Wednesday, July 13, 2011

ဘိုး​ဘွား​ပိုင် ​မြေပိုင်ရှင်ကို ​မောင်း​ထုတ်

July 12, 2011
နော်နိုရင်း

ရန်ကုန်တိုင်း ​ဒေသကြီး​ ဒဂုံမြို့သစ်​တောင်ပိုင်း​ထဲက ​လေး​ထောင့်​ကန်​ကျေး​ရွာမှာ ဘိုး​ဘွား​စဉ်ဆက် လုပ်ကိုင်စား​သောက်လာတဲ့​ လယ်​မြေကို မြို့နယ်မှူး​က သိမ်း​ယူလိုက်သလို တပတ်အတွင်း​ လယ်ကွင်း​ထဲက ထွက်ခွာဖို့​ ပိုင်ရှင်လယ်သမား​ကို အမိန့်​ထုတ် လိုက်ပါတယ်။


ရန်ကုန်တိုင်း ​ ဒဂုံမြို့သစ်​တောင်ပိုင်း​ ​လေး​ထောင့်​ကန်​ကျေး​ရွာက လယ် ၅ ဒဿမ ၅ ဧကရှိတဲ့​ ကိုဖိုး​ဇော်ပိုင် လယ်​မြေကို ဒဂုံမြို့ သစ်​တောင်ပိုင်း​ မြို့နယ်မှူး​က အပြီး​အပြတ် သိမ်း​ပိုက်လိုက်တာပါ။

ဒီလယ်​မြေကို လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၇၀ က ကိုဖိုး​ဇော်ရဲ့​ အဘိုး​ကိုယ်တိုင် ခုတ်ထွင်ရှင်း​လင်း​ပြီး​ လယ်​ဖော် ခဲ့​တာ ဖြစ်ပြီး​ အမည်​ပေါက်​ပြေစာရှိသလို နိုင်ငံ​တော်ကိုလည်း​ နှစ်စဉ် အခွန်​ငွေ​ပေး​ဆောင်တဲ့​ လယ်​မြေ ဖြစ်ပါတယ်။

ကိုဖိုး​ ဇော်ရဲ့​ ဖခင်လက်ထဲမှာ ဒဂုံမြို့သစ်​တောင်ပိုင်း​ မြို့နယ်မှူး​က သိမ်း​ယူပြီး​ သီး​စား​နဲ့​ ပြန်လည်လုပ်ကိုင်ခွင့်​ပေး​ခဲ့​တယ်လို့​ ကိုဖိုး​ဇော်လယ်ပိုင်ခွင့်​ရ​ရေး​ ဝိုင်း​ကြိုး​ပမ်း​သူ အဖွဲ့ချုပ်ဝင် ဦး​အေး​သွင်က ​ပြောပါတယ်။

ဖခင်လက်ထက်ကတည်း ​က သူ့လက်ထက်ထိ ကိုယ့်​လယ်ကို သီး​စား​ခ တဧက ၁၀ တင်း​နှုန်း​ မြို့နယ်မှူး​ကို ​ပေး​ပြီး​လုပ်ကိုင်​နေတာဖြစ်ပြီး​ လာမယ့်​နှစ်မှာ ၁၅ တင်း​သီး​စား​ခ ​ပေး​ဆောင်ဖို့​ စာချုပ်ချုပ် လုပ်ကိုင်​နေတာ ဖြစ်ပါတယ်။

ဒီနှစ်စပါး​ စိုက်ပြီး​လို့​ စပါး​ပင်း​တလသား​ဖြစ်​နေချိန်မှာ မြို့နယ်မှူး​က ​နောက်ထပ် စီး​ပွား​ရေး​သမား​ ကိုကြည်ကို ဆိုသူကို ၁ ဒသမ ၂ ဧကကို လုပ်ကိုင်ခွင့်​ပေး​ခဲ့​ပါတယ်။ အဲဒီ​နောက် ကိုကြည်ကိုဟာ ကိုဖိုး​ဇော် လုပ်ကိုင်တဲ့​လယ်​မြေထဲမှာမှာ ငါး​ကန်​တွေ တူး​သလို ဟန့်​တား​နှောင့်​ယှက်ပြုခဲ့​တယ်လို့​ ဆိုပါတယ်။

ဒါ​ကြောင့်​ ကိုဖိုး​ဇော်ဟာ အခုလ ၇ ရက်​နေ့​က မြို့နယ်မှူး​အပါဝင် ရန်ကုန်တိုင်း​ဝန်ကြီး​၊​ လယ်ယာနဲ့​စိုက်ပျိုး​ရေး​ဝန်ကြီး​၊​ ပြည်ထဲ​ရေး​ဝန်ကြီး​ဌာနအပါဝင် အိုင်အယ်လ်အို၊​ ကမ္ဘာ့​စား​နပ်ရိက္ခာအဖွဲနဲ့​ အမျိုး​သား​ဒီက​ရေစီအဖွဲ့ချုပ်​တွေကို လိပ်မူ တိုင်ကြား​ခဲ့​ပါတယ်။

ဒီလိုတိုင်ကြား ​ပြီး​နောက်ပိုင်း​မှာ မြို့​နယ်မှူး​က ကိုဖိုး​ဇော်နဲ့​ ကိုကြည်ကိုတို့​နှစ်ဦး​စလုံး​ကို ဒီလယ်​မြေထဲ ဆက်မလုပ်ကြ​တော့​ဖို့​ အခုလ ၉ ရက်​နေ့​ကအမိန့်​ထုတ်ခဲ့​ပါတယ်။

ဒီ​နေ့​မှာ​တော့​ လာမယ့်​ ၁၅ ရက်​နေ့​နောက် ဆုံး​ထား​ပြီး​ အဲဒီက​နေထွက်ဖို့​ အမိန့်​ထုတ်တာဖြစ်ပါတယ်။

ကိုဖိုး​ ဇော်ကို ကူညီ​ပေး​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ်ဝင် ဦး​အေး​သွင်က “ဖိုး​ဇော်က သူတို့​ဆီမှာ သီး​စား​ချ​ပေး​တဲ့​အတွက် တရား​ဝင် သီး​စား​ခ​ပေး​ပြီး​ လုပ်တယ်ဆိုပြီး​ စာချုပ်ချုပ်ခဲ့​တာ။ အခု​တော့​ ပျိုး​ပင်​တွေက​နေ လသား​အရွယ်​ရောက်လာမှ ဖယ်ခိုင်း​တယ်ဆို​တော့​ ​မောင်ဖိုး​ဇော်အ​နေနဲ့​ အများ​ကြီး​ နစ်နာတယ်။ ဘယ်​လောက်ထိ နစ်နာမလဲဆိုရင် တရာသီလုံး​ ထွက်လာတဲ့​စပါး​ တန်ဖိုး​ထိပါ ဆုံး​ရှုံး​သွား​မယ်။ ပြီး​ခဲ့​တဲ့​ညကမှ ရပ်ကွက်ပိုင်​မြေ မကျုး​ကျော်ရဆိုတဲ့​ ဆိုင်း​ဘုတ်အနီ​တွေကို ညတွင်း​ချင်း​ ​လေး​ထောင့်​ကန်​ကျေး​ရွာမှာ ရှိတဲ့​စခန်း​မှူး​နဲ့​ နယ်ထိန်း​တွေက လာပြီး​တော့​ စိုက်ထူသွား​တာ။ သူတို့​က လုပ်ပြီး​သား​လယ်​တွေကို တပ်ဖွဲ့ပိုင်​မြေ၊​ တပ်ဖွဲ့ပိုင်လူ​တွေနဲ့​ စက်ယန္တရား​တွေနဲ့​ လုပ်ကိုင်မှာဖြစ်တဲ့​အတွက် အဲဒါကို ၁၅ရက်​နေ့​ ​နောက်ဆုံး​ထား​ပြီး​ ထွက်​ပေး​ဖို့​၊​ တကယ်လို့​ ထွက်မ​ပေး​ဘူး​ဆိုရင် ဥပ​ဒေအရ အ​ရေး​ယူမယ်ဆိုပြီး​ သတိ​ပေး​စာ ​ပေး​လိုက်တာပါ။ မြို့နယ်မှူး​ကိုယ်တိုင် လက်မှတ်ထိုး​ထား​တယ်” လို့​ ​ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့