July 16, 2011
ဇော်မင်း
မပြောချင်တော့တဲ့ဟာကို ပြောရဦးတော့မယ်။ ကချင်မှာလည်း တိုက်ပွဲတွေဖြစ်၊ ရှမ်းဖက်မှာလည်းဖြစ်၊ ကရင်နယ်ထဲ မှာလည်းဖြစ်။ စစ်တိုက်တယ်ဆိုမှတော့ အကြမ်းဖက်မှု ဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ အကြမ်းဖက်တဲ့အ တွက် မြေဇာပင်ဖြစ်ရတဲ့ သူတွေ လည်း အများကြီးပါ။ တိုက်ပွဲတွေ ဖြစ်ရတာကလည်း အုပ်ချုပ်သူက အေးအေးချမ်း ချမ်း ဖြေရှင်းလိုတဲ့ ဆန္ဒမရှိတာကနေ စတာ ကိုး။ ဘယ်သူပဲဖြစ်ဖြစ် အစော်ကားခံရတာများလာရင် တန်ပြန်ကြမှာပဲ။
ဒီနေရာမှာ တန်ပြန်တဲ့ ကိစ္စကို နည်းစနစ်ကျကျ တန်ပြန်ဖို့ ပြောလိုပါတယ်။ အခု လက်နက်ကိုင် အဖွဲ့အစည်းတွေအား လုံးဟာ နယ်စပ်မျဉ်း တခုခုနဲ့ ပတ်သက်နေရတယ်။ ထိုင်းမဟုတ်ရင် တရုတ်ပေါ့။ အိန္ဒိယနယ်စပ်မျဉ်း မှာတော့ လောက်လောက်လားလား တိုက်နေတဲ့ အဖွဲ့မရှိလေတော့ သိပ်တော့ မပြောလိုပါဘူး။ ပြောချင်တာက ဒီလို။ လက်နက်ကိုင် တိုက်နေတဲ့ အခြေအနေဆိုတော့ လက်နက်လိုတာပေါ့။ ကိုယ်ပိုင် ပန်းပဲဖိုက လက်နက်မထုတ်နိုင်ဘူး ဆိုရင် သူများဆီက ဝယ်ရမှာက သေချာတယ်။ အဲဒီတော့ လက်နက်ဝယ်ဖို့ ငွေလိုတယ်။ တချိန်ထဲမှာလည်း ငွေရှိဦးတော့ ကိုယ့် နယ်စပ်မှာ လက်နက်ဈေးကွက်က ကိုယ်ဝယ်လိုသလောက် ဈေးကွက်ရှိသေးရဲ့လား။ ဈေးကွက်ပျက်သွားပြီလား ဆိုတာကိုလည်း စောကြောဖို့ လိုပါတယ်။ သေနတ် အလက် နှစ်ဆယ်သုံးဆယ်လောက် ဝယ်လို့ရတာမျိုးကို ဆိုလိုတာ မဟုတ်ပါ။ ရာစည်း ထောင်စည်း ဝယ်ဖို့ ငွေရှိရင်ကော ဝယ်လို့ရသေးရဲ့လားလို့ ဆိုလိုတာ ဖြစ်ပါတယ်။
သမရိုးကျ စစ်တိုက်ခြင်းဟာ ငွေအတော်ကုန်တဲ့ အလုပ်ဖြစ်ပါတယ်။ ကြာရင် ငွေသိပ်မတတ်နိုင်တဲ့ဖက်က ရှုံးလေ့ရှိ တယ်။ ဒါဟာလည်း နေ့စဉ် စီးပွားရေး ကိစ္စလို ဖြစ်တယ်ဆိုတာ သဘောပေါက်မှာပါ။ နောက် တိုက်မယ့် ခိုက်မယ့် လူကလည်း လိုတယ်။ လူရတော့လည်း ကျွေးဖို့ မွေးဖို့၊ ဆေးကုဖို့၊ လေ့ကျင့်သင်တန်းပေးဖို့ ဒါတွေ လိုပြန်သေးတယ်။ မဆုံးနိုင်ဘူး လုပ်ရမယ့် အလုပ်က။ ရန်သူက ကိုယ့်ကို သမရိုးကျ စစ်ပွဲထဲ ဆွဲသွင်းတာကို ကိုယ့်ဖက်က နားလည်ထားဖို့ လိုတယ်။ ရေရှည်မှာ ကိုယ်က သမရိုးကျ စစ်ကို ဘယ်လောက် အချိန်ယူပြီး တိုက်နိုင်မလဲ။ စဉ်းစားဖို့ ဖြစ်ပါတယ်။
