင်း
■ ဗဟိုဘဏ်က ရွှေထုတ်ရောင်းသဖြင့် ပြည်တွင်းရွှေဈေး အေး သတင်း
■ ရမ်းဗြဲကျွန်းမှ လယ်ယာမြေများ လယ်သမားများ လက်လွတ်ဆုံးရှုံးနေ သတင်း
■ ကျပ်သန်း (၅၀) ခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ တောင်ကုတ်တွင် ဖမ်းဆီးမိ သတင်း
■ ပြင်သစ်လူ့အခွင့်အရေးဆုကို မြန်မာ (GHRED) အဖွဲ့ရရှိ သတင်း
■ မြန်မာဘောလုံးအသင်း ဗီယက်နမ်ကို နိုင်ပြီး တတိယရရှိ သတင်း
■ အမျိုးသားစာပေဆုနှင်းသဘင် အခမ်းအနား တက်ရောက်ရန် နှိုးဆော် သတင်း
■ (၁၀) နှစ်သား ဟစ်ဟော့ပ်အတွက် ရန်ကုန်တွင် ရှိုးပွဲကြီး ပြင်ဆင် သတင်း
■ ဒီဇင်ဘာ (၂၃) ရက် နောက်ဆုံးရ သတင်းတိုများ သတင်း
■ ပြည်တွင်း မီဒီယာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အင်တာဗျူး (၁) (အင်တာဗျူး)
■ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီနဲ့ ကွန်ယက်လှုပ်ရှားမှု - (ဦးဝင်းတင်နဲ့ မေးခွန်းများ)
■ မီးမီးရေ … ဆောင်းတောင်ရောက်လာပြီ (ဆောင်းပါး)
■ ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး ကျဆုံးပြီးနောက် (ဆောင်းပါး)
■ သားစားကြူး ဘီလူးလက်တွင်း ပါမသွားရေး (ဆောင်းပါး)
■ ငါးမည်ရ ဇာတ်သိမ်းခန်း (ဆောင်းပါး)
■ ကမ္ဘာဦးကို ထုံကူးခြင်း (ဆောင်းပါး)
■ ဂလိုဘယ် အင်္ဂလိပ်စာ (ဆောင်းပါး)
Thursday, December 23, 2010
စီတန်းလမ်းလျှောက် ချီတက်ဆန္ဒပြ
December 22, 2010

နိုင်ငံရေးချီတက်ပွဲ၊ ဆန္ဒပြချီတက်ပွဲ ... စတာတွေဟာ ဒီကနေ့ခေတ်မှာ ကိုယ့်ဆန္ဒကျင့်သုံးဖို့၊ ကိုယ့်အသံ သူများ ကြားစေဖို့ နည်းလမ်းတခု ဖြစ်နေပြီး အပြောင်းအလဲ ဖြစ်ဖို့ ဖိအားလည်း ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံမှာ ပထမဆုံး အောင်မြင်တဲ့ နိုင်ငံရေးချီတက်ပွဲကို ၁၈၃၄ ခုမှာ လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက လုပ်ခ လစာ လျှော့မှု ဆန့်ကျင်ရေးအသင်း တည်ထောင်မှုကြောင့် စိုက်ပျိုးရေး အလုပ်သမား (၆) ယောက်ကို သံခြေကျင်း ခတ်ပြီး သြစတြေးလျ ပို့ခဲ့လို့ ဆန္ဒပြ ချီတက်ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သြစတြေးလျ ပို့တာဟာ တကျွန်းပို့တဲ့ အဓိပ္ပာယ်ဖြစ်ပြီး အသက် ရှင်လျက်နဲ့ ဘဝ ဆုံးရတဲ့ ပြစ်ဒဏ် ဖြစ်ပါတယ်။ ဒါကြောင့် သောင်းနဲ့ချီ တဲ့ အလုပ်သမားတွေက ပါလီမန်ကို ချီတက် ဆန္ဒပြပြီး ဒီအာဇာနည် (၆) ယောက် ဗြိတိန်နိုင်ငံ ပြန်လာခွင့်ပေးဖို့ ပန်ကြားလွှာကို လူ (၈) သိန်း လက်မှတ်ထိုး တင်သွင်းခဲ့ပါတယ်။ ပါလီမန်က အလျှော့ ပေးလိုက်ပြီး လူ (၆) ယောက်ကို အိမ်ပြန်လာခွင့် ပေးခဲ့ရပါတယ်။
အဲဒီကစလို့ နောက်နှစ် (၁၅၀) အတွင်း ကမ္ဘာပေါ်မှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ဖို့ ကြိုးပမ်းသူတွေ၊ မတရားမှု ပြေပျောက် စေချင်သူတွေ အတွက် နိုင်ငံရေး ချီတက်ပွဲဟာ အရေးပါတဲ့ လက်နက် ကရိယာ တခု ဖြစ်လာ ခဲ့ပါတယ်။
ချီတက်ပွဲတိုင်း အလုပ်ဖြစ်တာတော့ မဟုတ်ပါဘူး။ ၁၈၈၆ က အမေရိကန်ပြည် ရှီကာဂိုမြို့ ဟေးမားကက် ရင်ပြင်မှာ အလုပ်သမားတွေ အကြမ်းဖက် ခံရပြီး ကျဆုံးခဲ့ကြလို့ နောင်မှာ မေဒေးနေ့ (ကမ္ဘာ့ အလုပ်သမားနေ့) အဖြစ် သတ်မှတ် ခဲ့ရပါတယ်။ ၁၉၀၅ ခု ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့က ဇာဘုရင်ရဲ့ ဆောင်းရာသီ နန်းတော်ကို ချီတက် ဆန္ဒပြတာလည်း အကြမ်းဖက် သွေးချောင်းစီး အသတ်ခံရမှုနဲ့ အဆုံး သတ်ခဲ့ပါတယ်။ ဗမာပြည်မှာလည်း ၂၀၀၇ စက်တင်ဘာလ သံဃာတော်တွေရဲ့ ချီတက်ပွဲဟာ အကြမ်းဖက် ခံရပြီး ပြိုကွဲ ခဲ့ပါတယ်။
ဒါပေမယ့် စုဝေးချီတက်ပွဲတွေကနေ ထူးခြားတဲ့ အပြောင်းအလဲကို ဦးတည် သွားစေတဲ့ ဖိအား မကြာခဏ ပေါ်ထွက် စေခဲ့ပါတယ်။ အောင်မြင်တဲ့ ချီတက်ပွဲတွေကို လေ့လာတဲ့အခါ တူညီချက်တွေကို တွေ့ရပါတယ်။ အဲဒါတွေ ကတော့ အင်မတန် ရှင်းလင်း တိကျတဲ့ ရည်မှန်းချက် သီးသန့်ရှိတာ၊ အပျက်ဘက် တောင်းဆိုမှုထက် အ ပြုဘက် တောင်းဆိုမှု (ဥပမာ - လွတ်လပ်ရေး၊ လူ့အခွင့်အရေး၊ ထိုက်တန်တဲ့ လုပ်ခရရေး) အပေါ် အလေးထား တာတို့ ဖြစ်ပါတယ်။ (ရေကာတာစီမံကိန်း ဖျက်သိမ်းရေးထက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ပိုထိရောက်တာ) အရေးကြီးဆုံးကတော့ ဆန္ဒပြရတဲ့ အကြောင်းတရားဟာ ဆန္ဒပြ ချီတက် သူတွေ အနေနဲ့ ထောင်ကျ ခံရဲလောက် တဲ့ အကြောင်းတရား ဖြစ်ရပါမယ်။
နောက်လိုအပ်ချက်ကတော့ အသေးစိတ်ကျတဲ့ နည်းပရိယာယ် အစီအစဉ် ဆွဲထားရေး ဖြစ်ပါတယ်။ ဒီနေရာမှာ စံပြုစရာက ၁၉၃၀ ခု အိန္ဒိယနိုင်ငံက ဆားချီတက်ပွဲ ဖြစ်ပါတယ်။ ဒီချီတက်ပွဲဟာ အိန္ဒိယ နိုင်ငံထွက် ဆားကို မတန်တဆ အခွန် ကောက်တာကို ကန့်ကွက်ဖို့ မဟတ္တမဂန္ဒီ ဦးစီးပြီး ချီတက် ဆန္ဒပြတာ ဖြစ်ပါတယ်။ ဆားခွန်ကြောင့် အင်္ဂလန်က ဆားကို ဝယ်စားရတာ ဈေးသက်သာ စေခဲ့ပါတယ်။ တနည်းအားဖြင့် ကိုလိုနီ အရှင်သခင် ဗြိတိန်က ကျွန်နိုင်ငံ အိန္ဒိယကို နှောင်ကြိုး တည်းထားတာ ဖြစ်ပါတယ်။
ဒီဆားခွန်ကို ဘယ်လို ကန့်ကွက်ရမယ် ဆိုတာကို ဂန္ဒီက လပေါင်းများစွာ စဉ်းစား စီစဉ်ခဲ့ပါတယ်။ သူဟာ သူ့သီးသန့် ဂေဟာရှိရာ အာမက်ဒဘတ်ဒ် ကနေ ဒင်ဒီ ပင်လယ်ကမ်းခြေကို ချီတက်ပြီး ပင်လယ် ကမ်းစပ်မှာ ဆားချက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရက်ကို (၁၀) မိုင်နှုန်းနဲ့ (၂၄) ရက် လမ်းလျှောက်ဖို့ စီစဉ်ပြီး လမ်းကြောင်းကို ဟိန္ဒူရွာ တွေရော မူဆလင် ရွာတွေကိုပါ ဖြတ်သွားမယ့်လမ်း ရွေးခဲ့ပါတယ်။ ဒီနည်းနဲ့ အိန္ဒိယနိုင်ငံရဲ့ ညီညွတ်ရေးကို တည်ဆောက် ပြသနိုင်မှာ ဖြစ်သလို နိုင်ငံတကာ မီဒီယာတွေရဲ့ စိတ်ဝင်စားမှု ကိုလည်း ဆွဲယူ အရှိန်မြှင့် သွားနိုင်ဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် ဂန္ဒီဟာ ချီတက်ပွဲမှာ လူတိုင်းပါခွင့် ဖွင့်မပေးပါဘူး။ ဗြိတိသျှ အာဏာပိုင်တွေဟာ ချီတက်ပွဲ ရပ်သွားအောင် အကြမ်းဖက် နိုင်တယ်လို့ ဂန္ဒီက မျှော်လင့် တွက်ဆ ထားပြီး အမာခံ (၇၀) ကျော်ကိုပဲ အကြမ်း မဖက်ရေး အခြေခံမူ အကြောင်း သင်တန်းပေးပြီး သူနဲ့အတူ လိုက်ပါ ချီတက်ခွင့် ပေးခဲ့ပါတယ်။ လမ်းခရီး တလျှောက် သိန်းနဲ့ချီတဲ့ လူထုတွေက ထွက်ကြိုဆို အားပေးကြပေမယ့် ခရီးစဉ် အစအဆုံး ကိုတော့ ဒီလူ လက်တဆုပ်စာပဲ ချီ တက်ခဲ့တာ ဖြစ်ပါတယ်။ ဘာအကြမ်းဖက်မှုမှ မကြုံခဲ့ပေမယ့် ချီတက်ပွဲရဲ့ သီးသန့် ရည်မှန်းချက် ဖြစ်တဲ့ ဆားခွန် ဖျက်သိမ်းရေးလည်း မဖြစ်မြောက်ခဲ့ပါဘူး။
ဒါပေမယ့် ဆားခွန်ထက် ပိုအရေးပါတဲ့ဟာ ဖြစ်မြောက်ခဲ့ပါတယ်။ အဲဒါကတော့ ခိုင်မာ ညီညွတ်တဲ့ လွတ်လပ်ရေး လှုပ်ရှားမှုကို အုတ်မြစ် ချပေးလိုက်တာ ဖြစ်ပြီး ဗြိတိသျှ အင်ပါယာ သရဖူကြီး ထဲက အတောက်ပဆုံးနဲ့ အကြီးဆုံး ရတနာဖြစ်တဲ့ အိန္ဒိယ နိုင်ငံကြီးဟာ ကိုယ့်ဖာသာကိုယ် ရပ်တည်နိုင် အုပ်ချုပ် စီမံနိုင်တဲ့ နိုင်ငံဖြစ်တယ် ဆိုတာ ဗြိတိသျှတွေ စမြင် သွားစေခဲ့ပါတယ်။
နောက်ထပ် (၂၅) နှစ်အကြာမှာတော့ အမေရိကန် နိုင်ငံ တောင်ပိုင်းသား ကပ္ပလီလူငယ် ဓမ္မဆရာ တယောက် ဟာ ဂန္ဒီ့ နည်းနာတွေကို လေ့လာပြီး “ပြည်သူ့အခွင့်အရေး” တွေရဖို့ အဓိက နည်းဗျူဟာ အဖြစ် ချီတက် ဆန္ဒပြပွဲ နည်းကို အသုံးချခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန် တောင်ပိုင်းမှာ လူမျိုး ခွဲခြားရေးကြောင့် အခွင့်အရေး မဲ့နေခဲ့တာ နှစ် (၈၀) ကျော် ကြာခဲ့ပြီဖြစ်လို့ ၁၉၆၃ နွေရာသီမှာ မာတင် လူသာကင်းနဲ့ တခြားသော ပြည်သူ့ အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင်တွေဟာ ဝါရှင်တန်သို့ ချီတက်ပွဲကြီး ဆင်နွှဲပြီး တောင်ပိုင်းသား လူမည်းတွေ ရဲ့ အခြေခံ ဥပဒေပါ အခွင့်အရေးတွေ အာမခံမယ့် ဥပဒေ ပြုပေးဖို့ သမ္မတ ဂျွန်ကင်နေဒီကို ဖိအား ပေးနိုင်ခဲ့ပါတယ်။
ကနေဒီအစိုးရက အကြမ်းဖက်မှုတွေဖြစ်လာမှာကို စိုးရိမ်ခဲ့ပေမယ့် ချီတက်ပွဲဟာ ဘာပြဿနာမှ မရှိဘဲ အောင်မြင် ခဲ့ပါတယ်။ မာတင် လူသာကင်းရဲ့ နာမည်ကျော် “ကျနော် အိပ်မက်တခု မက်ခဲ့တယ်” မိန့်ခွန်းနဲ့ တွဲသွားလို့ ဒီချီတက်ပွဲကြီးဟာ အမေရိကန် သမိုင်းမှာ ရာဇဝင် တွင်သွားခဲ့ပါတယ်။
အဲဒီကစလို့ အမေရိကန်နိုင်ငံမှာ ၁၉၆၀ ခုနှစ်များအတွင်း ချီတက်ပွဲတွေကို နိုင်ငံရေး ဆန္ဒပြမှုနဲ့ တောက်လျှောက် တွဲမိ စေခဲ့ပါတယ်။ မကြာခင် မာတင် လူသာကင်းဟာ အယ်လာ ဘားမား ပြည်နယ်ထဲမှာ ဆယ်လ်မာ ကနေ ပြည်နယ်မြို့တော် မောင်ဂိုမာရီကို ချီတက် ခဲ့ပါတယ်။ ဒေသခံ အာဏာပိုင်တွေက ချီတက်သူတွေ အပေါ် အကြမ်းဖက်လို့ နိုင်ငံတကာမှာ ပွက်လော ရိုက်ခဲ့ပြီး ဝါရှင်တန်မြို့တော် လွှတ်တော်ထဲမှာ ပြည်သူ့ အခွင့်အရေး ဥပဒေ အမြန် အတည်ပြုဖို့ တွန်းအား ဖြစ်သွားခဲ့ပါတယ်။
၁၉၆၀ နဲ့ ၇၀ ခုနှစ်များအတွင်း ဗီယက်နမ်စစ် ဆန့်ကျင်ရေး ချီတက်ပွဲတွေလည်း တောက်လျှောက် ဖြစ်ခဲ့ပါတယ်။ တခါတရံ အကြမ်းဖက်မှုတွေ ရှိခဲ့ပါတယ်။ ၁၉၆၈ ခု ရှီကာဂိုမြို့ ဒီမိုကရက်တစ် ပါတီ ညီလာခံကို ကန့်ကွက် ချီတက်ရာက အကြမ်းဖက်တာ၊ အိုဟိုင်းယိုး ပြည်နယ်က ကင့်ပြည်နယ် တက္ကသိုလ်မှာ ၁၉၇၀ တုန်းက အမေရိကန် ကျောင်းသားတွေကို စစ်တပ်က ပစ်သတ်တာတို့ ဖြစ်ပါတယ်။ ချီတက်ပွဲ အများစု ကတော့ လူ သိန်းနဲ့ချီပါ ဝင်ပြီး အမှုအခင်း မဖြစ်ဘဲ ပြီးမြောက် ခဲ့ကြပါတယ်။ ဒီချီတက်ပွဲတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အမေရိ ကန်နိုင်ငံရေး သမားတွေကို ဗီယက်နမ် စစ်ရဲ့ အကြီးအကျယ် လူကြိုက်နည်းမှု အကြောင်း သတိပေးဖို့ပဲ ဖြစ်ခဲ့ပါ တယ်။
၁၉၆၀ ခုနှစ်များအတွင်း ကမ္ဘာအနှံ့မှာ နိုင်ငံရေးချီတက်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ၁၉၆၈ ခု မေလမှာ ပြင်သစ် ကျောင်းသားတွေ ပါရီမြို့တွင်း ချီတက်တာကို ဒီဂေါ အစိုးရက မတန်တဆ အင်အားသုံး အကြမ်းဖက် ခဲ့ပါတယ်။ ဒါကြောင့် ပြင်သစ် တပြည်လုံးက ဒီဂေါကို ဆန့်ကျင်လာပြီး အစိုးရ ပြုတ်ကျ ခဲ့ရပါတယ်။
အခုတလော သတင်းတွေထဲမှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က တက္ကသိုလ် ကျောင်းသားတွေ ကျောင်းလခ တိုးတာကို ကန့်ကွက် ဆန္ဒပြပြီး ချီတက်နေတဲ့ သတင်းတွေ တောက်လျှောက် ပါနေပါတယ်။ လန်ဒန် တက္ကသိုလ်၊ လန်ဒန် စီးပွားရေး တက္ကသိုလ်ကျောင်း၊ ဘုရင့်ကောလိပ် ... စသဖြင့် တက္ကသိုလ် ပေါင်းစုံက ကျောင်းသား တွေဟာ “ကွန်ဆာဗေးတစ်ပါတီ ချီးထုပ်တွေ၊ ငါတို့လာပြီဟေ့” လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီး ချီတက် ကြပါတယ်။
ချီတက်ဆန္ဒပြပွဲကြောင့် ကားအသွားအလာတွေ ပြတ်တောက်ရပ်ဆိုင်းတာ ဖြစ်ကုန်ပါတယ်။ ဒါပေမယ့် ကျန် တဲ့ ပတ်ဝန်းကျင် လောကကြီးကတော့ အသွားအလာ အလုပ်အကိုင် မပျက်ပါဘူး။ ကျောင်းသားတွေနဲ့ ရွယ်တူ လောက်ရှိမယ့် လူငယ် တယောက်ကတော့ ဈေးကြီးတဲ့ အားကစားရုံ တခုအတွက် အဖွဲ့ဝင်ဖို့ ကြော်ငြာ စာရွက်တွေ ဝေနေပါတယ်။ အသားညှပ် ပေါင်မုန့် ဆိုင်မှာလည်း နေ့လယ်နေ့ခင်း ခါတိုင်းလိုပဲ တန်းစီ နေကြပါတယ်။
ညနေစောင်းမှာတော့ ချီတက်ဆန္ဒပြသူတွေကို အစိုးရရုံးတွေရှိရာ ဝှိုက်ဟော လမ်းပေါ်မှာ ရဲတွေက ပိတ်ဝိုင်း ထားလိုက်ပါတယ်။ ကွန်ဆာဗေးတစ် ညွန့်ပေါင်း အစိုးရရဲ့ ကျောင်းလခ နှစ်ဆတိုးရေး ပေါ်လစီကတော့ အရာမယွင်း ရှိနေဆဲ ဖြစ်ပါတယ်။ ကျောင်းလခ တိုးတာကို ကန့်ကွက် ဆန္ဒပြတာ နှစ်လအတွင်း အကြိမ်ကြိမ် ဆန္ဒပြခဲ့ ကြပေမယ့် ဘာမှ မထိရောက်ခဲ့ပါဘူး။ ဗြိတိန် အိမ်ရှေ့မင်းသားရဲ့ ကားကို မီးရှို့တာ အပါအဝင် အကြမ်းဖက်မှု တွေလည်း အနည်းအကျဉ်း ရှိခဲ့ပါတယ်။
ဒီကနေ့ အနောက်နိုင်ငံတွေမှာ ဆန္ဒပြချီတက်ပွဲဆိုတာ ခေတ်ဟောင်းက အလုပ် ဖြစ်သွားပုံ ရပါတယ်။ သီးသန့် အပြောင်းအလဲ တခု ဖြစ်စေမယ့် နည်းနာ မဟုတ်တော့ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံမှာ အပြောင်းအလဲ ဖြစ်ရေး အတွက် မဲပုံးနဲ့ မီဒီယာက အဓိက နည်းနာတွေ ဖြစ်သွားပါပြီ။ ဒါကြောင့် အပြောင်းအလဲ ဖြစ်စေချင်လို့ လမ်းပေါ် ထွက်အော် သူတွေဟာ ဒီထက်ပို စွန့်စားဖို့ စိတ်မပါကြပါ။
လွတ်လပ်တဲ့ နိုင်ငံတွေမှာ စီတန်းလမ်းလျှောက်ခြင်းဆိုတာ အခွင့်အရေး တခု ဖြစ်ပါတယ်။ နိုင်ငံရေး ခေါင်းဆောင် တွေက လိုက်လျောခွင့် ပြုထားပြီး မစိုးရိမ်ကြပါဘူး။ ၂၀၀၃ ဖေဖော်ဝါရီလမှာ အီရတ် စစ်ပွဲ ဆန့်ကျင်ရေး အတွက် လူတသန်းခွဲ လန်ဒန်မြို့ထဲ ချီတက် ဆန္ဒပြခဲ့တာ ဘာမှ အပြောင်းအလဲ ဖြစ်မသွား ခဲ့ပါဘူး။ အမေရိကန် ပြည်ထောင်စုမှာလည်း မာတင် လူသာကင်းရဲ့ ဝါရှင်တန် ချီတက်ပွဲ ပုံစံမျိုး လူတသန်း ချီတက်ပွဲ (၁၉၉၅)၊ အမျိုး သမီးတသန်း ချီတက်ပွဲ (၁၉၉၇) တွေ လုပ်ခဲ့ ကြပါတယ်။ ဒါပေမယ့် ချီတက် ဆန္ဒပြ သူတွေဟာ တီဗွီသတင်းမှာ ပါဖို့ထက် ပိုပြီး စိတ်မထက်သန် ကြပါဘူး။
ဆန္ဒပြချီတက်ပွဲကို အသုံးဝင်တဲ့ နိုင်ငံရေးနည်းနာတခု ပြန်ဖြစ်စေဖို့ဆိုရင် လမ်းလျှောက်တာထက် ပိုပြီး စွန့်စားဖို့ လိုပါလိမ့်မယ်။ စီတန်း လမ်းလျှောက်မှုရဲ့ နောက်တဆင့်က အာဏာ ဖီဆန်ရေး ဖြစ်ရပါလိမ့်မယ်။ ဗမာပြည် လို အာဏာရှင် တိုင်းပြည်တွေမှာတော့ စီတန်း လမ်းလျှောက်မှု ကိုယ်တိုင်က အာဏာ ဖီဆန်တာ ဖြစ်နေပြီဆို တာ သတိ ပြုရပါမယ်။ ဒါကြောင့် အာဏာဖီဆန်ရေးရဲ့ အကျိုးဆက် အဖြစ် ထောင်နန်း စံရေး အလားအလာကို ထည့်သွင်း စဉ်းစားထားမှ နိုင်ငံရေး အပြောင်းအလဲ အတွက် ချီတက် ဆန္ဒပြပွဲရဲ့ ဖိအား ရလာမှာ ဖြစ်ပါတယ်။ ။
ဂါမဏိ
ရည်ညွှန်း ။ ။ မိုက်ကယ်ဂိုးလ်ဖာ့ဘ်၏ ၂၀၁၀ နိုဝင်ဘာ (၂၇) ရက် BBC ဆောင်းပါး
Ref: နေ့သစ်
တစ်နှစ်တာ လူဆိုး
December 22, 2010

The Voice ဂျာနယ် ၏ အယ်ဒီတာ ချုပ် နှင့် Myanmar E gress တည်ထောင်သူ ဒေါက်တာ နေ၀င်းမောင် အား တစ်နှစ် တာ ထူးချွန်မှု အရှိ ဆုံး လူဆိုး အဖြစ် Freedom News Group မှ ရွေးချယ် သတ်မှတ် လိုက်သည်။ Villain of the year ဆု အတွက် Freedom News Group မှ စာဖတ် ပရိသတ်နှင့် ရန်ကုန်မြို့ နေပြည်သူများ ၊ လူငယ်များ ၏ ဆန္ဒကို ကောက် ခံကြည့် ရာဒေါက်တာ နေ၀င်းမောင် နှင့် မြို့ တော်ဝန် ဦးအောင်သိန်းလင်း တို့ ကို ဆန္ဒပြုခဲ့ကြသည်။
ဒေါက်တာ နေ၀င်းမောင် သည် စစ်အစိုးရ၏ လွတ်လပ်ပြီး တရားမျှတမှု ကင်း မဲ့သည့် ရွေးကောက်ပွဲ အတွက် ၎င်း ၏ The Voice ဂျာနယ် မှ အူလှိုက် သဲလှိုက် ထောက် ခံခဲ့ပြီး နိုင်ငံ၏ စတ္ထုထ မဏ္ဍိုင် မီဒီယာ တစ်ခု အနေဖြင့် ပြည်သူ ကို လမ်းမှန်ညွှန် ပြပေးရန် ၀တ္တရား ပျက်ကွက် ခဲ့သည်။
ကုန်လွန်တော့မည် တစ်နှစ် တာ အတွင်း ဒီမိုကရေစီ အင်အား စု များ ကို လည်း ပြို ကွဲအောင် လုပ်ဆောင် ခဲ့ပြီး နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွတ်မြောက်လာစ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း သူမကြောင့် အရပ်ဘက် လူမှု အဖွဲ့ အစည်း များဒုက္ခရောက် ရသည် ဟု လတ်တလောတွင် ၀ါးလုံး ချီး သုပ် ရမ်း ခဲ့သေး သည်။
ဒီမိုကရေစီ အင်အားစု များ ကို နည်းမျိုး စုံ ဖြင့် ဝေဖန် သော်လည်း စစ်အဏာရှင် စနစ်ကို သော် လည်းကောင်း စစ်အာဏာရှင် စနစ် ကို ပုံဖော် သူများ နှင့် ၎င်း တို့၏ ဒေါက်တိုင် များကိုမူ မည် သည့် မှတ်ချက်မှ မပေးဘဲ တတ်အား သရွေ့ ချီးမွမ်းမှု ပြု ခဲ့သည်။
သံရုံး အမှု ထမ်း တစ်ဦး၏ ပြောပြချက် အရ ဒေါက်တာ နေ၀င်းမောင် သည် အနောက်နိုင်ငံ သံ အမှုထမ်း များ အား ဒီမိုကရေ လှုပ်ရှား သူများ ၏ အားနည်းချက် အချို့ကို ပုံကြီးချဲ့ ပြောတတ်သည် ဟု ဆိုသည်။
ဒေါက်တာ နေ၀င်းမောင် အား FNG မှ တစ်နှစ်တာ လူဆိုး ဆု ပေးရခြင်း နှင့် ပတ်သက်၍ ရန်ကုန်မြို့ မှ ၀ါရင့် သတင်းစာ ဆရာ တစ်ဦး က ဘယ်လိုခေါ်မလဲ ကျောင်း မှ ဆိုရင် School Bully လိုကလေးတွေ ရှိတယ် ..ခပ် ဆိုးဆိုး နဲ့ မှားမှန်း သိသိ စွပ် မှားတာ အပြစ်မဲ့သူတွေ ကို ဒုက္ခ ပေးတာ ..သူက တော့ State Bully ပေါ့ ဟု သုံးသပ် ပြောကြားသည်။
Freedom News Group သည် တစ်နှစ် တာ အတွင်း မြန်မာ နိုင်ငံ တွင် ထင်ရှား ကျော်ကြား သူများ နှင့် အတူ Hero of the Year နှင့် Person of the Year တို့ ကို လည်း ရွေးချယ်ဖော်ပြသွား မည် ဖြစ်ပါသည်။
Ref: FNG News
နေ့စဉ်သတင်းများ ( ၂၂ - ၁၂ - ၂၀၁၀ )
■ မြန်မာပြည်တွင်း မီဒီယာတွေ အားထုတ်မှု RSF ဖော်ပြ သတင်း
■ မြန်မာ့နိုင်ငံရေး အဖြေရှာရာမှာ ဒေါ်စု ပါဝင်ဖို့ အင်ဒိုနီးရှား တိုက်တွန်း သတင်း
■ မြန်မာနိုင်ငံ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ဒေါ်စု ILO နဲ့ ဆွေးနွေး သတင်း
■ လွတ်တော်ဘယ်နေ့ ခေါ်နိုင်မလဲ သတင်း
■ တိုက်ပွဲကြောင့် နအဖတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များနေ သတင်း
■ မာနယ်ပလောတွင် KNU နှင့် စစ်အစိုးရ တိုက်ပွဲဖြစ် သတင်း
■ RSO နှင့် ARNO လက်နက်ကိုင်တပ်ဖွဲ့များ နယ်စပ်တွင် တွေ့ဆုံ သတင်း
■ မြန်မာမှ ထွက်ပြေးလာသည့် စစ်သားတဦး လက်နက်နှင့်အတူ ပြန်ပို့ခံရ သတင်း
■ ထိုင်းညီအစ်ကို (၂) ဦးကြောင့် ကရင်နီလူမျိုးတဦး သေ၊ တဦး ဒဏ်ရာရ သတင်း
■ Work Permit မရှိသောကြောင့် အလုပ်သမား (၃၃) ဦးကို (၄၈) ရက် ထောင်ဒဏ်ချ သတင်း
■ သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ထောင် (၈) နှစ် ချခံရ သတင်း
■ ကြံ့ဖွံ့ပါတီက အနိုင်ရ ပါတီတချို့ကို တရားစွဲ သတင်း
■ ကိုယ်စားလှယ်လောင်း အသုံးစရိတ် အချိန်မီမပြလျှင် နာမည်ပျက်စာရင်း ၀င်မည် သတင်း
■ မြန်မာသင်္ဘောသား (၂၃) ဦး မိသားစုနှင့် အဆက်အသွယ်ရ သတင်း
■ ဂီရိအကူ (၄၅) ရာနှုန်းသာ ပေးနိုင်သေးကြောင်း ကုလ ပူးပေါင်းအဖွဲ့ ပြော သတင်း
■ ရခိုင်လေဘေး ကြံ့ခိုင်ရေး စိတ်မ၀င်စား သတင်း
■ ရေကာတာစီမံကိန်းကျေးရွာဖွင့်ပွဲ ဒေသခံများ မဖြစ်မနေတက်ရ သတင်း
■ ပဲခူး မွတ်စလင်သင်္ချိုင်းကိစ္စ အာဏာပိုင်များ အကြောင်းမပြန် သတင်း
■ ထိုင်းဘုရင်မင်းမြတ် ချီးမြှင့်သော သံဃာထူးချွန်ဆု ရှမ်းသံဃာတပါး ရရှိ သတင်း
■ ဂျာနယ်မဂ္ဂဇင်းတို့၏ မေးမြန်းမှု စီးပွားရေးလုပ်ငန်းရှင်များ မဖြေကြား သတင်း
■ ဖမ်းမိကျွန်းသစ် မြန်မာဘက်က ပြန်သွင်းခြင်းမဟုတ်ဟု ထိုင်းအမတ် ငြင်း သတင်း
■ ငါးမွေးမြူရေးလုပ်ငန်းများ အရှုံးပေါ် သတင်း
■ ဘဏ်သစ် (၄) ခုက ဘဏ်ခွဲပေါင်း (၂၀၀) ခန့် ဖွင့်မည် သတင်း
■ မိုင်းလားသို့ ကုန်စည်တင်ပို့မှု ပြန်လည်ခွင့်ပြု သတင်း
■ သီရိမင်္ဂလာဈေး ပြောင်းရမည် သတင်း
■ ကျောင်းသားလူငယ်တဦးမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးစာ သတင်း
■ ဒေါက်တာနေ၀င်းမောင် ဂုဏ်ပြုခံရ သတင်း
■ ဒီဇင်ဘာ (၂၂) ရက် နောက်ဆုံးရ သတင်းတိုများ သတင်း
■ ရွေးကောက်ပွဲက ကွန်ဟိန်းပြဿနာ (ဆောင်းပါး)
Wednesday, December 22, 2010
နေ့စဉ်သတင်းများ ( ၂၁ - ၁၂ - ၂၀၁၀ )
■ နိုင်ငံရေးအကျဉ်းသားကိစ္စ ICRC နဲ့ ဒေါ်စု တွေ့ဆုံ သတင်း
■ ဒေါ်စုနဲ့ ILO အရာရှိတွေ့ သတင်း
■ ဒေါ်စုနဲ့ တွေ့ဆုံမေးမြန်းခန်း ပြည်တွင်း သတင်းဂျာနယ်တွေ ဖော်ပြခွင့်မရ သတင်း
■ ကြံ့ဖွံ့ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ နေပြည်တော်မှာ စည်းဝေးပွဲတက်ရောက် သတင်း
■ ဗိုလ်ချုပ်ဟောင်း၏ သားကို နေရွှေသွေးအောင် လူလွှတ်၍ ရိုက်ခိုင်း သတင်း
■ အုပ်ချုပ်ရေးကဏ္ဍတွင် ကြံ့ဖွံ့ပါတီဝင်များကို အစားထိုး ခန့်အပ်မည် သတင်း
■ အသင်းအဖွဲ့ ဥပဒေပြင်ရန်နှင့် တွေ့ဆုံဆွေးနွေးရန် ဗိုလ်ချုပ်မှူးကြီးထံ တောင်းဆို သတင်း
■ ဒီကေဘီအေနှင့် (၄) ရက်မြောက် တိုက်ပွဲ သတင်း
■ အစိုးရက ငြိမ်းချမ်းသည့် နည်းဖြင့် မဖြေရှင်းနိုင်သရွေ့ တိုက်ပွဲဆက်ဖြစ်မည် သတင်း
■ ရှမ်းပြည်မြောက်ပိုင်း စစ်ရေး မငြိမ်သက်မှုတိုး သတင်း
■ တပ်မဟာ (၇) ဌာနချုပ်အား မြို့နယ်ခွဲအဆင့်အဖြစ် နအဖ တိုးချဲ့ သတင်း
■ နိုင်ငံရေးအကျဉ်းသား မသင်းဇူလိုင်ကျော် လွတ်မြောက် သတင်း
■ သင်္ကြန်မဏ္ဍပ်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ကိုစည်သူဇေယျကို ထောင် ၈ နှစ် ပြစ်ဒဏ်ချ သတင်း
■ ရွေးကောက်ပွဲအလွန် တရားစွဲမှုများ စတင်စစ်ဆေး သတင်း
■ ဖားကန့် ကျောက်စိမ်းမော်ထဲ KIO မှ တဖန် အခွန်ကောက်ခံနေ သတင်း
■ ကျိုင်းတုံ - မိုင်းလား ကုန်တင်ကား ဖြတ်သန်းခွင့် နအဖ ပြန်လည်ခွင့်ပြု သတင်း
■ ဆိုင်းတောင်-ဖားပြင်တံတား မြေပြိုကျမှုကြောင့် သွားလာရေး ခက်ခဲနေ သတင်း
■ အလုပ်ပွဲစားက အဓမ္မစစ်သားစုဆောင်းမှု ILO ကို တိုင်ကြား သတင်း
■ ပတ်ဝန်းကျင် ထိန်းသိမ်းရင်း စီးပွားရေးလုပ်မည်ဟု အင်သားပါတီ ပြော သတင်း
■ ကျားဖြူနှင့် USDP အပြန်အလှန် တရားစွဲဖို့ ပြင်ဆင် သတင်း
■ စင်တင်ပွဲများ ဆင်ဆာဖြတ်ပြီးမှ ကရမည် သတင်း
■ ပိုက်လိုင်းကြောင့် ကျောက်ဖြူမှာ လယ်မြေတွေ ဆုံးရှုံးကြရ သတင်း
■ ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်း ရခိုင်ကို အကျိုးသာယုတ်စေမည် သတင်း
■ ဒီဇင်ဘာ (၂၁) ရက် နောက်ဆုံးရ သတင်းများ သတင်း
■ ထူးထူးခြားခြား ခမ်းခမ်းနားနား မင်္ဂလာပွဲ (၆) ပွဲ ကျင်းပမယ့် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် သတင်း
■ မြောက်ကိုရီးယား ကုလ နျူကလီးယား စစ်ဆေးရေးမှူးတွေ လာရောက်ခွင့်ပြုမည် သတင်း
■ ဦးကျော်ငြိမ်းနှင့် တိုင်း ၆ (ဆောင်းပါး)
မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၂)
ရော်နီညိမ်း
စနေ, 18 ဒီဇင်ဘာ 2010
မြန်မာစစ်အစိုးရမှာ ‘အဏုမြူလက်နက်တွေထုတ်လုပ်မယ့် နျူးကလီးယား စီမံကိန်း’ ရှိနေတယ်ဆိုတဲ့ အထောက်အထား တချို့ကို ယူဆောင်ပြီး၊ ပြည်ပကို ထွက်ခွါလာခဲ့သူကတော့ မြန်မာ့တပ်မတော်မှာ စစ်အင်ဂျင် နီယာအရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းပါ။ တပ်မတော် နည်းပညာ တက္ကသိုလ် DSTA ဗိုလ်သင်တန်း အပတ်စဉ် (၁) က ကျောင်းဆင်း ခဲ့ပြီးတော့၊ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင်ရာ စက်မှု ဘာသာရပ် နဲ့ မဟာသိပ္ပံဘွဲ့ ရယူခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောကြားချက် ဒုတိယပိုင်းကို ဒီသီတင်းပတ်ရဲ့ “တပ် မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ်တင်ဆက် ထားပါတယ်။
ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးတို့က DSTA အပတ်စဉ်(၁)က ဆင်းတာဆိုတော့ ရုရှနိုင်ငံကို ဒီလို တပ်ကစစ် အင်ဂျင်နီယာ တွေကို နျူကလီးယား ဘာသာရပ်တွေ ဒုံးကျည် ဘာသာရပ်တွေ တက်ဖို့ လွှတ်တာဟာ ဘယ်တုန်း လောက်က စခဲ့ပြီးတော့ ဗိုလ်မှူးက ဘယ်အသုတ် လောက်မှာ သွားရတာပါလဲ ခင်ဗျ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်က ပထမဆုံး အသုတ်နဲ့ သွားရတာပါ။ ၂၀၀၁ခုနှစ် မေလကနေ စပြီး တော့ တက် ရပါတယ်။ ကျနော်တို့ ရုရှမှာ စာသင်လာခဲ့ရတဲ့ ပုံစံက project လုပ်တယ် ဆိုတာက ကိုယ်နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်မှာ၊ ဥပမာ rocket engine design လုပ်တယ်ဆိုရင် ကျနော်လုပ်တဲ့ project ဟာ ရုရှ rocket company တွေက design တွေမို့လို့ သူက မြန်မာပြည် ပြန်ရောက်တဲ့ အချိန်မှာ ဆက်လက် စမ်းသပ် ပြီးတော့ အသုံးချလို့ ရနိုင်တဲ့ project အပြည့်အစုံ ဖြစ်ပါတယ်။ အဲဒါတွေကို ကျနော်တို့ ကျောင်းပြီးလို့ ပြန်လာတဲ့ အချိန်မှာ ‘သသန’ ရောက်တဲ့အ ချိန်မှာ ကျနော်တို့ ကိုယ့် project ကိုယ် အကုန်အင်္ဂလိပ်လို ပြန်လုပ်ပြီး တော့ သိပ္ပံနှင့် သုတေသနဌာန ဌာနချုပ်မှူးဆီမှာ ကျနော်တို့ တင်ပြရတာပါ။ အဲဒါတွေက ကျနော်တို့ လက်တွေ့ လုပ်မယ်ဆိုရင် စမ်းသပ် သုတေသန လုပ်နိုင်တဲ့ project တွေဖြစ်ပါတယ်။
ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့ခင်ဗျ၊ ဌာနချုပ်မှူးဆိုတာက ‘သသန’ ဌာနချုပ်မှူးပေါ့နော်။ ဘယ်သူပါလဲ မသိ ဘူးခင်ဗျ။ ဗိုလ်မှူးတို့ အချိန်တုန်းက။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဗိုလ်ချုပ်စိန်ဝင်း ဖြစ်ပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ အခုတော့ သူက ‘လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ်’ ဖြစ်သွားပါပြီ။ ဗိုလ်မှူးတို့ က ပထမဆုံး အသုတ် လွှတ်တာ ဆိုတော့ လူကြီးတွေက ပထမဦးဆုံး အသုတ်သွားမယ့် သင်တန်းသားတွေကို မှာကြားတာမျိုး ရှိပါသလား ခင်ဗျ။ ဗိုလ်မှူးတို့ကို ဘယ်လိုများ မှာကြား လိုက်ပါသလဲ။ ဒီလိုမျိုးပညာတွေ တတ် ပြီး ပြန်လာရင် ဘာလုပ်ဖို့လို့ ပြောပါသလဲ ခင်ဗျ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော်တို့မသွားခင် (၂) ရက် အလိုမှာ ဗိုလ်ချုပ်မှူးကြီးမောင်အေး “နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်” ကို ရောက်လာပြီးတော့ ကျနော်တို့ တပ်မတော် အရာရှိတွေချည့်ပဲ စုပြီးတော့ မိန့်ခွန်း ပြောပါတယ်။ သိပ္ပံနှင့် နည်းပညာ ၀န်ကြီး ဦးသောင်းလည်း ပါပါတယ်။ ကျနော်တို့ကို ပြောတဲ့ အထဲမှာ တော့ ဒီနေ့ခေတ် မြန်မာ့တပ်မတော် အနေနဲ့ ခေတ်မှီ လက်နက်တွေ ပိုင်ဆိုင်ဖို့ လိုအပ်ကြောင်း ဒါကြောင့်မိုလို့ nuclear ၊ rocket နဲ့ဆိုင်တဲ့ ပညာရပ်တွေ သွားသင်ဖို့ ကျနော်တို့ကို ရုရှကို လွှတ်မယ် ဆိုတဲ့အကြောင်း ကျနော် တို့ကို ပြောပါတယ်။ ပထမ စစချင်းမှာ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းက ကျနော်တို့ကို နျူကလီးယား ပညာရပ် တစ်မျိုးအတွက် တရုတ်ပြည်ကို သွားပြီးတော့ ညှိနှိုင်းတယ်လို့ ပြောပါတယ်။ ဒါပေမယ့် တရုတ်က ငြင်းလိုက်တယ်။ အိန္ဒိယကို သွားတယ်၊ အိန္ဒိယက လက်ခံတယ်။ ဒါပေမယ့် ရုရှသွားတဲ့အခါ ရုရှကလည်း လက်ခံတဲ့ အတွက်ကြောင့်မို့ ကျနော်တို့ကို ရုရှကို ပို့လိုက်တယ်ပေါ့။ သပိတ်ကျင်း စီမံကိန်း ဆိုတာတွေက အားလုံး လုပ်ပြီးသွားတဲ့ အချိန်လောက်ကျမှ ကျနော်တို့ကို အသိပေးတဲ့ပုံစံ တွေ့ရပါတယ်။ သပိတ်ကျင်းကို ၂၀၀၆ နှစ်လယ်ပိုင်းလောက် ကျမှ ကျနော်တို့ ရုရှပြန် အရာရှိတွေကို စုစည်းပြီး သိပ္ပံနှင့် နည်းပညာတပ် အမှတ်(၁) ဆိုပြီး ဖွဲ့စည်းပြီးတော့ လွှတ်လိုက်တာ ဖြစ်ပါတယ်။
ဦးရော်နီညိမ်း။ ။ အဲဒီတော့ ရုရှနိုင်ငံကကော နျူကလီးယားပညာရပ် ဒုံးကျည် ပညာရပ်တွေကို တကယ် ပဲ သူတို့ဆီက ပညာရှင်တွေကို သင်ကြား မွေးထုတ်ပေးသလို ဗိုလ်မှူးတို့ကိုကော စံချိန်အပြည့် စံချိန်မှီ သင်ကြား ပေးပါသလား ခင်ဗျ။ သွားတက်ရတဲ့ ကျောင်းတွေကကော ကမ္ဘာ့ အဆင့်နဲ့ အညီ သတ်မှတ်ထားတဲ့ ဥပမာ အင် ဂျင်နီယာပိုင်းဆိုရင် အမေရိကားမှာ MIT (Massachusetts Institute of Technology) တို့ အိန္ဒိယက IIT (Indian Institutes of Technology) တို့လိုမျိုး ထိပ်တန်း အင်ဂျင်နီယာ ဘာသာရပ်သင် တက္ကသိုလ်ကြီးတွေနဲ့ ယှဉ်ရင် ဘယ်လို အနေအထား ရှိပါသလဲခင်ဗျ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်တို့ သွားတက်လာခဲ့တဲ့ Bauman University (Bauman Moscow State Technical University) က မြန်မာပြည် အနေနဲ့ ပြောမယ်ဆိုရင်တော့ စက်မှု တက္ကသိုလ်ကြီးပဲပေါ့။ သူ က University ဖြစ်ပြီးတော့ ကျနော်တို့ မြန်မာပြည်မှာ ဆောက်ခဲ့တဲ့ RIT - Rangoon Institute of Technology ဆိုတာကတော့ Institute အဆင့်ပဲ ရှိတာကိုး။ University အောက်မှာမှ Institute တွေရှိတာ ကိုး။ သဘောက မြန်မာပြည်မှာ ရှိတဲ့ RIT ဆိုတာ ကျနော်တို့ Bauman University ကြီးရဲ့ အခွဲတစ်ခု လိုမျိုး ပေါ့၊ အဲဒီလို ရှိပါတယ်။ ရုရှားမှာလည်း main ပင်မ တက္ကသိုလ် ရှိတယ်။ သူ့ကို အမ်ဂယ်(လ်)တဲအူး (ရုရှဘာ သာနှင့် М.Г.Т.У - Московский Государственный Технический Университет имени Н.Э. Баумана – အင်္ဂလိပ်ဘာသာ MSTU- Moscow State Technical University) လို့ခေါ်တယ်။ ဆိုလိုတာက မော်စကို စက်မှု တက္ကသိုလ်ပေါ့ ခင်ဗျာ။ ကျနော် တက်ခဲ့တာ က အဲဒီ မော်စကို စက်မှု တက္ကသိုလ်မှာပါ။ သူတို့ သင်တဲ့ ပုံစံကတော့ ရုရှ ကျောင်းသားတွေကို သင်တာနဲ့ အနည်းအကျဉ်း ကွာခြားမှု ရှိပါတယ်။ ဥပမာ ကျနော်တို့ rocket engine design ဌာနမှာဆိုရင် ကျနော်တို့ကို liquid fuel (လောင်စာအရည်) နဲ့ အသုံးချတဲ့ rocket engine design ကိုပဲ သင်ပေးတယ်။ solid fuel (လောင်စာခဲ) သုံးတဲ့ rocket engine design ကို သင်မပေး ပါဘူး။ နောက်ပြီးတော့ project လုပ်တဲ့ အခါမှာလည်း ကျနော်တို့ကို First Stage Rocket Engine Design ကို project မလုပ်ခိုင်းဘဲ Second Stage Rocket Engine Design ကိုပဲ လုပ်ခိုင်းတာ ရှိပါတယ်။
(မှတ်ချက်။ ။ liquid fuel (လောင်စာအရည်) - ဒုံးကျည်တွေမှာ လောင်စာအရည် အဖြစ် စသုံးဖို့ ၁၉၀၃ ခုနှစ်မှာ ရုရှ သိပ္ပံပညာရှင် Konstantin Tsiolkovsky လမ်းညွှန်မှု ပေးခဲ့ပြီး အမေရိကန် ပါမောက္ခ Robert H. Goddard က ၁၉၂၆ မှာ စတင် ဆောင်ရွက်ခဲ့ပါသည်။ solid fuel (လောင်စာခဲ) – (၁၃)ရာစုကနေ (၂၀) ရာစု မတိုင်ခင် (သို့မဟုတ်) လောင်စာရည်သုံး ဒုံးကျည်တွေက efficiency နှင့် control ပိုမို ကောင်းမွန်ကြောင်း မဖော်ထုတ်နိုင်ခင် အထိ၊ ဒုံးကျည်တွေမှာ လောင်စာခဲ အဖြစ် ယမ်းမှုန့်များကို သုံးခဲ့ပါသည်။ Multistage Rocket ဆိုသည်မှာ အဆင့် နှစ်ဆင့်ထက် ပိုပြီး ပါဝင်တဲ့ ဒုံးကျည် အမျိုးအစားတွေပါ။ ပုံမှန်အားဖြင့် First Stage ဆိုတာ အောက်ဆုံးက အကြီးဆုံး အပိုင်းဖြစ်ပြီးတော့ Second Stage ဆိုတာကတော့ တွဲဆက်ပါနေ တဲ့ အပေါ်က အပိုင်းကို ဆိုလိုပါသည်။)
ဦးရော်နီညိမ်း။ ။ အဲဒီတော့ဘယ်လိုပဲပြောပြော၊ ဒီတက္ကသိုလ်ကြီး ကမ္ဘာ့ထိပ်တန်း အင်ဂျင်နီယာ တက္ကသိုလ်တွေ ထဲမှာ စာရင်းဝင်တဲ့ တက္ကသိုလ်ကြီး တစ်ခုမှာ ဗိုလ်မှူးတို့ သွားရောက် ပညာသင်ကြားခဲ့တဲ့ သဘောပဲ ပေါ့။ နောက်ပြီးတော့ နျူကလီးယား ပညာရပ်ကို သွားသင်တယ်ဆိုတာ ဘာမှတော့ ပြဿနာမရှိဘူး။ ငြိမ်းချမ်း တဲ့ ကိစ္စမှာသုံးဖို့ အရပ်ဘက်သုံး ဘာညာ ဆိုလို့ရှိရင် သူတို့ တည်ဆောက်မယ့် nuclear reactor တွေကိုလည်း သူတို့က IAEA ရဲ့အစစ်မခံနိုင် လို့ ဗိုလ်မှူးတို့လို တပ်မတော် အရာရှိတွေကို ပြန်လာရင်လည်း တောထဲမှာပဲ ကြိတ်ပြီး စက်ရုံတွေဆောက်ပြီး လုပ်တယ် ဆိုတဲ့ သဘောမျိုးပေါ့နော်။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်တို့ အသုတ်တွေမှာ အရပ်ဖက်အင်ဂျင်နီယာ တွေလည်း ပါပါတယ်။ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနက GTI (Government Institute of Technology) ကျောင်းအုပ်တွေ ဆရာတွေ ပေါ့။ ဆရာတွေ ပါပါ တယ်။ ထူးခြားတာ တစ်ခု ကတော့ ကျနော် တွေ့ခဲ့တာက ကျောက်ဆည်က ကြံ့ခိုင်ဖွံ့ဖြိုး ရေး စည်းရုံးရေးမှူး တစ်ယောက် ပါတယ်။ သူက မြန်မာစာ အဓိကနဲ့ ပြီးထားတဲ့လူ။ သူ့ကို MEPhI (Moscow Engineering Physics Institute) ဆိုတဲ့ Nuclear Physics ကျောင်းကို စာသင်ဖို့ လွှတ်ခဲ့တာ ကျနော် တွေ့တယ်ဗျ။
ဦးရော်နီညိမ်း။ ။ ဆိုလိုတာက ကျောက်ဆည်မြို့ ကျောက်ဆည်နယ်ထဲက မြန်မာစာ အဓိကနဲ့ ကျောင်း ပြီးထား တဲ့ ပုဂ္ဂိုလ်ကို ရုရှမှာ နျူကလီးယား ဘာသာရပ် သင်ဖို့ စေလွှတ်တယ် ဆိုတော့၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်ကြီး တွေရဲ့ ကိုယ့်ဒေသခံ လူမို့လို့ ဆိုတဲ့ သဘောလား ခင်ဗျ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီလို ယူဆလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ တပ်မတော်ထဲမှာ အခု အသင်း အဖွဲ့ မဖွဲ့ရ ဆိုပေမယ့် ‘ကျောက်ဆည်အသင်း’ ဆိုပြီးတော့ ဦးသန်းရွှေကို နာယက ခန့်ပြီးတော့ လုပ်နေခဲ့တာ တွေကလည်း ရှိတယ်။ အမျိုးမျိုး အဖုံဖုံပဲ။ ကျနော်တို့ တပ်မတော် အစဉ်အလာတွေလည်း တော်တော်တော့ ပျက်နေပြီခင်ဗျ။
ဦးရော်နီညိမ်း။ ။ နောက်ပြီးတော့ ဒီလိုပညာရှင်တွေပေါ့နော်။ ဗိုလ်မှူးတို့လို အင်ဂျင်နီယာ အရာရှိတွေကို သီးသန့် DSTA လို ကျောင်းတွေ ထောင်ပြီးတော့မှ မွေးထုတ် လာခဲ့တာလည်း နှစ်တွေ ကြာလာခဲ့ပြီ၊ တခါ ဗိုလ်မှူးတို့ ဆိုရင်လည်း RIT လိုဟာမျိုးကို သွားပြီးတော့ Master တက်ခဲ့ရသေးတယ်။ နောက်တခါ နိုင်ငံခြားကို လည်းသွားပြီးတော့ အခုလို မျိုးဘွဲ့လွန်တွေ ထပ်ပြီး တက်ရတယ်။ အဲဒီတော့ (၁၅) နှစ်လောက် ကြာလာခဲ့တဲ့ အချိန်မှာ အခုချိန်ထိ မအောင်မြင်တဲ့ ကိစ္စ၊ အောင်မြင်ဖို့ အလှမ်းဝေးနေတဲ့ ကိစ္စလို့ နိုင်ငံတကာက ပညာရှင် တွေက သုံးသပ်နေရတဲ့ အဖြစ်ကို ဗိုလ်မှူး ဘယ်လို ထင်ပါသလဲခင်ဗျ။ ဒီ စစ်အစိုးရ ကြိတ်ပြီး လုပ်နေတဲ့ နျူကလီးယားစီမံကိန်း မအောင်မမြင် ဖြစ်နေရတဲ့ အပေါ်ကို၊ ဗိုလ်မှူး ဘယ်လို ခံစားမိပါသလဲ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ စီမံခန့်ခွဲမှု အပေါ်မှာပဲ မူတည်ပါတယ်။ ပြီးတော့ လူမှန် နေရာမှန် မရောက်တာ၊ အဲဒီ ပြဿနာက အဓိက ပါပဲ။ ကျနော်တို့ nuclear ၊ rocket စီမံကိန်းတွေမှာ ဆိုလျှင်လည်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနက တာဝန် ယူပြီးတော့ စီစဉ်ပေမယ့် ရုရှကို ရောက်သွားတဲ့ အချိန်ကျတော့ ကိုယ်သင်ရမယ့် subjectနဲ့ ကိုယ့်ရဲ့ အခြေခံ knowledge နဲ့ မကိုက်တာတွေ အများကြီး ရှိပါတယ်။ ကွန်ပျူတာ ဘာသာရပ်နဲ့ ကျောင်းပြီးလာတဲ့ DSA က ညီတွေဆိုရင် Nuclear Physics သွားတက်ရတဲ့ အခါ ကိုးလို့ကန့် လန့်နဲ့ ဒုက္ခ ရောက်ကုန် ကြတာရှိတယ်။ တချို့ကျ တော့ ဒီ entrance စာမေးပွဲမှာတင် ပြန်ခဲ့ရတာတွေ ရှိတယ်၊ အဲဒီလိုပေါ့ ကျနော်တို့ စကတည်းကိုက လူ့ အရင်းအမြစ်ကို တည်ဆောက်တဲ့ အချိန်မှာ ကတည်းကိုက လွဲ ချော် နေတာလေးတွေ ရှိပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ နောက်ပြီးတော့ နည်းပညာပိုင်း ဆိုင်ရာမှာလည်း ဒီနိုင်ငံကြီးတွေ ကတောင်မှ မအောင် မြင်နိုင်လို့ စွန့်လွှတ် ထားတဲ့ နည်းပညာမျိုးကိုပဲ အသုံးပြုတယ်၊ အဲဒါကလည်း ဒီကိစ္စ မအောင်မြင်ရ တဲ့ အကြောင်းရင်း တစ်ခု ဖြစ်နေတယ်လို့ ကျနော်တို့ ပြောသံ ကြားဖူးပါတယ်။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါကတော့ Carbon Monoxide Laser Beam ကိုသုံးပြီးတော့ isotopes တွေကိုခြား ပြီးတော့ uranium သန့်စင်တာ ပေါ့။ အဲဒီနည်းလမ်းကို အမေရိကား ကတောင်မှ အကုန်အကျများ လို့ ဆိုပြီးတော့ စွန့်လွှတ်ခဲ့တာ ကြာပါပြီ။ အဲဒါကို သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနက လုပ်တယ်။ အဲဒီမှာ သူတို့ က presentation တစ်ခု လုပ်တယ်၊ ဗိုလ်ချုပ်ကြီး မောင်အေးကို ခေါ်ပြီးတော့။ အဲဒီမှာ သံပြားကို ဖောက်သွား တယ်ပေါ့ သူတို့ရဲ့ laser beam က။ ဒါပေမယ့် အဲဒီအဆင့်ထက် ပိုပြီးတော့ သူတို့ ဆက်မလုပ်နိုင်ပါဘူး။ အဖျားရှူး သွားတာပါပဲ။
(မှတ်ချက်။ ။ Carbon Monoxide (CO) Laser = Carbon Dioxide (CO2) Laser ထက် အရည်အသွေး efficiency ပိုကောင်းသည်။ Carbon Dioxide (CO2) Laser = ၁၉၆၄ မှာ တီထွင်ခဲ့သော အစောဆုံး Gas Lasers တွေထဲက တစ်ခု ဖြစ်ပါငည်။ Carbon Monoxide (CO) Laser ကို ၁၉၆၉ မှာ တီထွင်ခဲ့ပြီး isotopes separation ကို ၁၉၇၀ နှစ်ကုန် ပိုင်းမှာ ပြုလုပ်နိုင်ခဲ့ပါသည်။)
ဦးရော်နီညိမ်း။ ။ ဆိုတော့ တခြားနိုင်ငံ မြောက်ကိုရီးယားနဲ့ကော လုပ်တာ ရှိပါသေးလားခင်ဗျ။ ‘သသန’ က။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြောက်ကိုရီးယားနဲ့လုပ်တဲ့ ဟာတွေက သမရိုးကျ လက်နက် အစီအစဉ်တွေပဲ ရှိပါတယ်။ ဒီ နျူကလီးယားနဲ့ ပတ်သက်တဲ့ ကိစ္စမှာတော့ မြောက်ကိုရီးယားတွေကို ကျနော် မတွေ့ခဲ့ရပါဘူး။
ဦးရော်နီညိမ်း။ ။ ဥမင်လှိုင်ခေါင်းတွေ ကိစ္စကတော့ ဒီ ‘သသန’ နဲ့ မဆိုင်ဘူးပေါ့။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ဥမင်လှိုင်ခေါင်းကိစ္စကို ကကယာ (ကာကွယ်ရေးဝန်ကြီးဌာန စစ် အင်ဂျင်နီယာ ညွှန်ကြားရေး မှူးရုံး) လုပ်တာပါ။ သူတို့မှာ ဌာန တစ်ခုရှိပါတယ်။ အဲဒီက နေပြီးတော့ မြန်မာအရာရှိ တွေကို မြောက်ကိုရီးယား အင်ဂျင်နီယာ ဥမင်လှိုင်ခေါင်း ဘာသာရပ် တွေ လာသင်ပေးပါတယ်။ နောက်ပြီး တော့ FCCS (Fire Control Computer System) 'အမြောက် ဒုံးကျည် ပစ်မှတ်လမ်းညွှန် ကွန်ပျူတာစနစ'် ဆိုတဲ့ သင်တန်းကိုလည်း မြောက်ကိုရီးယားတွေက လာ သင်ပေးပါတယ်။ အဲဒါကတော့ လက်ရုံးတပ် (တိုက်ခိုက်ရေး တပ်များ အတွက် အထောက်အကူ ပေးရသောတပ်) တွေက အရာရှိတွေကို ခေါ်ပြီးတော့ သင်ပေးတာပါ။ နောက် ရေဒါသင်တန်း တစ်ခုကလည်း ရှိပါသေး တယ်၊ အဲဒါလည်း မြောက်ကိုရီးယားတွေပဲ လာသင်ပေးတာ ပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဗိုလ်မှူးက မြိုင်မြို့နယ် စက်ရုံက ဆိုတော့ နောက်ထပ် ‘သနလ’ ရှိသေးလား ခင်ဗျ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြိုင်စက်ရုံက သနလ(၂) ဖြစ်ပါတယ်။ သနလ(၁) က ပြင်ဦးလွင် စက်ရုံပါ။ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးက ပြောထားတာ ကတော့ သနလ (၁)၊(၂)၊(၃)၊(၄)၊(၅) အထိ ဆက်ပြီးတော့ ဖွဲ့စည်း သွားဖို့ရှိတယ်လို့ ပြော ပါတယ်။ ဒါပေမယ့် (၂)မှာပဲ သူတို့ ဆုံးသွားတယ်။ သနလ(၃) ရဲ့နေရာကိုတော့ အလောင်းတော် ကဿပ ဥယျဉ်နားက 'ပုထိုးလုံ'ဆိုတဲ့ ရွာနားလေးမှာ လုပ်ဖို့ လျာထားတယ် လို့တော့ ကြားလိုက် ပါတယ်။ ဒါပေမယ့် စီမံကိန်းက ပျက်သွားပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဗိုလ်မှူးလုပ်ခဲ့တဲ့ ဒီ သနလ(၁) က ကာကွယ်ရေးဝန်ကြီးဌာန အောက်က မဟုတ်ဘူးပေါ့။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ် ခင်ဗျ၊ ဒီနေရာမှာ အင်မတန် ရှုပ်ထွေးပါတယ်။ ကျနော် သေသေ ချာချာ ရှင်းပြမှ ရမှာပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ပြောပါဦး။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဒီစက်ရုံတွေကို စပြီးတော့ found လုပ်တာ (တည်ထောင်တာ)က စပြီးတော့ အခြေချတာက သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ကလုပ်တာပါ။ ပြီးသွားတဲ့ အချိန်မှာ အဲဒီစက်ရုံတွေမှာ ၀င်ပြီး တော့ နေရာယူမယ့် လူတွေကျတော့ ကျနော်တို့ ဖြစ်ပါတယ်။ ကျနော်တို့ကို ရုရှက ပြန်လာတဲ့ အချိန်မှာ အဲဒီ စက်ရုံတွေထဲကို ထည့်လိုက်ပါတယ်။ ပြင်ဦးလွင် စက်ရုံကို သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံ အမှတ်(၁) ဆိုပြီး တပ် ဖွဲ့စည်းလိုက်ပြီးတော့ ကျနော်တို့ကို အဲဒီကို လွှတ်လိုက်တယ်။ နောက်ပြီးတော့ မြိုင်စက်ရုံကို ကျတော့ သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံ အမှတ်(၂) ဆိုပြီး တပ်တစ်တပ် ဖွဲ့ပြီး တပ်မှူး တစ်ယောက်နဲ့ ကျနော်တို့ကို လွှတ်လိုက်ပြန်ပါတယ်။ နောက်ပြီး သပိတ်ကျင်း စီမံကိန်းက ဆောက် ပြီးသွားပြီ။ အဲဒီမှာ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနက သိပ္ပံပညာရှင်တွေကလည်း အဲဒီကို ရောက်နေပြီပေါ့။
ဦးရော်နီညိမ်း။ ။ Nuclear Physics ပညာရှင်တွေ ပေါ့နော်။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့။ အဲဒီအချိန်မှာမှ ကျနော်တို့ဆီက ရုရှက ပြန်လာတဲ့ နျူကလီးယား ဘာ သာရပ် နဲ့ ကျောင်းပြီး လာတဲ့ အရာရှိတွေကို၊ တခါ တပ်မှူးတစ်ယောက်နဲ့ တပ်ဖွဲ့ တစ်ဖွဲ့ ဖွဲ့ပြီးတော့ အဲဒီအထဲ ကို ထည့်လိုက်ပါ တယ်။ အဲဒီမှာ….
ဦးရော်နီညိမ်း။ ။ အဲဒီတော့ ဗိုလ်မှူးက နောက်ဆုံး သနလ(၁) ကနေ ပြည်ပကို ထွက်ခွါလာတာလား၊ သနလ (၂) ကနေ ကို ထွက်ခွါလာတာလား ခင်ဗျာ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော် သနလ (၁) ကနေ ထွက်လာတာပါ။
ဦးရော်နီညိမ်း။ ။ ပြင်ဦးလွင်က နေပေါ့။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ခင်ဗျာ။
ဦးရော်နီညိမ်း။ ။ ဒါပေမယ့် အများကသိနေတာက ဗိုလ်မှူးကို မြိုင်ကလို့ပဲ သိနေတာ။ မြိုင်လည်း သွားပြီး တာဝန် ထမ်းဆောင်ဖူးတယ် ပေါ့။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော် မြိုင်ကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာကနေ ၂၀၁၀ဇန်န၀ါရီ အထိ ကျနော် မြိုင်မှာ ရှိနေ ခဲ့ပါတယ်။ (၃) နှစ်လောက် ပေါ့။ အဲဒီအချိန်မှာ ၂၀၁၀ ဇန်န၀ါရီမှာ ကျနော် ပြင်ဦးလွင်ကို ပြန်ပြောင်းရပါတယ်။ သနလ(၁) ကို ပြန်ပြောင်းပြီး အဲဒီမှာ (၁)လလောက် နေပြီးမှ ကျနော် ထွက်လာတာပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒါဆို ဗိုလ်မှူး ဒီဓါတ်ပုံတွေနဲ့ ဂျာမဏီက စက်ကြီးတွေနဲ့ ပုံတွေကတော့ မြိုင် က ပုံတွေ ပေါ့နော်။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြိုင်က ပုံတွေလည်း ပါပါတယ်။ ပြင်ဦးလွင်က ပုံတွေလည်း ပါပါတယ်။ ရုရှက နေ ၂၀၀၅ နိုဝင်ဘာမှာ ကျနော် ရောက်ပါတယ်။ ပြန်လာခဲ့ပြီးတဲ့ အချိန်မှာ ကျနော်တပ် (၃) တပ်လုံးမှာ နေပြီး သွားခဲ့တဲ့ သဘောရှိပါတယ်။
ဦးရော်နီညိမ်း။ ။ မြန်မာစစ်အစိုးရရဲ့ နျူကလီးယားလက်နက်စီမံကိန်း အကြောင်း ဖော်ထုတ်တင်ပြပေး နေတဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောစကား အပိုင်း(၃)ကိုတော့ ရှေ့သီတင်းပတ် ဗီအိုအေ မြန်မာပိုင်း အစီ အစဉ် စနေ၊ တနင်္ဂနွေ နံနက်တွေမှာ ဆက်လက် တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။
Ref: VOA News
Tuesday, December 21, 2010
နေ့စဉ်သတင်းများ ( ၂၀ - ၁၂ - ၂၀၁၀ )
■ လူထုအခြေပြု အဖွဲ့များ၏ လိုအပ်ချက် ဒေါ်အောင်ဆန်းစုကြည် ကူညီနိုင်မည် မျှော်လင့် သတင်း
■ ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဆိုင်းငံ့ သတင်း
■ စစ်အစိုးရနှင့် DKBA တိုက်ပွဲထပ်ဖြစ်၊ (၈) ဦး ကျဆုံး သတင်း
■ ထိုင်းနယ်စပ် နအဖလှုပ်ရှားစစ်ကြောင်းအား သျှမ်းပြည်တပ်မတော်က ခြုံခိုတိုက်ခိုက် သတင်း
■ အသွင်ပြောင်းရေး လက်မခံသော SSA တပ်စခန်းအား နအဖ ထပ်တိုက် သတင်း
■ တိုက်ပွဲကြောင့် ဒုက္ခသည်များ ထိုင်းဘက် ထပ်မံထွက်ပြေး သတင်း
■ အရှေ့တောင်အာရှတွင် လူသားဖွံ့ဖြိုးမှု မြန်မာ အနိမ့်ဆုံး သတင်း
■ လူထုအခြေပြုအဖွဲ့များ၏ လိုအပ်ချက် ဒေါ်အောင်ဆန်းစုကြည် ကူညီနိုင်မည် မျှော်လင့် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးတဲ့ ရုပ်ရှင်ကား ပြီးစီးလု သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးတဲ့ The Lady ရုပ်ရှင်ကားမှ ဓာတ်ပုံများ သတင်း
■ သာသနာ့ဥသျှောင်အဖွဲ့ ပြန်လည်ဖွဲ့စည်း သတင်း
■ စ၀်သုစန္ဒီဆု ပထဦးဆုံး သျှမ်းအမျိုးသမီး SWAN မှရရှိ သတင်း
■ ရနောင်းတွင် မြန်မာအလုပ်သမား တရာကျော် ဖမ်းဆီးခံရ သတင်း
■ အထည်ချုပ်စက်ရုံက အလုပ်သမားအခွင့်အရေး ပြဿနာများ သတင်း
■ ပဲခူးမြို့သစ် (၈) ရပ်ကွက်က မူစလင်သုဿာန်ဟောင်းကို အာဏာပိုင်များက ဘူဒိုဇာနဲ့ ထိုး သတင်း
■ ရထားလမ်းဖောက်ရန် ရခိုင်ဒေသခံ လယ်မြေများကို သိမ်းယူနေ သတင်း
■ ဓည၀တီမြို့ဟောင်းပေါ် ရထားလမ်း စဖောက် သတင်း
■ မော်ချီးခဲလုပ်ငန်းခွင်ရှိ ဗမာအလုပ်သမားများ ဒေသခံများအား အနိုင်ကျင့် သတင်း
■ မြန်မာဆန် ပြည်ပတင်ပို့မှု ဒေါ်လာသန်း (၁၀၀) ကျော်ဖိုး ကျဆင်း သတင်း
■ ကုန်သယ်ယူခ ဈေးတက်၊ ပစ္စည်းဈေးနှုန်းများပါ တက်ဖွယ်ရှိ သတင်း
■ လမ်းကြေး၊ တံတားကြေး တိုးမြှင့်ကောက်ခံသဖြင့် စီးပွားရေးသမားများ အခက်ကြုံ သတင်း
■ ဒီဇင်ဘာ (၂၀) ရက် နောက်ဆုံးရ သတင်းတိုများ သတင်း
■ အလွမ်းပြေစေ (ဆောင်းပါး)
■ လွတ်မြောက်ရေးအတွက် အကျဉ်းချခံရသူ (အင်တာဗျူး)
Monday, December 20, 2010
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် တိုက်တွန်းအားပေးခြင်း
EO 12958 DECL: 11/01/2014
TAGS PREL, PGOV, PHUM, PTER, SNAR, IN, BM, CN, India-Burma
SUBJECT: INDIA ENCOURAGES DEMOCRACY IN BURMA
REF: A. 10/23 CAMP-PYATT E-MAIL
B. NEW DELHI 6881
Classified By: PolCouns Geoffrey Pyatt, Reasons 1.4 (B,D).
အကြောင်းအရာ။ ။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် တိုက်တွန်းအားပေးခြင်း။
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ နိုင်ငံရေး ကောင်စစ်ဝန် ဂျော့ဖရီ ပိုင်ယတ် (Geoffrey Pyatt) အကြောင်းပြချက် 1.4 (B,D).
အကျဉ်းချုပ်
၁။ (C) အကျဉ်းချုပ်။ ။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် ဒီမိုကရေစီကင်းမဲ့နေမှုကို စိုးရိမ်ကြောင်း ရန်ကုန်မှ စစ် ခေါင်းဆောင် (ဗိုလ်ချုပ်) သန်းရွှေ မကြာသေးမီက လာရောက် လည်ပတ်ခဲ့သော ခရီးစဉ်တွင် အလေးပေး ဖော်ပြခဲ့ပြီး ၀န်ကြီးချုပ် မမ်မိုဟန် ဆင်းဂ် ကိုယ်တိုင် ဤ သတင်းစကားကို ပါးခဲ့သည်။ MEA တွဲဖက် အတွင်းရေးမှူး (အရှေ့တောင် အာရှ-I) မီတရာ ဗာရှစ်စတာ (Mitra Vashishta) က မိမိတို့ကို SIPDIS တွင် နိုဝင်ဘာ ၁ ရက်နေ့က ပြောကြားခဲ့သည်။ မြန်မာ့ ဒီမိုကရေစီရေး အတွက် တိုက်တွန်း အားပေးရန် ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲမှုများအတွက် အိန္ဒိယသည် အဓိက အခန်းကဏ္ဍက ရှိနေကြောင်း အိန္ဒိယနိုင်ငံ အစိုးရ၏ ယုံကြည်ချက်ကို ထင်ဟပ် ဖော်ပြခြင်းလည်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က "ပေါ်လိုက် ပျောက်လိုက် ရှိနေနိုင်ပြီး" မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပေါ်ထွန်း လာစေရေးသည် ပို၍ ကြီးလေးသော ထိတွေ့ဆက်ဆံမှု၊ ပြည်သူများနှင့် ပြည်သူများ အချင်းချင်း ဆက်ဆံမှုဖြင့်သာ အမြစ်တွယ်နိုင်သည်ဟု ပြောကြားသည်။ ဗာရှစ်စတာက ရည်ညွှန်းပြောကြားရာတွင် အောက်တိုဘာလ ၂၉-၃၁၊ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ အထူးသံ ရာဇာလီအစ္စမိုင်း နယူးဒေလီသို့ လာရောက် လည်ပတ်မှုသည် အိန္ဒိယနိုင်ငံ က မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အတွက် ဆက်လက်ဆောင်ရွက်လိုစိတ် ရှိနေသေးကြောင်း သန္နိဌာန်ကို ပြသခြင်းသာဖြစ် ကြောင်း ပြောကြားသည်။ အိန္ဒိယနိုင်ငံ အစိုးရအနေဖြင့် အမေရိကန် ပြည်ထောင်စုထံမှ (မြန်မာနိုင်ငံတွင်) ဒီမိုကရေစီပေါ် ထွန်းလာစေရေးအတွက် မည်သို့မည်ပုံ အကောင်းဆုံးမြှင့်တင် ဆောင်ရွက်သွားနိုင်မည်ကို အကြံပြုချက် များကိုလည်း ကြို ဆိုပါကြောင်း၊ အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေစိုက်ပြီး အိန္ဒိယနိုင်ငံကို ဆန့်ကျင်နေသည့် သောင်းကျန်းသူများကို နှိမ်နင်း ရေးကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ရန် ရန်ကုန် (အစိုးရ) ကို ထောက်ပံ့မှုများနှင့် စစ်လက်နက်ပစ္စည်းများ အကန့် အသတ်နှင့် ပေးအပ်မည်ဟု သဘော တူညီထားပြီး ဖြစ်ကြောင်း ပြောကြားသည်။ သို့သော်လည်း စစ်အစိုးရနှင့် ပူးတွဲ စစ် ရေး လုပ်ငန်းများ လုပ်ဆောင် သွားရန် အိန္ဒိယ နိုင်ငံတွင် အစီအစဉ်မရှိပါ။ နိုင်ငံရေးကောင်စစ်ဝန်က ယခုမြန်မာနိုင်ငံ ၀န်ကြီး ချုပ်အသစ် လက်အောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ အတိုက်အခံများ၏ လုံခြုံရေးနှင့် သူတို့အပေါ် ပြုမူ ဆက်ဆံပုံများကို စိုးရိမ်ပါကြောင်း အလေးပေး ပြောကြားသည်။ (ref A), ထို့နောက် အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ဒီမို ကရေစီရေးအတွက် ဆက်လက် ဖိအား ပေးသွားပါရန် တိုက်တွန်းသည်။ အကျဉ်းချုပ်- ဆုံး။
ဒီမိုကရေစီ
---------
၂။ (C) အောက်တိုဘာလ ၂၄-၂၉ တွင် ရောက်လာသည့် မြန်မာစစ်ခေါင်းဆောင် သန်းရွှေ၏ ခရီးစဉ်တွင် ဒီမိုကရေစီရေး သည် အိန္ဒိယနိုင်ငံ၏ ထိပ်တန်း ကိစ္စဖြစ်ကြောင်း၊ MEA တွဲဘက် အတွင်းရေးမှူး (အရှေ့တောင်အာရှ- - I) မစ်တရာ ဗာရှစ်စတာ (Mitra Vashishta) က နိုင်ငံရေး ကောင်စစ်ဝန် SIPDIS နှင့် နိုင်ငံရေး အရာရှိသို့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၀န်ကြီးချုပ် မမ်မိုဟန် ဆင်းဂ် ကိုယ်နှိုက် သန်းရွှေကို ဤကိစ္စပြောကြား ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး သတင်း မီဒီယာတွင် "ဖော်ပြနိုင်သည့် နည်းလမ်းထက် ပို၍ပြင်းထန်စွာ" ဆွေးနွေး ပြောကြားခဲ့သည်ဟု သူက ဆိုသည်။ အိန္ဒိယ နိုင်ငံအနေဖြင့် (မြန်မာနှင့်) ဆက်ဆံရေးတွင် အကျိုးယုတ်စရာ အကြောင်းရှိသော်လည်း ဒီမိုကရေစီ အရေးကို မြှင့်တင် ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားသည်ဟု ပြောသည်။ ဗာရှစ်စတာက ပြောကြားရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် "တည်ငြိမ် သော၊ ငြိမ်းချမ်းသော၊ ကြွယ်ဝသော ဒီမိုကရေစီ မြန်မာနိုင်ငံ" ကို မြင်တွေ့လိုပါသည်ဟူသော စာပိုဒ်ကို ပူးတွဲထုတ်ပြန် ကြေညာချက်တွင် ထည့်သွင်း ဖော်ပြလိုသည့် အတွက်ကြောင့် တိုက်ပွဲ ဆင်ခဲ့ရသည်ဟု ဆိုသည်။ သူက မှတ်ချက်ပေးရာ တွင် မြန်မာကိုယ်စားလှယ်အဖွဲ့က ဤစာပိုဒ်ပြုတ်ကျန်စေရန်"မည်သို့ဖြစ်ဖြစ် လုပ်ဆောင်လိုကြောင်း"၊ ဤစာပိုဒ်ထည့်သွင်း ခြင်းသည် "အိန္ဒိယနိုင်ငံက အာဏာသိမ်းခြင်း" သာ ဖြစ်သည်ဟု ဖြည့်စွက်ပြောသည်။ နောက်ဆုံး ထုတ်ပြန်ကြေညာချက် ကို အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး "အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် မြန်မာနိုင်ငံတွင် စောလျှင်စွာ ဒီမိုကရေစီ ကူးပြောင်းရေးကို ထောက်ခံပါကြောင်း" ဖော်ပြထားသည်။
၃။ (C) မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ဆက်လက်မြှင့်တင်နိုင်ရေးအတွက် နယူးဒေလီအစိုးရ၏ အစီအစဉ်ကို မေးမြန်းရာ၌ ဗာရှစ်စတာက တုံ့ပြန်ဖြေဆိုရာတွင် ရန်ကုန်က အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစံပြ နမူနာကို ထည့်သွင်း စဉ်းစားပါကြောင်းနှင့် အိန္ဒိယအစိုးရက (မြန်မာနိုင်ငံတွင်) ဒီမိုကရေစီ မြှင့်တင်ရေးအတွက် အကောင်းဆုံး "ယုံကြည်ကိုးစားမှု" ရှိထားသည်ဟု ဆို သည်။ သူက ဒီမိုကရေစီကို အောက်ခြေ လူထုများ၏ ကြိုးပမ်းဆောင်ရွက်ချက်များ ဖြင့်သာ တည်ထောင်နိုင်မည်ဟု ထင်မြင်သည်။ ဤနေရာတွင် အိန္ဒိယနိုင်ငံက မြန်မာပြည်သူများ အာဏာ ပိုရှိလာစေရေး အတွက် "မည်သို့ပင်ဖြစ်စေ" ဆောင်ရွက် သွားမည်ဟုလည်း အလေးပေး ပြောကြားသည်။ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံအကြား ပြည်သူများ-ပြည်သူများ အချင်းချင်း ဆက်ဆံရေး တိုးမြင့်လာခြင်းကို ရည်ညွှန်း၍ ဗာရှစ်စတာက ပြောရာတွင် အိန္ဒိယ အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် လည်း အလားတူ မဟာဗျူဟာ ချမှတ် ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊ အားကစား ဆက်ဆံမှု များ တိုးမြှင့်ရင်း ဆောင်ရွက်သွားမည်ဟု ပြောသည်။ "မိမိတို့က မြန်မာနိုင်ငံ အခြေအနေအပေါ် ပါကစ္စတန်လောက် စိတ် မပူ" ဟုလည်း သူက မှတ်ချက်ပေးသည်။ ရန်ကုန်တွင် မည်သို့မည်ပုံ အပြောင်းအလဲများ ဆောင်ရွက်နိုင်မည်ကို အမေရိကန် ပြည်ထောင်စု၏ အကြံ ပြုချက်များကိုလည်း ကြိုဆိုပါကြောင်း သူက ဖြည့်စွက်ပြောသည်။
၎။ (C) ဗာရှစ်စတာ အဆိုအရ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးသည် လူအများအလွန် လေးစားကြသည့် ဒေါ်အောင်ဆန်း စုကြည်နှင့် နီးစပ်စွာ ဆက်နွယ်နေကြောင်း၊ သူ၏ ကာလများက "ပေါ်လာလိုက် ပျောက်သွားလိုက်" ရှိနေနိုင်ကြောင်း ဆို သည်။ သူက ပြောရာတွင် သန်းရွှေက ခရီးစဉ်အတွင်း ဒီမိုကရေစီရေး အတွက် ဆုံးဖြတ်ချက် ချထားသည်ကို ဖော်ပြခဲ့ ကြောင်း၊ သူက မျက်နှာ မပျက်ရဘဲ ဆောင်ရွက်နိုင်ပါလျှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ အတွက် ပို၍ ဆောင်ရွက်နိုင် မည်ဟုလည်း ခန့်မှန်း ပြောကြားခဲ့သည်။ နိုင်ငံရေး ကောင်စစ်ဝန်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ကင်းမဲ့နေသည့်အပေါ် အမေရိကန် ပြည်ထောင်စု၏ စိုးရိမ် ပူပန်ချက်များကို ဖော်ပြခဲ့ပြီး ဤကိစ္စကို အိန္ဒိယနိုင်ငံက စစ်အစိုးရနှင့် ဆက်လက်ဖိအား ပေး ဆောင်ရွက်နိုင်လိမ့်မည်ဟု ဖော်ပြပြောဆိုခဲ့သည်။
မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံခြင်းသည် အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာလိုအပ်ချက်များအရ ဖြစ်သည်။
--------------------------------------------- --
၅။ (C) သန်းရွှေ၏ ခရီးစဉ်ကို "အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားလုံးလုံး" ဖြစ်ကြောင်း ဖော်ပြပြီး ဗာရှစ်စတာက ပြောကြားရာတွင် ယခင်ဝန်ကြီးချုပ် ခင်ညွန့် ထုတ်ပယ်ခံရသည့် နောက်ပိုင်း (မည်သို့ပင်) ဖြစ်စေ၊ နယူးဒေလီကလည်း ဤခရီးစဉ်နှင့် ပတ်သက်၍ ရှေ့ဆက် ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောသည်။ အကြောင်းမှာ ခင်ညွန့်ကို အစားထိုးခန့်အပ် ခြင်းသည် "ဒီမိုကရေစီ ရွှေမှုန်ကြဲလာစေမည့်" ဖော်ပြချက်တခုအဖြစ် မယုံကြည် ထားသောကြောင့်ဟု ဆိုသည်။ အိန္ဒိယ အစိုးရက ယုံကြည်သည်မှာ အာဏာသိမ်းမှုသည် "အတွင်း ပဋိပက္ခ" သာ ဖြစ်ပြီး စစ်အစိုးရ အနေနှင့် တစုံတရာ မတည်မငြိမ် ရှိနေဦးမည်ဟု သူက ခန့်မှန်း ပြောဆိုသည်။ သာဓကအနေနှင့် သန်းရွှေက အခြား အာဏာကြီးသည့် ဗိုလ်ချုပ်၂-ဦးဖြစ်သည့် သူရရွှေမန်းနှင့် စိုးဝင်းတို့၏ ဇနီးများနှင့် လာရောက် လည်ပတ်ခြင်းသည် ရန်ကုန်ရှိ ဗိုလ်ချုပ်များအကြား သန်းရွှေမရှိစဉ် တည်ငြိမ်နေစေရန် "ဓားစာခံအဖြစ်" ခေါ်လာခြင်းသာဟု သူက တွက်ဆသည်။
၆။ (C) ဗာရှစ်စတာက ထပ်၍ ပြောကြားရာတွင် စစ်အစိုးရနှင့် အပြုသဘော ဆက်ဆံခြင်းဖြင့်သာ အဓိပ္ပာယ် ရှိသော အပြောင်းအလဲများ ဖြစ်ပေါ်လာစေမည်ဟု အိန္ဒိယက ယုံကြည်နေသည်၊ ပိတ်ဆို့ဒဏ်ခတ်မှုက မြန်မာနိုင်ငံကို ပို၍ အထီးကျန်ဖြစ်စေမည်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် မတိုက်တွန်းနိုင်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် အလွန်အထီးကျန်ဖြစ်နေပြီး သန်းရွှေ ကိုယ်စားလှယ် အဖွဲ့၏ အဖွဲ့ဝင်များသည် အမေရိကန် ပြည်ထောင်စု၏ အာရုံစိုက်ခံရမှု ရရှိစေရန် " အနုမြူဘက်သို့ လှည့်ပုံရသည်" ထင်ကြေးပေးကြောင်း သူက ပါကစ္စတန်နှင့် နှိုင်းယှဉ်၍ မှတ်ချက်ချပြောသည်။ အကယ်၍ အိန္ဒိယကသာ မြန်မာနိုင်ငံကို အထီးကျန် ဖြစ်အောင် ထားပါက ရန်ကုန် (အစိုးရ) နှင့် မည်သူကမျှ ဒီမိုကရေစီရေးအတွက် သော်လည်းကောင်း၊ သို့မဟုတ် အခြား ကိစ္စများအတွက် သော်လည်းကောင်း ဆက်ဆံပြောဆိုသူ ရှိမည်မဟုတ်ဟု သူက အလေးပေးပြောသည်။
၇။ (C) ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် ရာဇာလီ အစ္စမိုင် အောက်တိုဘာလ ၂၉-၃၁ ရက်က နယူးဒေလီ သို့ ရောက်ရှိ လာခြင်းမှာလည်း တိုက်ဆိုင်မှု မဟုတ်ကြောင်း အချိန်ကိုက်မှုကို ဦးစားပေးဖော်ပြပြီး ဗာရှစ်စတာက ဆိုရာ၌ အိန္ဒိယ နိုင်ငံက ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံအရေး အတွက် လုပ်ဆောင်ရန် ဆန္ဒရှိပါသည်ဟု ဆိုသည်။ သို့သော်လည်း သူက ၎င်းအဖွဲ့အစည်းသည် ဖွံ့ဖြိုးဆဲ နိုင်ငံများအမြင်၌ "ယုံကြည်ကိုးစားမှု ကျဆင်းနေကြောင်း" ငြင်းချက်ထုတ် ပြောဆိုသည်။ အနည်းဆုံး "မြန်မာနိုင်ငံဘက် ပိုလိုလားသည့်" ကြိုးပမ်းမှုမျိုး ပြသင့်သည်ဟု ဆိုသည်။ ဥရောပသမဂ္ဂ အနေနှင့် မြန်မာနိုင်ငံ အရေးတွင် အရေးပါသည့် အခန်းကဏ္ဍက ဆောင်ရွက်နိုင်ရန် အလွန် "ထင်ရှားလွန်းပြီး မသေသပ်၊ ရေတိုကြည့်သည်၊ ၀ိရောဓိကွဲစရာများ ပြည့်နေသည်" ဟု သူက ပြောသည်။ ထိုင်းနိုင်ငံက ရန်ကုန်နှင့် လက်ဦးမှုရှိစွာ ချည်းကပ်ဆောင်ရွက် နေသော်လည်း "သူတို့ ၀န်ကြီးက နောက်ထပ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ချင်သောကြောင့်" ဟုသာ ပြောဆိုသည်။
အကြမ်းဖက်မှု ဆန့်ကျင်ရေး သဘောတူညီချက်
---------------------------
၈။ (C) "သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာ ပြဿနာများအတွက်" နားလည်မှု စာချွန်လွှာ စာချုပ် ချုပ်ဆိုမှုသည်
"သူတို့က မည်သို့ ခေါ်ဆိုသည်ဖြစ်စေ" အကြမ်းဖက်မှု ဆန့်ကျင်ရေး သဘောတူညီချက်သာ ဖြစ်ကြောင်း၊ ဗာရှစ်စတာက
ပြောရာတွင် မြန်မာ့နယ်မြေ အတွင်း လှုပ်ရှားနေကြသည့် အိန္ဒိယ ဆန့်ကျင်ရေး စစ်သွေးကြွ အဖွဲ့များကို နှိမ်နင်းပေးရန် ရန်ကုန် (အစိုးရ) ၏ တာဝန်ရှိမှုကို ဤစာချုပ်တွင် ဖော်ပြထားကြောင်း ပြောသည်။ ရန်ကုန်က ဤသောင်းကျန်းသူ အဖွဲ့များကို နယူးဒေလီ (အစိုးရ) ကို ဆန့်ကျင်ရန် အားပေးအားမြှောက် ပြုထားသည်ဟု အိန္ဒိယနိုင်ငံက မယုံကြည်ပါ။ အကြောင်းမှာ "ဤကိစ္စသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာ အကျိုးစီးပွားမဟုတ်"၊ သို့သော်လည်း နယူးဒေလီအနေဖြင့် နယ်စပ်ဒေသများတွင် သောင်းကျန်းသူ လှုပ်ရှားမှုများ တိုးတက် လာသည့်အပေါ် စိုးရိမ်စိတ် ပွားရသည်ဟု ပြောသည်။ မြန်မာအစိုးရက အိန္ဒိယ-မြန်မာနယ်စပ်သို့ တပ်များ ရွှေ့ပြောင်းချထားရန် သဘောတူသည်။ သို့သော် "သူတို့အကျိုး စီးပွားကြောင့် မဟုတ်ဘဲ အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားက သူတို့နှင့် ဆက်စပ် ချည်နှောင်လာ သောကြောင့် ဖြစ်သည်" ဟု ဗာရှစ်စတာက စီးပွားရေးဖွံ့ဖြိုးမှု အပေါ် ဥပမာပေး ရည်ညွှန်း၍ ပြောဆိုသည်။ သူက မြန်မာနိုင်ငံနှင့် ပတ်သက်၍ အကောင်း မြင် ပြောဆိုရာတွင် အိန္ဒိယနိုင်ငံ၏ တောင်းဆိုချက် အပေါ် လေးနက်မှုရှိကြောင်း၊ ယခင် အတိတ်ကာလများနှင့် မတူ ကြောင်း ဆိုသည်။ မြန်မာနိုင်ငံ၏ ၀န်ကြီးချုပ်သစ် စိုးဝင်းက အိန္ဒိယနိုင်ငံ နယ်စပ်ဒေသများတွင် တပ်များကို ကွပ်ကဲဖူး သည်ဟု သူက မှတ်ချက်ချသည်။ နိုင်ငံရေး ကောင်စစ်ဝန်က စိုးဝင်းသည် ၂၀၀၃ မေလ ၃၀ ရက် ဒေါ်အောင်ဆန်း စုကြည်နှင့် သူ၏ နောက်လိုက် အင်အားစုများကို တိုက်ခိုက်ရာတွင် တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့မှုကြောင့် ဒေါ်အောင်ဆန်း စုကြည်နှင့် ဒီမိုကရေစီ အတိုက်အခံများ၏ လုံခြုံရေးနှင့် သူတို့အပေါ် ပြုမူဆက်ဆံပုံများကို စိုးရိမ်ပါကြောင်း အလေးပေး ပြောကြားသည်။ (ref A) ဗာရှစ်စတာကမူ မတူခြားနားသည့် သတင်းများ ရရှိထားပြီး အချို့သော အတိုက်အခံ အင်အားစု များက ရေတိုကာလတွင်ပင် နိုင်ငံရေးအရ ပွင့်လင်းမှုများ ရှိလာမည် မျှော်လင့်နေကြကြောင်း ပြောဆိုသည်။
စစ်ရေးပူးတွဲ လေ့ကျင့်မှု မရှိပါ။ သို့သော် ထောက်ပံ့မှုများ ရှိမည်။
---------------------------------------
၉။ (C) သန်းရွှေ ခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယ-မြန်မာ ပူးတွဲထုတ်ပြန်ကြေညာချက်တွင် "ပူးပေါင်း ဆောင်ရွက်မှုများ ချဲ့ထွင်ရန် အလား အလာများ ရှိနေသည်" ဟု ဖော်ပြ ထားသော်လည်း ဗာရှစ်စတာက ကာကွယ် ပြောဆိုရာတွင် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို "လုံးဝ မလုပ်ဆောင်ဟု ပိုင်းဖြတ်ထားကြောင်း" ဗာရှစ်စတာက အခိုင်အမာပြောသည်။ "အတိအကျ၊ အသေအချာ ပြောလိုသည်။ မလုပ်ပါ" ဟု ဆိုသည်။ အိန္ဒိယအစိုးရက ရန်ကုန်သို့ အကန့်အသတ်ဖြင့် စစ်ပစ္စည်းများ ထောက်ပံ့ကြောင်း သူက ဖော်ပြပြောဆိုသည်။ "အခြား အာဆီယံနိုင်ငံများ ထောက်ပံ့ ပေးနေသလိုပါပဲ" ဟု ဆို၍ မြန်မာ နိုင်ငံနှင့် ပူးတွဲစစ်ရေး ဆောင်ရွက်မှုများတွင်မူ "အလွန်တရာ ဂရုထားသည်" ဟု ပြောသည်။
၁၀။ (C) ဗာရှစ်စတာက အတည်ပြုရာတွင် လောင်စာစွမ်းအင်၊ ဓာတ်ငွေ့နှင့် ရေနံချက်စက်ရုံ အဆင့်မြှင့်ရာတွင် သုံးရန် အတွက် အမေရိကန် ဒေါ်လာသန်း ၂၀ ထောက်ပံ့ပေးခဲ့သည်။ ဤငွေကြေးသည် ရန်ကုန်ကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် လာစေရန် ဆွဲဆောင်မှု အတွက် သုံးသည်ဟု ပြောဆိုသည်။ သူက ရှင်းပြရာတွင် စစ်အစိုးရက "အချို့ကိစ္စများ လုပ်ဆောင်မှသာ" ဤရန်ပုံငွေများကို ရမည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံက " သူတို့ကို (ထောက်ပံ့ငွေ) ဖြင့် ဆက်ဆံ၍ ပြုပြင် ပြောင်းလဲရေး အတွက် အခြေခံများ ဖြည်းဖြည်းချင်း ချသွားမည်" ဟု မျှော်လင့်ထားကြောင်း ပြောသည်။ ဤသည်မှာ နယူးဒေလီ (အစိုးရ) ၏ ပြည်သူချင်း-ပြည်သူချင်း ဆက်ဆံရေး မဟာဗျူဟာ၏ တစိတ်တပိုင်းဟု ကြွားလုံး ထုတ်သည်။
တရုတ်နိုင်ငံ
-----
၁၁။ (C) မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ သြဇာအပေါ်စိုးရိမ်ကြောင်း ဖော်ပြ၍ ဗာရှစ်စတာက နိုင်ငံတော် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) သည် လူ့အခွင့်အရေး ကိစ္စနှင့် ပတ်သက်၍ "သူ၏ ဆရာထံမှ နိုင်ငံတကာကို မည်သို့ လှည့်ဖျားရမည်ကို လေ့လာ သင်ယူနေသည်" ဟု ဆိုသည်။ တရုတ်နိုင်ငံက အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် ဆိပ်ကမ်းများ ရလိုကြောင်း၊ သို့နှင့် "အိန္ဒိယသြဇာ လွှမ်းထားသည့် နေရာတိုင်းတွင်" ၎င်း၏ သြဇာကို မြှင့်တင်လိုကြောင်း သူက ပြော သည်။ ဗာရှစ်စတာက "ရှင်တို့ တရုတ်ပြည်သူ့ တပ်မတော် (PLA) က မြန်မာနိုင်ငံမှာ (ပတ်သက်နေမှု) ကို ကြားထားတာ က ရေခဲတောင်ကြီးရဲ့ အစွန်အဖျားပဲ ရှိသေးတယ်" ဟု ဆိုသည်။ အမေရိကန် ထောက်လှမ်းရေးများ သိရှိနေရမည်ဟု ဆိုသည်။ (မြန်မာနိုင်ငံ) ကို "တရုတ်က အဆင်သင့်ရနေသည်" ဟူသော မြန်မာနိုင်ငံ၏ ယုံကြည်နေမှု အပေါ် မြန်မာနှင့် အိန္ဒိယ ဆက်ဆံရေးက အခြေခံ နေသည်ဟုလည်း သူက အလေးပေး ပြောကြားသည်။
ဘာသာရေး
--------
၁၂။ (C) (မြန်မာ) ကိုယ်စားလှယ်အဖွဲ့က အိန္ဒိယနိုင်ငံတွင် အရေးပါသည့် ဗုဒ္ဓဘာသာစေတီပုထိုး များကို ပြီးခဲ့သည့် ၃ - နှစ်တာ ကာလအတွင်း လာရောက် လည်ပတ်ခဲ့သည်ကို မှတ်ချက်ပြု၍ သန်းရွှေက ထိုနေရာများကို ဘုရားဖူးသွားရန် အကြိမ် ကြိမ် တောင်းဆိုခဲ့ကြောင်း၊ ယခုခရီးစဉ် နောက်ကွယ်တွင် ဘာသာရေး ကိစ္စက အဓိက ရည်ရွယ်ချက် ဖြစ်ပုံရကြောင်း ခန့်မှန်း ပြောကြားသည်။ ယခု ဘုရားဖူး ခရီးစဉ်သည် စစ်အစိုးရ၏ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုကို ထင်ပေါ်စေရန် အရောင်တင် ရုံမျှသာ မဟုတ်၊ သန်းရွှေ၏ တဦးချင်း ယုံကြည် ကိုးကွယ်မှုနှင့် ဆိုင်မည်ဟု ဆိုသည်။ သို့သော် သူက ဖြည့်စွက်ပြောကြား ရာတွင် မြန်မာ စစ်အစိုးရက သူတို့ အမှားကျူးလွန်ခဲ့သည်ဟု မထင်ထားကြောင်း၊ ဤအပြစ်များအတွက် ၀ဋ်ဆေးစရာမလို ကြောင်း ဆိုသည်။
မှတ်ချက်
-------
၁၃။ (C) ယခင် ရန်ကုန် သံအမတ်ကြီးဖြစ်သူ နိုင်ငံခြားရေး အတွင်းဝန် ဆာရန် (Foreign Secretary Saran) က ဦးဆောင်၍ အိန္ဒိယ အစိုးရက မြန်မာနိုင်ငံတွင် အဓိက သံတမန်ရေး ကြိုးပမ်း ဆောင်ရွက်မှုတရပ် ပြုနေကြောင်း ပြော သည်။ မြန်မာအစိုးရ အပေါ် အိန္ဒိယနိုင်ငံ၏ မူဝါဒသည် အိန္ဒိယနိုင်ငံ လုံခြုံရေး အကျိုးစီးပွားအတွက် လက်တွေ့ကျကျ ချဉ်းကပ်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း ၎င်းနိုင်ငံ၏ အရှေ့ဖျား မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို မြင်လိုသည့်ဆန္ဒ အိန္ဒိယ အစိုးရတွင် နောက်ဆုံးရှိနေပါသည်။ ၎င်းနေရာတွင် ဒီမိုကရေစီ မည်သို့မည်ပုံ မြှင့်တင်နိုင်မည်ကို အမေရိကန် ပြည်ထောင်စု၏ အကြံပြုချက်များကို ကြိုဆိုပါသည်။ အခြေအနေ ပေးပါက အမေရိကန်-အိန္ဒိယနိုင်ငံ တို့၏ ဒေသဆိုင်ရာ ဆွေးနွေးပွဲများ ကို ချဲ့ထွင်၍ ရန်ကုန်တွင် ဖြစ်ထွန်း တိုးတက်မှုများ ရှိလာစေရန် တင်ပြသွားနိုင်မည်ဟု ဆိုသည်။
MULFORD
Ref: မဇ္ဈိမ
ဇော်ဇော်၏ လှုပ်ရှားမှုများအကြောင်း နောက်ဆုံးရရှိသော သတင်းများ
| Reference ID | Created | Released | Classification | Origin |
| 09RANGOON378 | 2009-06-19 05:05 | 2010-12-06 15:03 | CONFIDENTIAL | Embassy Rangoon |
VZCZCXRO3931
OO RUEHCHI RUEHDT RUEHHM RUEHNH
DE RUEHGO #0378/01 1700706
ZNY CCCCC ZZH
O 190706Z JUN 09
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 9139
INFO RUCNASE/ASEAN MEMBER COLLECTIVE
RUEHBK/AMEMBASSY BANGKOK 2975
RUEHBJ/AMEMBASSY BEIJING 2332
RUEHBY/AMEMBASSY CANBERRA 2076
RUEHKA/AMEMBASSY DHAKA 5253
RUEHLO/AMEMBASSY LONDON 2177
RUEHNE/AMEMBASSY NEW DELHI 5550
RUEHUL/AMEMBASSY SEOUL 9146
RUEHTC/AMEMBASSY THE HAGUE 0807
RUEHKO/AMEMBASSY TOKYO 6724
RUEHCN/AMCONSUL CHENGDU 1843
RUEHCHI/AMCONSUL CHIANG MAI 2221
RUEHCI/AMCONSUL KOLKATA 0691
RHHMUNA/CDR USPACOM HONOLULU HI
RUEKJCS/JOINT STAFF WASHDC
RUCNDT/USMISSION USUN NEW YORK 2527
RUEHGV/USMISSION GENEVA 4533
RUEATRS/DEPT OF TREASURY WASHDC
RUEKJCS/DIA WASHDC
RUEAIIA/CIA WASHDC
RHEHNSC/NSC WASHDC
RUEKJCS/SECDEF WASHDC
C O N F I D E N T I A L SECTION 01 OF 02 RANGOON 000378
SIPDIS
STATE FOR EAP/MLS, INR/EAP, EEB/TFS
PACOM FOR FPA
TREASURY FOR OASIA, OFAC
EO 12958 DECL: 06/19/2019
TAGS ECON, EFIN, ETRD, PREL, PINR, BM
SUBJECT: BURMA: UPDATE ON CRONY ZAW ZAW’S ACTIVITIES
REF: A. 07 RANGOON 1107 B. RANGOON 298 C. RANGOON 355 D. RANGOON 330
RANGOON 00000378 001.4 OF 004
Classified By: Economic Officer Samantha A. Carl-Yoder for Reasons 1.4 (b and d).
အကြောင်းအရာ။ ။ မြန်မာနိုင်ငံ - (စစ်အစိုးရ) အပေါင်းပါ ဇော်ဇော်၏ လှုပ်ရှားမှုများအကြောင်း နောက်ဆုံးရရှိသော သတင်းများ
(၂ဝဝ၉) ခုနှစ်၊ ဇွန်လ (၁၆) ရက်။
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ - စီးပွားရေးအရာရှိ ဆမန်သာ အေ ကားလ်-ယိုဒါ (Samatha A. Carl-Yoder) for Reasons 1.4 (b and d)
အကျဉ်းချုပ်
-------
(၁) စစ်အစိုးရ၏ အပေါင်းအပါတဦးဖြစ်သူ ဇော်ဇော် မြန်မာနိုင်ငံရှိ သူ၏ လုပ်ငန်းများကို တိုးချဲ့လျက်ရှိသည်။ ဇော်ဇော်သည် မက်စ် မြန်မာ ကုမ္ပဏီစု (Max Myanmar Group of Companies) အပြင် အဖျော်ယမကာ ပုလင်းသွပ် ကုမ္ပဏီ၊ ဘိလပ်မြေစက်ရုံ တရုံ၊ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီတခု၊ ဖားကန့်ရှိ ကျောက်စိမ်းတွင်း တတွင်း၊ မွန်ပြည်နယ် ရှိ ရာဘာခြံတခြံနှင့် ကြေးစား ဘောလုံးသင်း တသင်းတို့ကိုလည်း ပိုင်ထားသည်။ ရန်ကုန်ရှိ သံရုံးက နိုင်ငံခြား အရင်းအနှီး များထိန်းချုပ်ရေးရုံး (OFAC) ၏ ဒဏ်ခတ်မည့် စာရင်းတွင် ဇော်ဇော်၏ နောက်တိုး ကုမ္ပဏီများနှင့် ထိုကုမ္ပဏီများ၏ ထိပ်တန်း မန်နေဂျာများ (စာပိုဒ် ၅ တွင် ဖေါ်ပြထားသည်) ကို ထည့်သွင်းရန် အကြံပြု ထားသည်။ (အကျဉ်းချုပ် ပြီးဆုံး)
နောက်တိုး စီးပွားရေးလုပ်ငန်းများ
--------------
(၂) ဇော်ဇော်သည် မြန်မာနိုင်ငံစစ်အစိုးရ၏ နောက်တက်လာသော အပေါင်းပါများအနက် တဦးဖြစ်ပြီး သူ၏ စီးပွားရေး လုပ်ငန်းများကို ဆက်လက် တိုးချဲ့လျက် ရှိသည်။ သူ၏ ဆောက်လုပ်ရေှးနှင့် ခရီးသွားလာရေး လုပ်ငန်းကို ကြီးကြပ်သော မက်စ် မြန်မာ ကုမ္ပဏီစုကို ဘဏ္ဍာရေး ဌာန၏ ဒဏ်ခတ်မှုစာရင်းတွင် ထည့်သွင်းပြီးဖြစ်သည် (ရည်ညွှန်းချက် -က)။ ဇော်ဇော်သည် ပြည်တွင်းသုံး အတွက် မက်စ်ကိုလာ အပါအဝင် အဖျော်ယမကာများ ထုတ်လုပ်သော ပင်းယ ထုတ်လုပ် ရေးကုမ္ပဏီ လီမိတက်ကိုလည်း ပိုင်ဆိုင်ကြောင်း ကျွန်ုပ်တို့ အတည်ပြုပြီးဖြစ်သည်။ ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီ သည် ကျပ်ငွေ(၁၂. ၅) သန်း (၁၉၉၈ က အမေရိကန်ဒေါ်လာ ၄၁, ဝဝဝ ဒေါ်လာ) ရင်းနှီး မြှုပ်နှံမှုဖြင့် စတင်ခဲ့ပြီး ယခုအခါ အလုပ်သမား (၇ဝ) ကျော်ကို ခန့်ထားသည်။ ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်း၌ ဖြန့်ချိရေး ဌာနခွဲပေါင်း (၁၃) ခုရှိသည်။
ဇော်ဇော်သည် မက်စ်မြန်မာ ကုမ္ပဏီ၏ ကွပ်ကဲမှုအောက်မှာ သူ၏စီးပွားရေးလုပ်ငန်းများကို တိုးချဲ့ နေကြောင်း၊ ၎င်း တိုးချဲ့ လုပ်ငန်းများတွင် အာရှလေဆိပ် စီမံကိန်းအတွက် စတီဗင်လောထံ ဘိလပ်မြေ သွင်းရန်ဟု ကြားသိရသော နေပြည်တော်ရှိ ဘိလပ်မြေစက်ရုံ (ရည်ညွှန်းချက် -ခ)၊ နေပြည်တော်ရှိ ကွန်ကရစ်အုတ် စက်ရုံ၊ ဖားကန့်ရှိ ကျောက်စိမ်း တွင်းနှင့် မွန်ပြည်နယ်ရှိ ရာဘာခြံတို့ ပါဝင်ကြောင်း သံရုံး၏ စီးပွားရေး အဆက်အသွယ် (----) က အတည်ပြု ပေးခဲ့သည်။ စီးပွားရေး အဆက်အသွယ် (---) ၏ သတင်းပေးချက် အရ ဇော်ဇော်သည် သတ္တုတွင်းဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လုံးခင်း ကျောက်စိမ်းတွင်းကို လုပ်ကိုင်နေကြောင်း၊ မကြာသေးမီကပင် ကျောက်စိမ်းလုပ်ငန်း အတွက် ဖားကန့်မှာ နောက်ထပ်မြေ ဧက (၅ဝ) ကို ရထားကြောင်း သိရသည်။ ဇော်ဇော်သည် ၂ဝဝ၉ မတ်လက အစိုးရ၏ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ လေလံတင် ရောင်းချပွဲမှာ ကျောက်စိမ်း အမြောက်အများ ရောင်းချခဲ့ကြောင်း သိရသည် (သတင်းပေးသူ အမည်ကို ဖြုတ်ထားသည်)။
(၄ ) ဇော်ဇော်သည် ယခုလောလောဆယ်၌ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဝင် ကြေးစား ဘောလုံးအသင်း တသင်းဖြစ်သော ဒယ်လ်တာ ယူနိုက်တက် အသင်း၏ ပိုင်ရှင်လည်း ဖြစ်သည်။ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၏မြေးကို အသင်းမှာ ကစားရန် ငှားထားသည်ဟု အဆက်အသွယ်များက အတည်ပြုသည် (ရည်ညွှန်း ချက် -ဃ)။ ဇော်ဇော်သည် ဒယ်လ်တာ ယူနိုက်တက် အသင်း၏ ဌာနေဖြစ်လာမည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဘောလုံးကွင်း အားကစားရုံ အသစ်တရုံ တည်ဆောက်ရန်လည်း စီမံကိန်း စတင် ရေးဆွဲလျက်ရှိကြောင်း၊ အမေရိကန် ဒေါ်လာ (၁) ဘီလျံကျော်ကျော် ကုန်ကျမည် ဖြစ်ကြောင်းနှင့် ၂ဝ၁၁ တွင်အပြီး တည်ဆောက်လိမ့်မည်ဖြစ်ကြောင်း (---) နှင့် (---) တို့က ခန့်မှန်းကြသည်။
