ဥာဏ်ဥာဏ် (မြစ်မခ)
4 Aug, 2012
သြဂုတ်လ (၆)ရက်နေ့မှစ၍ ရေယာဉ်လိုင်း (၅)လိုင်းအား ရေယာဉ်စီးခ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရေယာဉ်လိုင်းများမှာ ပန်းဆိုးတန်း-ဒလ၊ ရန်ကုန်-ခနောင်တို၊ စဉ့်အိုးတန်း-ဆာပါချောင်၊ ဝါးတန်း-ဆိတ်ကြီးနှင့် ဝါးတန်း-ဒလသွား ရေယာဉ်စီးခများ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်လက်ရှိ ပြေးဆွဲလျက်ရှိသည့် ခရီးစဉ် အချို့၏ ခရီးသည်တင်ယာဉ်ခနှင့် ကုန်တက်နှုန်းထားခများကိုပါ ပြောင်းလဲ သတ်မှတ် သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုသည်။
သြဂုတ်လ (၁) ရက်နေ့တွင်မူ အမြန်လမ်း မြစ်ဝကျွန်းပေါ်တစ်လျှောက် ပြေးဆွဲနေသည့် ရန်ကုန်-ဘိုကလေး၊ ရန်ကုန်-ကျုံမ ငေး၊ရန်ကုန်-မြောင်းမြ ၊ ရန်ကုန်-ပုသိမ်နှင့် ရန်ကုန်-ပြည်အစရှိသည့် ခရီးစဉ် (၅)ခုမှ ရေယာဉ်စီးနင်းလက်မှတ်ခများအား စတင်တိုးမြင့်ကောက်ခံနေပြီဖြစ်ကြောင်းကိုလည်း သိရှိရသည်။
ရန်ကုန်-ဒလ ရေယာဉ်စီးခ ယခင် ၅ဝ ကျပ်မှ ၁ဝဝ ကျပ်သို့ တိုးမြင့်ကောက်ခံလိုက်ပြီဖြစ်သည်။
''ပြောင်းလဲကောက်ခံဖို့အတွက် ပြည်သူများထံမှစစ်တမ်းများ ကောက်ယူမေးမြန်းပြီးသဘောတူညီမူတွေ ရရှိပြီးမှသာ အခုလိုနှုန်း ထားတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။''ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ တိုးမြင့်ကောက်ခံရခြင်းမှာ မြင့်တက်လာသည့် စက်သုံးဆီဈေးနှင့် ခေတ်စနစ်များအရ ပြောင်းလဲခြင်းဖြစ်သဖြင့် နှုန်း ထားအချို့အား ပြောင်းလဲတိုးမြင့်ကောက်ခံခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။
''ကျွန်တော်ဆို အရင်က ယာဉ်စီးခ (၅ဝ) ပေးရတယ်။ ခုက (၁ဝဝ)ဆိုတော့ အသွားအပြန်ဆို (၂ဝဝ)ရှိမှာ ရမှာ လေ။ ခေတ်စနစ်နဲ့ ကြည့်မယ်ဆိုရင်လည်း ကောင်းပါတယ်'' ဟု ရန်ကုန်တိုင်ဒေသကြီး ဒလမြို့မှ ကိုမောင်က ပြောသည်။
Ref: မြစ်မခ
Monday, August 6, 2012
ရေယာဉ်လိုင်း(၅)လိုင်းတွင် ရေယာဉ်စီးခ တိုးမြှင့်ကောက်ခံ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment