Friday, July 15, 2011

တနိုင်ငံလုံး​ အပစ်ရပ်​ရေး​ ကချင်လူထုလိုလား

July 14, 2011
အေး​နိုင်

ကချင်လွတ်လပ်​ ရေး​အဖွဲ့က တရုတ်-မြန်မာနယ်စပ် လိုင်ဇာဌာနချုပ်မှာလုပ်တဲ့​ ကချင်လူထုစည်း​ဝေး​ပွဲမှာ တက်​ရောက်လာတဲ့​ မြို့နယ်အသီး​သီး​က ကချင်ကိုယ်စား​လှယ်​တွေက တနိုင်ငံလုံး​အတိုင်း​အတာနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​လုပ်​အောင် ​ကေအိုင်အိုက ရပ်တည်ဖို့​ တင်ပြ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

အစိုး​ရနဲ့​ ​ကေအိုင်အိုအကြား​ အပစ်အခတ်ရပ်စဲ​ရေး​ကိစ္စမှာ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲတုန်း​ကလို ​ကေအိုင်အိုတဖွဲ့တည်း​မဟုတ်ဘဲ တနိုင်ငံလုံး​ အတိုင်း​အတာနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​လုပ်ဖို့​၊​ နိုင်ငံ​ရေး​ဆွေး​နွေး​ရာမှာလည်း​ ကချင်တဖွဲ့တည်း​မဟုတ်ဘဲ ကျန်တိုင်း​ရင်း​သား​တွေအား​လုံး​ စုံညီပါဝင်တဲ့​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ​တွေလုပ်ဖို့​ တင်ပြခဲ့​ကြပါတယ်။


ဇူလိုင် ၁၂ နဲ့​ ၁၃ ရက် နှစ်ရက်တာ ဒီ​တွေ့ဆုံပွဲမှာ နယ်ပယ်အသီး​သီး​က ကိုယ်စား​လှယ် ၁၃၀ ​ကျော် တက်​ရောက်လာတယ်လို့​ ​ကေအိုင်အိုက ​ပြောပါ တယ်။

ကေအိုင်အို ​ပြောခွင့်​ရသူ ဦး​လနန်း​က “အခု အစိုး​ရက​နေပြီး​တော့​ အပစ်အခတ် ရပ်စဲ​ရေး​ ကမ်း​လှမ်း​လာတဲ့​ပေါ်မှာ အား​လုံး​လိုလိုက အပစ်အခတ်ရပ်စဲ​ရေး​ လုပ်မယ်ဆိုရင် ခိုင်မာရမယ်၊​ ရိုး​သား​ဖြူစင်မှု ရှိရ မယ်ဆိုတဲ့​အမြင်သ​ဘော​တွေ တင်ပြ​ဆွေး​နွေး​ကြတယ်။ ၁၉၉၄ ခုနှစ်မှာ လုပ်ခဲ့​တဲ့​ အပစ်ခတ်ရပ်စဲ​ရေး​ကို အား​လုံး​လိုလိုက ဝိုင်း​ပြီး​ အား​နည်း​ချက်​တွေရှိခဲ့​တယ်ဆိုတဲ့​အ​ကြောင်း​၊​ ၉၄ အပစ်အခတ်ရပ်စဲမှုဟာ အချိန်ဆွဲပြီး​တော့​ ​ကေအိုင်​အေကို လုံး​ဝလုံး​ပါး​ပါး​ ​အောင်လုပ်တယ်၊​ နိုင်ငံ​ရေး​အရ လုံး​ဝလှုပ်ရှား​မှုမရှိ​အောင် နယ်ခြား​စောင့်​တပ်ဆိုတဲ့​ ဟာနဲ့​ အဆုံး​သတ်​အောင် လုပ်တယ်ဆိုတဲ့​အ​ကြောင်း​၊​ အဲဒီတုန်း​က လုပ်ခဲ့​တာဟာ ​ကေအိုင်အိုရဲ့​ ကိုယ်စား​လှယ်အဖွဲ့နဲ့​ နဝတရဲ့​ ကိုယ်စား​လှယ်အဖွဲ့ လက်မှတ်ထိုး​ကြတာ​ကြောင့်​ အဲဒီသ​ဘောတူညီချက်ဟာ ဘာမှ တိကျခိုင်မာမှု မရှိဘူး​ဆိုတဲ့​အ​ကြောင်း​တွေ ​ထောက်ပြကြတယ်” လို့​ ​ပြောပါတယ်။

ဒါ​ကြောင့်​မို့​ ပြန်ပြီး​တော့​ ​စေ့​စပ်​ရေး​လုပ်မယ်ဆိုရင် ပထမအဆင့်​အ​နေနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​လုပ်တဲ့​အခါမှာ အချိန်ကို အကန့်​အသတ် ​ဘောင်ထဲမှာ ဖြစ်ရမယ်ဆိုတဲ့​ဟာရယ်။ ​နောက်ပြီး​တော့​ တနိုင်ငံလုံး​ အတိုင်း​အတာ အပစ်အခတ် ရပ်စဲ​ရေး​ ဖြစ်​စေရ မယ်ဆိုတဲ့​ဟာရယ်၊​ ​နောက်တခါ လုပ်တဲ့​အခါမှာ နိုင်ငံတခုခု ဒါမှမဟုတ် အဖွဲ့အစည်း​တခုခုက​နေပြီး​တော့​ ကြား​မှာ သက်​သေခံ​ပေး​တဲ့​ ဟာမျိုး​ကိုလည်း​ ​ပြောဆိုခဲ့​ကြတယ်လို့​ ဆိုပါတယ်။

ကေအိုင်အိုဌာနချုပ်ရဲ့ ​ ဒီလူထု​တွေ့ဆုံပွဲဟာ အစိုး​ရနဲ့​ ​ကေအိုင်အိုအကြား​ ဇွန်လ ၉ ရက်က​နေ ခုထက်တိုင် တိုက်ပွဲ​တွေဖြစ်​နေတာကို ဖြစ်စဉ်အလိုက် ရှင်း​လင်း​တာ ဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့