Thursday, July 14, 2011

မြစ်ဆုံ​ရေကာတာ ဆက်မ​ဆောက်သင့်​ဟု ပညာရှင်များ​ ​ပြော

July 13, 2011
သူရိန်စိုး

မြစ်ကြီး​ နာမြို့​အထက် ၂၆ မိုင်က မြစ်ဆုံ​ရေကာတာစီမံကိန်း​ဟာ ​ဒေသခံလူထု​တွေအပြင် မြန်မာနိုင်ငံရဲ့​ အသက်​သွေး​ကြောဖြစ်တဲ့​ ဧရာဝတီမြစ်ကို မှီခို​နေကြတဲ့​ ပြည်သူအ​ပေါင်း​ကို အကျိုး​ဆုတ်ယုတ်​စေတာ​ကြောင့်​ စီမံကိန်း​ဖျက်သိန်း​သင့်​တယ်လို့​ အကြံပြုထား​တဲ့​ အစီခံစာ တ​စောင် အခုရက်ပိုင်း​အတွင်း​ ထွက်​ပေါ်ခဲ့​ပါတယ်။

ဒီအစီရင်ခံစာဟာ Environmental Impact Assessment သဘာဝပတ်ဝန်း​ကျင် ထိခိုက်မှု ဆန်း​စစ်ခြင်း​၊​ (EIA) လို့​ခေါ်တဲ့​ တရုတ်-မြန်မာပညာ ရှင်အဖွဲ့က ၂၀၀၉ ခုနှစ် ​အောက်တိုဘာလကတည်း​က ​ရေသား​ပြီး​ တရုတ်-မြန်မာ နှစ်နိုင်ငံအစိုး​ရ​တွေကို အစီရင်ခံခဲ့​တာပါ။


စာမျက်နှာ ၉၀၀ ​ကျော်ပါတဲ့​ ဒီအစီရင်ခံစာမှာ မြစ်ဆုံစီမံကိန်း​နေရာဟာ စစ်ကိုင်း​ ငလျင် ပြတ်​ရွေ့​ကြောနဲ့​နီး​တာ​ကြောင့်​ ငလျင်လှုပ်ခဲ့​ရင် မြစ်ကြီး​နား​မြို့ဟာ အချိန်အနည်း​ငယ်အတွင်း​ ​ရေမြုပ်နိုင်တယ်လို့​ သတိ​ပေး​ထား​တဲ့​အပြင် ဧရာဝတီမြစ်​အောက်ပိုင်း​မှာလည်း​ စိုက်ပျိုး​ရေး​လုပ်ငန်း​၊​ ငါး​ဖမ်း​လုပ်ငန်း​နဲ့​ ​ရေ​ကြောင်း​ကတဆင့်​ ခရီး​သွား​လုပ်ငန်း​တွေ ထိခိုက်မယ်လို့​ 
ရေး​သား​ထား​ပါတယ်။

ဒါ့​အပြင် ​မေခ၊​ မလီခ မြစ်ဆုံ​ဒေသဟာ ဇီဝမျိုး​ပွား​မှု ကြွယ်ဝတဲ့​ဒေသဖြစ်ပြီး​ ဒါ​တွေကိုလည်း​ ထိခိုက်​စေမှာပါ။

သန်း​ပေါင်း​ များ​စွာ​သော ပြည်သူ​တွေရဲ့​ အကျိုး​စီး​ပွား​ကို ​ရှေး​ရှုတဲ့​ ပညာရှင်​တွေရဲ့​ အစီရင်ခံစာကို တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုး​ရ​တွေက ​ချောင်ထိုး​ခဲ့​ပြီး​ စီး​မံကိန်း​ကို ဆက်လက်အ​ကောင်ထည်​ဖော်ခဲ့​ကြပါတယ်။

သဘာဝပတ်ဝန်း​ကျင် ​လေ့​လာ​စောင့်​ကြည့်​သူ​တွေက​တော့​ EIA ရဲ့​ အစီရင်ခံစာကို ​ဒေသခံ ပြည်သူ​တွေသိ​အောင် ချပြ သင် တယ်လို့​ ဆိုပါတယ်။

မြန်မာနိုင်ငံ မြစ်​ချောင်း​များ​ဆိုင်ရာ ကွန်ရက်အဖွဲ့က ညှိနှိုင်း​ဆောင်ရွက်​ရေး​မှူး​ ဦး​စိုင်း​စိုင်း​က “ဒီမြစ်စုံဟာဆိုရင် မြစ်ကြီး​နား​ရဲ့​ အထက်ဘက်မှာ ရှိတယ်​ပေါ့​နော်။ အကယ်​ရွေ့​ ဒီ​ရေကာတာ တည်​ဆောက်ပြီး​ရင် ဒီ​ရေကာတာက ဒီမြစ်ဆုံကို ပိတ်လိုက် မယ် ဆိုရင် ဒီ​အောက်မှာ ရှိ​နေတဲ့​ အဓိက အနီး​ဆုံး​ မြစ်ကြီး​နား​ရဲ့​ လူထုပတ်ဝန်း​ကျင် လူထုအ​ခြေအ​နေ ပတ်ဝန်း​ကျင် အ​ခြေအ​နေ ဘယ်လို​ပြောင်း​လဲသွား​ နိုင်သလဲ​ပေါ့​နော်။ ​နောက် မြစ်ကြီး​နား​တောင် မကဘူး​ ကျ​နော်တို့​ မြန်မာနိုင်ငံ အလယ်ပိုင်း​ကော၊​ ဧရာဝတီ မြစ်ဝကျွန်း​ပေါ်​ကော​ပေါ့​။ အကယ်​ရွေ့​ ဒီမြစ်ကို လျှပ်စစ်အား​ လည်ပတ်ဖို့​အတွက် စစ်လိုက် ​ဆေး​လိုက်တဲ့​အချိန်မှာ ​ရေတက်နှုန်း​က သဘာဝအလိုက် မဟုတ်​တော့​ဘူး​။ အဲဒါ​ကြောင့်​ လူထုရဲ့​ အသက်​မွေး​ဝမ်း​ကျောင်း​ ဘယ်လို ​ပြောင်း​လဲသွား​မလဲဆိုတာ အဲဒါ စဉ်း​စား​ကြည့်​လိုက်​ပေါ့​နော်။ ”

ဒေသခံ​တွေဟာ ဒီစီမံကိန်း​ မစခင်ကတည်း​က သက်ဆိုင်ရာ အာဏာပိုင်​တွေကို ​ရေကာတာ မ​ဆောက်ဖို့​ အကြိမ်ကြိမ် ​တောင်း​ဆိုခဲ့​ကြပါတယ်။

တရုတ်အစိုး​ ရပိုင် CPI ကုမ္ပဏီနဲ့​ မြန်မာဘက်က Asia Wealth ကုမ္ပဏီ​တွေက မြစ်ဆုံ​ရေကာတာ စီမံကိန်း​ အပါအဝင် ​ရေကာ တာ ၇ ခုကို ဧရာဝတီမြစ်ဖျား​ခံရာ​ဒေသမှာ တည်​ဆောက်​နေတာပါ။ ဒီစီမံကိန်း​တွေကရလာတဲ့​ လျှပ်စစ်ဓာတ်အား​ကို​တော့​ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ အသုံး​ချမှာ ဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့