Tuesday, August 7, 2012

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးစိန်ခေါ်ချက်အား ဖြေရှင်းနိုင်ဖို့လိုဟု မစ္စတာကွင်တားနားပြောကြား

ဝင့်သင်ဇာကျော် (မြစ်မခ)
6 Aug, 2012

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း မစ္စ္စတာကွင်တားနားက လေဆိပ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာသောမတ်စ်အိုဟေး ကွင်တားနားသည် မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ သြဂုတ်၎ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြေကြားခဲ့ခြင်းဖြစ်သည်။

“ဒေသတွင်း တည်ငြိမ်အေးချမ်းမှုတွေ ပြန်လည်ရရှိအောင် လုပ်ဆောင်ရမယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေအတွက်လည်း စိုးရိမ်စရာတွေ ဖြစ်မိပါတယ်၊ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေဟာ အရေး ကြီးပါတယ်၊ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ် ’’ဟု မစ္စတာကွင်တားနားက ရခိုင်ပြည်နယ်ခရီးစဉ်အပေါ်မူ တည်၍သုံး သပ် ပြော ကြားခဲ့သည်။

ဆယ်စုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများမှ ပေါ်ထွက်လာသော မကျေနပ်မှုများအား ဖြေရှင်းနိုင်ရေးသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အလွန်အရေးကြီးကြောင်းကိုလည်း ၄င်းက ဆက်လက်ပြော ကြားခဲ့သည်။

မစ္စ္စတာကွင်တားနားသည် ရခိုင်ပြည်နယ် အဖြစ်အပျက်နှင့် ပတ်သက်၍ထိန်းသိမ်းထားသည့် ကုလသမဂ္ဂဝန်ထမ်း(၆)ဦးအား အင်းစိန်ထောင်နှင့် ဘူးသီးတောင်ထောင်များတွင် တွေ့ဆုံခဲ့ကြောင်းနှင့် ၄င်းတို့အပေါ်စွဲချက်များမှာ အခြေအမြစ် မရှိကြောင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင်းဖြစ်ပျက်ခဲ့မှုများနှင့် ပတ်သက်၍စွပ်စွဲချက်များတွင် အင်းအားအလွန်အကျွံသုံးစွဲမှု၊ စစ်ဆေးမေးမြန်းမှုမရှိ ဖမ်း ဆီးထိန်းသိမ်းမှု၊သတ်ဖြတ်မှု၊ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ရေး အာမခံ ချက်များ ငြင်းပယ်ခံရမှု၊ထိန်းသိမ်းရာတွင် ညှဉ်းပန်း နှိပ်စက်မှုများ ပါဝင်ပြီး အဆိုပါ စွပ်စွဲချက်များ အား ရှင်းလင်း အတည်ပြုရန် ခက်ခဲသော်လည်း ၄င်းကိစ္စရပ်များအပေါ်တွင် စိုး ရိပ်ပူပန်မိကြောင်း ပြောကြားခဲ့သေးသည်။

၂ဝ၁၃ ခုနှစ် လူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာမတင်သွင်းမီ မြန်မာနိုင်ငံသို့ထပ်မံ၍ အလည်အပတ်လာရောက် ရန် မျှော်လင့် ကြောင်းကိုလည်း ၄င်းက ပြောကြားခဲ့သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့