Monday, August 6, 2012

အမေရိကန်ရောက် မြန်မာတိုင်းရင်းသား မိသားစုများက ဒုက္ခသည်ရခိုင်ပြည်သူလူထုအတွက် ရန်ပုံငွေရှာဖွေပေးအပ်ပွဲနှင့် ၀တ်ပြုဆုတောင်းပွဲအခမ်းအနားပြုလုပ်

ရခိုင်သွီး
06 August 2012

လက်ရှိမြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အိုးအိမ်များဆုံးရှုံးစွန့် ခွာကာ ဒုက္ခရောက်နေကြသည့် ရခိုင်တိုင်းရင်းသားများနှင့် ရခိုင်မျိုး နွယ်စုများအတွက် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ တ၀ိုက်မှ မြန်မာတိုင်းရင်းသား မိသားစုများက ရန်ပုံငွေရှာဖွေပေးအပ်ပွဲနှင့် ၀တ်ပြုဆုတောင်းပွဲ အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

" အမေရိကန်ဒေါ်လာ သုံးထောင်ကျော်ခန့်  ရရှိခဲ့တယ်လို့ ပွဲစီစဉ် ကြီးကြပ်ဦးဆောင်ကျင်းပ သူတွေက ပြောပါတယ်။ အမာရီ လိုမြို့ မှ ရခိုင်မိသားစုတွေက ပထမအသုတ် အလှူငွေကောက်ခံပြီး အမေရိကန်ဒေါ်လာ သုံးထောင်နီးပါးခန့် ကို ဒုက္ခ္ခသည် ရခိုင်ပြည်သူလူထုအတွက် နိုင်ငံတကာ ရခိုင်အမျိုးသားအသင်းကြီး (World Arakanese Organization-WAO) မှတဆင့် လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ကြပါတယ်။ အမာရီလိုမြို့ မှာရှိတဲ့ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာ ဘုန်းတော်ကျောင်းဝန်း အတွင်းတွင် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တိုင်းရင်းသားကိုယ်စလှယ်များအပါအ၀င် အမာရီလိုမြို့ မှ ၈၈ မျိုးဆက် ကျောင်း သားများ တက်ရောက်ခဲ့ကြပြီး အလှူငွေများပေးအပ်ကာ ဒီကနေ့ ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေ မှန်တွေနဲ့ပတ်သက်ပြီး သူတို့ ရဲ့ သဘောထားအမြင်နှင့် ခံစားချက်များကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ " ဟု ပွဲစီစဉ်ကြီးမှူး ကျင်းပသူ ရခိုင်တိုင်းရင်းသားလူငယ်တစ်ဦးဖြစ်သည့် ကိုချစ်ဆွေက ယခုလိုပြောပါတယ်။

" ဒီရခိုင်ဒုက္ခသည်များအရေးမှာပေါ့နှော်၊ ကျနော်တို့က ဒုက္ခရောက်နေကြတဲ့ အပြစ်မဲ့ ရခိုင်ပြည်သူလူထု ဒုက္ခသည် ညီနောင် သွေးချင်းများကို လူသားချင်းစာနာထောက်ထားပြီးတော့ တတ်နိုင်တဲ့ဖက်က အကူအညီပေးဖို့  ခုလို ပွဲစီစဉ်ကျင်းပ ရတာ ဖြစ် ပါတယ်။ ဒီပွဲကျင်းပဖို့ အတွက် တစ်လလောက်အချိန်ယူပြီး ဇေယျသုခဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင် ဆရာတော် ဥူးနန္ဒ၀ံသအား ဦးထိပ်ထားကာ မြန်မာတိုင်းရင်းသား မိသားစုတွေက ခုလိုပွဲကျင်းပဖို့ စီစဉ်ခဲ့ကြတာပါ။ ပွဲရက် မတိုင် ခင်ကတည်းက ကျနော်တို့က လက်ရှိရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေရဲ့ ဆိုဆိုးဝါးဝါး အခြေအနေ ဖြစ်ရပ်မှန်များနှင့် ဒီပြဿနာအပေါ် ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ အမြင်သဘောထားတွေကို ဗွီစီဒီ ခွေတွေထုတ်လုပ်ကာ ဒီက မြန်မာတိုင်းရင်းသားများ အားလုံးနီးပါးကို ကြိုတင်သတင်းဖြန့် ဝေမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီက ကျနော်တို့ တိုင်းရင်းသားတွေကလည်း ရခိုင့်ဒုက္ခသည်တွေကို မေ့မထားပါဘူးဆိုတာရယ်၊ ဒီပြဿနာဟာ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်ပတ်သက်တဲ့ ပြဿနာဖြစ်တဲ့အတွက် ရခိုင်ပြည်သူလူထုနဲ့အတူ မြန်မာတိုင်းရင်းသားတွေ အားလုံးက တစ်ညီတစ်ညွတ် တည်း စည်းစည်းရုံးရုံး ရှိနေပါတယ်ဆိုတာ ပြသရာလည်း ဖြစ်တာပေါ့။ " ဟု ဆက်လက်ပြီး ကိုချစ်ဆွေက ပြောသည်။

ပွဲအခမ်းအနားသို့ တက်ရောက်လာသူများကို မျိုးချစ်ရခိုင်လူငယ်များအဖွဲ့က ရခိုင်မုန့်တီဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရပါသည်။ ပွဲအခမ်းအနားကို နံနက်(၉)နာရီမှနေ့လည် (၁)နာရီနီးပါးထိကျင်းပခဲ့ပြီး လူ (၁၀၀) နီးပါး တက်ရောက်ခဲ့ ကြောင်း လည်း သတင်းရရှိသည်။

Ref: အာရာကန်တိုင်းမ်


0 comments:

အပေါ်သို့