Wednesday, August 8, 2012

ဖမ်းဆီးခံ ထိုင်းနိုင်ငံသား (၉၂) ဦး ထောင်ဝင်စာ တွေ့ခွင့် မရေသေး

07 August 2012

ဖမ်းဆီးခံ ထိုင်းနိုင်ငံသား (၉၂) ဦး၏ ဆွေမျိုး များအား မြန်မာ အစိုးရဘက်မှ ထောင်ဝင်စာ တွေ့ခွင် မပြု သေးကြောင်း Tham Yimwan က ထိုင်းမီဒီယာ များအား ပြောကြား ခဲ့ပါသည်။ အဖမ်းဆီးခံ (၉၂) ထဲတွင် ၄င်း၏ ဆွေမျိုး (၆) ဦး ပါဝင် သည်ဟု ၄င်းမှ ပြောပါသည်။

အဆိုပါ ထိုင်းနိုင်ငံသား (၉၂) ဦးတို့သည် မြန်မာ့နိုင်ငံသို့ တရားမဝင် ဝင်ရောက် နေထိုင်မှုဖြင့် လွန်ခဲ့သည့် ဇူလိုင်လ (၄) ရက်နေ့မှ စတင်၍ အဖမ်းအဆီး ခံခဲ့ရပြီး ထောင်ဒဏ် တစ်နှစ်ခွဲစီ ချမှတ်ခဲ့သည်။ အဖမ်းဆီး ခံရပြီး တစ်လခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း ယနေ့အထိ တွေ့ဆုံခွင့် မရသေးကြောင်း Tham Yimwan မှ ဆက်ပြော ပါသည်။

“ကျွှန်တော့်ရဲ့ ဆွေမျိုး တွေဆီကို သွားတွေ့ချင်တယ်၊ သက်ဆိုင်ရာ လူကြီးတွေက ကျွှန်မကို ကူညီ ဆောင်ရွက် ပေးကြဖို့လည်း မျှော်လင့်ပါတယ်” ဟု ပြောပါသည်။

ကော့သောင်း - ရနောင်း မြို့နယ်မှ မြို့နယ် အဆင့် ထိုင်းမြန်မာ နယ်ခြား ကော်မီတီဝင် တစ်ဦးဖြစ်သူ ဗိုလ်မှူး Pornsak Poonsawas မှ အဆိုပါ ကိစ္စရပ် အတွက် မြန်မာ အစိုးရမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အနီးကပ် ဆောင်ရွက် နေသည်ဟု ယမန်နေ့က ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

“ကျွှန်တော်ယုံကြည်ပါတယ်၊ မကြာခင်မှာ သတင်းကောင်း တစ်ခုခုတော့ ကြားရမှာပါ၊ အဲဒီလို ရပြီးချင်းကိုပဲ ဆွေမျိုးတွေဆီကို တွေ့ဆုံခွင့် ရနိုင်ဖို့ အတွက် ကျွှန်တော်တို့ စီစဉ် ဆောင်ရွက် သွားပေးမှာပါဟု” ဗိုလ်မှူး Pornsak Poonsawas က ပြော ပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့