Wednesday, May 4, 2011

မူဆလင်နိုင်ငံများတွင် ဘင်လာဒင် အပေါ် ထောက်ခံမှု ကျဆင်း

04 May 2011

အမေရိကန် အထူးတပ်ဖွဲ့က အိုစမာ ဘင်လာဒင်ကို ပါကစ္စတန်မှာ သတ်ပစ်နိုင်ခဲ့မှုအပေါ် အမေရိ ကန်များ ဂုဏ်ယူ ၀မ်းသာမဆုံး ဖြစ်နေချိန်တွင် ပါလက်စတိုင်း ဒေသနဲ့ ကာတာနိုင်ငံတို့မှာ ဘင်လာဒင်သတ်ဖြတ်မှုအပေါ် ဆန့်ကျင် ဆန္ဒမှုများ ရှိခဲ့သည်။

သို့သော် အမေရိကန်တို့ အမုန်းဆုံး အလိုရှိဆုံး၊ ကမ္ဘာ့အဆိုးရွားဆုံး အစွန်းရောက် အစ္စလာမ် အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို မူဆလင်နိုင်ငံများတွင်ပင် လူကြိုက်များမှု ကျဆင်း နေသည်ဟု စစ်တမ်းတစ်ခုက ဖော်ပြသည်။

ဝါရှင်တန်အခြေစိုက် လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Pew Research Center ရဲ့ အိုစမာ မသေခင် နောက်ဆုံး ပြုလုပ်တဲ့ စစ်တမ်းအရ ‘အယ်လ်ကိုင်ဒါ ခေါင်းဆောင်ဟာ ကမ္ဘာ့အရေး အတွက် မှန်ကန်တဲ့ အရာတွေ လုပ်ဆောင်နေတယ်လို့ သင်ယုံကြည်ပါသလား’ ဆိုတဲ့ မေးခွန်းအပေါ် ပါလက်စတိုင်းတွေရဲ့ တုံ့ပြန်ချက်မှာ သုံးပုံတစ်ပုံကသာ ယုံကြည်ထောက်ခံ သည်ဟု ဖြေကြသည်။ ၂၀၀၃ ခုနှစ်တွင် ၄င်းမေးခွန်းအပေါ် ပါလက်စတိုင်း ၇၀ ရာခိုင်နှုန်းအထိ ထောက်ခံခဲ့ကြပြီး၊ ယခု အများကြီး ကျဆင်းသွားခဲ့သည်။

အလားတူ နိုက်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ အီဂျစ်၊ ပါကစ္စတန်၊ ဂျော်ဒန်၊ တူရကီ၊ လက်ဘနွန် မူဆလင်နိုင်ငံများတွင်လည်း အိုစမာ ဘင်လာဒင် အပေါ် ထောက်ခံမှု ကျဆင်းသွားခဲ့သည်။ ထိုသို့ လူထု သဘောထားအမြင် ပြောင်းလဲသွားရခြင်း အဓိက အကြောင်းမှာ ဘာလီကျွန်း၊ ဂျော်ဒန်၊ အီရတ် စတဲ့ နေရာများတွင် အယ်လ်ကိုင်ဒါများရဲ့ ဆိုးရွားတဲ့ ဖောက်ခွဲမှုများ၊ အကြမ်းဖက် မှုများကြောင့် ဖြစ်သည်ဟု ဖော်ပြသည်။

၂၀၁၁ အတွက် စစ်တမ်းကို Pew Research Center က ဆက်လက် ကောက်ခံလျက် ရှိပြီး ဘင်လာဒင် အပေါ် လူကြိုက်များမှု ကျဆင်းဖို့ ရှိနေသည်ဟု ဆိုသည်။

ဘင်လာဒင် ရှပ်အင်္ကျီကို ၂၀၀၇ ဇူလိုင် ဘန်ကောက်ဆန္ဒပြသူ အချို့ဝတ်ဆင်ခဲ့ပြီး၊ အင်ဒိုနီးရှား ဂျာကာတာတွင်လည်း အစွန်းရောက် အုပ်စုကလည်း မချွတ်တမ်း ၀တ်ခဲ့သည်။

၂၀၀၂ တွင် ပါကစ္စတန်မှ အယ်လ်ကိုင်ဒါ တစ်ဦး ဘင်လာဒင်ကို ကစ် ပေးနေစဉ်။

၂၀၀၃ မတ်လ အမေရိကန် သမ္မတ ဂျော့ဘုရှ် အီရတ်ကို စတင်ဝင်ရောက် တိုက်ခိုက်နေချိန်၊ ဘရာဇီး ဆောပေါ်လိုမြို့မှ ဈေးသည်တစ်ဦး ဘင်လာဒင်နဲ့ ဆဒမ်ဟူစိန် ကို ထောက်ခံတဲ့ စတစ် ကာများ ရောင်းချ နေစဉ်။

၂၀၀၃ ခုနှစ် ပါကစ္စတန် လမ်းဘေး အရောင်းဆိုင်တစ်ခုမှ ဘင်လာဒင် ပုံများ လူငယ်များ စိတ်ဝင် တစား ဖြစ်နေစဉ်။

ဘန်ကောက် ဈေးသည်တစ်ဦး ဘင်လာဒင် မျက်နှာဖုံး ပွဲဈေးမှာ ရောင်းနေစဉ်။

၂၀၀၄ တရုတ်နိုင်ငံ Guanzhou ပြည်နယ်မှ ဘင်လာဒင် ပုံတစ်ခု။

ပါကစ္စတန်လမ်းဘေးမှ ဘင်လာဒင် နံရံကပ်ပိုစတာ အရောင်းဆိုင်။

ပါကစ္စတန်မှ ဘင်လာဒင်တံဆိပ် ရေမွှေး။

၂၀၀၃ ခုနှစ် ဩဂုတ်လ ဘန်ကောက် လမ်းဘေးဈေးသည်တစ်ဦး ရဲ့ တီရှပ်။

၂၀၀၃ ခုနှစ် ထိုင်းတောင်ပိုင်း မူဆလင်တစ်ဦးရဲ့ လက်ကုန်းဖုန်းနှင့် အာရဗီဘာသာနှင့် ၄င်းရဲ့ နာမည်။

Ref;Maukkha


0 comments:

အပေါ်သို့