Wednesday, August 8, 2012

သမ္မတ ခွင့်ပြုချက်ဖြင့် ဝန်ကြီး နှစ်ဦးမှ ၈၈ အခမ်းအနား အတွက် ငွေဆယ်သိန်းလှူ

07 August 2012

နက်ဖြန်၌ ကျရောက်မည့် (၂၄) နှစ်မြောက် ငွေရတု အကြို ၈၈၈၈ အခမ်းအနား အတွက် ရထား ပို့ဆောင်ရေး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် စက်မှု ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း တို့မှ ယနေ့ ညနေ ၄ နာရီခွဲတွင် အလှူငွေ ဆယ်သိန်း ကျပ်အား ပေးအပ် ခဲ့ပါသည်။

၈၈၈၈ အခမ်းအနား ကျင်းပရေး ရန်ပုံငွေ ဆယ်သိန်းကျပ်အား ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်မှ လက်ခံ ရယူပြီး ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား ကျင်းပရေး ကော်မတီသို့ ဆက်လက် လွှဲပြောင်း ပေးအပ် ခဲ့ပါသည်။

၈၈ ခေါင်းဆောင်များနှင့် အစိုးရ ဝန်ကြီးများသည် မန္တလေးမြို့ရှိ ဒက္ခိဏရာမ ကျောင်း၌ တွေ့ဆုံ ခဲ့ကြပါသည်။ ၄င်းဒက္ခိဏရာမ ကျောင်းတိုက် အတွက်လည်း ဝန်ကြီးမှ ကျပ်ငွေ နှစ်သိန်း ကိုလည်း ပေးအပ် လှူဒါန်း သွားပါသည်။ ယခုကဲ့သို့ လာရောက်ခြင်း သည်လည်း နိုင်ငံတော် သမ္မတ၏ တရားဝင် ခွင့်ပြုချက်ဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း ဝန်ကြီးမှ ပြောပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့