Tuesday, July 12, 2011

ပုဂံ​ဒေသထိန်း​သိမ်း​ပြုပြင်​ရေး​ ​ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်ပြုလုပ်မည်ဟုဆို

July 11, 2011
အံ့ဘုန်းမြတ်

မိသား​စုပုဂံဘုရား​ဖူး​ ခရီး​စဉ်က ပြန်လာတဲ့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က ပုဂံမြို့ဟောင်း​နဲ့​ ပတ်ဝန်း​ကျင်​ဒေသ​တွေမှာ ပြုပြင်ထိန်း​သိမ်း​ရေး​လုပ်ငန်း​တွေကို ဦး​ဆောင်ပြုလုပ်မယ်လို့​ ​ပြောကြား​လိုက်ပါတယ်။


မြန်မာ့​ရှေး​ ဟောင်း​ယဉ်​ကျေး​မှု အ​မွေအနှစ်မြို့တော် ပုဂံမြို့ ဟောင်း​နဲ့​ အနီး​ပတ်ဝန်း​ကျင် ​ဒေသ​တွေမှာ ယဉ်​ကျေး​မှုပိုင်း​ ဆိုင်ရာ ပြုပြင်ထိန်း​သိမ်း​မှု​တွေနဲ့​ အတူ သဘာဝပတ်ဝန်း​ကျင် အပါအဝင် လူမှု​ရေး​မြှင့်​တင်မှု လုပ်ငန်း​တွေကို ပြုလုပ်လို တယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်ပါတယ်။

သူရဲ့​ ၄ ရက်ကြာ မိသား​စု ပုဂံဘုရား​ဖူး​ခရီး​စဉ်နဲ့​ ပတ်သက်ပြီး​ ဒီက​နေ့​ ​နေအိမ်မှာ ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်တာပါ။

ယဉ်​ကျေး​မှု၊​ သဘာဝပတ်ဝန်း​ကျင်နဲ့​ လူမှု​ရေး​တွေ အတွက် ပုဂံမိတ်​ဆွေများ​လို အဖွဲ့အစည်း​တခု တည်​ထောင်ပြုလုပ်လိုပြီး​ အစိုး​ရဝန်ကြီး​ဌာန​တွေ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း​တွေနဲ့​ ပူး​ပေါင်း​ပြုလုပ်ဖို့​ ​ပြောကြား​လိုက်ပါတယ်။

“friends of Bagan လိုဟာမျိုး​ လုပ်ရင်​ကောင်း​မလား​လို့​ စဉ်း​စား​တယ်။ အဲ​တော့​ ပုဂံကို ​ရောက်ဖူး​တဲ့​လူ​တွေ ​ရှေး​ဟောင်း​ အ​မွေအနှစ်​တွေကို တန်ဖိုး​ထား​တဲ့​ လူ​တွေက ဝိုင်း​စုပြီး​တော့​ တကယ့်​ ကျွမ်း​ကျင်သူ​တွေနဲ့​ အ​ကောင်း​ဆုံး​ ဖြစ်​အောင် လုပ်ချင်တယ်။ ​နောက် ပုဂံရဲ့ ယဉ်​ကျေး​မှုကို ဘယ်လိုအား​ပေး​နိုင်မလဲ။ ပုဂံကို ကူညီတယ်ဆိုတာ ပုဂံအ​ဆောက်အဦ​တွေတင် မဟုတ်ဘူး​။ ပုဂံကို မှီပြီး​တော့​ အသက်​မွေး​ဝမ်း​ကြောင်း​ ရှာ​နေတဲ့​ လူ​တွေကိုလည်း​ နည်း​အမျိုး​မျိုး​နဲ့​ ကူညီနိုင်​အောင်လို့​ အဲလိုဟာမျိုး​ လုပ်ချင်တယ်။ ပုဂံနဲ့​ ​နောက်ပုပ္ပါး​ပတ်ဝန်း​ကျင်မှာ၊​ ပုပ္ပါး​ပတ်ဝန်း​ကျင်ကျ​တော့​ ပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​နဲ့​ ​ရှေး​ဟောင်း​အ​ဆောက်အဦ ထိန်း​သိမ်း​ရေး​ကို ကျွမ်း​ကျင်သူ​တွေနဲ့​ တိုင်ပင်ပြီး​တော့​ အဲဒီဟာကို စပြီး​တော့​ လုပ်ချင်တယ်။ အစိုး​ရနဲ့​ ပူး​ပေါင်း​နိုင်ရင် အ​ကောင်း​ဆုံး​ပေါ့​။ ယူနက်စကိုနဲ့​လည်း​ တိုင်ပင်မယ်လို့​ စဉ်း​စား​တယ်။ သူတို့​က​တော့​ ဘယ်​လောက် ပါဝင်နိုင်မယ် မသိ​သေး​ဘူး​။”

