Thursday, August 9, 2012

မောင်တောမြို့တွင် လုံခြုံရေးများ ပိုမိုတင်းကြပ်ထား

မင်းသွီး
08 August 2012

သြဂုတ်လ (၈) ရက် နေ့ ရခိုင်ပြည်နယ်မောင်တောမြို့တွင် ဈေးများကို ပိတ်ထားပြီး လုံခြုံရေးများကို ပိုမိုတင်းကြပ်စွာ ချထား ကြောင်း သတင်းရရှိသည်။

ယနေ့ သြဂုတ်လ (၈) ရက်နေ့သည် ရှစ်လေးလုံး နေ့တစ်နေ့ဖြစ်သည့်အပြင် ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဘင်္ဂလီမူ ဆ လင် များ ဒေသခံများနှင့် နေအိမ်များကို စတင်အကြမ်းဖက်ခဲ့သည့် (၂) လပြည့်နေ့လည်းဖြစ်သောကြောင့် မောင်တောမြို့တွင် ဈေးများကို ပိတ်ထားရပြီး လုံခြုံရေးများ ပိုမိုတင်းကြပ်စွာ ချထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

" အခြေအနေတွေက အားလုံးငြိမ်သက်နေပါတယ်။ ဘာပြဿနာမှ မရှိသေးဘူး၊ လုံခြုံရေးတွေတော့ အများကြီးချထားတာ တွေ့ရ ပါတယ်။ မောင်တောမြို့ဈေးကို အာဏာပိုင်တွေက ကြိုတင်ပိတ်ခိုင်းထားလို့ ပိတ်ထားရပါတယ်။ ပြဿနာတစ်ခုခုဖြစ်လာမှာကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ပေါ့။ စာသင်ကျောင်းတွေတော့ မပိတ်ခိုင်းပါဘူး။ ဒါပေမယ့် ဘယ်သူမှ ကျောင်းမသွားကြဘူး " ဟု မောင်တောမြို့ခံတစ်ဦးမှပြောသည်။

ဘူးသီးတောင်မြို့တွင်လည်း ဈေးကိုပိတ်ထားပြီး လုံခြုံရေးများကိုလည်း တစ်မြို့လုံးအနှံ့ ချထားကြောင်း သိရှိရသည်။

Ref: အာရ်ကန်တိုင်းမ်

0 comments:

အပေါ်သို့