Monday, May 2, 2011

ငလျင်ဘေးသင့်ဒေသတွင် အကြီးမားဆုံး ပျက်စီးဆုံးရှုံးခဲ့သော မီယာဂိ ခရိုင်သို့ သွားရောက် လုပ်အားပေးခဲ့သည့် သတင်းမှတ်တမ်း ဓါတ်ပုံများ

ဂျပန်အရှေ့မြောက် ငလျင်နှင့် ဆူနာမိ သဘာဝ ဘေးဒဏ်သင့် ဒေသသို့ မြန်မာနိုင်ငံသားများမှ လုပ်အားပေးနှင့် ဒုက္ခ သည်များအား ချက်ပြုတ် ကျွေးမွေးရေး အစီအစဉ်ကို ဒုတိယ အကြိမ်မြောက် ခရီးစဉ်အဖြစ် Miyagi Kan, Ishinomaki မြို့ Volunteer Center နှင့် Takajoshi မြို့သို့ တရက်သာ သွားရောက် ခဲ့ကြပါသည်။

ဤခရီးစဉ်တွင် Ishinomaki မြို့မှာ ရေ၊ လျှပ်စစ်မီး၊ အစားအသောက်များ ၀ယ်ယူရန် ယခုလက်ရှိအချိန်ထိ အခက် အခဲ့ ရှိနေသည့်အတွက် ယခုလို လာရောက်ပြီး ချက်ပြုတ် ကျွေးမွေးလှူဒန်း ရခြင်းဖြစ်ပါသည်။ Ishinomaki မြို့ ငလျင် ဒုက္ခသည် ဂျပန်လူမျိုးများ ကလေးလူကြီးမကျန်၊ မြန်မာ ထမင်းဟင်းများကို ၅၀၀ မှ ၆၀၀ ကြားတို့မှ နေ့ လည်စာ လာရောက်ယူဆောင် သွားကြပါသည်။ ပထမ လူ ၃၀၀ ကျော်အတွက် ခန့်မှန်း ထားသော်လည်း ပိုပိုမိုမို ယူဆောင်လာသည့် အတွက် လူဦးရေ ၆၀၀ နီးပါးခန့် ကျွေးမွေး နိုင်ခဲ့ပါသည်။ ထမင်းဟင်းများနှင့်အတူ တိုကျိုမှ တ ပါးတည်း ယူဆောင်လာခဲ့သော ရေသန့်ဗူး ၊ ရေနွေးကြမ်ဗူး၊ ခေါက်ဆွဲခြောက်ထုတ်နှင့် တခြားသော မုန့်ပဲသရေစာများ ကိုပါ ပူးတွဲ၍ ဝေဌါခဲ့ရာတွင် လက်မလည်နိုင်အောင်ကို ရှိခဲ့ရပါသည်။ ဒေသခံ ဂျပန်လူမျိုးများကလည်း မြန်မာထမင်း ဟင်းလျှာများကို နှစ်ခြိုက်စွာ သယ်ယူသွားကြသည့်အတွက် ချက်ပြုတ် ကျွေးမွေးရေး တာဝန်ယူခဲ့ကြသည့် မြန်မာနိုင် ငံသားတွေ လွန်စွာမှ ၀မ်းသာကြည်နူးခဲ့ကြရပါသည်။

လုပ်အားပေး ခရီးစဉ်တွင် ပစ္စည်းတင်ကား တစီးအပါအ၀င် လူစီးကား ၄ စီးဖြစ် တိုကျိုရှိ မြန်မာနိုင်ငံသူ နိုင်ငံသားများ အင်အား ၉၅ ဦးဖြစ် သွားရောက် လုပ်အားပေး ခဲ့ကြပါသည်။ Miyagi ke ဒေသရှိ နေရာ ၃ ကို လူစုခွဲ၍ အားတက် သရော တနေ့တာ လုပ်အားပေးခဲ့ကြပါသည်။

ဂျပန်ရှိ တချို့သောမြန်မာများသည် အကြောင်းအမျိုးမျိုးကြောင့် လုပ်အားပေး လိုက်ပါနိုင်ခြင်း မရှိခဲ့သော်လည်း မိမိတို့ တတ်နိုင်သည့် ဘက်က အလှူငွေ ၊ ဆန်၊ ရေသန့်ဗူး၊ ရေနွေးကြမ်းဗူး၊ ကော်ဗီဗူး၊ အစားအသောက်ပစ္စည်းများကို စေ တနာ ထက်သန်စွာဖြင့် လာရောက် လှူဒါန်းသွားခဲ့ကြသည်ကိုလည်း သိရှိရပါသည်။

ကျနော်တို့၏ လုပ်အားပေးခရီးစဉ်တွင် ဂျပန်သတင်းဌာနများ ဖြစ်ကြသော TBS သတင်းဌာန၊ Asahi သတင်းဌာန တို့အပြင် DVB နှင့် သတင်း မီဒီယာများပါ စိတ်ဝင်စားစွာဖြင့် သတင်းမှတ်တမ်းများ မှတ်တမ်းတင် သွားကြပါသည်။

သတင်းမှတ်တမ်း ။ မိုင်ကျော်ဦး၊ အေးနန္ဒာအောင်

မှတ်တမ်း ဓါတ်ပုံ ဗီဒီယို ရုပ်သံအဖွဲ့ ။ မောင်အောင်သူရ ၊ ဇေယျအောင် ၊ ကိုသာထက်၊ အောင်ထူးသိန်း၊ ခင်မောင်လှ၊ မင်ညိုဝမ်း၊ Lian Khan Sum ။

( မီဒီယာ Group မှ စုပေါင်းရိုက်ကူးတထားသည့် ဗီဒီယို ရုပ်သံမှတ်တမ်းများကို တင်ပြမည့် မှတ်တမ်းများကို မကြာမီတွင် ဆက်လက်တင်ပြသွားမည် ဖြစ်ပါသည်။ )

http://www.pnsjapan.org မှ ကူးယူ ဖေါ်ပြပါသည်။

Ref;Naytthit

0 comments:

အပေါ်သို့