ဒီက​နေ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ဘုရား​ဖူး​ခရီး​စဉ် အတွင်း​ သူမြင်​တွေ့ခဲ့​ရတဲ့​ ပုဂံရှိ ​ရှေး​ဟောင်း​ အ​ဆောက်အအုံ​တွေကို ပြုပြင် ထိန်း​သိမ်း​ရေး​တွေနဲ့​ အတူ သဘာဝပတ်ဝန်း​ကျင် ပျက်စီး​မှု အ​ခြေအ​နေ​တွေနဲ့​ ပုဂံအနီး​ ပတ်ဝန်း​ကျင် ​ဒေသပြည်သူ​တွေရဲ့ လူမှု​ရေး​ အ​ခြေအ​နေ စတာ​တွေကို သတင်း​ထောက်​တွေကို အ​သေး​စိတ်ရှင်း​လင်း​ ​ပြောကြား​ခဲ့​ပါတယ်။

ဒါ့​အပြင် ​ဒေါ်​အောင်ဆန်း​စုကြည်က ​ကျေး​လက်​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ အတွက် မကြာခင် စတင်အ​ကောင်အထည် ​ဖော်တဲ့​နေရာမှာလည်း​ ပြည်သူလူထု တရပ်လုံး​အ​နေနဲ့​ အင်တိုက်အား​တိုက် တက်တက်ကြွကြွ ပါဝင်ကူညီ​ဆောင်ရွက် ကြဖို့​လိုတယ်လို့​လည်း​ ထည့်​သွင်း​ ​ပြောကြား​ခဲ့​ပါတယ်။၏

ဒေါ်​အောင်ဆန်း ​စုကြည်က ခရီး​စဉ်အတွင်း​ အာနန္ဒာ၊​ သ​ဗ္ဗေညု၊​ မြ​စေတီနဲ့​ မနူဟာဘုရား​တွေကို ဖူး​မြော်ရတဲ့​ ရည်ရွယ်ချက်​တွေကိုလည်း​ အခုလို ​ပြောကြား​ခဲ့​ပါတယ်။

“တခုချင်း​ ​ပြောရမယ်ဆိုရင် အာနန္ဒာ ဘုရား​ကို သွား​ဖူး​ရတဲ့​အ​ကြောင်း​က သူက ကျန်စစ်သား​ကို ရှိခဲ့​တဲ့​ ဗမာဘုရင်​တွေထဲမှာ သ​ဘောကျတယ်။ သူ့​စိတ်ဓာတ်၊​ သူ့​ပြည်သူ​တွေအ​ပေါ်မှာ ထား​တဲ့​မေတ္တာ၊​ ​နောက် သူ့​မှာ သစ္စာတရား​လည်း​ ရှိတယ်။ တကယ်​တော့​ အား​လုံး​သိတဲ့​အတိုင်း​ပဲ ​ရှေး​ရာဇဝင် စာ​တွေထဲမှာ ဘယ်လိုပဲ​ပြော​ပြော၊​ ​နောက်ပိုင်း​ သု​တေသန​တွေထဲမှာ​တော့​ ကျန်စစ်သား​က အ​နော်ရထာနဲ့​ ဘာမှ အမျိုး​တော်တာလည်း​ မဟုတ်ဘူး​။ အင်မတန်​တော်တဲ့​ စစ်သူကြီး​တ​ယောက် ဖြစ်ခဲ့​ပုံရတယ်။ အဲ​တော့​ ကျန်စစ်သား​က သစ္စာရှိလို့​ အ​နော်ရထာရဲ့​ သား​တော်ကို မပုန်ကန်တာ​ပေါ့​။ သစ္စာတရား​လည်း​ ရှိတယ်။ ပြည်သူ​တွေအ​ပေါ်မှာ လည်း​ ​မေတ္တာရှိတယ်။ ​နောက်ပြီး​တော့​ တိုင်း​ရင်း​သား​ ​သွေး​စည်း​ညီညွတ်​ရေး​အတွက် အင်မတန်ကို အ​မြော်အမြင်ရှိတယ်။ အဲဒါ မြ​စေတီ​ကျောက်စာကို ကြည့်​ရင် သိနိုင်တယ်။ ​နောက်ပြီး​တော့​လည်း​ အ​ရေး​ကြီး​ဆုံး​တခုက ဆက်ခံ​ရေး​၊​ သူမရှိတဲ့​အခါကျရင် ဆက်ခံမှုက ​ချော​ချော​မော​မော ဖြစ်​အောင်လို့​ သူ့​လောက် လုပ်သွား​နိုင်တဲ့​လူ မရှိဘူး​လို့​ ကျမထင်တယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ဗမာသမိုင်း​မှာဆိုရင် ဘုရင်တ​ယောက် မရှိ​တော့​ဘူး​ဆိုရင် တ​ယောက်နဲ့​ တ​ယောက် သတ်လား​ဖြတ်လား​၊​ ပုလ္လင်ကို လုလား​ဆို တာ အင်မတန် များ​တယ်။ အ​လောင်း​စည်သူကို ဘယ်လိုပဲ ​တော်တယ်​ပြော​ပြော၊​ ​နောက်ဆုံး​ကျ​တော့​ သူ့​သား​က နန်း​လိုချင် လို့​ သူ့​ကို ပြန်ပြီး​တော့​ သတ်တဲ့​အဆင့်​ဖြစ်တယ် မဟုတ်လား​။ ကျန်စစ်သား​ဆိုရင် သူ့​နန်း​တော် သူ့​ရဲ့​ ​မြေး​ကို သူ​ပေး​ခဲ့​တယ်။ အဲဒီ ဟာလည်း​ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​နဲ့​ ဆိုင်တယ်လို့​ ထင်တယ်။ မွန်​တွေကို စည်း​ရုံး​တဲ့​အ​နေနဲ့​ ဒီက​လေး​ကို ​ရွေး​ခဲ့​တယ်၊​ နန်း​တင်ခဲ့​တယ်။ ဒါ​ပေမယ့်​ သူ့​သား​က ရာဇကုမာရက လုံး​ဝခါး​သီး​တဲ့​ ပုံစံမ​ပေါ်ဘူး​။ ဒီဆက်ခံမှုကို ဘယ်လိုစီစဉ် လည်း​ မသိဘူး​။ အား​လုံး​က​နေ ကြည်ကြည်ဖြူဖြူနဲ့​ လက်ခံ​အောင် စီစဉ်နိုင်ခဲ့​တယ်ဆိုတာ ဒါက အင်မတန် ထူး​ခြား​တဲ့​ အရည် အချင်း​၊​ အထူး​သဖြင့်​ မြန်မာသမိုင်း​မှာ အင်မတန် ထူး​ခြား​တဲ့​ အရည်အချင်း​လို့​ ထင်လို့​ ဒါ​ကြောင့်​မို့​လို့​ အာနန္ဒာကို သွား​ဖူး​တယ်ဆိုတာ ကျန်စစ်မင်း​ကို ​လေး​စား​တဲ့​အ​နေနဲ့​ ဖူး​တာ။

