Friday, July 15, 2011

မြစ်ဆုံရေကာတာ ဆက်လက်တည်ဆောက်

2011-07-14

ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကို အကောင်အထည် မဖော်ဖို့ ပညာရှင်တွေ တားမြစ်တဲ့ကြားက တရုတ် အစိုးရပိုင် ကုမ္ပဏီနဲ့ မြန်မာ အစိုးရနဲ့ နီးစပ်တဲ့ အေရှားဝေါလ် ကုမ္ပဏီတို့က ရှေ့ဆက် ဆောင်ရွက်နေတယ်လို့ Burma Rivers Network မြန်မာ မြစ်များ ကွန်ယက် အဖွဲ့က ဒီနေ့ ပြောကြားလိုက် ပါတယ်။


စာမျက်နှာ ၉၄၀ ကျော်ပါ Environmental impact assessment ပတ်ဝန်းကျင် ထိခိုက်မှု သုံးသပ်ချက်မှာ ဧရာဝတီ မြစ်ဆုံမှာ ဒီလို ဧရာမ ရေကာတာကြီး ဆောက်လုပ်ဖို့မလိုအပ်ဘူးလို့ဖော်ပြထားပါတယ်။

Environmental impact assessment EIA ဆိုတဲ့ မဲခေါင် မြစ်ဝှမ်းဒေသမှာ ဆည်တွေ မဆောက်လုပ်ခင် ကြိုတင် တိုင်းတာ ဆန်းစစ်ချက်မှာ ရေကာတာ တည်ဆောက်မှာကို ကန့်ကွက် တားမြစ်ထားပေမဲ့ ဆောက်လုပ်နေတယ်လို့Burma Rivers Network အဖွဲ့က မအာနန်က ပြောပါတယ်။

"၂၀၀၉ ခုနှစ်ကထဲက ထုတ်ထားတဲ့ လေ့လာမှု EIA မှာ မြန်မာ ပြည်သူ လူထုတွေကို ပြရမယ်ဆိုပြီး ပညာရှင်တွေက ပြောထားတယ်။ ဒါပေမဲ့ တရုတ်နဲ့ ဗမာအစိုးရတွေက ဖွက်ထားတယ်။ ဘယ်တုန်းကမှလည်း ပြည်သူ လူထု ဆီလည်း မရောက်ဘူး။"

ဒီလေ့လာချက်အတွက် ရေကာတာ ဆောက်လုပ်မည့် တရုတ် အစိုးရပိုင် CPI ကော်ပိုရေးရှင်းက ငွေကြေး အကုန်အကျခံပြီး မြန်မာနိုင်ငံက ဘန်ကာလို့ အတိုကောက် ခေါ်တဲ့ Biodiversity and Nature Conversation Association ဇီဝ မျိုးစုံမျိုးကွဲနဲ့ သဘာဝ ထိန်းသိမ်းရေး အသင်းနဲ့ တရုတ်နိုင်ငံက CISPDR- Changjiang Instituite of surveying, planning, design and research – Changjiang စစ်တမ်း၊ စီမံကိန်း၊ ဒီဇိုင်းနဲ့ သုတေသန အဖွဲ့တို့က ပညာရှင် ၈၀ ပါတဲ့ အဖွဲ့က ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ကနေ မေလအထိ ၅ လ ကြာ ကွင်းဆင်း စစ်ဆေးပြီး ရေကာတာ မဆောက်လုပ်ဖို့သတိပေး ပြောကြားခဲ့တာပါ။

ဒီမတိုင်ခင်ကလည်း ဂျပန်နိုင်ငံက လေ့လာရေး အဖွဲ့ တခု လာရောက် တိုင်းတာ စစ်ဆေးဖူးပြီး မြစ်ဆုံမှာ ရေကာတာ တည်ဆောက်ရင် သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်၊ လူနေမှု ဘ၀တွေလည်း ပျက်ပြားမှာမို့ ရေကာတာ လုပ်ဖို့လက်လျှော့ သွားဖူးပါတယ်။
Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့