Tuesday, May 3, 2011

လွှတ်ပေးမည့် နိုင်ငံရေး အကျဉ်းသား ၆၅ ဦး တွင် ကို မင်းကိုနိုင်၊ ကိုဇာဂနာ၊ကိုဇော်သက်ထွေး နှင့် ကိုမျိုးမင်းဇော် ကို့ ပါဝင်နိုင်ဖွယ်ရှိ

May 3, 2011

မြန်မာ အစိုးရက ပြန်လည် လွှတ်ပေးမည့် အကျဉ်းသား များ ထဲ တွင် နိုင်ငံရေး အကျဉ်းသား ၆၅ဦ အနည်းဆုံး ပါဝင် လိမ့်မည် ဖြစ်ပြီး ထိုအထဲတွင် ကို မင်းကိုနိုင်၊ ကိုဇာဂနာ စသည့် ထင်ရှားသော

နိုင်ငံရေး အကျဉ်းသား များ လည်း ပါဝင် နိုင် သည် ပြည်ထဲရေး ၀န်ကြီးဌာန မှ အမည် မဖော်လို သည့်

အရာ ရှိ တစ်ဦးက Freedom News Group သို့ အတည် ပြုပြောကြားသည်။ထိုအရာ ရှိ က “ကျွန်တော်တို့  ဘယ်သူ ပါမယ်ဆိုတာ တော့ တိတိကျကျ ပြောလို့ မရသေး ဘူး အနည်း
ဆုံးတော့ တစ်ထောင် ကို လေးယောက် လောက် လွှတ်ပေး မှာပါ နေမကောင်း တဲ့ သူတွေ နဲ့  မီဒီယာ
သမား တွေ လည်း ပါမယ်၊ ကို မင်းကိုနိုင် နဲ့  ကိုဇာဂနာ က သတင်း အထွက် ဆုံး ပဲ “ဟု FNG သို့ ပြောသည်။

မြန်မာ ပြည် အကျဉ်းထောင် များ တွင် နိုင်ငံရေး အကျဉ်းသား နှစ်ထောင် ကျော် ရှိ ကာ အများစု မှာနှစ် ရှည်ထောင်ဒဏ် ချမှတ် ခံရပြီး အချို့ မှာ ထောင်တွင်း ထပ်မံ ညှင်းပန်း နှိပ်စက်မှု များကြောင့် ကျန်းမာရေး ချို့ ယွင်း လျှက် ရှိသည်။

မြန်မာ နိုင်ငံတွင်း မှ နိုင်ငံရေး လှုပ်ရှားသည့် အဖွဲ့ များ မှာ နိုင်ငံရေး အကျဉ်းသား များ ပြန်လည် လွှတ်ပေး
ရန် တောင်းဆိုထားသည်။

ရန်ကုန် မြို့ မှ နိုင်ငံရေး အကျဉ်း သား ဟောင်း တစ်ဦး ဖြစ်သည့် ကိုစည်သူ က ” နိုင်ငံ တကာ ကို ပြလို့ ကောင်း အောင် နိုင်ငံရေး အကျဉ်းသား နဲနဲ ထည့်လွှတ်ပေးမှာ ပါ ပြန်ဖမ်းမှာ နဲ့  တောင် ကာမိမှာ မဟုတ်ဘူး “ဟု သုံး သပ် ပြောကြားသည်။

နိုင်ငံရေး အကျဉ်း သား များ သည် ၎င်း တို့ ၏ နိုင်ငံရေး ယုံကြည်ချက် ကြောင့် မြန်မာ စစ်အစိုးရက
ထောင် သွင်း အကျဉ်းချထား ခြင်း ဖြစ်သည်။

Ref;FNG

0 comments:

အပေါ်သို့