တိုတိုပြောရရင် တချိန်တုန်းက အိုင်ယာလန် သူပုန်တွေ လုပ်သလို လုပ်မှဖြစ်တော့မယ်။ စစ်ကြောင်းတွေနဲ့ ချီပြီး တိုက်ရတာကို အကန့်အသတ်နဲ့ ထားထားဖို့ လိုတယ်။ အိုင်ယာလန်က အိုင်အာအေ သူပုန်တွေဟာ အိုင်ယာ လန် တောတောင်တွေထဲမှာ သူပုန်စစ်သားတွေနဲ့ ချီတက်ပြီး အင်္ဂလိပ်တွေကို တိုက်ခဲ့တာမဟုတ်ဘူး။ မြို့ပေါ်မှာ အစိုးရ ယန္တယားတွေကို တိုက်တယ်၊ ခွဲတယ်၊ အစိုးရလူတွေကို သုတ်သင်တယ်။ အိုင်အာအေဟာ စစ်ယူနီဖောင်း မဝတ်ဘူး။ သူလိုငါလို အဝတ် အစားတွေနဲ့ မြို့ပေါ်မှာသာ လှုပ်ရှားတယ်။ နောက်ဆုံးတော့ အင်္ဂလိပ်အစိုးရဟာ အိုင်ယာလန် တောင် ပိုင်းကို လွတ်လပ်ရေး ပေးလိုက်ရတယ်။
ကျနော်တို့ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ရေရှည်တိုက်ပွဲဝင်ဖို့ အိုင်အာအေ နည်းကိုသုံးဖို့ လိုလာတယ်။ စစ် သွေးကြွအောင် မြှောက်ပေးတာ မဟုတ်ပါ။ ကိုယ်နိုင်တဲ့ဝန်နဲ့အားကို ပြောလိုတာသာ ဖြစ်ပါတယ်။ ဒီလိုနည်းကို ရွေး ရတာကလည်း အုပ်ချုပ်သူတွေရဲ့ ဗိုလ်ကျလွန်းတဲ့ စနစ်ကြောင့်ပါ။ နောက်တချက်က နယ်စပ်တွေကိုအားပြုပြီး တိုက် ရတော့ ထိုင်းမျက်နှာကြည့်ရ၊ တရုတ်မျက်နှာကြည့်ရ၊ ကုလားမျက်နှာကြည့်ရ ဖြစ်လာတယ်။ ရေရှည်မှာ ကိုယ့်ဘက် က အရှုံးချည်းပဲ။ ဒါကြောင့် စစ်မြေပြင်ဟာ တောတောင်တွေထက် မြန်မာပြည်ထဲက မြို့တွေသာ ဖြစ်သင့်တယ်။ သူ ပုန်တွေအတွက် ခံစစ်သေ သဘောဟာ ရေရှည်မှာ နစ်နာတယ်။ ခံစစ်သေသဘောမှာ ရေရှည်ခံစစ်သေကော၊ ရေတို ခံစစ်သေကော ဘယ်ဟာမှ မကောင်းဖူး။ ယာယီနာရီပိုင်း ခံစစ်သေမျိုးတောင် ခဏခဏကြုံလာရင် မကောင်းပါ။ ကျည်ဆံ သိပ်ဖြုန်းရလို့ ဖြစ်ပါတယ်။ ကျည်ဆံက ဝယ်ရတာကိုး။ ကိုယ့်စက်ရုံက ထွက်နေတယ်ဆိုရင်တော့ တမျိုး ပေါ့။
ကိုယ်လုပ်ရမယ့် အလုပ်ကို တဲ့တဲ့ လုပ်တာသာ အကောင်းဆုံးပါ။ တိုက်မယ့်သူကလည်း တိုက်သာတိုက်။ သို့သော် ဘယ်နည်းနဲ့ တိုက်မှာလဲ။ တောထဲမှာ တိုက်မှာလား မြို့ထဲမှာ တိုက်မှာလား။ လမ်းရွေးရပါတော့မယ်။ အရင်တုန်းက အဝေးရောက်အစိုးရ ဖွဲ့ပြီးစ အတော်လေး အားကိုးရမယ်လို့ ထင်ခဲ့ကြတယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေအတွက် လိုအပ်မယ့် ပစ္စည်းတွေ ကမ္ဘာပတ်ပြီး ရှာဖွေပေးနိုင်မယ်လို့ ထင်ခဲ့ကြတယ်။ အောက်က လူတွေကလည်း ခင်ဗျားတို့ သာရှာ ကျုပ်တို့ကတိုက်မယ်ဆိုတဲ့ ဝမ်းသာအားရ စိတ်မျိုး ရှိခဲ့ကြတယ်။ ဒါပေမယ့် အဝေးရောက်အစိုးရဟာ တိုက်ပွဲ ဝင်မယ့် အလုပ်မျိုးကို ဘေးဖယ်ပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ လော်ဘီလုပ်တဲ့ ဂွင်မျိုးထဲမှာပဲ နေခဲ့တယ်။
ကုလသမဂ္ဂလို နေရာမျိုးမှာ အစည်းအဝေး ထိုင်ရတာတွေကို ပိုပြီးနှစ်သက်သလို ဖြစ်ခဲ့တယ်။ လက်နက်ကိုင်တိုက်ပွဲ ဝင်နေ သူတွေအတွက် ဘာမှ ဆောင်ရွက် မပေးနိုင်ခဲ့ဘူး။ အပြစ်တင်တာ မဟုတ်ပါ။ ပြန်ပြီးသုံးသပ်ပြတာသာ ဖြစ်ပါ တယ်။ လက်နက်ကိုင် တိုက်တဲ့သူတွေအတွက် ဘာမှ လုပ်မပေးနိုင်ဘဲ လက်နက်ကိုင်နယ်ထဲမှာလာပြီး အခြေစိုက် တာကိုက စမှား နေတယ်။ လက်နက်ကိုင် ဒေသခံတွေ အဖွဲ့တွေအတွက် ကူညီတိုက်ပွဲဝင်တာမျိုး မဟုတ်တဲ့အတွက် ရေ ရှည်မှာ အဲသလို အဖွဲ့မျိုးတွေ တင်ကြွေးထားရတဲ့အတွက် ဝန်ထုပ်ဝန်ပိုးလို ဖြစ်ခဲ့ရတယ်။ အဲသလို အဖွဲ့မျိုးတွေ အတော်များများ တောထဲမှာ ရှိခဲ့တယ်။ ကိုယ့်ဟာကို သိကြမယ်လို့ ပြောလိုပါတယ်။
မီဒီယာမှာ လူသိပိုများတာကလွဲလို့ စစ်ရေးလုပ်ငန်းအရ ဘာအမြတ်မှ မထွက်ခဲ့ပါ။ ပြောခြင်တာကတော့ ကိုယ်လုပ်ရ မယ့် အလုပ်ကို တဲ့တဲ့ လုပ်ကြဖို့ ပြောလိုရင်း ဖြစ်ပါတယ်။ တိုက်မယ်ဆိုလည်း တိုက်ပါ။ ကမ်ပိန်းလုပ်မယ့် သူကလည်း ကမ်ပိန်း လုပ်ပေါ့။ အကြမ်းမဖက်ကို ကြိုက်တဲ့သူက အကြမ်းဖက်နေတဲ့ နေရာဒေသအတွင်းမှာ တလွှားလွှား လာလုပ် နေတာမျိုးကတော့ သရုပ်ပျက်တယ်။ ရောကျော်လုပ်တာမျိုးက မရိုးသားဟု ပြောလိုတယ်။
ရှေ့မှာ မြို့ပေါ်တိုက်ပွဲတွေ အုပ်တာတွေ နှက်တာတွေ များသထက်များလာရင် အကြမ်းဖက်သမားလို့ ပြောကြပါလိမ့် မယ်။ ပြော ပါစေ။ ဒီလမ်းကို မိမိတို့က ကြိုက်လို့ရွေးတာ မဟုတ်ပါ။ နောက်ဆုံးရွေးစရာ မရှိလို့ ရွေးခဲ့ရတာသာ ဖြစ် တယ်။ နောက်ဆုံး ပြောလိုတာက သမရိုးကျ စစ်တိုက်တဲ့နည်းကို လျှော့ပြီး မြို့ထဲတွေမှာ တိုက်ပွဲဝင်မှသာ အာဏာ ရှင်တို့ဘက်က ကိုယ့်ဘက်ကို အရေးစိုက်ပြီး တန်းတန်းတူတူ စကားပြောလာမှာ ဖြစ်ပါတယ်။ အဲသလိုပဲ အာဏာရှင် တွေရဲ့ လက်ကိုင်ဒုတ်တွေလည်း ဝပ်ဆင်း သွားမှာ ဖြစ်ပါတယ်။ အရပ်ဝတ်ဝတ်ပြီး မြို့ပေါ်မှာသာ တက်ချကြပါလို့ နောက်ဆုံး အကြံပြုလိုပါတယ်။
Ref: နေ့သစ်
Saturday, July 16, 2011
တဲ့တဲ့လုပ် အဟုတ်ဖြစ်တယ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment