Monday, July 11, 2011

ရဲတံခွန်လုပ်ကွက်တွင် ရဟတ်ယာဉ်ပျက်ကျ၊ လူ ၃ ဦးသေဆုံး

ရန်ပိုင်
11 July 2011

တနင်္သာရီ ကမ်းလွန် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် တူးဖော်နေသည့် မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် ကုမ္ပဏီမှ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစီး ယနေ့ နံနက်ပိုင်းက ပင်လယ်ပြင် အတွင်း ပျက်ကျသွားရာ လူ ၃ ဦး သေဆုံးသွားသည်။


ရဟတ်ယာဉ်မှာ မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် ရေနံကုမ္ပဏီက သယ်ယူပို့ဆောင်ရေးအတွက် ပြင်သစ်အခြေစိုက် ဟယ်လီ ယူနီယံ Heli Union ကုမ္ပဏီမှ ငှားရမ်းသုံးစွဲထားသည့် ရဟတ်ယာဉ် ဖြစ်ကြောင်း၊ ရဟတ်ယာဉ်ပေါ်တွင် လူ ၁၄ ယောက် လိုက်ပါ လာကြောင်း ပက်ထရိုနပ်စ်နှင့် နီးစပ်သူ တဦးက ပြောသည်။

“တွင်းတူးစင်ကို အသွား ၃ မိနစ်အတွင်းမှာ ပျက်ကျတာ၊ ရေထဲရောက်တော့ စောက်ထိုးဖြစ် နေတယ်၊ ဒါပေမယ့် ဗော့တွေပါတော့ နစ်မသွားဘူး ပေါ်နေသေးတယ်” ဟု ၎င်းကဆိုသည်။

တွင်းတူးစင်တွင် အလုပ်လုပ်ကိုင်နေသူများနှင့် လူချင်းလဲလှယ်ရန် အသွားတွင် ပျက်ကျသွားခြင်းဖြစ်ပြီး ၁၁ ဦးကို ကယ်ဆယ် နိုင်ပြီး ရဟတ်ယာဉ်မောင်းသူ အပါအ၀င် မြန်မာ ၃ ဦးသေဆုံးသွားခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Heli Union ရဟတ်ယာဉ် ကုမ္ပဏီသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ပျက်ကျမှုမှာ မှန်ကန်ကြောင်း၊ သေဆုံးသူများ၏ အမည်နှင့် အသေးစိတ် အချက်အလက်ကို စုံစမ်းဆဲ ဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် Ms.Pasi က ဧရာဝတီသို့ ပြောသည်။

တနင်္သာရီ ကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးတွင် မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် ကုမ္ပဏီအပြင် ထိုင်းနိုင်ငံပိုင် Ptt စွမ်းအင်ကုမ္ပဏီ၊ ပြင်သစ်ပိုင် တိုတယ် ကုမ္ပဏီများ လုပ်ကိုင်နေသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့