Monday, May 2, 2011

နယ်စပ်မှ တင်သွင်းသော တရုတ်ဆိုင်ကယ် ၁၈ စီး ၀ိုင်းမော်တွင် ဖမ်းဆီးထား

02 May 2011

ကချင်ပြည်နယ် တရုတ်နယ်စပ် လိုင်ဇာမှ မြစ်ကြီးနားဘက်တွင်ပြန်လည်ရောင်းချရန် ၀ယ်ယူ စီးနင်းလာသည့် ဆိုင်ကယ် ၁၈ စီးကို မြန်မာအစိုးရသစ်အာဏာပိုင်များက ဖမ်းဆီးပြီး ယခု အခါ ၀ိုင်းမော်မြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

ဧပြီလ ၂၉ ရက်၊ သောကြာနေ့ ညနေပိုင်း လိုင်ဇာမှ မြစ်ကြီးနားသို့အပြန် ခရီးတစ်ဝက် မလိ ချောင်းကူးတံတားတွင် ၎င်းဆိုင်ကယ် ၁၈ စီးအားဖမ်းဆီးသွားခြင်းဖြစ်သည် ဟု ဒေသခံ တစ်ဦးပြောသည်။












၎င်းတရုတ်ဖြစ်လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလာကြသူများကိုမူ ဖမ်းဆီးထိန်းသိမ်းမရှိဘဲ ဆိုင်ကယ်များကိုသာ ၀ိုင်းမော် ရဲစခန်းတွင်သိမ်းဆီးထားသည်ဟု ဆိုသည်။

“လူကြီးခရီးစဉ်ရှိလို့ဖမ်းတာတဲ့၊ လီဆူအမျိုးသမီး ၂ ယောက်က သူတို့ဆိုင်ကယ် လည်းပါသွားတော့ ငိုယိုနေလိုက်ကြတာ” ဟု ဒေသခံတစ်ဦးပြောသည်။

လိုင်စင်မဲ့တရုတ်ဆိုင်ကယ်သစ်တစ်စီးအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် KIO အကောက်ခွန်သို့် ကျပ်ငွေ ၁၀၀၀ ပေးဆောင်ရပြီး လဂျားယန် မြန်မာစစ်တပ် ဂိတ်အပါအ၀င် မြစ်ကြီနားသို့အရောက် စုစုပေါင်း လမ်းရှင်းခ (ဂိတ်ကြေး) ကျပ်၂၅၀၀ ကုန်ကျသည်ဟု ဆိုင်ကယ်စီးနင်းရောင်းချသူ(ဆိုင်ကယ် ကယ်ရီ) တစ်ဦး ပြောသည်။

မြစ်ကြီးနားဘက်သို့ နယ်ခြားစောင့်တပ်ထိန်းချုပ်ရာ ကန်ပိုင်တီနှင့် KIO ထိန်းချုပ်ရာလိုင်ဇာ နယ်စပ် ၂ ခုမှ ဆိုင်ကယ်များ အဓိက တင်သွင်းသည်။

ကန်ပိုင်တီနယ်စပ်တွင် ဆိုင်ကယ်ဈေးသက်သာသော်လည်း တရုတ်ကုမ္ပဏီများက မောင်းနင် နိုင်ရန်စက်ဆင် မ ပေးသည့်အတွက် ၀ယ်ယူသူများသည်ကုန်တင်ကားဖြင့်သာ ဆိုင်ကယ် သယ်ယူနိုင်သည်။ လိုင်ဇာတွင်မူ ဆိုင်ကယ်ဈေးပိုများသော်လည်း စက်ဆင် ပေးသဖြင့် ဆိုင်ကယ်ကယ်ရီသမားများက ခရီးစရိတ် ကားခကျပ် ၁၅၀၀-၃၀၀၀ ကုန်ကျကာ ၀ယ်ယူ စီးနင်းကြသည်ဟု ဆိုသည်။

Ref;KNG

0 comments:

အပေါ်သို့