Saturday, May 7, 2011

အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့မှ ဘုတ်တစင်းနှင့် မြန်မာ ၁၄ ဦးကို ဖမ်းဆီး

5/7/2011
ထွန်းထွန်း

အိန္ဒိယနိုင်ငံ ပို့ဘလေးယား ကမ်းခြေစောင့် တပ်ဖွဲ့မှ မြန်မာ ၁၄ ဦးကို ၎င်း တို့ စီးနှင်းလာသည့် ဘုတ်တစီးနှင့် အတူ မေလ ၆ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယ သတင်းစာ PTI က ဖေါ်ပြသည်။

သူတို့ကို အန်တမန်ကျွန်း တောင်ဘက်တွင် တည်ရှိသော ချောင်းတစ်ခုအတွင်းသို့ နယ်ကျော်ပြီး ကျူးကျော် ၀င်ရောက်လာစဉ် ပို့ဘ လေးယာ ကမ်းခြေစောင့်တပ်နှင့် လေကြောင်းတပ်များ က ပူးပေါင်းကာ ၆ နာရီကြာ လိုက်လံရှာဖွေပြီး နောက် ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ မြန်မာ ၁၄ ဦးကို ငါးခိုးဖမ်းရန် ၀င်ရောက်လာသူများ အဖြစ် သင်္ကာ မကင်း ဖြစ်နေပြီး ယခုအခါ ရဲအဖွဲ့သို့ လွဲပြောင်း ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

သူတို့မှ ထံ ရေငုတ်ဝတ်စုံနှင့် ကရိယာများ၊ ရေအောက်ထိ ဒိုင်ဗင်ထိုးသည့် ကရိယာများနှင့် တခြား ပစ္စည်း ကရိယာများကို ဖမ်းဆီးရမိကြောင်း သိရသည်။

ယခုနှစ် ဇန္န၀ါရီလက စပြီး မေလ ၆ ရက်နေ့ထိ အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီး ထားသူ မြန်မာ အရေအတွက်မှာ ၁၃၉ ဦး ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

Ref;Narinjara

0 comments:

အပေါ်သို့