ရခိုင်သွီး
04 August 2012
လွန်ခဲ့သော ဇွန်လအတွင်း ရခိုင်ပြည်နယ်တွင် ဘင်္ဂလီ-ရခိုင် အရေးအခင်းကြောင့် စစ်တွေမြို့ စက်ရုံစုရပ်ကွက် အာဂျိုက်တော် ကုန်းရှိ အောင်သီရီကျောင်းတိုက်ကို နာဇီရပ်ကွက်မှ အကြမ်းဖက်ဘင်္ဂလီများက ဖျက်ဆီးသွားခဲ့သောကြောင့် ယခု ၄င်း ကျောင်း ဆောင်ကို ပြန်လည်တည်ဆောက်ရန် အရေးပ်ါအလှူငွေများ လိုအပ်နေကြောင်း သတင်းရရှိသည်။
အောင်သီရီကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလက " နာဇီးရပ်ကွက်မှ အကြမ်းဖက် ဘင်္ဂလီတွေက ဦးဇင်း ကျောင်းကို ဖျက်ဆီးသွားပါတယ်။ ဖျက်ဆီးသွားတာမှာ ကျောင်းခြံနှင့် ကျောင်းမြေကွက်ပဲကျန်ပါတယ်။ ကျောင်းမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကိုလဲ နုတ်ယူသွားပြီး ဖျက်ဆီးသွားပါတယ်။ ဘင်္ဂလီနှင့် ရခိုင်အရေးအခင်း ဖြစ်နေတုန်းမှာ ဦးဇင်းကျောင်းမှာ ဦးဇင်း သုံးပါးနေပါတယ်။ အရေးအခင်းဖြစ်တာနဲ့ အဲဒီဦးဇင်းသုံးပါးလည်း ထွက်ပြေးသွားပြီး အခုပြန်လာဖို့အတွက် ကျောင်းက မရှိတော့ဘူး ဆိုတော့ ပြန်လာလို့မရဖြစ်နေတယ်။ ဦးဇင်းတို့အနေနဲ့လည်း ဝါဆိုဖို့ကျောင်းက မရှိဖြစ်နေတယ်။ အခု ဒီကျောင်းကို ပြန်လည် တည်ဆောက်ဖို့အတွက် အကူအညီ အရေးပေါ်လိုအပ်နေပါတယ်။ " ဟု ပြောသွားသည်။
၎င်း အောင်သီရီကျာင်းတိုက်ကို နာဇီရပ်ကွက်မှ အကြမ်းဖက်ဘင်္ဂလီတွေ ဖျက်ဆီးသွားသောကြောင့် ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလမှာ ဝါဆိုရန် အခက်အခဲဖြစ်နေပြီး ပြန်လည်တည်ဆောက်ဖို့ကို ဒကာ/ဒကာမလည်း မရှိ၊ ကယ်ဆယ်ရေးကလည်းမလာ၊ အကူအညီပေးမဲ့သူလည်းမရှိသဖြင့် ဝါဆိုရန် အလွန်အရေးကြီးနေတဲ့အတွက် ကျောင်းဆောင်ကို ပြန်လည်တည်ဆောက်ရန် အရေး ပ်ါအကူအညီများ၊ အလှူငွေများကို လိုပ်အပ်နေသည်ကိုလည်း သိရှိရသည်။
အကူအညီပေးမည့်သူများ၊ အလှူငွေများ လှူဒါန်းလိုသူများမှာ - ဖုန်း +(66) 0827981990 (ထိုင်း) ၊ + (66) 0873119607 ၊ +(95) 0941942981(မြန်မာ) ၊ Email - moezawmyint2012@gmail.comThis e-mail address is being protected from spambots. You need JavaScript enabled to view it ၊ arakantuntun@gmail.comThis e-mail address is being protected from spambots. You need JavaScript enabled to view it ကို ဆက်သွယ်လှူဒါန်း နိုင်ကြောင်းကိုလည်း သိရသည်။
Ref: အာရ်ကန်တိုင်းမ်
Monday, August 6, 2012
စစ်တွေမြို့ အာဂျိုက်တော်ကုန်းရှိ အောင်သီရီကျာင်းတိုက် ပြန်လည်တည်ဆောက်ရန် အရေးပေါ် အလှူငွေများ လိုအပ်နေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment