Tuesday, July 12, 2011

သမ္မတအကြံ​ပေး​ဦး​မြင့်​၏ အဖွဲ့ချုပ်စာတမ်း​ဖတ်ပွဲ စီစဉ်ပြီး​မှဖျက်

July 11, 2011
အံ့ဘုန်းမြတ်

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ်မှာ ဒီက​နေ့​ ပြုလုပ်မယ့်​ သမ္မတရဲ့​ စီး​ပွား​ရေး​ အကြံ​ပေး​အဖွဲ့ဝင် ဦး​မြင့်​ရဲ့ “ဆင်း​ရဲမွဲ​တေမှု ပ​ပျောက်​ရေး​ စာတမ်း​ဖတ်ပွဲ” စီစဉ်ပြီး​မှ ပျက်သွား​ပါတယ်။


အာဏာပိုင်​ တွေဘက်က ဦး​မြင့်​ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ်မှာ မလုပ်ဘဲ အခြား​နေရာမှာ လုပ်ဖို့​ ဖိအား​ပေး​တာ​ကြောင့်​ ပျက်သွား​ခဲ့​ရတာ ဖြစ်တယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦး​တင်ဦး​က အတည်ပြု ​ပြောဆိုပါတယ်။

“လုပ်မယ့်​နေ့ ​မှာ ဦး​မြင့်​ကို အစိုး​ရအာဏာပိုင်​တွေက​နေ စာတမ်း​ဖတ်တာနဲ့​ ပတ်သက်တာကို အဖွဲ့ချုပ်မှာ မလုပ်ဘဲ အခြား​နေရာမှာ ဖတ်မယ်ဆိုရင် ဖြစ်တယ်လို့​ ​ပြောတယ်နဲ့​ တူတယ်။ အဲဒါနဲ့​ ပတ်သက်ပြီး​တော့​ ဦး​မြင့်​ဆီက စာတမ်း​ဖတ်တဲ့​ တာဝန်ခံ ပုဂ္ဂိုလ်ဆီကို ဒီမှာစာတမ်း​ဖတ်ပွဲ မ​ပေး​လုပ်တဲ့​အ​ကြောင်း​ ​ပြောလို့​ ဒီလိုပဲ ရပ်စဲလိုက်တာပါ။”

ဒီ​ဟော​ ပြောပွဲကို အဖွဲ့​ချုပ်ဝင် ၅၀ ခန့်​နဲ့​ ကျင်း​ပဖို့​ စီစဉ်ထား​ရာက ဖျက်သိမ်း​လိုက်ရတာလည်း​ ဖြစ်ပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ်မှာ ပြုလုပ်​နေတဲ့​ ပညာ​ပေး​အစီအစဉ်ကို ဖျက်သိမ်း​လိုက်ရတာနဲ့​ ပတ်သက်ပြီး​တော့​လည်း​ ဦး​တင်ဦး​က …

“ဒီလို ​ဆွေး​နွေး​ပွဲလုပ်​နေတာက​တော့​ မပြတ်လုပ်​နေတာပဲ။ အဲဒီရည်ရွယ်ချက်နဲ့​ ဒီ​နေ့​လက်ရှိ တာဝန်​ပေး​တဲ့​အတိုင်း​ တင်ပြရမယ့်​ စီး​ပွား​ရေး​ အချက်အလက်​တွေနဲ့​ ပတ်သက်ပြီး​ လိုက်ပြီး​ ​ဆွေး​နွေး​နေတာနဲ့​ ပတ်သက်လို့​ ဒါသူတို့​ အဖွဲ့ချုပ်ကို လာပြီး​တော့​ ​ဆွေး​နွေး​ချင်တယ်ဆိုတာကို အ​ကြောင်း​ပြုပြီး​ စီစဉ်​ပေး​တာပါ။ သူတို့​ဘက်က မလာဖြစ်ဘူး​ ဆို​တော့​လည်း​ မလာဖြစ်တဲ့​ အတိုင်း​ပေါ့​။ သို့​သော် ကျ​နော်တို့​က​တော့​ လုပ်စရာရှိတာ အား​လုံး​ ဆက်လုပ်သွား​မှာပဲ​လေ။”

ပြီး​ခဲ့​တဲ့​ လကလည်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ်ရုံး​မှာ နိုင်ငံ​ရေး​ သိပ္ပံသင်တန်း​တခု ဖွင့်​လှစ်ဖို့​ စီစဉ်ခဲ့​ပေမယ့်​လည်း​ အ​ကြောင်း​အမျိုး​မျိုး​တွေ​ကြောင့်​ အကန့်​အသက်မရှိ ရက်​ရွှေ့ဆိုင်း​ခဲ့​ရပါတယ်။

လက်ရှိ​ခြေအ​ နေမှာ​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ်က​နေ လယ်သမား​ သင်တန်း​၊​ သတင်း​စာပညာ သင်တန်း​တွေကို ဖွင့်​လှစ်သင်ကြား​ခဲ့​ပြီး​ အဲ့​ဒီကတဆင့်​ မြို့နယ်အလိုက် ဆင့်ပွား​ သင်တန်း​ပေး​တာ​တွေကို ပြုလုပ်​နေပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့