“​နောက် မနူဟာဘုရား​ဆိုတာ အား​လုံး​သိတဲ့​အတိုင်း​ပဲ မနူဟာဘုရင်က မွန်ဘုရင်လည်း​ ဖြစ်တယ်။ ဒါ​ပေမယ့်​ ​သေချာစဉ်း​စား​ကြည့်​ရင် စစ်ရှုံး​ပြီး​တော့​ ပါလာတဲ့​ မွန်ဘုရင်ဆိုရင် ဗမာဟိုတုန်း​က သမိုင်း​စာအုပ်​တွေထဲမှာ ဖတ်လိုက်ရင် မနူဟာမင်း​ကို အား​လုံး​က ​လေး​စား​ကြတဲ့​ပုံ ရှိတယ်။ ဒီအ​နော်ရထာက​တောင် ​ကြောက်တယ်လို့​ ​ပြောတယ်မလား​။ ပါး​စပ်ထဲက​နေ ဝင်း​ဝင်း​ဝင်း​ဝင်း​နဲ့​ ​ရောင်​တော်​တွေ ထွက်လာတယ်ဆိုတာ။ အဲဒါဟုတ်တာ မဟုတ်တာ​တော့​ ထား​လိုက်။ ဒါ​ပေမယ့်​ သူ့ရဲ့ အင်မတန် ဂုဏ်သိက္ခာကြီး​မား​ပုံ၊​ ဘုန်း​ကြီး​ပုံကို အား​လုံး​က လက်ခံတယ်။ စစ်ရှုံး​သွား​တာ​တောင်မှ အင်မတန်မှ ​လေး​စား​ထိုက်တဲ့​ ဘုရင်တပါး​ဆိုတာ သိသာ တယ်။ အဲဒါ​ကြောင့်​လည်း​ ​လေး​စား​တာ ဖြစ်တယ်။ ​နောက်ပြီး​တော့​ တိုင်း​ရင်း​သား​လည်း​ ဖြစ်တယ်။ ​နောက်ပြီး​တော့​ အကျဉ်း​ကျ ဘဝကို နား​လည်တယ်။ ကျမတို့​အား​လုံး​က အကျဉ်း​ခံဘဝကို ရခဲ့​တဲ့​သူ​တွေ၊​ အများ​စု အန်အယ်လ်ဒီထဲမှာ ဖြစ်​နေတယ်ဆို​တော့​ အဲဒါ​ကြောင့်​လည်း​ မနူဟာဘုရား​ကို သွား​တာ။”

ဒေါ်​အောင်ဆန်း ​စုကြည်ဟာ ​နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်​မြောက် လာပြီး​နောက် သား​ငယ် ကိုထိန်လင်း​နဲ့​ အတူ ပထမဆုံး​ ရန်ကုန်ပြင်ပ ထွက်ခွာခဲ့​တဲ့​ ပုဂံဘုရား​ဖူး​ ခရီး​စဉ်လည်း​ ဖြစ်ပါတယ်။

ဒေါ်​အောင်ဆန်း ​စုကြည်က ဒီက​နေ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ လာမယ့်​ ဇူလိုင်လ (၁၉) ရက်​နေ့​မှာ ကျ​ရောက်မယ့်​ ၆၄ နှစ်​မြောက် အာဇာနည် ​နေ့​အခမ်း​အနား​မှာ ဖခင်ဖြစ်သူ မြန်မာ့​လွတ်လပ်​ရေး​ဗိသုကာ ဗိုလ်ချုပ်​အောင်ဆန်း​ကို အာဇာနည်ကုန်း​မှာ သွား​ရောက်ဂါရပြုခွင့်​ ရမရ မသိရ​သေး​ပေမယ့်​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ်မှာ ကျင်း​ပမယ့်​ အ​ကြောင်း​နဲ့​ သူ့​ရဲ့​ နိုင်ငံ​ရေး​ ခရီး​စဉ်​တွေကိုလည်း​ အဲ့​ဒီ​နောက်ပိုင်း​ကျမှ စီစဉ်​တော့​မယ့်​ အ​ကြောင်း​တွေကိုလည်း​ ​ပြောကြား​ခဲ့​ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့