Wednesday, August 8, 2012

တရားဥပဒေ စိုးမိုးရေး ကော်မတီ ဖွဲ့စည်း

07 August 2012

ယနေ့ ကျင်းပခဲ့သော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ကော့မှူးမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ် အောင် ဆန်းစုကြည်အား ဥက္ကဋ္ဌ အဖြစ် တာဝန်ယူမည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်း ခဲ့ပါသည်။

“ဥပဒေ စိုးမိုးရေး ဆိုတာ ထိန်းချုပ်ဖို့ မဟုတ်ကြောင်း၊ လူ့အဖွဲ့အစည်းကို ကာကွယ် စောင့်ရှောက်ဖို့ အတွက်ဖြစ်ကြောင်း” တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ” ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

ကော်မတီသည် လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေး အဖွဲ့အစည်းများ၊ အစိုးရ ၀န်ထမ်းများ၊ မီဒီယာများကြားတွင် တရား ဥပဒေနှင့် အညီ ကျင့်သုံးနေထိုင်မှု ရှိမရှိကို ကြပ်မတ် ထိန်းကျောင်း ရမည်ဖြစ်ပြီး၊ ဤကော်မီတီသည် ပြည်ထောင်စု အဆင့် ကော်မီတီ ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဌ ဦးနန္ဒကျော်စွာက ပြောကြားခဲ့ပါသည်။

အဆိုပါ ရေးရာ ကော်မတီတွင် ပါဝင်မည့် လွှတ်တော် ကိုယ်စားလှယ်များမှာ-

(၁) ဒေါ်အောင်ဆန်းစုကြည် ကော့မှူး မဲဆန္ဒနယ်၊ -- ဥက္ကဋ္ဌ
(၂) ဦးမန်းမောင်မောင်ဥာဏ် ပန်းတနော် မဲဆန္ဒနယ်၊ -- အဖွဲ့ဝင်
(၃) ဦးမင်းဆွေ၊ ဒိုက်ဦးမဲဆန္ဒနယ်၊ -- အဖွဲ့ဝင်
(၄) ဒေါ်ဒွဲဘူ၊ အင်န်ဂျန်းယန် မဲဆန္ဒနယ်၊ -- အဖွဲ့ဝင်
(၅) ဦးစိုင်းထွန်းစိန် မိုင်းပြင်း မဲဆန္ဒနယ်၊-- အဖွဲ့ဝင်
(၆) ဒေါက်တာရိုအုပ် မတူပီ၊ မဲဆန္ဒနယ်၊ -- အဖွဲ့ဝင်
(၇) ဦးခင်မောင်မြင့် ဇီးကုန်းမဲဆန္ဒနယ်၊ -- အဖွဲ့ဝင်
(၈) ဒေါ်မိယဉ်ချမ်း၊ ကျိုက်မရော မဲဆန္ဒနယ်၊ -- အဖွဲ့ဝင်
(၉) ဒေါ်လဲ့လဲ့ဝင်းဆွေ၊ တာမွေ၊ မဲဆန္ဒနယ်၊ -- အဖွဲ့ဝင်
(၁၀) ဦးစိုးရယ်၊ ဒီမောဆို၊ မဲဆန္ဒနယ်၊ -- အဖွဲ့ဝင်
(၁၁) ဒေါ်ခင်စောဝေ၊ ရသေ့တောင် မဲဆန္ဒနယ်၊ -- အဖွဲ့ဝင်
(၁၂) ဦးနယ်လ်ဆင် (ခ) ဦးဆောင်ဆီ ၊ ကျောက်မဲ မဲဆန္ဒနယ်၊ -- အဖွဲ့ဝင်
(၁၃) ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ -- အဖွဲ့ဝင်
(၁၄) ဒေါက်တာဇော်မြင့်မောင်၊ ကျောက်ပန်းတောင်းမဲဆန္ဒနယ် -- အဖွဲ့ဝင်
(၁၅) ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၊ -- အတွင်းရေးမှူးတို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မကောင်းသော ဥပဒေ၊ မဆီလျှော်တော့သော ဥပဒေကို ပြန်လည် တင်ပြခွင့်ရှိနိုင်မလား၊ စစ်အာ ဏာရှင် ဥပဒေ အတိုင်းသာ ဒေါ်အောင်ဆန်းစုကြည် လက်ကိုင်ပြုပြီး ကိုယ်စားပြုရမလား ဆိုသည်မှာ မသဲကွဲ သေး ပေ။ ဤ သည် လွှတ်တော် အမတ် တဦး အနေဖြင့် လွှတ်တော် တာဝန်ကို ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး အကြိမ် တာဝန် ယူခြင်း ပင်ဖြစ်ပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့