Tuesday, May 3, 2011

ရက္ခတိုင်းသို့လွမ်းသံစိုင် အမည်ရ ရှိုးပွဲ စင်္ကာပူတွင် ပြုလုပ်မည်

5/3/2011

မစောစော

စင်္ကာပူနိင်ငံတွင် ရက္ဖတိုင်းသို့ လွမ်းသံစိုင် အမည်ရ ရခိုင်ရှိုးပွဲ တစ်ခုကို ပြည်တွင်းမှ ရခိုင်အဆိုတော်များဖြင့် တခန်းတနား ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဦင်္းဆောင်ပါဝင်သူ ကိုအောင်မြတ်ကျော် က “ အဓိကတော့ ရခိုင်အနုပညာ ကျယ်ပြန့်လာအောင် ၊ တခြား လူမျိုး တွေဆိုရင်လည်း နာမည်ကြီး အဆိုတော်တွေကို ပြည်ပကိုသီချင်း ဆိုဖို့ဖိတ်ခေါ်တယ်၊ ကျနော်တို့လည်း ကိုယ်ရခိုင် အဆိုတော်တွေကိုပြည်ပ ကိုဖိတ်ခေါ်တာဖြစ်ပါတယ်၊ ပြီးတော့ ရခိုင်အဆိုတော်တွေကို မြင့်တင်ပေးချင်တဲ့စိတ်ဆန္ဒ သက်သက်ပါ။ အကျိုးအမြတ်ကို မကြည့်ဘဲ ကျနော်တို့ဒီရှိုးပွဲကိုပြုလုပ်ဖြစ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရှိုးပွဲနာမည်ကို ကိုယ်ပြည် ကိုယ်မြေကို အလွမ်းပိုနေသူ စင်္ကာပူရောက် ရခိုင်အမျိုးသား များ၏ ပုံရိပ်ကို ဖေါ်ကျူးသည့် အနေဖြင့် “ ရက္ခတိုင်းသို့ လွမ်းသံစိုင်” ဟု အမည်ပေးထားပြီး တခြား ရည်ရွယ်ချက်များကိုလည်း သူက အခုလို ဆက်ပြောသည်။

“စင်္ကာပူရောက် ရခိုင် လူငယ်တွေအတွက် ပျော်ရွင်စရာကောင်းတဲ့ ပွဲတစ်ခုပြုလုပ် ပေးတာဖြစ်ပါတယ်။ ရခိုင် အဆိုတော်တွေကိုလည်း ပြည်ပ က ရခိုင်လူငယ်တွေက အားပေးနေကြတယ်။ ကြိုဆိုကြတယ်။ စင်္ကာပူရောက် ရခိုင်တွေ က စီပွားရေး တစ်ခုသာမဟုတ်ဘဲ လူမှုရေးတွေကိုပါ ပါဝင် လုပ်ဆောင် လာနိင်အောင် အခုလို ရှိုးပွဲ ပြုလုပ်တာ ဖြစ်ပါတယ်။ မနှစ်ကလည်း ဒီလို ပွဲတွေ ကျင်းပဖြစ်ပါတယ်။ ဒီနှစ်လိုဘဲ နောက်နှစ် တွေမှာလည်းအခု လို ရခိုင် အဆိုတော်တွေကို ပြည်ပကို ဖိတ်ခေါ်ပြီး သီချင်း လာရောက်သီဆိုနိင်အောင် ပြုလုပ်ဆောင်ရွက် သွားမယ့် အစီအစဉ်တွေ ရှိပါတယ်” ဟု သူက ဆက် ပြောသည်။

လာရောက် ဖျော်ဖြေ ကြမည့် အဆိုတော်များမှာ ၀င်းကိုခိုင် ၊ စစ်နိင် ၊ ညှာစိမ်းခိုင် ၊ စောနှင်းနွယ် နှင့် Sarcoma တီးဝိုင်း တို့ဖြစ် ကြောင်း သိရသည် ။

ရှိုးပွဲ ကို မတ်လ ၈ ရက် တနင်္ဂနွေနေ့နေ့လည် ၃ နာရီတွင် Arena Country Club 511 Upper Jurong Road, Singapore 638366 Around 10 min walk from JooKoon MRT ၌ ကျင်းပမည် ဖြစ်သည်။

စင်္ကာပူကို သွားရောက် ဖြေဖျော်မည့် ကိုစစ်နိုင်အား ဆက်သွယ်မေးမြန်းကြည့်ရာသူက ယခုကဲ့သို့ပြောသည်။

“ ကျနော် ကတော့ ကိုယ်ရခိုင်အမျိုးတွေနဲ့တွေ့ရ ဆုံရမှာဖြစ်တဲ့ အတွက် အရမ်းကို ပျော်ရွင်မိပါတယ်။ ကျနော် ဆိုထားတဲ့ သီချင်းအားလုံးကို ဆိုမှာပါတယ်။ ဒီပွဲ ဖြစ်မြောက်အောင် ကူညီတဲ့ အနေနဲ့ကျနော်က ကိုယ့်ရဲ့အနု ပညာနဲ့ တတ်နိုင်သလောက် သွားရောက် သီဆိုပေးမှာ ဖြစ် ပါတယ်” ဟု ကိုစစ်နိင် က ပြောသည် ။

ရက္ခတိုင်းသို့လွမ်းသံစိုင် ရှိုးပွဲ အဖွင့်ကို ရခိုင်ရိုးရာ ဆီးမီးခွက်အကဖြင့် စင်္ကာပူတွင် ရောက် ရှိနေကြသော ရခိုင်အမျိုးသမီး များက ဦးစွာ ပထမ ဖျော်ဖြေမှာ ဖြစ်ကြောင်း သိရ သည်။

ရှိုးပွဲ အတွက် လက်မှတ် တစ်စောင်ကို စင်္ကာပူဒေါ်လာ ၄၀ ကျပ် ဖြစ် ပြီး စတိတ်ရှိးပွဲ အတွင်း တီရှပ် အင်္ကျီနှင့် အ၀တ် အထည်များ ကိုလည်း ရောင်းချသွားမည် ဖြစ်ကြောင်း သိရှိရသည် ။

Ref;Narinjara

0 comments:

အပေါ်သို့