May 5, 2011
ဓါတ်ပုံတွေ ထုတ်ပြမယ်ဆိုရင် သူတို့ ဒေါသဆွပေးသလိုဖြစ်ပြီး မူဆလင်ကမ္ဘာမှာရှိတဲ့ အမေရိကန် ၀န်ထမ်းတွေအပေါ် တုန့်ပြန်ချက်တွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ဓါတ်ပုံထုတ်ပြန်ရေးနဲ့ ပတ်သက်ပြီး ပင်တဂွန်နဲ့နိုင်ငံခြားရေး ၀န်ကြီးဌာနက ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တို့က သူတို့ရဲ့စိုးရိမ် ပူပန်မှုကို အိုဘားမားကို အကြံပေး ပါတယ် လို့ ABC ရုပ်သံဌာနက ပြောပါတယ်။ ဒီဓါတ်ပုံတွေကိုတော့ သူတို့ကို ပြပါတယ်။ လို့ အထက်လွှတ်တော်အမတ် တွေနဲ့ ကွန်ဂရက် လူကြီးမင်းတွေက ပြောပါတယ်။ ဓါတ်ပုံကို သူကြည့် ပီးပါပြီ၊ သူ့အနေနဲ့တော့ အများသိဖို့ ထုတ်မပြချင်ဘူး။ ပြည်ပမှာရောက်နေတဲ့ အမေရိကန် စစ်သည်တွေရဲ့ လုံခြုံရေးကို စိုးရိမ်မိတယ် လို့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ၊ ဥက္ကဋ္ဌ မိုက် ရော်ဂျာ ကပြောပါတယ်။ “ထုတ်ပြ တာက အကျိုးထက် အန္တရာယ်က ပိုများတယ်” လို့ ရော်ဂျာက ပြောပါတယ်။ “အယ်လ်ခေးဒါ တွေက ကျနော်တို့ စစ် သား တယောက်၊ ခေါင်းဆောင် တယောက်ကို သတ်ပြီး အလောင်းပုံကို အင်တာနက်ပေါ်မှာတင်ထား မယ်ဆိုရင် အမေရိကန်ပြည်သူတွေက ဘယ်လိုတုန့်ပြန်ကြမလဲဆိုတာ တွေးကြည့်ပါ။
“အိုစမာဘင်လာဒင်က အောင်ပွဲခံအထိမ်းအမှတ်ပစ္စည်းတခု မဟုတ်ပါဘူး။ သူသေပါပြီ။ အယ်လ်ခေဒါ တွေ လုံးဝမရှိ တော့တဲ့အထိ တိုက်ပွဲဆက်တိုက်ရေးကိုသာ အာရုံစိုက်ကြပါ” လို့ ရှေ့နေတဦးက ပြောပါတယ်။
Ref;Naytthit
0 comments:
Post a Comment