Monday, July 11, 2011

နိုင်ငံရေး မိသားစု နောက်ခံဖြင့် ရာထူးအာဏာ ရထားသော အမျိုးသမီးများ

10 July 2011

ကမ္ဘာ့နိုင်ငံအချို့တွင် နာမည်ကျော် ခေါင်းဆောင်ဟောင်းများနှင့် ဆွေမျိုးတော်စပ်ပြီး လက်ရှိ နိုင်ငံရေး ဇာတ်ခုံမြင့်ပေါ်သို့ ရောက်ရှိလာသည့် အမျိုးသမီး အများအပြား ရှိသည်။


မကြာခင်က ထိုင်းရွေးကောက်ပွဲတွင် အနိုင်ရသွားသည့် ယင်းလခ် ရှင်နာဝပ် မှာ ၂၀၀၆ ခုနှစ် စစ်တပ်က ဖြုတ်ချပြီးနောက်၊ ယခုထိ ပြည်ပြေးဖြစ်နေတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ရဲ့ နှမ အထွေးလေး ဖြစ်သည်။

အောက်ဖော်ပြပါဇယားတွင် သမ္မတနှင့် ၀န်ကြီးချုပ် ၃ ဦး၊ အတိုက်အခံ ခေါင်းဆောင် ၆ ဦး အပါအ၀င် နိုင်ငံရေးလောကထဲ တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်နေသည့် အမျိုးသမီးခေါင်းဆောင် ၂၀ ကျော် ကို ဖော်ပြထားပါသည်။ ၄င်းတို့သည် ယခင်ခေါင်းဆောင်ဟောင်းများရဲ့ သမီးများ၊ မြေးများ၊ နှမများ၊ မုဆိုးမများ ဖြစ်ကြသည်။ နိုင်ငံရေး မိသားစုနောက်ခံဖြင့် မြင့်မားတဲ့ရာထူးနေရာ ရခဲ့သော အမျိုးသမီးခေါင်းဆောင် အများစုက တောင်အာရှဒေသမှ ဖြစ်သည်။

ထူးခြားမှုက ယခင် အာဏာရှင်ဟောင်းများရဲ့ သမီးများနှင့် ဆွေမျိုးများကလည်း ဩဇာအကြီးဆုံး ရာထူးနေရာများကို ရရှိလာခြင်း ဖြစ်သည်။ ဂါနာ၊ ပြင်သစ်၊ ပီရူး၊ တောင်ကိုရီးယား၊ ဂွါတီမာလာ၊ ကာဇစ်စတန် နှင့် အီတလီ တို့တွင် ဖြစ်သည်။ အာဏာရှင်ဟောင်းများရဲ့ ဆိုးသွမ်းမှုကို သမီးများက ပြန်လည် အဖတ်ဆယ်ဖို့ ဒီမိုကရေစီဖြစ်စဉ်ထဲ ပါဝင်လာကြပုံရသည်။


Ref: Maukkha

0 comments:

အပေါ်သို့