Tuesday, May 3, 2011

စစ်တကောင်း တောင်တန်းနယ် အရေးအတွက် ဂျပန်နိုင်ငံတွင် ဆန္ဒပြ

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ခါကာဆိုးရီ ခရိုင် (ဖလံထောင်) ၌ များမကြာမှီက ဖြစ်ပွားခဲ့သော ဒေသခံ မာရမာများနှင့် ဘင်္ဂလီ အခြေချသူများ အကြား ဖြစ်ပွားခဲ့သော အဓိဂရုဏ်းကို ဆန့်ကျင် ရှုတ်ချ သည့် ဆန္ဒပြပွဲ တစ်ခုကို မေလ ၂ ရက်နေ့က ဂျပန်နိုင်ငံတွင် ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိသည်။

ယင်းဆန္ဒပြပွဲကို The World Jummo Voice of Japan က ဦးဆောင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲတွင် ဂျပန်ရောက် မာရမာ၊ သက်၊မြို၊ မြုံ စစ်တကောင်းတောင် တန်း နယ်သားများအပြင် ဂျပန်ရောက် ရခိုင် များလည်း ပူးပေါင်း ပါဝင်ခဲ့ကြသည်။

ဆန္ဒပြပွဲသို့လူ ၅၀ ခန့်ပူပေါင်း ပါဝင်ခဲ့ပြီး နံနက် ၁၀ နာရီတွင် Godenta ဘူတာအနီးရှိ ပန်းခြံမှ ကြွေးကြော်သံများ ကြွေးကြော်ပြီး တိုကျိုမြို့Meguro ရပ်ကွက်ရှိ ဘင်္ဂလာဒေခ်ျ့ သံရုံးသို့စတင် ချီတက် ခဲ့ကြသည်ဟု သိရသည်။

သူတို့ကြွေးကြော်သော ကြွေးကြော်သံများမှာ
(၁) ဘင်္ဂလာဒေရှ်အစိုးရမှ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း စစ်တကောင်း တောင်တန်း ဒေသ တွင် မြေပြန့်ဒေသမှ ဘင်္ဂါလီများ အခြေစိုက် ခြင်းကို ချက်ချင်း ရပ်တန့် ပေးရန်။
(၂)ယခုဖြစ်ပွားသော လူမျိုးရေးအဓိ ကရုဏ်းတွင် တာဝန်ရှိသူများကို အရေး ယူ ပေးရန်။
(၃)လူမျိုးရေးနှင့်ဘာသာရေးအရ အနိုင်ကျင့်မှုကို ချက်ချင်းရပ်တန့်ရန် စသည်တို့ဖြစ်သည်။

နေ့လည် ၁၂ နာရီတွင် ဘင်္ဂလာဒေခ်ျ့ သံရုံးသို့ ရောက်ရှိခဲ့ပြီး The World Jummo Voice of Japan ၏ သဘောထား ကြောငြာချက်ကို သံအမတ်မှ တဆင့် ဘင်္ဂလာ ဒေခ်ျ့ဝန်ကြီး ချုပ်ထံသို့ ပေးပို့ခဲ့ကြောင်း သတင်း ရရှိသည်။

Ref;Narinjara

0 comments:

အပေါ်သို့