ထွန်းနေအောင် (မြစ်မခ)
3 Aug, 2012
ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံတိုင်းရင်သားမဟုတ်ဟု ပြောကြားခဲ့သည့် နိုင်ငံတော်ကြီး သမ္မတ ဦးသိန်းစိန်အား ထောက်ခံ သည့်အနေဖြင့် မြေနီကုန်းဆန္ဒပြပွဲတစ်ခုအား ပြည်လမ်းမပေါ်ရှိ မြေနီကုန်းမှတ်တိုင် အနီးUNHCRရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။
အဆိုပါ ဆန္ဒပြပွဲကို နေ့လည်(၁းဝဝ)နာရီခန့်က တိုင်းရင်းသားပေါင်းစုံမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူ(၂ဝ)ခန့် ပါဝင်ခဲ့ကြောင်း သိရှိ
ရသည်။
ဆန္ဒပြရခြင်းမှာ ရိုဟင်ဂျာအရေးပြောကြားသော သမ္မတအားထောက်ခံခြင်း၊ တိုင်းရင်းသားများဟု ပြောဆိုနေကြသော ပြည်ပ မီဒီယာ များကို ကန့်ကွက်ခြင်း၊ ရိုဟင်ဂျာများနှင့်အတူယှဉ်တွဲ နေထိုင် သည်ဟု ပြောဆိုသော UNHCR မှ မဟာမင်းကြီးအား ကန့်ကွက်ရူံ့ချလိုခြင်းကြောင့်ဖြစ်သည်ဟု သိရှိရသည်။
'သမ္မတကြီးပြောတဲ့စကားက သင့်တော်တဲ့စကားပါပဲ။ သူတို့တွေဘယ်ကလာသလဲ။ ဘင်္ဂလားဒေ့ရှ်ကလာတာ။ ဘင်္ဂလားဒေ့ရှ် ကတောင် လက်မခံဘူးဆိုရင် ကျွန်တော်တို့ မြန်မာပြည်က ဘာလို့ လက်ခံရမှာလဲ။ သမ္မတကြီးက ခြံခတ်ပေးထားမယ်ဆိုတာ အရမ်းကိုသင့်တော်ပါတယ်။ ဟု လာရောက် ဆန္ဒပြသူတစ်ဦးက ပြောသည်။
ဆန္ဒပြရာတွင် လူအုပ်ကြီးမှ 'သမ္မတအားထောက်ခံပါသည်။ ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ် ရိုဟင်ဂျာသည် မြန်မာလူမျိုး မဟုတ်၊ လိမ်ညာဝါဒဖြန့် မီဒီယာများ ချက်ချင်းရပ်၊ ရိုဟင်ဂျာကို တိုင်းရင်သားဟု ပြောသူများ အလိုမရှိဟု အော်အပြီးတွင် နိုင်ငံ တော်သီချင်းကိုလည်း သီဆိုခဲ့ကြ သည်။
‘'ကျွန်တော်တို့ ဆန္ဒပြဖို့ မြို့နယ်ရုံးကို စာတင်တယ်။ တိုင်းရုံးထိသွားပြီး အယူခံဝင်တဲ့ဟာကို ပယ်ချပါတယ်။ တရားဥပဒေလမ်း ကြောင်းအတိုင်း လုပ်ချင်သော်လည်း ပယ်ချခံခဲ့ရတဲ့အတွက် စည်းမျဉ်း ဖောက်ဖျက်သလိုတော့ ဖြစ်နေပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်က သမ္မတကြီးက ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်ပြီးပြောကြားခဲ့ တာကို ထောက်ခံတာကိုလုပ်ချင်တဲ့အတွက် ဒီပွဲကို ဖြစ်မြောက်အောင်လုပ်တာပါ ’’ဟု ဆန္ဒြပပွဲပြုလုပ်သူတစ်ဦးက ပြောသည်။
ဆန္ဒပြသူများသည် မည်သည့်ပါတီ မည်သည့်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုကြောင်း မည်သူကမှ ကူညီထောက်ပံ့ထားခြင်း မရှိ ကြောင်း ပြည်သူကိုသာ ကိုယ်စားပြုကြောင်း အမျိုးသားရေး စိတ်ဓါတ် တစ်ခုတည်းနှင့် ဆန္ဒပြခြင်းဖြစ်ကြောင်း ၄င်းက ဆက် လက်ပြောကြားခဲ့သည်။
အဆိုပါ ဆန္ဒပြပွဲသို့ စမ်းချောင်းရဲစခန်းမှ စခန်းမှုး ဦးမြအောင်မှ လာရောက်ပြီး လူစုခွဲခိုင်းခဲ့ပြီး ဆန္ဒပြမှုအား (၂းဝဝ)နာရီခန့်တွင် ပြီးဆုံးခဲ့သည်။
Ref: မြစ်မခ
Monday, August 6, 2012
သမ္မတကြီးအား ထောက်ခံသည့် မြေနီကုန်းတိုင်းရင်းသားပေါင်းစုံဆန္ဒထုတ်ဖော်ပွဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment