Tuesday, July 12, 2011

ကျောက်တော်တွင် သူခိုးသောင်းကျန်း

7/11/2011

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် သူခိုးများ သောင်းကျန်းနေပြီး အိမ်အများအပြား ဖေါက်ထွင်း ခိုးယူခံနေကြရကြောင်း သတင်း ရရှိသည်။

ထိုကဲ့သို့ ဖေါက်ထွင်းခံနေရကြောင်းကို ကျောက်တော်မြို့ခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။


" ၄ ရက်ဆက်တိုက် ဖေါက်ထွင်းခံရတာ ဖြစ်ပါတယ်။ ဖေါက်ထွင်း ခံရတာကလည်း တစ်နေ့တည်းမှာမှာ သုံးလေး ငါးအိမ် ဖေါက်ထွင်း ခံနေရတာ ဖြစ်ပါတယ်။ အရင်က ဒီလို ဖေါက်ထွင်းမူတွေ မရှိတဲ့ အတွက် တော်တော့ကို စဉ်းစားစရာ ဖြစ်နေပါတယ်" ဟု ပြောသည်။

တစ်နေ့တည်းတွင် အိမ်သုံးလေး အိမ်ခန့် ဖေါက်ထွင်းခံနေရသဖြင့် သူခိုးများမှာ အုပ်စုလိုက် ဖြစ်နိုင်ကြောင်း သူက ပြောသည်။

" အခိုးခံရတဲ့ အိမ်တွေက အများကြီးဘဲဗျာ။ ကျောက်တော် မြို့သစ် ရပ်ကွက် ဦးဦးသိန်းကျော် အိမ်ကို ဖေါက်ထွင်းခံခဲ့ရတယ်။ အိမ်ထဲမှ ဆေးဝါးတွေကို အကုန်လုံးယူသွားတယ်။ ပြည်တော်သာ ရပ်ကွက်က ဦးမောင်စံသိန်း အိမ်လည်း ဖေါက်ထွင်းခံရတယ်။ ပီးရင် ရွာမက ဦးမောင်လှစိန် အိမ်လည်း ဖေါက်ထွင်းခံရတယ်" ဟု သူက ပြောသည်။

၎င်းပြင် မြို့သစ်မှ ဦးမောင်သန်းကျော်၊ မြို့သစ်မှ ဦးကောက်စိ၊ တောင်ဘက်စု ( ရွာမ) ဦးစံအောင်ကျော် ၊ မြို့သစ်မှ ဦးညီညီ သန်း၊ မြို့သစ်မှ ဒေါ်ဖြူဖြူ တို့အိမ်များကို ဖေါက်ထွင်း ၀င်ရောက်မူများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ တာဝန်ရှိသူ တစ်ဦး ကလည်း ကျောက်တော်တွင် သူခိုးများ သောင်းကျန်းနေခြင်းကို အတည်ပြု ပြောကြားပြီး လတ်တလောတွင် ခိုးမူများ အထူးတိုးပွားနေကြောင်း ပြောကြားသည်။

" အခု ခိုးမူတွေက လက်တလောမှာ ဖြစ်နေတာပါ။ အိမ်တွေ အများအပြား ဖေါက်ထွင်းခံရတယ်။ အရင်ကတော့ ထဘီ အကျီင်္ တွေကို ခိုးတာတွေတော့ ရှိပါတယ်။ အခု သူခိုးတွေက ရွှေငွေတွေကို ဖေါက်ထွင်းခိုးနေတာ ဖြစ်ပါတယ်။ သူခိုး အကြီးစား တွေ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ကျောက်တော်မြို့တွင် စကခ (၉) တပ်မ တပ်စွဲထားသော မြို့ ဖြစ်ပြီး စစ်တပ် တပ်ရင်းလည်း အများအပြား အခြေစိုက်ရာ မြို့ဖြစ် သည်။ ထိုကဲ့သို့ မြို့တစ်မြို့တွင် သူခိုးများ သောင်းကျန်းနေသဖြင့် ပြည်သူများက အံ့သြ မဆုံး ဖြစ်နေကြသည်ဟု သိရသည်။

Ref: နိရဉ္စရ

0 comments:

အပေါ်သို့