ရှုမဝအောင်(မြစ်မခ)
4 Aug, 2012
H2O ရေကစားမဏ္ဍပ် ဗုံးဖောက်ခွဲမှုတွင်ပါဝင်ပတ်သက်သည်ဟု ယူဆသည့်အတွက် သေဒဏ်ကျခံရသော ကိုဖြိုးဝေအောင် အသက်(၃၃)နှစ်မှာ သြဂုတ်လ (၃)ရက်နေ့တွင် လွတ်မြောက်ခွင့်ပေးခဲ့သည်။
လူသားချင်းစာနာထောက်ခြင်း ပုဒ်မ ၄ဝ၁ အပိုဒ် (က) အရ ကျန်းမာရေးအခြေအနေကြောင့် သေဒဏ်မှ လွတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အင်းစိန်အထွေထွေဆေးရုံတွင် ကိုဖြိုးဝေအောင်ကို နံနက် (၁၂)ခန့်၌ ခြေချင်းခတ်ထားရာမှ ဖြုတ်ပေးခဲ့သည်။
'ကျွန်တော် မေလ (၁ဝ) ရက်နေ့ထဲက အင်းစိန်ဆေးရုံကို တက်ပြီးဆေးကုသမှု ခံယူနေတာ။ ကျွန်တော်အသည်း ကင်ဆာဖြစ် နေပြီဆိုတာ (၃)လပိုင်းထဲက သိတာပါ။ ‘ဒါပေမယ့် ထောင်ထဲကို အသည်းဆရာဝန်လည်း လာရောက်ဆေးကုသခြင်း မရှိပါ ဘူး။'ဟု ကိုဖြိုးဝေအောင်က ပြောသည်။
လွတ်မြောက်လာချိန်တွင် အသည်းကင်ဆာဆဲလ်များ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျံ့နှံ့နေခြင်းကြောင့် နံရိုးအောက်ပိုင်းတွင် လုပ်၍ မရနိုင်တော့ပဲ အောက်ပိုင်းသေနေကြောင်း ကိုဖြိုးဝေအောင်က ဆက်ပြောသည်။
ဇနီးဖြစ်သူ မဋ္ဌေးဋ္ဌေးကမူ ကိုဖြိုးဝေအောင် လွတ်မြောက်လာခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့ အခွင့်ရေးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ဇူလိုင်လ ၃ဝ ရက်နေ့တွင် ၄င်း၏ ခင်ပွန်းအား လာရောက်တွေ့ဆုံခဲ့ခြင်းနှင့် သက်ဆိုင်နေသည်ဟု ဆိုသည်။
မစ္စတာ ကင်တားနားနှင့် ယခုတစ်ကြိမ်တွေ့ဆုံခြင်းမှာ တတိယအကြိမ်ဖြစ်ပြီး လာရောက်တွေ့ဆုံစဉ် ကိုဖြိုးဝေအောင် ကျန်းမာရေး အခြေအနေကို နိုင်ငံတော်အကြီးကဲများကို တင်ပြပေးမည်ဟု ပြောကြားသွားခဲ့ကြောင်း မဋ္ဌေးဋ္ဌေးက ပြောသည်။
'ဒီနေ့ကျွန်မ အမျိုးသားလွတ်တာက ကင်ဒါးနား လာရောက်တွေ့ဆုံခြင်းနဲ့ အများကြီး ပတ်သက်တယ်လို့ ကျမထင်ပါတယ်။'ဟု မဋ္ဌေးဋ္ဌေးက ပြောသည်။
ကိုဖြိုးဝေအောင်သည် အင်းစိန်အထွေအထွေဆေးရုံ၌ ယခုထိ ဆေးကုသမှုခံယူနေဆဲ ဖြစ်သည်။
Ref: မြစ်မခ
Monday, August 6, 2012
သေဒဏ်ကျခံထားရသူ ကိုဖြိုးဝေအောင်အား လွတ်မြောက်ခွင့်ပေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment