Wednesday, August 8, 2012

နယ်ခြားစောင့်တပ် အသွင်နှင့် ဆိုလျှင် ALP လက်ခံမည် မဟုတ်

07 August 2012

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ဦးအောင်မင်း၏ နယ်ခြားစောင့်တပ်(BGF) အ သွင် ကမ်းလှမ်းချက်ကို ရခိုင် လွတ်မြောက်ရေး ပါတီ(ALP Arakan Liberation Party) က လက်ခံမည် မဟုတ် သေးကြောင်း ဒုဥက္ကဌ ဖြစ်သူ ခိုင်စိုးနိုင်အောင်က ပြောပါသည်။

“ ကျနော်တို့ ပါတီ ကတော့ BGF ဟာ အစိုးရ လက်အောက်ခံ တပ်ဖွဲ့ ဖြစ်တဲ့ အတွက် လက်မခံ တာပါ။ ALP ကို သီးခြား ရပ်တည်ခွင့် ပေးရင်တောင်၊ လက်မခံဘူး၊ ဘာကြောင့်လဲ ဆိုတော့ အစိုးရက တိုင်းရင်းသား တွေအပေါ် သဘောထား မှန်မယ် ဆိုရင် ရခိုင်ကို ပေးသလို တခြား မွန်၊ ကရင်၊ ရှမ်း၊ ကချင် တွေကိုလည်း ပေးပေါ့။ အဲဒီလို ဖြစ်ချင်တယ်။ ကျနော်တို့ တိုင်းရင်း သား တွေက တိုင်းပြည်ရဲ့ အနာဂါတ် အရေးနဲ့ ပါတ်သက်ပြီး အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် သင့်တယ် ဆိုလို့ အပစ်အခတ် ရပ်စဲရေးကို အကောင်အထည် ဖေါ်နေကြတာ”ဟု ဆိုပါသည်။

ဦးအောင်မင်းသည်၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP Arakan Liberation Party) က နယ်ခြားစောင့် တပ်ဖွဲ့ (BGF) ဖွဲ့ပြီး လက်ရှိ အင်အားထက် အဆ ၂၀ (၄၀၀၀) ၀န်းကျင် ခန့် တိုးစေချင် သည်ဟု ပြီးခဲ့သည့် ဇူလိုင်လကုန် ပိုင်း က ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးကျော်နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့ပါသည်။

"ဦးအောင်မင်း ကတော့ ဖွဲ့စေချင် တယ်လို့ ပြောပါတယ်။ (ALP) ကတော့ အင်အားက နည်းနေတယ်လေ ထပ်တိုး စေချင် တယ်လို့လည်း ပြောပါတယ်" ဟု ဦးမျိုးကျော်က ဆိုပါသည်။

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP) သည် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် ယခု လကုန် (သို့မဟုတ်) နောက်လဆန်း၌ တွေ့ဆုံ ဆွေးနွေးရန် ရှိသည်ဟု ခိုင်စိုးနိုင်အောင်က ပြောပါသည်။ ဤသို့ကြောင့် ယခု ကမ်းလှမ်းချက်သည်၊ ALP အား သွယ်ဝိုက်သော နည်းဖြင့် အသိ ပေးခြင်း ဖြစ်ပြီး ဆွေးနွေးလိုက နောက်တွေ့ဆုံ ဆွေးနွေးပွဲ၌ ဆွေးနွေးနိုင်ရန် ဦးမျိုးကျော်အား ဖွင့်ဟ ပြောကြားခြင်း ဖြစ်သည်ဟု အကဲခတ် များက ဆိုပါသည်။

ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ အရေး ဖြစ်ပေါ် နေသည်ကို အကြောင်းပြုပြီး ALP အား စဉ်းစား စေရန် ကမ်းလှမ်းသည့် သဘောဟု ယူဆ နေကြပါသည်။ ဤသို့ကြောင့် ALP အဖွဲ့အား ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့် တပ်အဖြစ် ဖွဲ့စည်း စေလိုခြင်း ဖြစ်သည် ဟု တွက်ဆ နေကြပါသည်။ သို့သော် ALP သည် လောလောဆယ်၌ အစိုးရ၏ BGF မူကို လက်မခံဟု ဆုံးဖြတ် ထားပါသည်။

ALP / ALA Arakan Liberation Army ကို ၁၉၇၃ ခုနှစ်တွင် စတင် တည်ထောင် ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မြန်မာ-အိန္ဒိယ နယ်စပ်နှင့် မြန်မာ-ထိုင်း နယ်စပ် တို့တွင် အခြေစိုက်ပြီး လက်နက်ကိုင် ရာချီ ရှိပါသည်။ ၄င်းတို့သည် ပြီးခဲ့သည့် ဇန်န၀ါရီ လကုန်ပိုင်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ကိစ္စကို စစ်တွေမြို့တွင် လာရောက် ဆွေးနွေး ခဲ့ကြစဉ် ALP ကို ရခိုင်လူမျိုး သိန်းနှင့်ချီပြီး ကြိုဆို ခဲ့ကြပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့