(၅) အောက်ပါတို့သည် ဇော်ဇော်ပိုင် နောက်တိုး ကုမ္ပဏီများနှင့်ပတ်သက်သော သတင်းအချက် အလက်များ ဖြစ်သည်။
ရန်ကုန်
-- ဒယ်လ်တာ ယူနိုက်တက် ဘောလုံးအသင်း၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့။ အမည်ပါ ပိုင်ရှင်- ဦးဇော်ဝင်းရှိန်၊ ဧရာ ဟင်္သာ ကုမ္ပဏီ လီမိတက် ပိုင်ရှင်။
-- လုံးခင်း ကျောက်စိမ်းတွင်း၊ ဖားကန့်၊ ကချင်ပြည်နယ်။
-- မက်စ်မြန်မာ ဘိလပ်မြေစက်ရုံ၊ တောင်ဖီလာ ထုံးကျောက်တွင်း အနီး၊ လယ်ဝေးမြို့နယ်၊ နေပြည်တော်။
-- မက်စ်မြန်မာ ကွန်ကရစ်အုတ်စက်ရုံ၊ နေပြည်တော်။
-- မက်စ်မြန်မာ ရာဘာခြံ၊ ဘီးလင်း၊ မွန်ပြည်နယ်။
-- ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက် ဗန်းမော် အတွင်းဝန် လမ်း၊ စက်မှုဇုံ (၃)၊ လှိုင်သာယာ၊ ရန်ကုန်၊ ဖုန်း- ၉၅-၁-၆၈၁-၇၄၅။ ၉၅-၁-၆၈၅-၇၅။ ဖက်စ် - ၉၅-၁-၆၈ဝ-၆၆၉။ မန်နေဂျာချုပ် ဦး ကြည်လွင် (ခေါ်) ဦးကြံခင်း။
သံရုံး၏ အကြံပြုတင်ပြချက်
-----------------
(၆) ဇော်ဇော်သည် စစ်အစိုးရကို မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးစားနေပြီး အစိုးရအဆက် အသွယ်ဖြင့် သူ၏ စီးပွားရေး လုပ်ငန်းများကို တိုးချဲ့နေသော အလယ် အလတ်အဆင့် အပေါင်းပါ တဦးဖြစ်သည်။ ၎င်း၏ မိသားစုနှင့်တကွ ၎င်း၏ ကုမ္ပဏီ အတော်များများသည် နိုင်ငံခြား အရင်းအနှီးများ ထိန်းချုပ်ရေးရုံး (OFAC) ၏ ပစ်မှတ်ထားသော ဒဏ်ခတ် စာရင်းတွင် ပါပြီး ဖြစ်သည်။ (OFAC) အနေနှင့် အထက်ဖေါ်ပြပါ ကုမ္ပဏီများနှင့် ထိပ်တန်းမန်နေ ဂျာတို့ကိုလည်း စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေး လုပ်ရပ်များ အက်ဥပဒေ (JADE Act) အရ အရေးယူပေးပါရန် ရန်ကုန်သံရုံးက အကြံပြုတင်ပြသည်။
(၆) မြန်မာအစိုးရသည် ဘဏ္ဍာရေးနှစ်ကုန်ပြီးနောက်တွင် အသုံးစားရိတ် ကြီးကြီး ပြထားသော နောက်ဆက်တွဲ ဘတ်ဂျက် ကို ထုတ်ပြန်လေ့ ရှိသည်။ ၎င်း၏ နှစ်စဉ် စုစုပေါင်း လိုငွေသည် ရေးဆွဲထားသော တရားဝင် ဘတ်ဂျက်ထက် များစွာပို သည်။ သာဓက အားဖြင့် (၂ဝဝ၈-ဝ၉)ဘဏ္ဍာရေးနှစ် သုံးငွေသည် ဘတ်ဂျက်ထက် ကျပ်ငွေ (၇၄၃. ၉)ဘီလျံ(လက်ရှိ ပေါက်ဈေး အမေရိကန် ဒေါ်လာ ၇၄၃ ဘီလျံ) ပိုနေပြီး စုစုပေါင်း သုံးငွေ သတ်မှတ်ချက်ထက် ၁၅ ရာနှုန်းပိုသည်။
(၇) “အစိုးရ”သည် လွန်ခဲ့သောနှစ်များ၌ အပိုသုံးငွေ ခွင့်ပြုချက် အများဆုံး (အမေရိကန်ဒေါ်လာ ၂၈၂ သန်း) ရရှိခဲ့ပြီး ၎င်း ပမာဏသည် (၂ဝဝ၈-ဝ၉) ဘဏ္ဍာရေးနှစ် အပိုသုံးငွေ၏ ထက်ဝက်နီးပါးရှိသည်။ ငွေများကို နေပြည်တော်ရှိ ဆောက်လုပ် ဆဲ လုပ်ငန်းများနှင့် အစိုးရ၏ အခြားအခြေခံ အဆောက်အအုံ လုပ်ငန်းများအတွက် သုံးစွဲသည်ဟု ယူဆရကြောင်း စီးပွား ရေး လုပ်ငန်းရှင် တဦးက ပြောပြခဲ့သည်။ အစိုးရပိုင် လုပ်ငန်းများသည် ခွင့်ပြုငွေ အများဆုံးရရှိသည်။ ကျပ်ငွေ (၁၈၅) ဘီလျံ (အမေရိကန်ဒေါ်လာ ၁၈၅ သန်း) ရရှိခြင်း ဖြစ်ပြီး ဘတ်ဂျက်၏ ၆၅ ရာနှုန်း တိုးသွားခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာနက ကျပ်ငွေ (၉) ဘီလျံ (အမေရိကန်ဒေါ်လာ ၉ သန်း) တိုး၍ ရရှိခဲ့ပြီး ဘဏ္ဍာရေး ဝန်ကြီးဌာနက ကျပ်ငွေ (၅၃) ဘီလျံ (အမေရိကန် ဒေါ်လာ ၅၃ သန်း) တိုး၍ ရရှိခဲ့သည်။ ဆိုင်ကလုံး မုန်တိုင်းကို အကြောင်းပြု၍ မြန်မာနိုင်ငံ အစိုးရသည် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန အတွက် ကျပ်ငွေ (၇၇)ဘီလျံ (အမေရိကန်ဒေါ်လာ ၇၇ သန်း) တိုး၍ ခွင့်ပြုပေးခဲ့ပြီး လူမှုဝန်ထမ်း ဝန်ကြီးဌာနကိုမူ ကျပ်ငွေ (၄၄) ဘီလျံ (အမေရိကန်ဒေါ်လာ ၄၄ သန်း) တိုးခွင့်ပြုခဲ့သည်။
အခွန်တော်ဝင်ငွေ ရရှိမှုနည်းခြင်း
---------------------
(၈) လွန်ခဲ့သောနှစ် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ပုဒ်မ (၄) ဆွေးနွေးပွဲများ၌ အဖွဲ့ ကိုယ်စားလှယ် များက မြန်မာ နိုင်ငံ အစိုးရ၏ အခွန် စီမံအုပ်ချုပ်မှု စနစ်ကို တိုးတက် ကောင်းမွန်အောင် ပြုပြင်သွားရန်နှင့် လိုလျှင် လိုသလို အခွန် လွတ်ငြိမ်းခွင့် ပေးနေမှုများကို ပြုပြင်သွားရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ အရာရှိများ၏ ပြောပြချက်အရ မြန်မာ စစ်အစိုးရသည် အဓိက အကြောင်းများ ဖြစ်သည့် အခွန်ကောက်ခံရေး အားနည်းချက်၊ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရ ဝန်ထမ်းများ၏ ထိရောက်မှု မရှိခြင်းကြောင့် ဆုံးရှုံးရမှုများ၊ အစိုးရ၏ အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ ကာကွယ်ရေးနှင့် ဆောက်လုပ်ရေး ကဲ့သို့သော ဝင်ငွေမရနိုင်သည့် လုပ်ငန်းများအတွက် ဘတ်ဂျက် အသုံးစရိတ် ပြဿနာတို့ကို ဖြေရှင်းခြင်းဖြင့် ဘတ်ဂျက် လိုငွေပြမှုကို လျှော့ချရန်မှာ ၎င်းတို့၏ ရည်မှန်းချက် တခုဖြစ်ကြောင်း အကြောင်း ပြန်ခဲ့သည်ဟု သိရသည်။ သို့ရာတွင် မြန်မာ အစိုးရသည် ၎င်း၏ အခွန်ကောက်ခံရေး စနစ်ကို ၂ဝဝ၈ အတွင်း မပြုပြင်ခဲ့ကြောင်းနှင့် သို့ဖြစ်၍ (၂ဝဝ၉-၂ဝ၁ဝ) ဘဏ္ဍာရေးနှစ် အတွင်းမှာ အခွန် ဘဏ္ဍာဝင်ငွေ ၂၇ ရာနှုန်း တိုးရမည် ဟူသော အစိုးရ၏ ကြိုတင် တွက်ကိန်းမှာ မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း ကျွန်ုပ်တို့၏ စီးပွားရေး အဆက်အသွယ်များက ဆိုပါသည်။
(၉) လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အာဏာပိုင်များက ဝင်ငွေခွန်ကို ပိုမိုတိကျစွာ ကောက်ခံခြင်း၊ ကုန်ပစ္စည်းနှင့် မူလ ကုန်ကြမ်း အပေါ်မူတည်လျက် ရာဖြတ်နှုန်းကို ကျပ် (၄ဝဝ)၊(၁)ဒေါ်လာမှနေ၍ ကျပ်(၈ဝဝ)၊ (၁၂ဝဝ)ကျပ်အထိ တိုးမြှင့်ခြင်း အားဖြင့် အခွန်တော် ဝင်ငွေ တိုးလာစေရန် ကြိုးပမ်းခဲ့သည်။ ဤသို့ ရာဖြတ်နှုန်းကို တိုးမြှင့်ခြင်းသည် အမျိုးမျိုး ကွဲနေသော ငွေကြေး လဲလှယ်နှုန်းများကို ညှိယူရန် ကြိုးပမ်းသည့် သဘောဖြစ်သော်လည်း မြန်မာနိုင်ငံ၏ နဂိုမူလကတည်းက ရှုပ်ထွေးနေသော တရားမဝင် ငွေလဲစနစ်ကို ပို၍ ရှုပ်ထွေး သွားစေသည်ဟု မြန်မာ အစိုးရအရာရှိများက အလွတ်သဘော ပြောပြကြသည်။
(၁ဝ) (၂ဝဝ၉-၂ဝ၁ဝ) ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ပါ အချက်အလက်များအရဆိုလျှင် အစိုးရပိုင် စီးပွားရေး လုပ်ငန်း အများစုသည် အရှုံးနှင့် စခန်း သွားရမည်ဖြစ်သည်။ အမြတ်ကြီးကြီးရမည်ဟု ယူဆရသော သယံဇာတ ထုတ်ယူရေး လုပ်ငန်းများမှာ ပင်လျှင် အစိုးရပိုင် စီးပွားရေး လုပ်ငန်းများ၏ အသားတင် အရှုံးသည် အကြမ်းဖျင်း အားဖြင့် ကျပ်ငွေ (၄၈၄) ဘီလျံ (အမေရိကန် ဒေါ်လာ ၄၈၄ သန်း)ရှိလိမ့်မည် (သို့ရာတွင် ဤခန့်မှန်းချက်သည် အလွန်နိမ့်သော ခန့်မှန်းချက် ဖြစ်နိုင်ပါ သည်)ဟု ကြိုတွက်၍ ရသည်။ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများသည် (၂ဝဝ၈-၂ဝဝ၉) ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ (၆ဝ၁) သန်း အရှုံးပြခဲ့ပြီး မြန်မာအစိုးရ မူလက ခန့်မှန်းထားသော အရှုံး ကျပ်ငွေ သန်း(၄၅ဝ) ထက် များစွာ ပိုနေပါသည်။ တရားဝင် ထုတ်ပြန်သော ဘတ်ဂျက်စာရင်း ဇယားများအရ အစိုးရပိုင် စီးပွားရေးလုပ် ငန်းများသည် (၂ဝဝ၇-၂ဝဝ၈) ဘဏ္ဍာ ရေးနှစ်တွင် ကျပ်ငွေ သန်း(၈ဝဝ)၊ (၂ဝဝ၆-၂ဝဝ၇) ဘဏ္ဍာရေးနှစ်တွင် ကျပ် ငွေ (၄၃၆) သန်းနှင့် (၂ဝဝ၅-၂ဝဝ၆) ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ (၅၄၉)သန်း အရှုံးပေါ်ခဲ့သည်။
(၁၁) ရာထူးအဆင့်တိုင်းမှာ အကျင့်ပျက် ခြစားမှုရှိနေခြင်းသည် မြန်မာနိုင်ငံမှာ ပြဿနာတခု အဖြစ် ရှိနေပြီး အစိုးရ၏ အခွန်ငွေ ကောက်ခံနိုင်မှု စွမ်းရည်ကို ထိခိုက် နေစေရှိသည်။ ကျွန်ုပ်တို့၏ စီးပွားရေး အဆက်အသွယ်များ၏ ပြောပြ ချက်အရဆိုလျှင် အစိုးရသည် ၂ဝဝ၆ အတွင်းက မသမာသော အကောက်ခွန် အရာရှိများကို နှိမ်နင်း အရေးယူမှု များလုပ်ခဲ့သော်လည်း နယ်စပ်များ၌ လာဘ်ပေး လာဘ်ယူမှုများ ဆက်လက်၍ ရှိမြဲရှိနေသည်။ အကျင့်ပျက် ခြစားမှုသည် ပြည်တွင်း အခွန်ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဌာန၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မီတီတို့ အပါအဝင် အစိုးရ၏ အခြား သော အဖွဲ့အစည်းများထဲမှာလည်း ထူပြောနေသည်။
ထင်မြင်သုံးသပ်ချက်
-------------
ထုတ်ဝေထားသော ဘတ်ဂျက် စာရွက်စာတမ်းများ၌ မြန်မာအစိုးရက ၎င်း၏ ရန်ပုံငွေများကို မည်သို့ ခွဲဝေ သတ်မှတ်ပေး မည် ဟူသော ယေဘုယျ လမ်းညွှန်ချက် ပေးထားသော်လည်း (ယေဘုယျအားဖြင့် မြန်မာအစိုးရ၏ ကိန်းဂဏန်းများသည် ယုံကြည် စိတ်ချ ရလောက်စရာ မရှိသဖြင့်) မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး အခြေအနေကို အတိအကျ ပုံဖေါ်ကြည့်ရန် မဖြစ်နိုင် ချေ။ ဤသို့ပြဿနာ ရှိနေရသည့် အထဲ ထိပ်တန်း ခေါင်းဆောင်များမှာ သုံးစွဲရေးမူ ဟူ၍ မရှိဘဲ မိမိတို့ မျက်နှာသာပေး ထားသော လုပ်ငန်းများ အတွက်သာ ရန်ပုံငွေများကို သတ်မှတ် ခွဲဝေပေးကာ စီမံကိန်း လုပ်ငန်းများကို ကြီးကြပ်ခြင်း၊ အလေးထားခြင်း မရှိကြသဖြင့် ဤပြဿနာသည် ပို၍ ဆိုးသွားလေသည်။ မြန်မာအစိုးရက ဘတ်ဂျက်လိုငွေ လျှော့ချရေးကို ရည်ရွယ်ထားသည်ဟု ထုတ်ဖေါ်ကြေညာ ထားသော်လည်း အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများ၏ အရှုံးပေါ်မှုနှင့် အခွန်စနစ် ပြုပြင်ရေး မရှိမှုတို့ကြောင့် နောက်ထပ် အပုံကြီး ပို၍ တိုးလာစရာ ရှိသည်။ မြန်မာ့စီးပွားရေး၏ အနာဂတ်သည် ဆိုးရွားနေဆဲပင် ရှိသည်။
ဒင်းဂါး
Ref: မဇ္ဈိမ
















































BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88