Monday, August 6, 2012

မြို့သစ်မြေဈေး လျော့ရောင်းနေရချိန်မြို့တွင်း၌အိမ်ခြံမြေဈေး ဆက်လက်မြင့်တက်

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
6 Aug, 2012

မန္တလေးမြို့သစ်မြို့နယ်များမှ ငွေပေါ်လိုသူလုပ်ငန်းရှင်များအနေဖြင့် အိမ်မြေခေါ်ဈေးလျော့ချရောင်းနေရချိန်တွင်မြို့တွင်း၌ စီးပွားရေး အခြေတကျလုပ်ကိုင်လိုသူများကြောင့် အိမ်ခြံမြေဈေးနှုန်း များမှာ ဆက်လက်မြင့်တက်လျှက်ရှိကြောင်း မန္တလေးအိမ်ခြံမြေ အကျိုး ဆောင်များထံက သိရှိရသည်။

“မြို့သစ်ဘက်မှာ အိမ်ဝိုင်းဈေးတွေကောင်းတုန်းက အကွက်၂ဝ၊၃ဝလောက် ဝယ်ပြီးမြုပ်နှံထားတဲ့ သူတွေ ဈေးအေးနေလို့ ငွေ ပေါ်အောင် ဈေးချရောင်းနေရတယ်၊သိန်း(၈ဝဝ)လောက်တန်တဲ့ အကွက်ကို ကျပ်သိန်း(၆ဝဝ)(၇ဝဝ)လောက်နဲ့ ဈေးခေါ်နေ ရတယ်’'ဟု အိမ်ခြံမြေအကျိုးဆောင် ကိုလင်းထွန်းအောင်က ပြောသည်။

သစ်အိမ်ခြံမြေဈေးအေးနေသော်လည်းမြို့ထဲအချက်အချာကျသော နေရာများတွင် ကျပ်သိန်းတစ် သောင်းခွဲအောက်ထစ် ဖြစ် ကြောင်း မန္တလေးမြို့ခံပွဲစားတစ်ဦးက ဆိုသည်။

“မြို့ထဲမှာစီးပွားရေးအခြေတကျလုပ်မယ့် လူတွေများတော့မြို့ထဲကအိမ်ခြံမြေဈေးကမကျတဲ့အပြင် တက်နေတယ်၊မိန်းလမ်းဘေးမှာ ပေ၄ဝ၊၆ဝတစ်ကွက်ကို ကျပ်သိန်း(၁၃ဝဝဝ)ကနေ သိန်း(၁၅ဝဝဝ) အထိ ရှိတယ် ’’ဟု ဝယ်ရောင်းပွဲစား ကိုနိုင်လင်းက ပြော သည်။

ရက်ပိုင်းအတွင်း နန်းရှေ့နှင့်မဟာမြိုင်ရပ်ကွက်ရှိ ကျပ်သိန်းထောင်ကျော်တန်အကွက်များသာ အရောင်းအဝယ်ဖြစ်နေကြောင်း ကိုလည်း သိရှိရသည်။

လက်ရှိတွင် မန္တလေးအိမ်ခြံမြေဈေးကွက်မှာ လတ်တလောအေးနေသော်လည်း အိမ်ခြံမြေပွဲစား အများစုမှာ အိမ်ဂရံသက်တန်းတိုး၊ ဂရံအသစ်လျှောက်စသော လုပ်ငန်းများအားမြို့တော်စည်ပင် သာယာရေးမှဝန်ထမ်းများနှင့်ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရှိရ သည်။

“ဂရံသက်တန်းတိုးတဲ့ နေရာမှာ တစ်ချို့က ရှေနေနဲ့လုပ်တယ် တစ်ချို့ကတော့ ပွဲစားနဲ့လုပ်ကြတယ်’’ဟု မြို့သစ် ချမ်းမြသာစည် မြို့နယ်မှ ကိုအောင်ကျော်က ပြောသည်။

မြို့သစ်တွင် အိမ်ဂရံသက်တမ်းတိုးပါက ကျပ် ၅သိန်းခွဲဝန်းကျင် ပျမ်းမျှကုန်ကျပြီး ဂရံအသစ် လျှောက်ပါက မြေဖိုးလမ်းဖိုးအပါဝင် ကျပ် ၇သိန်းခွဲဝန်းကျင် ကုန်ကျကြောင်းကိုလည်း ၄င်းထံက သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့