Wednesday, August 8, 2012

ရခိုင်ပြည်နယ် ပဋိပက္ခ လွတ်လပ်သော စုံစမ်းမှုပေးရန် ကွင်တားနား တောင်းဆိုခဲ့

07 August 2012

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ်အိုဟေး ကွင်တားနားသည် မြန်မာနိုင်ငံ ရခိုင် ပြည်နယ်၌ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေ များကို လွတ်လပ်၍ ယုံကြည် စိတ်ချ လောက်သော စုံစမ်း စစ်ဆေးမှု တရပ် ပြုလုပ်ရန် လိုအပ်ကြောင်း စနေနေ့၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ပြန် ပြောကြား လိုက်ပါသည်။

သူသည် တဘက်သတ် ဖမ်းဆီးထိန်းသိမ်း သတ်ဖြတ်မှုများ၊ ဥပဒေအရ ရပိုင်ခွင့် များအပေါ် ငြင်းဆိုမှုများနှင့် ဖမ်းဆီးထိန်း သိမ်းခြင်း ခံရသူများအပေါ် နှိပ်စက် ညှဉ်းပန်းမှုများ၊ လုံခြုံရေးနှင့် ရဲတပ်ဖွဲ့အင်အား အလွန်အကျွံ အသုံးပြုမှု အပါအဝင် ရခိုင် ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်နေသည်ဟူသော စွပ်စွဲ ချက်များနှင့် ပတ်သက်၍ စုံစမ်းရန် တောင်းဆိုလိုက် ခြင်းဖြစ်ပါသည်။

“ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း စုံစမ်းဖော်ထုတ်ဖို့နဲ့ တာဝန်ခံမှုတွေ ရှိဖို့အတွက် လိုအပ် နေတယ်။ ဒါဟာ အခြေခံကျပြီး အရေးကြီးလှတယ်” ဟု ပြီးခဲ့သည့် စနေနေ့ကလည်း သူ၏ခြောက်ရက်ကြာ အချက်အ လက်စုံစမ်းရေး ခရီး စဉ်အပြီး သတင်းစာရှင်းလင်းပွဲ၌ သောမတ်စ် ကွင်တားနားက ပြောကြားခဲ့ပါသေးသည်။

ထို့အပြင် သူသည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ၌ မြန်မာ့လွှတ်တော်သည် အသင့်တော်ဆုံးဖြစ်သည်ဟုလည်းဆိုပါသည်။ ထို ကော်မရှင်ကို ဖွဲ့စည်း ပေးရာ၌ ပါတီစုံ၊ လူမျိုးစုံ ပါဝင်ရေး သည်လည်း အသင့်ဆုံးဟု သူ၏ ကြေညာချက် ထဲတွင် ဖော်ပြထား ပါသည်။

ထို့ပြင် အဖမ်းဆီးခံထားရသော ကုလသမဂ္ဂ ဝန်ထမ်း ခြောက်ဦးကို ပြန်လွှတ်ပေးရေး၊ ယုံကြည်ချက် အကျဉ်းသားများအား လွှတ် ပေးရေးနှင့် ကချင်ပြည်နယ်တွင် တိုက်ခိုက်မှုများ ရပ်စဲရေးနှင့် အင်းစိန် အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသားများနှင့်လည်း တွေ့ဆုံခဲ့ပြီး ၎င်းတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အစိုးရအား တောင်းဆိုခဲ့သည်။

“ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သတ်ပြီး အရပ်သားတွေကို တိုက်ခိုက်မှုတွေ၊ တရား မဲ့စွာ သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ နေအိမ်စွန့်ခွာ ထွက်ပြေး ရမှုတွေ၊ နှိပ်စက်ခံရမှုတွေ စတဲ့ လူ့အ ခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါတယ်လို့ တိုင်ကြားချက်တွေကို ရရှိနေဆဲ”ဟု သူကဆိုပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့